WBC နှင့် OPBF ချန်ပီယံခါးပတ်တွင် မြန်မာအလံပါရှိလာ

News Image

WBC နှင့် OPBF ချန်ပီယံခါးပတ်တွင် မြန်မာအလံပါရှိလာ

ရန်ကုန်  ဧပြီ ၂၃

မြန်မာလက်ဝှေ့ကော်မရှင် (MBC) ၏ဆောင်ရွက်မှုဖြင့် WBC (ကမ္ဘာ့ဘောက်ဆင်ကောင်စီ)နှင့် OPBF (အာရှပစိဖိတ်ဘောက်ဆင်အဖွဲ့ချုပ်) တို့မှပေးအပ်မည့် ချန်ပီယံခါးပတ်များတွင် မြန်မာနိုင်ငံတော်အလံပါဝင်လာပြီဖြစ်သည်။

တရုတ်နိုင်ငံက လပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စဉ်းစားနေ

News Image

တရုတ်နိုင်ငံက လပေါ်တွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် စဉ်းစားနေ

တရုတ်နိုင်ငံက  ရုရှားနိုင်ငံနှင့်ပူးတွဲတည်ဆောက်ရန် စီစဉ်နေသည့် အပြည်ပြည်ဆိုင်ရာ   လသုတေသနစခန်းကို လျှပ်စစ်ဓာတ်အားပေးနိုင်စေရေးအတွက် လ ပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံတစ်လုံးကို တည်ဆောက်ရန် စဉ်းစားနေကြောင်း အရာရှိကြီးတစ်ဦး၏ ဧပြီလ ၂၃ ရက်တင်ပြချက်တစ်ခုတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။

တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်တွင် လပေါ်သို့ အာကာသယာဉ်မှူးများကို စေလွှတ်ပြီး လူနေထိုင်နိုင်သော အမြဲတမ်း အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ရန် ဆောင်ရွက်လျက်ရှိသည်။

ဂါဇာကမ်းမြောင်၌ ကျောက်ကပ်ဝေဒနာရှင် ၄၀၀ ကျော်သေဆုံး

News Image

ဂါဇာကမ်းမြောင်၌ ကျောက်ကပ်ဝေဒနာရှင် ၄၀၀ ကျော်သေဆုံး

ဂါဇာ   ဧပြီ ၂၃

၂၀၂၃ ခုနှစ်‌ အောက်တိုဘာ ၇ ရက်က အစ္စရေး-ဟားမားစ် ပဋိပက္ခဖြစ်ပွားချိန်မှစတင်ကာ ကုသခံယူမှုနှင့် အရေးတကြီးလိုအပ်သော ဆေးဝါးပြတ်တောက်မှုကြောင့် ကျောက်ကပ်ရောဂါခံစားနေရသည့် လူနာ ၄၀၀ ကျော် သေဆုံးမှုဖြစ်ပွားကြောင်း ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများက ဧပြီ ၂၃ ရက်တွင် ပြောသည်။

ဥရောပအတွက် Nio က သီးသန့် ထုတ်လုပ်ပေးလိုက်တဲ့ Firefly EV

News Image

Firefly EV

Nio ကုမ္ပဏီက Firefly EV ဆိုတဲ့ လျှပ် စစ်ကားအမျိုးအစား တစ်မျိုးကို ဖန်တီး ထုတ်လုပ်လိုက်ပါတယ်။ တန်ဖိုးအားဖြင့် ယူရို ၁၅၁၁၀ မှ ယူရို ၁၅၉၀၀ အထိရှိတဲ့ Firefly EV ကိုတော့ ဥရောပဈေးကွက် အတွက်သာ ရည်မှန်းထားတယ်လို့ Nio ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

Nio က Firefly EV ကို Nio Day 2024 မှာ စတင်မိတ်ဆက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သူ့ရဲ့တန်ဖိုးကို ယူရို ၁၈၇၇၀ လို့ သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဈေး နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်တာဖြစ်ပါတယ်။