ထရမ့်က ကနေဒါမှ ထွက်ခွာချိန်တွင် မက်ခရွန်သည် စစ်ရပ်စဲရေးထက် ပိုမိုကြီးမားရေး လုပ်ဆောင်နေကြောင်း ဝေဖန်ပြောဆိုခဲ့

News Image

ထရမ့်က ကနေဒါမှ ထွက်ခွာချိန်တွင် မက်ခရွန်သည် စစ်ရပ်စဲရေးထက် ပိုမိုကြီးမားရေး လုပ်ဆောင်နေကြောင်း ဝေဖန်ပြောဆိုခဲ့

သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္လာနေ့ (ဇွန် ၁၆) ညနေပိုင်းတွင် ကနေဒါမှ ထွက်ခွာစဉ် ပြင်သစ်သမ္မတ Emmanuel Macron အား ဝေဖန် ပြောဆိုခဲ့ပြီး အစ္စရေးနှင့် အီရန်ကြား စစ်ရပ်စဲရေးအတွက် ဝါရှင်တန်သို့ ပြန်လာရသည်ဟု မက်ခရွန်က မှားယွင်းစွာပြောဆိုခဲ့ကြောင်း ဖော်ပြ ခဲ့သည်။

“ပြင်သစ်သမ္မတ Emmanuel Macron က ထရမ့်သည် G7 ထိပ်သီး အစည်းအဝေးမှ “စစ်ရပ်စဲရေး” အတွက် ဝါရှင်တန် သို့ ပြန်နေသည် ဟု မှားယွင်းစွာ ပြောခဲ့သည်” ဟု ထရမ့်က Truth Social တွင် ရေးသားခဲ့သည်။ 

ရုရှားအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူး မြောက်ကိုရီးယားသို့ ရောက်ရှိ

News Image

ရုရှားအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူး မြောက်ကိုရီးယားသို့ ရောက်ရှိ

ပြုံယမ်း ဇွန် ၁၇

ရုရှားသမ္မတပူတင်၏ အထူး ညွှန်ကြားချက်များအရ ထိပ်တန်း သမ္မတအကြံပေး ဆာဂေးရှိုဂူး သည်ယနေ့တွင် မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်းမြို့သို့ ရောက်ရှိနေ ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ပြုံယမ်းခရီးစဉ်အတွင်း သမ္မတ အကြံပေး ဆာဂေးရှိုဂူးအနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

ဆာဂေးရှိဂူးအနေဖြင့် ပြီးခဲ့သည့် နှစ် ဇွန်လအတွင်းက ရရှိခဲ့သည့် သဘောတူညီချက်များအကောင် အထည်ဖော်နေမှုများနှင့်ပတ်သက် ၍ မြောက်ကိုရီးယားခေါင်းဆောင် များနှင့်ဆွေးနွေးမည်ဖြစ်ကြောင်း ရုရှားမီဒီယာများက သတင်း ထုတ်ပြန်ထားသည်။

အစ္စရေးစစ်တပ်က အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြား ရုံးအဆောက်အဦကို တိုက်ခိုက်

News Image

အစ္စရေးစစ်တပ်က အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြား ရုံးအဆောက်အဦကို တိုက်ခိုက်

အစ္စရေးစစ်တပ်သည် အီရန် အစ္စလာမ္မစ်သမ္မတနိုင်ငံအား ဗုံးကြဲ တိုက်ခိုက်မှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အီရန်နိုင်ငံပိုင်ရုပ်သံလိုင်း (IRINN) ၏ ဌာနချုပ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ အီရန်မီဒီယာများ၏ ဖော်ပြချက်အရ ပျက်စီးမှုရှိသော်လည်း ရုံးလုပ်ငန်းများ ဆက်လက် လည်ပတ်နေဆဲဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုသည် IRINN ရုပ်သံလိုင်း တိုက်ရိုက်ထုတ်လွှင့်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ရုရှားနိုင်ငံသည် G8 တွင်ပါဝင်သင့်သည်ဟု ထရမ့်ဆို

News Image

ရုရှားနိုင်ငံသည် G8 တွင်ပါဝင်သင့်သည်ဟု ထရမ့်ဆို

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ရုရှားကို G8 အုပ်စုမှ ထုတ်ပယ်လိုက်ခြင်းသည် မှားယွင်းသည့်ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ရုရှား ပါဝင်နေမည်ဆိုပါက ယူကရိန်းပဋိပက္ခ အရှိန်မမြင့်မားစေရန် တားဆီးနိုင်မည်ဟု ပြောကြား ခဲ့ပါသည်။