အိန္ဒိယ၌ မြစ်ကူးတံတားပြိုကျမှုဖြစ်ပွား လူနှစ်ဦးသေဆုံး၍ ၃၂ဦး ဒဏ်ရာရရှိ
News Image

ဒေလီ ဇွန် ၁၆
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်တြပြည်နယ် ပူနေးမြို့ ၌ ဇွန် ၁၅ ရက်က မြစ်ကူးတံတား တစ်စင်းပြိုကျခဲ့ရာ အနည်းဆုံး လူနှစ်ဦး သေဆုံးခဲ့ရကြောင်း ပြည်နယ်တာဝန်ရှိသူများက ပြော ကြားခဲ့သည်။
ပြိုကျခဲ့သည့်တံတားမှာ အင်ဒရာ ယာနီအမည်ရှိမြစ်ကို ဖြတ်ကျော် တည်ဆောက်ထားသည့် မြစ်ကူး တံတားဖြစ်သည်။
တံတားပြိုကျစဉ်အတွင်း လူ အချို့မြစ်ထဲပြုတ်ကျခဲ့ရာ ရှာဖွေ ရေးလုပ်ငန်းများ လုပ်ဆောင်နေ ကြောင်း မဟာရက်ရှိကြပြည်နယ် တာဝန်ရှိသူများက ပြောကြားခဲ့သည်။