ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်သွားခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် လက်မှတ်ရေးထိုး
News Image

ရန်ကုန် ဧပြီ ၂၃
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ဧပြီလ ၂၁ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် အမှတ် ၄၆ (စီ) အောင်တော်မူလမ်းသွယ် သံလွင်လမ်း ရွှေတောင်ကြားဗဟန်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံဆိုင်ရာ ဟိုလီဆီး (ဗာတီကန်မြို့ပြနိုင်ငံ) သံရုံးတွင် ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရ ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် သည် ယနေ့မွန်းလွဲ ၁ နာရီတွင် သွားရောက်လက်မှတ်ရေးထိုးသည်။