၂၀၂၆ ခုနှစ် ဘရာဇီးရွေးကောက်ပွဲ လက်ရှိသမ္မတ Lula ထပ်မံ ဝင်ပြိုင်မည်
News Image

ဘရာဇီးနိုင်ငံ သမ္မတ Luiz Inacio Lula da Silv က လာမည့် ၂၀၂၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထပ်မံဝင်ရောက်ယှဉ်ပြိုင်မည် ဟု မေလ ၂၁ ရက်တွင် ၎င်း၏ အလုပ်သမားပါတီ (PT)မှ အဖွဲ့ဝင်များနှင့်တွေ့ဆုံစဉ် ပြောကြားလိုက်ပါသည်။
Lula ၏ အဓိကပြိုင်ဘက်မှာ ဆော်ပေါ်လိုပြည်နယ်အုပ်ချုပ်ရေးမှူး Tarcisio Gomez de Freitas ဖြစ်လာနိုင်ကြောင်း၊ ၎င်းမှာ ယခင်သမ္မတ Jair Bolsonaro (၂၀၁၉-၂၀၂၂) လက်ထက်က အခြေခံအဆောက်အအုံဆိုင်ရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရပါသည်။