ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်းခရီးသည်များ လာရောက်လည်ပတ်မှုအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်

News Image

ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်း ခရီးသည် များ လာရောက်လည်ပတ်မှုအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်

ကက်ရှ်မီးယားအကြမ်းဖက်တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်းခရီးသည်များ လာရောက်လည်ပတ်မှုအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ကြပါသည်။ အိန္ဒိယနှင့် ပါကစ္စတန်ကြား အငြင်းပွား နယ်မြေအဖြစ် ထင်ရှားသကဲ့သို့ လှပသည့်တောင်များ၊ ချိုင့်ဝှမ်းများနှင့် ဆီးနှင်းများဖုံးလွှမ်းနေသည့် လွင်ပြင်ကျယ်များကြောင့် ကျော်ကြားသော ဒေသတွင် ဖြစ်ပျက်ခဲ့မှုက ကမ္ဘာလှည့်ခရီးသွားများကို ထိတ်လန့်စေခဲ့ကြောင်း The Strait Times က ဖော်ပြခဲ့ပါသည်။ ပြီးခဲ့တဲ့နှစ်က ကက်ရှ်မီးယားကို ခရီးသည် ၃ သန်းအထိ လာရောက်ခဲ့ကြောင်း သိရှိရပါသည်။

အီရန်က နျူကလီးယားအစီအစဉ်ကို ပိုမို ပွင့်လင်းမြင်သာမှု ရှိစေရန် အသင့်ရှိ

News Image

အီရန်က နျူကလီးယားအစီအစဉ်ကို ပိုမို ပွင့်လင်းမြင်သာမှု ရှိစေရန် အသင့်ရှိ

အီရန်နိုင်ငံက နိုင်ငံအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုသာ ဖယ်ရှားပေးမည်ဆိုပါက ၎င်းတို့၏ နျူကလီးယားအစီအစဉ်ကို ပိုမို ပွင့်လင်းမြင်သာမှုရှိစေရေး လုပ်ဆောင်ရန်အသင့်ရှိကြောင်း အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဖာတီမာမိုဟာ ဂျီရာနီက ဧပြီလ ၂၂ ရက်တွင်ပြောသည်။

တရုတ်နိုင်ငံနှင့်ပတ်သက်၍ အခွန်များလျှော့ချပေးမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကကြေညာ

News Image

တရုတ်နိုင်ငံနှင့်ပတ်သက်၍ အခွန်များလျှော့ချပေးမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကကြေညာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏နိုင်ငံအနေဖြင့် တရုတ်ပြည်မှ ကုန်ပစ္စည်းများအား ကောက်ခံသည့် အကောက်ခွန်နှုန်းထားများကိုလျှော့ချမည်ဟု ကြေညာခဲ့သော်လည်း အခွန်နှုန်းများကို သုညအထိ လျှော့ချမည်မဟုတ်ကြောင်း ဖွင့်ဟပြောကြားခဲ့ပါသည်။ 

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဆားဘီးယား သမ္မတ အလက်ဇန်းဒါ ဗူချစ်အား မော်စကိုမြို့တွင် မေလ ၉ ရက်နေ့ အခမ်းအနား၌ လက်ခံတွေ့ဆုံရန် မျှော်လင့်နေကြောင်း ပြောကြား

News Image

ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် ဆားဘီးယား သမ္မတ အလက်ဇန်းဒါ ဗူချစ်အား မော်စကိုမြို့တွင် မေလ ၉ ရက်နေ့ အခမ်းအနား၌ လက်ခံတွေ့ဆုံရန် မျှော်လင့်နေကြောင်း ပြောကြား

ရုရှားသမ္မတက မော်စကိုနှင့် ရုရှားတစ်ဝှမ်းလုံး၏ သာသနာ့ခေါင်းဆောင် ပထမဆုံးသော ပက်ထရီအာ့ချ် ကာရီးလ်နှင့် ဆားဘီးယား သာသနာ့ ခေါင်းဆောင် ပါ့ဖီရီးယပ်စ်တို့နှင့် တွေ့ဆုံစဉ် ဆားဘီးယားသမ္မတ အလက်ဇန်းဒါ ဗူချစ်အား မေလ ၉ ရက်နေ့၌ မော်စကိုမြို့တွင် လက်ခံ တွေ့ဆုံရန်မျှော်လင့်နေကြောင်း ပြောကြားခဲ့ပါသည်။ 

“ဒုတိယကမ္ဘာစစ်ကြီးတွင် အောင်ပွဲရရှိမှုနှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားများအတွက် ဆားဘီးယားသမ္မတအား မေလ ၉ ရက်တွင် မော်စကိုမြို့၌ ကျင်းပမည့်အစီအစဉ်များတွင် လာရောက်ရန် မျှော်လင့်ပါသည်” ဟု သမ္မတဗလာဒီမာပူတင်က ပြောကြားခဲ့သည်။