ဥရောပအတွက် Nio က သီးသန့် ထုတ်လုပ်ပေးလိုက်တဲ့ Firefly EV
Nio ကုမ္ပဏီက Firefly EV ဆိုတဲ့ လျှပ် စစ်ကားအမျိုးအစား တစ်မျိုးကို ဖန်တီး ထုတ်လုပ်လိုက်ပါတယ်။ တန်ဖိုးအားဖြင့် ယူရို ၁၅၁၁၀ မှ ယူရို ၁၅၉၀၀ အထိရှိတဲ့ Firefly EV ကိုတော့ ဥရောပဈေးကွက် အတွက်သာ ရည်မှန်းထားတယ်လို့ Nio ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။
Nio က Firefly EV ကို Nio Day 2024 မှာ စတင်မိတ်ဆက်ခဲ့တာပါ။ အဲဒီအချိန်တုန်းက သူ့ရဲ့တန်ဖိုးကို ယူရို ၁၈၇၇၀ လို့ သတ်မှတ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဈေး နှုန်းကို ၂၀ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်တာဖြစ်ပါတယ်။
Firefly EV ရဲ့ပုံစံကတော့ Nio ရဲ့သမားရိုးကျပုံစံကနေ ကွဲထွက်နေပြီး အမြင်မှာ စွဲမက်စေမယ့် ရှေ့မီးလုံးနဲ့နောက်မီးလုံး ဒီဇိုင်းတွေနဲ့ အလှဆင်ထားတာပါ။ အတွင်းပိုင်းမှာ ခေတ်မီနည်းပညာနဲ့ သက်သောင့်သက်သာရှိမှုတို့ကို ပေါင်းစပ်ပေးထားတာဖြစ်ပြီး ခရီးအကွာအဝေး ၄၂၀ ကီလိုမီတာ အထိသွားနိုင်ပါတယ်။
Source: https://myawady.net.mm/
နည်းပညာသတင်း