မော်စကိုလုံခြုံရေးဖိုရမ်သို့ အာဖရိကမှ ကိုယ်စားလှယ်အဖွဲ့ ၄၀ ကျော် ပါဝင်တက်ရောက်မည်

News Image

မော်စကိုလုံခြုံရေးဖိုရမ်သို့ အာဖရိကမှ ကိုယ်စားလှယ်အဖွဲ့ ၄၀ ကျော် ပါဝင်တက်ရောက်မည်

ရုရှားနိုင်ငံ မော်စကိုတွင် မေလ ၂၇ ရက် မှ ၂၉ ရက်အထိကျင်းပမည့် ၁၃ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလုံခြုံရေး အဆင့်မြင့်တာဝန်ရှိသူများ ဖိုရမ်သို့ အာဖရိကနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ၄၀ ကျော် ပါဝင် တက်ရောက်မည်ဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့် ရှိသူက TASS သို့ ပြောကြားလိုက်ပါသည်။

“ဥရောပသမဂ္ဂ-အစ္စရေး အဖွဲ့အစည်းသဘောတူညီချက်” အား ဥရောပ သမဂ္ဂ ပြန်လည်ဆန်းစစ်မည်

News Image

“ဥရောပသမဂ္ဂ-အစ္စရေး အဖွဲ့အစည်းသဘောတူညီချက်” အား ဥရောပ သမဂ္ဂ ပြန်လည်ဆန်းစစ်မည်

“ဥရောပသမဂ္ဂ-အစ္စရေး အဖွဲ့အစည်း သဘောတူညီချက်” (EU-Israel Association Agreement) မှ လူ့အခွင့်အရေးနှင့် သက်ဆိုင်သော အပိုဒ် ၂ ကို ကိုးကား၍ ဥရောပသမဂ္ဂ (အီးယူ) က အဆိုပါသဘောတူညီချက် အပေါ်စတင်၍ ပြန်လည်ဆန်းစစ်မည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ သံတမန်ရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ် Kallas က ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးများက အရှေ့အလယ်ပိုင်း အခြေအနေအပေါ် နက်ရှိုင်းစွာ ဆွေးနွေး ခဲ့ကြကြောင်း၊ လက်ရှိ ဂါဇာကမ်းမြောင်ဒေသအခြေအနေမှာ ကပ်ဘေး ဟုပင် ဆိုနိုင်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးအများစုမှာ “EU-Israel Association Agreement”

Biden ၏ဇနီးအား “သက်ကြီးရွယ်အိုများအား နှိပ်စက်ခြင်း” စွဲချက်ဖြင့် တရားစွဲသင့်သည်ဟု အကြီးတန်းတရားစီရင်ရေးဌာနအရာရှိ ဆို

News Image

Biden ၏ဇနီးအား “သက်ကြီးရွယ်အိုများအား နှိပ်စက်ခြင်း” စွဲချက်ဖြင့် တရားစွဲသင့်သည်ဟု အကြီးတန်းတရားစီရင်ရေးဌာနအရာရှိ ဆို

Jill Biden သည် သူမ၏ခင်ပွန်း Joe Biden ၏ ကင်ဆာရောဂါ အခြေအနေကို သိရှိပါလျက် သမ္မတအဖြစ်အရွေးခံရန် တွန်းအားပေးခဲ့ ပါက “သက်ကြီးရွယ်အိုနှိပ်စက်ခြင်း” (Elder Abuse) စွဲချက်နှင့် ရင်ဆိုင် သင့်ကြောင်း ဒေါ်နယ်ထရမ့်၏ တရားစီရင်ရေးဌာနရှေ့နေ လီယို တာရယ် က ပြောကြားခဲ့သည်။

ပုံမှန်တုပ်ကွေးထက် ကူးစက်မှုနှုန်း ၇ ဆမြန်သည့် Covid-19 XEC မျိုးကွဲ အသစ် ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်

News Image

ပုံမှန်တုပ်ကွေးထက် ကူးစက်မှုနှုန်း ၇ ဆမြန်သည့် Covid-19 XEC မျိုးကွဲ အသစ် ထိုင်းနိုင်ငံတွင်ဖြစ်ပေါ်

လက်ရှိ ထိုင်းနိုင်ငံ၌ဖြစ်ပေါ်နေသည့် Covid-19 XEC မျိုးကွဲအသစ်၏ ကူးစက်မှုနှုန်းသည် ပုံမှန်တုပ်ကွေးထက် ၇ ဆ ပိုမိုမြန်ဆန်သည်ဟုချူလာလောင်ကွန်းတက္ကသိုလ် ဆေးပညာဌာနမှ ဆရာဝန်တစ်ဦးကပြောဆိုထားပြီး ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကလည်း အဆိုပါ ရောဂါကူးစက်မှုနှင့် ပတ်သက်၍ သတိပေးချက် ထုတ်ပြန်ထား ကြောင်း Bangkok Post သတင်းက ဖော်ပြထားပါသည်။