“ရုရှား-တရုတ် ဖိုရမ်” ကို ရုရှားနိုင်ငံ Khabarovsk မြို့တွင် ပထမဆုံး အကြိမ် ကျင်းပ

News Image

“ရုရှား-တရုတ် ဖိုရမ်” ကို ရုရှားနိုင်ငံ Khabarovsk မြို့တွင် ပထမဆုံး အကြိမ် ကျင်းပ

နှစ်ရက်တာ ကျင်းပမည့် “ရုရှား-တရုတ် ဖိုရမ်” ကို မေ ၁၉ ရက်တွင် ရုရှားနိုင်ငံ အရှေ့ဖျား Khabarovsk နယ်စပ်ဒေသမြို့တော် Khabarovsk ၌ ဖွင့်လှစ်ကျင်းပခဲ့ရာ တရုတ်-ရုရှား နှစ်နိုင်ငံ၏ ကုမ္ပဏီလုပ်ငန်းကဏ္ဍမှ လူပုဂ္ဂိုလ်၊ အစိုးရအဖွဲ့အစည်း ကိုယ်စားလှယ်နှင့် လုပ်ငန်းကဏ္ဍ ပညာရှင် များ ၃,၀၀၀ ကျော် တက်ရောက်ခဲ့သည်။ ဖိုရမ်တက်ရောက်လာသူများက နှစ်နိုင်ငံ ဒေသတွင်း စီးပွားရေးနှင့်ကုန်သွယ်ရေး၊ စက်မှုလုပ်ငန်း၊ စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ နက်ရှိုင်းစွာ ဆွေးနွေးခဲ့ကြသည်။

မြောက်ကိုရီးယားက အနိမ့်ပျံဒုံးကျည်အများအပြားကို အရှေ့ပင်လယ်အတွင်းသို့ပစ်လွှတ်

News Image

မြောက်ကိုရီးယားက အနိမ့်ပျံဒုံးကျည်အများအပြားကို အရှေ့ပင်လယ်အတွင်းသို့ပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက အရှေ့ ပင်လယ်အတွင်းသို့ အနိမ့်ပျံဒုံးကျည်အများအပြားကို မေလ ၂၂ ရက်တွင်ပစ်လွှတ်လိုက်ကြောင်း တောင်ကိုရီးယားစစ်ဘက် ကပြောသည်။

မြောက်ကိုရီးယားစစ်ဘက်က ထိုဒုံးကျည်များပစ်ခတ်မှုကို နံနက်ပိုင်းတွင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များရုံးက ထုတ်ပြန်ထားသည်။

မြောက်ကိုရီးယားနိုင်ငံသည် မေလ ၈ ရက်တွင် အရှေ့တရုတ်ပင်လယ်အတွင်းသို့ တာတိုပစ်အမြင့်ပျံဒုံးကျည်များစွာကိုပစ်လွှတ်ပြီးနောက် ယခုပစ်ခတ်မှုကို လုပ်ဆောင်ခြင်းဖြစ်သည်။

ဆန်ဒီယေဂိုမြို့၌ လေယာဉ်တစ်စင်းပျက်ကျ နေအိမ် ၁၅ လုံးမီးလောင်

News Image

ဆန်ဒီယေဂိုမြို့၌ လေယာဉ်တစ်စင်းပျက်ကျ နေအိမ် ၁၅ လုံးမီးလောင်

အမေရိကန်ပြည်ထောင်စုရှိ ဆန်ဒီ ယေဂိုမြို့၌ မေလ ၂၂ ရက်နံနက်ပိုင်းတွင် ၊ လေယာဉ်ငယ်တစ်စင်း ပျက်ကျမှုဖြစ်ပွား ရာ နေအိမ် ၁၅ လုံးနှင့် မော်တော်ယာဉ် များ မီးလောင်ပျက်စီးသွားကြောင်းနှင့် ရပ်ကွက်လမ်းများရှိပြည်သူများကိုဘေး လွတ်ရာသို့ရွှေ့ပြောင်းပေးလိုက်ရကြောင်း တာဝန်ရှိသူများကပြောသည်။

လက်ရှိအချိန်အထိ သေဆုံးသူအရေ အတွက်ကိုမသိရသေးကြောင်း၊ ကယ်ဆယ်ရေးအဖွဲ့၏အဓိကဦးတည်ချက်မှာ နေအိမ်များတွင်ပိတ်မိနေသူများကိုကယ်

ဆယ်ရန်နှင့် လူတိုင်းကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရန်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

Kursk ဒေသတွင် မြေမြှုပ်မိုင်းရှင်းလင်းမှု အရှိန်မြှင့်တင်ရန် ပူတင် တိုက်တွန်း

News Image

Kursk ဒေသတွင် မြေမြှုပ်မိုင်းရှင်းလင်းမှု အရှိန်မြင့်တင်ရန် ပူတင် တိုက်တွန်း

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က Kursk ဒေသတွင် မြေမြှုပ်မိုင်းများ ရှင်းလင်းရေးလုပ်ငန်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး ဒေသခံများ အမြန်ဆုံး မိမိတို့အိမ်များသို့ ပြန်လည်နေထိုင်နိုင်ရေး မိမိ အာမခံကြောင်း ယာယီအုပ်ချုပ်ရေးမှူး Alexander Khinshtein နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပါသည်။

ပူတင်သည် ဧပြီလ ၂၆ ရက်က ရုရှားနယ်စပ်ဖြစ်သည့် Kursk ဒေသသို့ သွားရောက်ပြီးနောက် ယခုအခါ ထပ်မံ၍ မေလ ၂၀ ရက်နေ့တွင် ယင်းဒေသသို့ ထပ်မံရောက်ရှိနေခြင်း ဖြစ်ပါသည်။

ကိုးကား- TASS