အစ္စရေးစစ်ဘက်က အီရန်နျူကလီးယား အခြေစိုက်စခန်းများနှင့် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း

News Image

အစ္စရေးစစ်ဘက်က အီရန်နျူကလီးယား အခြေစိုက်စခန်းများနှင့် စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း

အစ္စရေးစစ်ဘက်သည် အီရန်နိုင်ငံ၏ နျူကလီးယားအခြေစိုက်စခန်းများနှင့် စစ်ဘက် ထိပ်တန်းခေါင်းဆောင်များ တည်ရှိရာနေရာများအား ပစ်မှတ်ထား တိုက်ခိုက်မှုကို စတင် လုပ်ဆောင် လာခဲ့ပါသည်။ အစ္စရေးက အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှု အသစ်တစ်ခု စတင်ခဲ့ကြောင်း ပြောကြားခဲ့ပြီးနောက် ထိုညမှာပင် နျူကလီးယားစမ်းသပ်ရေးစခန်းများနှင့် စစ်ဘက်ဆိုင်ရာ ပစ်မှတ်များကို တိုက်ခိုက်ခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းတွင် အီရန်ရှိ ဒုံးကျည်ပစ်လွှတ်စင်များနှင့် ဆက်စပ်သည့် အခြေခံအဆောက်အအုံများကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း အစ္စရေးလေတပ်က ထုတ်ဖော်ပြောကြားခဲ့သည်။ အီရန်

အစ္စရေး ဆက်လက်တိုက်ခိုက်နေပါက အီရန်-အမေရိကန် စေ့စပ်ညှိနှိုင်းရေး ရှိလာမည်မဟုတ်ကြောင်း အီရန် သမ္မတ ပြောကြား

News Image

အစ္စရေး ဆက်လက်တိုက်ခိုက်နေပါက အီရန်-အမေရိကန် စေ့စပ်ညှိနှိုင်းရေး ရှိလာမည်မဟုတ်ကြောင်း အီရန် သမ္မတ ပြောကြား

အီရန်အား အစ္စရေး ဆက်လက်တိုက်ခိုက်နေသရွေ့ အီရန်သည် အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြန်လည် စတင်မည်မဟုတ်ကြောင်း အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က ဇွန် ၁၄ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ရုရှားနှင့် အမေရိကန်သမ္မတတို့ ဖုန်းဖြင့်ဆက်သွယ်၍ ယူကရိန်းနှင့် အစ္စရေး-အီရန်အရေး ဆွေးနွေး

News Image

ရုရှားနှင့် အမေရိကန်သမ္မတတို့ ဖုန်းဖြင့်ဆက်သွယ်၍ ယူကရိန်းနှင့် အစ္စရေး-အီရန်အရေး ဆွေးနွေး

ရုရှားနိုင်ငံသမ္မတ ပူတင်နှင့် အမေရိကန်နိုင်ငံသမ္မတ ထရမ့်တို့သည် ဇွန် ၁၄ ရက်တွင် ဖုန်းဖြင့် ဆက်သွယ်၍ ယူကရိန်းအခြေအနေနှင့် အစ္စရေးက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှုတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ထိုနေ့တွင် မီဒီယာများကို ပြောကြားခဲ့သည်။

ဗီယက်နမ်လွှတ်တော်က ခရိုင်အဆင့် အုပ်ချုပ်မှုယန္တရားကို ဖျက်သိမ်း

News Image

ဗီယက်နမ်လွှတ်တော်က ခရိုင်အဆင့် အုပ်ချုပ်မှုယန္တရားကို ဖျက်သိမ်း

ဗီယက်နမ်အမျိုးသားလွှတ်တော်သည် ဇွန်လ ၁၆ ရက် (တနင်္လာနေ့)တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် ပြင်ဆင်အတည်ပြုခဲ့ပြီး ခရိုင်အဆင့် အုပ်ချုပ်မှုယန္တရားအား အပြီးအပိုင် ဖျက်သိမ်းလိုက်သည်။ ကွန်မြူနစ် နိုင်ငံဖြစ်သည့် ဗီယက်နမ်၏ အုပ်ချုပ်ရေးစနစ်အပေါ် ကြီးမားသော ပြုပြင်ပြောင်းလဲမှုတစ်ရပ်လည်း ဖြစ်သည်။