အမေရိကန်အစိုးရ၏ ချစ်ပ်ပစ္စည်းတင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုကို “တစ်ဖက်သတ်အနိုင်ကျင့်မှု” အဖြစ် တရုတ် ပြင်းပြင်းထန်ထန် ဝေဖန်

News Image

အမေရိကန်အစိုးရ၏ ချစ်ပ်ပစ္စည်းတင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုကို “တစ်ဖက်သတ်အနိုင်ကျင့်မှု” အဖြစ် တရုတ် ပြင်းပြင်းထန်ထန် ဝေဖန်

အမေရိကန်နိုင်ငံအနေဖြင့် ကွန်ပျူတာချစ်ပ်ပစ္စည်းများ တင်ပို့မှုဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုတစ်ရပ်ကို ထုတ်ပြန်လိုက်ခြင်းမှာ တရုတ်နိုင်ငံအပေါ် "တစ်ဖက်သတ်အနိုင်ကျင့်မှု” ဖြစ်ကြောင်း မေလ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) တွင် တရုတ်အစိုးရက ပြစ်တင်ရှုတ်ချခဲ့ပြီး တရုတ်နိုင်ငံ၏ အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကုန်ထုတ်လုပ်ရေးလုပ်ငန်းကို ဟန့်တားရန် ရည်ရွယ်သည့် အမေရိကန်၏ လုပ်ဆောင်ချက်များအား ကောင်းမွန်စွာ တုံ့ပြန်မည်ဟု သတိပေးလိုက်သည်။ 

ဘရာဇီး ကြက်သားနှင့် ကြက်ဥ တင်ပို့မှုကို တရုတ်၊ ဥရောပသမဂ္ဂ၊ မက္ကဆီကိုနှင့် အချို့နိုင်ငံများ ယာယီရပ်ဆိုင်း

News Image

ဘရာဇီး ကြက်သားနှင့် ကြက်ဥ တင်ပို့မှုကို တရုတ်၊ ဥရောပသမဂ္ဂ၊ မက္ကဆီကိုနှင့် အချို့နိုင်ငံများ ယာယီရပ်ဆိုင်း

မက္ကဆီကို၊ ချီလီနှင့် ဥရုဂွေးနိုင်ငံတို့သည် ဘရာဇီး၏ ကြက်သားနှင့် ကြက်ဥထုတ်ကုန်များ ဝယ်ယူမှုကို ပြီးခဲ့သည့် စနေနေ့ (မေ ၁၇) ကတည်း ယာယီရပ်ဆိုင်းလိုက်ပါသည်။ ယင်းဆုံးဖြတ်ချက်မှာ ဘရာဇီးနိုင်ငံ၊ ရီယိုဂရန်ဒီ ဒို ဆူးလ် ပြည်နယ်မြို့တော် ပို့တို အလီဂရီ မှ ကီလိုမီတာ ၆၀ အကွာ လူဦးရေ ၆၄,၀၀၀ နေထိုင်သော မွန်တီနီဂရိုးမြို့ ရှိ ကြက်မွေးမြူရေး ခြံတစ်ခုတွင် ငှက်တုပ်ကွေး (Avian Influenza) တွေ့ရှိရကြောင်း အတည်ပြုချက်ကြောင့် ဖြစ်ပါသည်။

ဆန်ကို အလကားရနေသဖြင့် ဘယ်တော့မှ ဝယ်မစားရကြောင်း ပြောကြားခဲ့သူ ဂျပန်စိုက်ပျိုးရေးဝန်ကြီး ရာထူးမှ နုတ်ထွက်

ဂျပန်စိုက်ပျိုးရေးဝန်ကြီး Taku Etō သည် မိမိအနေဖြင့် ဆန်ကို အခမဲ့ ရရှိသောကြောင့် မည်သည့်အခါမျှ မဝယ်ယူရကြောင်း ပြောဆိုမှုနှင့်ပတ်သက်၍ အများပြည်သူ၏ အမျက်ဒေါသကို ခံခဲ့ရပြီးနောက် နုတ်ထွက်လိုက်ပြီဖြစ်ပါသည်။ 

ပြီးခဲ့သည့် ရန်ပုံငွေ ရှာဖွေရေးအခမ်းအနားတစ်ခုတွင် စိုက်ပျိုးရေးဝန်ကြီး က ယင်းသို့ ပြောကြားလိုက်မှုကြောင့် စားနပ်ရိက္ခာမြင့်တက်မှုဒဏ်ကိုခံစားနေရသော ပြည်သူများ အမျက်ဒေါသထွက်ကြရာမှ ယခုအခါ ၎င်း၏ နုတ်ထွက်စာအား ဝန်ကြီးချုပ်ထံ တင်ပြခဲ့ပြီးပြီဖြစ်ပါသည်။

ဇလားဗီးယားငါးများအား စင်ကာပူအစိုးရ အလေးထားမွေးမြူ

News Image

ဇလားဗီးယားငါးများအား စင်ကာပူအစိုးရ အလေးထားမွေးမြူ

ဒေသအတွင်းရှိ ငါးမွေးမြူရေးကန်များတွင် ငါးများသေဆုံးမှုမြင့်တက်လာခြင်းသည် စင်ကာပူနိုင်ငံ၏ မွေးမြူရေးကဏ္ဍကို ထိခိုက်စေလျက်ရှိပါသည်။ ထိုကိစ္စအားဖြေရှင်းရန် မွေးမြူရေးအဖွဲ့က ဇလားဗီးယား ငါးပေါက်များကို မွေးမြူထားသည့် ငါးမွေးမြူရေးစင်တာကို စတင် ဖွင့်လှစ်ခဲ့ပါသည်။

၂၀၂၆ ခုနှစ် အစောပိုင်းမှစ၍ အဆိုပါ ဇလားဗီးယားငါးများကို စတင်ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း စင်ကာပူအစားအသောက်အဖွဲ့၏ အလုပ် အမှုဆောင်အရာရှိ Mr. Ken Cheong က မေလ ၂၀ ရက်တွင် ပြောကြားခဲ့ပါသည်။