ရပ်တန့်ထားခဲ့သော ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်း ဆယ်နှစ်ကြာပြီးနောက် ပြန်စမည်

News Image

  • ရပ်တန့်ထားခဲ့သော ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်း ဆယ်နှစ်ကြာပြီးနောက် ပြန်စမည်

Goldin Finance 117 အဆောက်အဦကြီး (မီတာ ၅၉၆.၆ အမြင့်ရှိ) သည် တရုတ်နိုင်ငံ၊ တီယန်ကျိန်မြို့တွင် တည်ရှိပြီး၊ ၂၀၁၅ ခုနှစ်မှစ၍ ငွေကြေး အခက်အခဲများကြောင့် ဆောက်လုပ်ရေးရပ်နားထားခဲ့ရသည်။ သို့သော် မကြာသေးမီကသတင်းများအရ အဆိုပါအဆောက်အဦကြီး၏ ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၂၅ ခုနှစ်အကုန်တွင် ပြန်လည်စတင်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင် လုပ်ငန်းပြီးစီးရန်မျှော်မှန်းထားကြောင်း သိရသည်။

Goldin Finance 117 သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံးစွန့်ပစ်ခံ အဆောက်အဦ (Tallest abandoned skyscraper) အဖြစ် မှတ်တမ်းဝင်ထားပြီး၊ ဘူဂတ်ဂိုးဒ် (Burj Khalifa၊ ၈၂၈ မီတာ) နှင့် မဲရှီယာ ၁၂၀ (Merdeka 118၊ ၆၇၈.၉ မီတာ) တို့၏နောက် တတိယနေရာတွင် ရှိနေသည်။

၂၀၁၅ ခုနှစ်တွင် တရုတ်၏ စီးပွားရေးနှေးကွေးမှုနှင့် ဖွံ့ဖြိုးရေးကုမ္ပဏီများ၏ ငွေကြေးပြဿနာများကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့သည်။

မကြာသေးမီက ဒေသခံအာဏာပိုင်များနှင့် ရင်းနှီးမြှုပ်နှံသူများက အဆောက်အဦ၏ ၉၂% ပြီးစီးပြီးဖြစ်ကြောင်း ထုတ်ပြန်ကာ၊ ကျန်လုပ်ငန်းများကို ပြန်လည်စတင်ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။

ထိပ်ပိုင်းတွင် စိန်ပွင့်ပုံစံအမိုးဖြင့် ဒီဇိုင်းဆွဲထားပြီး၊ ရုံးခန်း၊ ဟိုတယ်နှင့် အဆင့်မြင့်နေထိုင်ရာနေရာများ ပါဝင်မည်ဖြစ်သည်။

အဆောက်အဦသည် ကမ္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး (Free-standing structure) အဖြစ်လည်း မှတ်တမ်းဝင်ထားသည်။

Goldin Finance 117 ၏ ပြန်လည်ဆောက်လုပ်မှုသည် တရုတ်၏ စီးပွားရေးနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းအတွက် အရေးပါသော အချက်တစ်ခုဖြစ်သည်။ အဆိုပါအဆောက်အဦကြီး ပြီးစီးပါက၊ တီယန်ကျိန် မြို့သည် ကမ္ဘာ့အဆင့်မီ မြို့တော်တစ်ခု အဖြစ် ပိုမိုထင်ရှားလာမည် ဖြစ်သည်။

“ထိုအဆောက်အဦကြီးသည် တရုတ်၏ စီးပွားရေးတိုးတက်မှုကို ပြသသည့် သင်္ကေတတစ်ခုဖြစ်ပြီး၊ နိုင်ငံ၏အနာဂတ်တွင် မည်သို့အခန်းကဏ္ဍ ကြီးမားစွာ ပါဝင်မည်ကို ညွှန်းဆိုနေသည်” ဟု မြို့ပြဖွံ့ဖြိုးရေးပညာရှင်များက သုံးသပ်ထားသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂