မော်စကိုဒေသ ဗလာရှီခါမြို့တွင် ကားဗုံးပေါက်ကွဲမှုကြောင့် ရုရှားထိပ်တန်း ဗိုလ်ချုပ်တစ်ဦး သေဆုံးမှု ဖြစ်ပွား
News Image

ရုရှားနိုင်ငံ၊ မော်စကိုဒေသ၊ ဗလာရှီခါမြို့တွင် ကားဗုံးပေါက်ကွဲမှုတစ်ခု ဧပြီ ၂၅ ရက်(သောကြာနေ့) နံနက်ပိုင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါ ပေါက်ကွဲမှုအတွင်း ရုရှားတပ်မတော်မှ ထိပ်တန်းအရာရှိတစ်ဦး သေဆုံးခဲ့ကြောင်း ရုရှားအာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။
ရုရှားလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ်ရုံး၊ စစ်ဆင်ရေးဌာန၏ ဒုတိယအကြီးအကဲဖြစ်သူ ဗိုလ်ချုပ် ယာရိုစလာ့ မော့စကာလစ်သည် Volkswagen Golf ကားတစ်စီး ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း ရုရှား စုံစမ်းရေးကော်မတီက ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြခဲ့ သည်။