လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

News Image

လေဖိအားနည်းရပ်ဝန်း ဆက်လက်တည်ရှိ

နေပြည်တော် ဇွန် ၁၇

ယနေ့ညနေ ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်တို့တွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်း(Low Pressure Area) သည် ဆက်လက်တည်ရှိနေသည်။

(မိုး/ဇလ)

အထူးမိုးလေဝသသတင်း (၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၉:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

News Image

weather forecast
weather forecast
weather forecast

၁။ ယနေ့မြန်မာစံတော်ချိန် ၁၇:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ် တို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံ‌လေအားကောင်းရာမှ အားအလွန် ကောင်းနေခြင်းကြောင့် လည်းကောင်း၊ အရှေ့ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အနောက်ဘက်မှရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း ယနေ့ညမှ ၂၃-၆-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး၊

ကမ္ဘာ့နိုင်ငံများပိုင်ဆိုင်သည့် နျူကလီးယားထိပ်ဖူး အရေအတွက် ယခုနှစ်တွင် ၁၂၂၄၁ ခု ထိရှိလာ

News Image

nuclear

စတော့ဟုမ်း ဇွန် ၁၆

ကမ္ဘာပေါ်ရှိ နျူကလီးယား လက်နက်အင်အားရှင် နိုင်ငံများသည် ၎င်းတို့၏နျူကလီးယား လက်နက်အရေအတွက်ကို တိုးမြှင့် လျက်ရှိပြီး လက်နက်ထိန်းချုပ်ရေး သဘောတူညီချက် များမှလည်း နုတ်ထွက်နေကြကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအင်စတီကျုက ယနေ့ တွင်ထုတ်ပြန်သည့်အစီရင်ခံစာ၌ ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ အရောက်တွင် ကမ္ဘာ့နိုင်ငံများ ပိုင်ဆိုင်ထားသည့် နျူကလီးယား လက်နက်အရေအတွက်မှာ ၁၂၂၄၁ ခုထိရှိခဲ့ပြီး လိုအပ်ပါက သုံးစွဲရေး အတွက် သတ်မှတ်ထားရှိသည့် နျူကလီးယားထိပ်ဖူးအရေအတွက် မှာ ၉၆၁၄ ခုထိရှိသည်။