အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

News Image

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။ ကိုဗစ်-၁၉ရောဂါအားကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားပါသည်။ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း အဆိုပါရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးနှင့် ကိုဗစ်-၁၉ ရောဂါများ ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

မိုးရာသီတွင် ရာသီတုပ်ကွေးရောဂါနှင့် ကိုဗစ်-၁၉ ရောဂါ စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများပိုမိုကူးစက်ဖြစ်ပွားနိုင်ပါသည်။ ကိုဗစ်-၁၉ရောဂါအားကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ထားခြင်းမရှိတော့ဘဲ ရာသီတုပ်ကွေးရောဂါကဲ့သို့ ဒေသတွင်းပုံမှန်ကူးစက်ဖြစ်ပွားတတ်သည့် ရောဂါအဖြစ်သာ သတ်မှတ်ထားပါသည်။ လတ်တလောတွင် မိမိတို့နိုင်ငံအတွင်း၌ အဆိုပါရောဂါများ ကူးစက်ဖြစ်ပွား/သေဆုံးမှုနှင့်စပ်လျဉ်း၍ စိုးရိမ်ဖွယ်ရာအခြေအနေမရှိသော်လည်း အဆိုပါရောဂါများ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် ပြည်သူလူထုအနေဖြင့် အောက်ပါတို့ကို သတိပြုလိုက်နာဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်-

သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ

Posted_Date

Image

သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်းများ

Body

မြေဩဇာဆိုသည်မှာ သစ်သီးဝလံ၊ ပန်းမန်၊ သီးနှံနှင့်အပင်များရှင်သန်ကြီးထွားရေးအတွက် မြေဆီလွှာတွင် ဓာတုဆိုင်ရာပြောင်းလဲမှုဖြစ်စေရန်နှင့် အပင်အာဟာရဓာတ်များကို အခြားနည်းလမ်း တစ်ခုခုဖြင့်  ထောက်ပံ့ပေးနိုင်သောပစ္စည်းများကိုခေါ်ဆိုသည်။   စိုက်ပျိုးရေး ပညာရှင်များနှင့် မြေဆီလွှာ သိပ္ပံပညာရှင်များက မြေဩဇာအမျိုးအစားများအား (က) ဓာတ်မြေဩဇာ (ခ) သဘာဝမြေဩဇာ (ဂ) ဇီဝမြေဩဇာများ ဟူ၍ သုံးမျိုးခွဲခြားထားသည်။

ဓာတ်မြေဩဇာဆိုသည်မှာ သဘာဝအရပြုလုပ်ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဓာတုပစ္စည်းများဖြင့် ပြုပြင်စီမံထားသည့်မြေဩဇာများကို ခေါ်ဆိုသည်။ မြန်မာနိုင်ငံတွင် တောင်သူအသုံးများသည့် ဓာတ်မြေဩဇာများမှာ အပင်ပိုင်းဆိုင်ရာကြီးထွားမှုကိုအားပေးသည့် နိုက်ထရိုဂျင်ဓာတ် ၄၆ ရာခိုင်နှုန်းပါဝင်သော ယူရီးယားဓာတ်မြေဩဇာ၊ အမြစ်များကြီးထွားမှုနှင့် ပန်းပွင့်ချိန်ကို လှုံ့ဆော်အားပေးသော ဖော့စဖိတ်ဓာတ် ၄၆ ရာခိုင်နှုန်း ပါဝင်သော တီစူပါ(Triple Super Phosphate)  ဓာတ်မြေဩဇာ၊ ရေနှင့်အာဟာရဓာတ်များပို့ဆောင်ပေးခြင်း၊ အပင်၏ဇီဝကမ္မဖြစ်စဉ်များ ဆောင်ရွက်ရာတွင် အဓိကလိုအပ်သည့် ပိုတက်စီယမ်ဓာတ် ၆၀ ရာခိုင်နှုန်းပါဝင်သော  ပိုတက်ဓာတ်မြေဩဇာ၊   နိုက်ထရိုဂျင်ဓာတ်၊  ဖော့စဖိတ်ဓာတ်နှင့် ပိုတက်စီယမ်ဓာတ် အာဟာရ ဓာတ်သုံးမျိုးပါဝင်သော ကွန်ပေါင်းဓာတ်မြေဩဇာအချိုးအမျိုးမျိုးနှင့်  အရွက်ဖျန်း ဓာတ်မြေဩဇာတို့ ဖြစ်သည်။

ဇီဝမြေဩဇာဆိုသည်မှာ အပင်များရှင်သန်ကြီးထွားရေးအတွက် အကျိုးပြုသက်ရှိများဖြစ်သည့်  ဗက်တီးရီးယား၊ မှိုစသည်တို့ဖြင့် ပွားများထုတ်လုပ်သည့်မြေဩဇာများကိုခေါ်ဆိုသည်။ ဇီဝမြေဩဇာ အမျိုးအစားများမှာ ရိုင်ဇိုဘီယမ်၊ စိမ်းပြာရေညှိ၊ အဇိုလာ၊ ထရိုင်ခိုဓားမား၊ အီးအမ်၊ ဒိုချက်ကင်နှင့် မိုင်ကိုရိုက်ဇာတို့ ဖြစ်သည်။

သဘာဝမြေဩဇာဆိုသည်မှာ သက်ရှိသတ္တဝါနှင့်အပင်တို့၏ရုပ်ကြွင်းများ၊ စွန့်ပစ်ပစ္စည်းများနှင့် ဘေးထွက်ပစ္စည်းများ၊ အဏုဇီဝပိုးများ၏အကူအညီဖြင့်ဆွေးမြည့်စေပြီး  အပင်များမှ အသင့်စားသုံး နိုင်သည့် အာဟာရဓာတ်များရရှိစေရေးအတွက် ပြုပြင်စီမံ၍ရရှိလာသောပစ္စည်းများကို ခေါ်ဆိုခြင်းဖြစ် သည်။ သဘာဝမြေဩဇာများမှာ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ(နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး)နှင့် လယ်ယာစွန့်ပစ်ပစ္စည်းများ(ကောက်ရိုး၊ ပဲဖတ်၊ နှမ်းဖတ်)များကို ဆွေးမြည့်စေပြီး သဘာဝ မြေဩဇာ ပြုလုပ်ခြင်း၊ မြေဆွေး၊ တီကျစ်စာ၊ သစ်ဆွေးမြေ၊ အရိုးမှုန့်၊  အီးအမ်မြေဆွေး၊ သစ်စိမ်းမြေဩဇာ၊ ဒိုချက်ကင်၊ ငါးအမိုင်နိုအက်စစ်နှင့် ကြံမြှုပ်ချေးတို့ ဖြစ်သည်။

သဘာဝမြေဩဇာများသည် ဓာတ်မြေဩဇာများလောက် အာဟာရဓာတ်ပါဝင်မှုမများသော်လည်း မြေဆီလွှာထက်သန်ကောင်းမွန်ရေးအတွက် အရေးကြီးသည့်အခန်းကဏ္ဍတွင်ပါဝင်သည်။ မြေဆီလွှာ၏ ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိများဖြစ်သည့် မြေသားဖွဲ့စည်းမှုကောင်းစေခြင်း၊ လေဝင်လေထွက်ကောင်း စေခြင်း၊ ရေထိန်းစွမ်းအားကောင်းစေခြင်း၊ အပင်အာဟာရဓာတ်စုပ်ယူနိုင်မှုကောင်းစေခြင်းနှင့် မြေဆီ လွှာအစိုဓာတ်ကိုထိန်းသိမ်းပေးခြင်း၊ စေးသောမြေကိုဖွယ်စေ၍ ဖွယ်သောမြေကိုစေးစေခြင်းနှင့် မြေဆီ လွှာ၏ရုပ်ဂုဏ်သတ္တိနှင့် ဓာတုဂုဏ်သတ္တိများကို ပိုမို ကောင်းမွန်လာစေနိုင်သည်။

မြေဆွေးပြုလုပ်ရာတွင် အသုံးပြုနိုင်သောပစ္စည်းများမှာ

(က)   တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများ - နွားချေး၊ ကြက်ချေး၊ ဆိတ်ချေး

(ခ)     လယ်ယာကုန်ထုတ်စက်ရုံဘေးထွက်ပစ္စည်းများ- လွှစာမှုန့်၊ ကော်ဖီကြိတ်ဖတ်၊ စပါးခွံ

(ဂ)     အပင်နှင့် အပင်အကြွင်းအကျန်များ - ကောက်ရိုး၊ ပြောင်းရိုး၊ မြက်၊ မြက်ခြောက်၊ ဗေဒါ

(ဃ) ဇီဝသက်ရှိများ - အီးအမ်၊ ထရိုင်ကိုဒါးမား (မှို)၊ ဒိုချက်ကင်မြေဆွေးပြုလုပ်ရာတွင် ကောင်းစွာဆွေးမြည့်သော မြေဆွေးကောင်းရရှိရန်အတွက်  အဓိကကျသည့်အချက်များရှိသည်။   ၎င်းတို့မှာ အော်ဂဲနစ်ပစ္စည်း၏ ကာဗွန်၊ နိုက်ထရိုဂျင် အချိုး၊ အသုံးပြုမည့်ပစ္စည်း၏ အရွယ်အစား၊ အစိုဓာတ်၊ လေဝင်လေထွက်အခြေအနေ၊ အပူချိန်၊ သင့်လျော်သော မြေဆွေးပုံအရွယ်အစားနှင့် အာဟာရဓာတ်ဖြစ်စေသော အခြားပစ္စည်းများ ထည့်သွင်းခြင်းတို့ဖြစ်သည်။

မြေဆွေးပြုလုပ်နည်းများမှာ-

(၁) ရိုးရိုးမြေဆွေးပြုလုပ်နည်း

- မြေဆွေးပုံ

(၂) အကျိုးပြုအဏုဇီဝများဖြင့်ပြုလုပ်နည်း

- အီးအမ် (Effective microorganism)၊ ထရိုင်ကိုဒါးမား (Trichoderma)- ဒိုချက်ကင်(Dochekin)၊

(၃) အဏုဇီဝအားဖြည့်စာများဖြင့် ပြုလုပ်နည်း (ME: Microbe Enhancer Technology)

- အော်ဂဲနစ်ရှလကာရည်၊ စပါးခွံမီးသွေး၊ ခိုင်တိုစန်၊ စပီရူလိုင်းနားရေညှိ၊

- ကြံမြှုပ်ချေး၊ ငါးအမိုင်နိုအက်စစ်၊ သစ်သီးချဉ်ဖောက်ရည်၊ ကုက္ကိုသီး

(၁) ရိုးရိုးမြေဆွေးပြုလုပ်နည်း (မြေဆွေးပုံ)

(က) အရိပ်ရပြီး ညီညာပြန့်ပြူးသောနေရာ၊ ရေမဝပ်သောနေရာတွင် မြေဆွေးပုံပြုလုပ်ပါ။

(ခ)     အော်ဂဲနစ်ပစ္စည်းများနှင့် တိရစ္ဆာန်အညစ်အကြေးများကို အလွှာလိုက်စုပါ။

(ဂ)     ပထမအလွှာတွင် သီးနှံအကြွင်းအကျန်အရိုး/အရွက်ခြောက်များကို (၈-၁၀) လက်မ  အထူဖြန့်ခင်း၍  နုန်းမြေ၊ နွားချေးနှင့်ပြာမှုန့်များကို ရေတွင်ခပ်ပျစ်ပျစ်ဖျော်ပြီးဖျန်းရမည်။

(ဃ) ဒုတိယအလွှာတွင် လတ်ဆတ်သော အစိမ်းရောင်ရှိ အပင်ထွက်ပစ္စည်းများကို (၈-၁၀)  လက်မ အထူဖြန့်ခင်းရပါမည်။(ရေလောင်းရန်မလိုပါ။)

(င)     တတိယအလွှာတွင် နွားချေး၊ ကြက်ချေး၊ ဝက်ချေးများကို (အခြောက်/အစို)ကို မြေကြီး/  သစ်ဆွေးများနှင့်ရော၍ (၂-၄)လက်မအထိရအောင်ဖြန့်ရပါမည်။   တိရစ္ဆာန်အညစ်အကြေး ရရှိနိုင်မှုနည်း ပါက ရေနှင့်ဖျော်၍(၁/၂)လက်မရရှိအောင် ဖျန်းရပါမည်။

(စ)     အလွှာများကို တစ်လွှာချင်း အမြင့် ၃ ပေ သို့မဟုတ် ၄ ပေ ရရှိသည်အထိ စုပုံပါ။ မြေဆွေးပုံရာတွင် အလယ်ပိုင်းကပိုထူပြီး အဖျားပိုင်းများက အနည်းငယ်စီနိမ့်၍ လိပ်ခုံးပုံသဏ္ဌာန်စုပုံပါ။ မြေဆွေးပုံ အမြင့်သည် ၄ ပေခွဲကျော်သွားပါက အောက်ဆုံးအလွှာရှိ အဏုဇီဝများမှာ ကောင်းစွာ အလုပ်မလုပ် နိုင်သဖြင့် ဆွေးမြည့်မှုနောက်ကျမည် ဖြစ်သည်။

(ဆ)   မြေဆွေးပုံအတွင်း လေဝင်လေထွက်ကောင်းစေရန် ဒေါင်လိုက်(သို့)   ဝါးတုတ်များထိုးစိုက်ပါ။

(ဇ) မြေဆွေးပုံအား ပလတ်စတစ် သို့မဟုတ်   ရွှံ့စေးဖြင့်ဖုံးအုပ်ပါ။ မြေဆွေးပုံမပျက်စီးစေရန် အောက်ခြေတွင် ကျောက်တုံးများစီခြင်း/ အကာအရံ ပြုလုပ်ပါ။

(ဈ) မြေဆွေးပုံအလယ်သားများဆွေးမြည့်လာပါ အပုံကိုအထက်အောက်လှန်ပေးပြီး ရေအနည်းငယ် ဖျန်းပေးရန် လိုအပ်သည်။ သို့မှသာ အပုံရှိ မြေဆွေးအားလုံးစိုထိုင်းစေမည်ဖြစ်သည်။

(ည)   ဆွေးမြည့်ပြီး မြေဆွေးပုံသည် ယခင်မြေဆွေးပုံအမြင့်၏ ထက်ဝက်ခန့်သာ   ရှိမည်ဖြစ်သည်။  အတွင်းသားအရောင်မှာ ညိုမည်းနက်‌မှောင်နေပြီး အနံ့လည်းကောင်းမွန်လာမည်ဖြစ်သည်။ 

(၂)အကျိုးပြုအဏုဇီဝများဖြင့် မြေဆွေးပြုလုပ်နည်း

(က) အီးအမ် မြေဆွေးပြုလုပ်ခြင်း

အကျိုးပြုအဏုဇီဝဖျော်ရည်(Effective Microorganisms -EM)ဆိုသည်မှာ မြေဆီလွှာအတွင်း ရှိသီးနှံပင်တို့၏ ကြီးထွားဖြစ်ထွန်းမှု၊ အထွက်နှုန်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိမှုနှင့် သီးနှံအရည်အသွေးကို မြင့်မားစေနိုင်သော အကျိုးပြုအဏုဇီဝမျိုးစိတ်များကို အဆင့်မြင့်နည်းပညာဖြင့် စနစ်တကျစုပေါင်း မွေးမြူဖျော်စပ်ထားသည့် ဖျော်ရည်တစ်မျိုးဖြစ်သည်။ အဓိကပါဝင်သောအဏုဇီဝများမှာ လက်တစ်အက်စစ်ဗက်တီးရီးယား (Lactic acid bacteria)၊ Yeast ၊ Photosyenthetic bacteria၊ Actinomyces bacteria နှင့် Fermenting fungi တို့ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်…

 

MWD Web Portal

ကင်ဆာရောဂါအတွက် အကျိုးကျေးဇူးများသော လမ်းလျှောက်လေ့ကျင့်ခန်း

Posted_Date

Image

ကင်ဆာရောဂါအတွက် အကျိုးကျေးဇူးများသော လမ်းလျှောက်လေ့ကျင့်ခန်း

Body

လမ်းလျှောက်ခြင်းသည် မကူးစက်နိုင်သောရောဂါများနှင့် ဇီဝဖြစ်စဉ်ပြောင်းလဲမှုများကြောင့်ဖြစ်သော ရောဂါများဖြစ်ပွားမှုအန္တရာယ်ကို လျှော့ချကာကွယ်နိုင်သည့် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်သည်။

လမ်းလျှောက်ခြင်း၏ အကျိုးသက်ရောက်မှုကြောင့်ကျန်းမာသန်စွမ်းလာနိုင်ပြီး  ကိုယ်အလေးချိန်ထိန်း နိုင်ခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊အရိုးများကိုသန်မာစေခြင်း၊  အဆစ်များကို  ပျော့ပျောင်းစေပြီး လှုပ်ရှားမှုများကိုချောမွေ့စေခြင်းအပြင်ကင်ဆာရောဂါများဖြစ်ပွားနိုင်ခြေကိုလျှော့ချခြင်းနှင့် ဆက်စပ်မှုရှိကြောင်း တွေ့ရှိလာကြသည်။ ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့၏အဆိုအရ  လမ်းလျှောက်ခြင်းကဲ့သို့  အသင့်အတင့်ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုနှင့်  ပြေးခြင်း၊  စက်ဘီးစီးခြင်းနှင့် အေရိုးဗစ်လေ့ကျင့်ခန်းများကဲ့သို့ ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများသည်    အူမကြီးကင်ဆာ၊ မီးယပ်သွေးဆုံးပြီးအမျိုးသမီးများတွင်ဖြစ်သော ရင်သားကင်ဆာနှင့်သားအိမ်ကင်ဆာတို့ကို လျော့နည်းစေပြီး ကျန်းမာအောင်ကူညီပေးနိုင်သည့် ခိုင်လုံသောအထောက်အထားများရှိပါသည်။   ထို့ပြင် နေ့စဉ်ခြေလှမ်းအရေအတွက်တိုးလာလေ ကင်ဆာဖြစ်ပွားနိုင်ခြေနည်းပါးလေဖြစ်ကြောင်း တွေ့ရှိသောကြောင့်နေ့စဉ်ပုံမှန်လမ်းများများလျှောက်ခြင်းသည် အကျိုးရှိနိုင်ကြောင်း အကြံပြုထားသည်။

ယခင်လေ့လာမှုများသည်    ပိုမိုပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုနှင့်   ကင်ဆာရောဂါအန္တရာယ် ဆက်စပ်မှုကို အာရုံစိုက်ခဲ့သည်။ "နေ့စဉ် စုစုပေါင်းကိုယ်လက်လှုပ်ရှားမှုပမာဏနှင့် ပြင်းထန်မှုပမာဏ၊ ခြေလှမ်းအရေအတွက်နှင့် ကင်ဆာဖြစ်ပွားနိုင်ခြေ" ဆက်စပ်မှုကို ၂၀၂၅ ခုနှစ် မတ်လ ၂၆ ရက်က အင်္ဂလန်နိုင်ငံ၏အားကစားဆေးပညာဂျာနယ်တွင်    ဖော်ပြထားပါသည်။ အရွယ်ရောက်ပြီးသူ  ၈၅၀၀၀ ကျော်တွင်   လမ်းလျှောက်ခြင်းကဲ့သို့သော  နေ့စဉ်လှုပ်ရှားမှုများသည်  ကင်ဆာရောဂါဖြစ်နိုင်ခြေကို သိသိသာသာလျော့ကျစေကြောင်း ဖော်ပြခဲ့သည်။ အတက်ကြွဆုံးလူများတွင် ကင်ဆာရောဂါဖြစ်နိုင်ခြေ ၂၆  ရာခိုင်နှုန်းလျော့နည်းပြီး နေ့စဉ်ပေါ့ပေါ့ပါးပါး ကိုယ်လက် လှုပ်ရှားပြုလုပ်သူများနှင့် အလယ်အလတ်မှ  ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုပြုလုပ်သူများသည်   အထိုင်များသူများထက်  ကင်ဆာရောဂါဖြစ်နိုင်ခြေနည်းပါးကြောင်းတွေ့ရှိခဲ့သည်။ နေ့စဉ်အိမ်မှုကိစ္စများနှင့်  အလုပ်ကိစ္စများကဲ့သို့သော  ပေါ့ပေါ့ပါးပါးလှုပ်ရှားမှုများနှင့် ကင်ဆာရောဂါအန္တရာယ်လျှော့ချရေး ဆက်စပ်မှုကို  ပထမဆုံးတွေ့ရှိခဲ့သည်။ နေ့စဉ်လှုပ်ရှားမှုပြင်းထန်မှုနှင့်    ရက်သတ္တပတ်အတွင်း   စုစုပေါင်းခြေလှမ်းရေတွက်မှုသည်ငါးနှစ်ကြာပြီးနောက်  ရင်သားနှင့်   အူမကြီးကင်ဆာအပါအဝင်ကင်ဆာအမျိုးအစား ၁၃ မျိုး ဖြစ်ပွားမှုနည်းပါးခြင်းနှင့်ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။  တစ်ရက်လျှင် ခြေလှမ်း ၅၀၀၀ လျှောက်သောသူများနှင့်နှိုင်းယှဉ်ပါက ကင်ဆာဖြစ်နိုင်ခြေသည် တစ်ရက်လျှင် ခြေလှမ်း ၇၀၀၀ လျှောက်သူများတွင် ၁၁ ရာခိုင်နှုန်းနှင့် ခြေလှမ်း ၉၀၀၀ လျှောက်သူများတွင် ၁၆ ရာခိုင်နှုန်း  လျော့နည်းကြောင်းတွေ့ရသည်။

လမ်းလျှောက်လေ့ကျင့်ခန်းနှင့် ကင်ဆာရောဂါဆက်စပ်မှု

ပုံမှန်လမ်းလျှောက်ခြင်းအပါအဝင်နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းသည်  ကိုယ်အလေးချိန်ထိန်းရန်နှင့် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးသည့် အကျိုးကျေးဇူးများရှိပါသည်။လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်သည့်အပြင် ကုသမှုခံယူနေစဉ်အတွင်းကင်ဆာဝေဒနာရှင်များအားသန်မာစေပြီး ကင်ဆာရောဂါမှပြန်လည်ကောင်းမွန်လာသူများတွင် သက်လုံကောင်းရန်နှင့်ကြံ့ခိုင်မှုပြန်လည်တည်ဆောက်ရန် အထောက်အကူဖြစ်စေပါသည်။

ဟော်မုန်းများကို ထိန်းညှိပေးခြင်း

အင်ဆူလင်ခုခံမှုနှင့်  အီစထရိုဂျင်ပမာဏတိုးမြင့်လာခြင်းနှင့်ဆက်စပ်နေသည့် သွေးဆုံးပြီးအမျိုးသမီးများတွင်ဖြစ်သော ရင်သားကင်ဆာနှင့်သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို တိုးမြင့်စေနိုင်သည်။ အင်ဆူလင်သည် ကင်ဆာဆဲလ်များ ကြီးထွားရှင်သန်မှုကို မြှင့်တင်ပေးသည်။ အင်ဆူလင်ခုခံမှုနှင့် အင်ဆူလင်ပမာဏမြင့်မားခြင်းသည် အူမကြီးကင်ဆာနှင့်ပန်ကရိယကင်ဆာများဖြစ်နိုင်ခြေတိုးလာနိုင်သည်။

လေ့ကျင့်ခန်းလုပ်ခြင်းသည်  ကင်ဆာရောဂါနှင့်ဆက်နွှယ်နေသည့် အီစထရိုဂျင်နှင့် အင်ဆူလင်ဟော်မုန်းပမာဏကို  လျှော့ချနိုင်သည်။    ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းသည် ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီး ကင်ဆာဆဲလ်များကိုတိုက်ထုတ်ရန်  ကူညီပေးသည့်အပြင်ကင်ဆာဖြစ်နိုင်ခြေရှိသောအချက်တစ်ခုဖြစ်သည့်  ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကြောင့် ဆဲလ်များပျက်စီးခြင်းနှင့်   ကင်ဆာဆဲလ်များဖွံ့ဖြိုးမှုကိုလျှော့ချပေးနိုင်သည်။

ကင်ဆာလက္ခဏာများနှင့် ဘေးထွက်ဆိုးကျိုးများ လျှော့ချနိုင်သော လမ်းလျှောက်လေ့ကျင့်ခန်းကင်ဆာရောဂါရှာဖွေတွေ့ရှိထားသူများ၊ ကုသမှုခံယူနေသူများ၊ ကုသမှုပြီးသွားသူများနှင့် အသက်ရှင်ကျန်ရစ်သူများအတွက်မကြာခဏကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည်ကင်ဆာရောဂါပြန်လည်ကောင်းမွန်လာစေရန် အကျိုးကျေးဇူးပေးနိုင်သည်။   

လမ်းလျှောက်ခြင်းနှင့်   ပေါ့ပေါ့ပါးပါးလေ့ကျင့်ခန်းများသည်  အသက်ကြီးသူများနှင့်ကင်ဆာရောဂါရှိသူများအတွက်ပို၍သင့်လျော်ပါသည်။ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ပင်ပန်းနွမ်းနယ်ခြင်း၊ကြွက်သားများနာကျင်ခြင်းနှင့် ထိခိုက်ဒဏ်ရာရခြင်းတို့ကို   ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် လမ်းလျှောက်လေ့ကျင့်ခန်းသည် နေ့စဉ် အချိန်မရွေးပြုလုပ်နိုင်ပြီးကင်ဆာ၏ဘေးထွက်ဆိုးကျိုးများကိုလျှော့ချရာတွင် ပို၍အကျိုးရှိကြောင်းအကြံပြုထားသည်။

ပုံမှန်လမ်းလျှောက်ခြင်း၏အကျိုးကျေးဇူးများ

စိတ်ဖိစီးမှု၊    စိုးရိမ်ပူပန်မှုနှင့်စိတ်ဓာတ်ကျခြင်းကိုလျှော့ချပေးနိုင်ခြင်း၊  နာကျင်မှုကို သက်သာရာရစေ ခြင်း၊ ခွန်အားတည်ဆောက်ခြင်း၊ အစာစားချင်စိတ်တိုးလာခြင်း၊အိပ်ရေးဝဝအိပ်ရန်အထောက်အကူ ဖြစ်စေခြင်း၊  ကင်ဆာပြန်ဖြစ်ခြင်း သို့မဟုတ် ဒုတိယကင်ဆာဖြစ်နိုင်ခြေကိုလျှော့ချခြင်း      အကျိုးကျေး ဇူးများရှိပါသည်။   

ကင်ဆာလူနာအားလုံးနီးပါးသည် သာမန်ပင်ပန်းနွမ်းနယ်မှုဟုယူဆနိုင်သည်ထက်ကျော်လွန်၍ ပင်ပန်းနွမ်းနယ်မှုကိုခံစားရကြောင်းအမေရိကန်ကင်ဆာအဖွဲ့အစည်းကဖော်ပြထားသည်။   လမ်းလျှောက်ခြင်းသည်ကင်ဆာကုသမှု၏ဘေးထွက်ဆိုးကျိုးတစ်ခုဖြစ်သော မကြာခဏ ပင်ပန်းနွမ်းနယ်မှုခံစားရခြင်းကိုကုစားပေးနိုင်သည်။ ကင်ဆာကုသမှုခံယူနေစဉ်နှင့်ကုသမှုအပြီးတွင် ပင်ပန်းနွမ်းနယ်မှုကိုလျော့ကျစေပြီး လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်သည်။ သုတေသနပြုချက်များအရ တက်ကြွသော ကိုယ်လက်လှုပ်ရှားမှုသည် ယေဘုယျအားဖြင့်ရုပ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုများကို တိုးတက်စေခြင်းဖြင့် ကင်ဆာဝေဒနာရှင်များကို ကူညီပေးနိုင်ကြောင်းသိရသည်။  စိုးရိမ်ပူပန်မှုကိုလျော့ကျစေပြီး စိတ်ဓာတ်ကျခြင်းကို မြှင့်တင်ပေးနိုင်သည်။

ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းသည် အဝလွန်ခြင်းကိုလည်း    ကာကွယ်ပေးနိုင်သည်။ သုတေသနပြုချက်များအရအဝလွန်ခြင်းသည် ကင်ဆာ ၁၃ မျိုး ဖြစ်ပွားနိုင်ခြေ မြင့်မားမှုနှင့်ဆက်စပ်ကြောင်းဖော်ပြထားသည်။လေ့လာမှုများအရ အလယ်အလတ်နှင့် ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုများသည်အူမကြီးကင်ဆာ၊ သွေးဆုံးပြီးသောအမျိုးသမီးများတွင်ရင်သားနှင့် သားအိမ်ကင်ဆာများဖြစ်နိုင်ခြေကိုလျော့နည်းစေသည်။ 

အထိုင်များခြင်းကိုလျှော့လိုက်ရုံဖြင့်လည်း ကင်ဆာ ဖြစ်နိုင်ခြေလျော့နည်းစေရန် ကူညီပေးနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ကွန်ပျူတာရှေ့တွင် အလုပ်လုပ်နေစဉ် သို့မဟုတ်  တီဗွီကြည့်နေစဉ်တွင်ထိုင်ရာမှမှန်မှန်ထပြီး လှုပ်ရှားမှုပြုလုပ်ရန်  အကြံပြုထားသည်။ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ခြင်းကစိတ်ဖိစီးမှုကိုလျော့ကျစေပြီး   စွမ်းအင်ပိုပေးနိုင်သည်။

လေ့ကျင့်ခန်းလမ်းညွှန်ချက်

လေ့ကျင့်ခန်းလမ်းညွှန်ချက်များသည်လူတိုင်းနှင့်အဆင်ပြေစေရန်ခက်ခဲပါသည်။လူတိုင်းကလေ့ကျင့်ခန်းဘယ်လောက်လုပ်နိုင်သည်ဆိုသည်မှာတစ်ဦးနှင့်တစ်ဦးမတူညီသည့်အပြင်နှစ်သက်သောကိုယ်လက်လှုပ်ရှားမှု၊ကင်ဆာအမျိုးအစားနှင့် ကုသနည်းများစွာရှိသောကြောင့် ယေဘုယျအားဖြင့်ကင်ဆာဖြစ်နေပါက လေ့ကျင့်ခန်းမစတင်မီ ဆရာဝန်နှင့် စစ်ဆေးသင့်သည်။ ကြံ့ခိုင်မှု၊ ရောဂါရှာဖွေကုသမှု နှင့် ဘေးကင်းမှုကို ထိခိုက်စေနိုင်သည့်အချက်များကိုလည်း ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။

နိုင်ငံတကာလမ်းညွှန်ချက်များအရကင်ဆာဆေးသွင်းနေစဉ်နှင့်ကုသပြီးနောက်တွင်  တက်ကြွစွာလှုပ်ရှားခြင်းသည် ဘေးကင်းသည်ဟုဆိုသဖြင့်ကင်ဆာဝေဒနာရှင်များသည်တက်ကြွစွာနေထိုင်ပြီး  ပုံမှန်လှုပ်ရှားမှုများကို တတ်နိုင်သမျှ အမြန်ဆုံးပြန်လုပ်နိုင်အောင်ကြိုးစားသင့်ပါသည်။ဗြိတိန် အစိုးရနှင့် ကမ္ဘာ့ကင်ဆာသုတေသနရန်ပုံငွေအဖွဲ့တို့သည် ကင်ဆာနှင့်တခြားရောဂါများကိုကာကွယ်ရန်အရွယ်ရောက်ပြီးသူတိုင်းသည်တစ်ပတ်လျှင်အလယ်အလတ်ပြင်းထန်လေ့ကျင့်ခန်း မိနစ် ၁၅၀( ဥပမာအားဖြင့် တစ်ပတ်လျှင် ငါးကြိမ်၊  တစ်ကြိမ်လျှင် မိနစ် ၃၀)  သို့မဟုတ် တစ်ပတ်လျှင် ၇၅ မိနစ် ပြင်းပြင်းထန်ထန်လှုပ်ရှားမှု     အနည်းဆုံးတစ်ခုကို ကြိုးစားလုပ်ဆောင်ရန်၊ ခွန်အားတိုးမြင့်လေ့ကျင့်ခန်းများ  (ဥပမာအားဖြင့်  အလေးမခြင်း သို့မဟုတ် ယောဂပြုလုပ်ခြင်း) ကိုလည်း တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်ရန် အကြံပြုချက်များရှိသည်။ အရွယ်ရောက်ပြီးသူတိုင်းသည်  မိမိနှင့်သင့်လျော်သော ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ရန်  လိုအပ်ကြောင်း သတိပြုသင့်ပါသည်။

တက်ကြွလှုပ်ရှားသောအလေ့အကျင့်ကိုစတင်ခြင်း

နေ့စဉ်လုပ်ရိုးလုပ်စဉ်အပြုအမူများတွင် သေးငယ်သောပြောင်းလဲမှုအနည်းငယ်ပြုလုပ်ခြင်းဖြင့်တက်ကြွစွာနေထိုင်သောအလေ့အကျင့်ကို စတင်နိုင်ပါသည်။ ဥပမာအားဖြင့် နေအိမ်ဝင်းထဲလမ်းလျှောက်ခြင်း သို့မဟုတ် ဘတ်စကားမှတ်တိုင်မှအိမ်သို့ လမ်းလျှောက်ခြင်းတို့ဖြင့် စတင်နိုင်သည်။ အိမ်တွင်၊ အလုပ်တွင်   သို့မဟုတ်  ခရီးသွားသည့်အခါတွင်    အလေ့အကျင့်အသစ်များဖန်တီးခြင်းက ပိုမိုတက်ကြွနေစေနိုင်ပါသည်။  နှစ်အတော်ကြာကိုယ်လက်လှုပ်ရှားမှုမလုပ်သူများအတွက် တဖြည်းဖြည်းချင်း လေ့ကျင့်ရန်လိုအပ်ပါလိမ့်မည်။ မည်သည့်ကိုယ်လက်လှုပ်ရှားမှုမဆို စတင်နိုင်သည်။ တက်ကြွလှုပ်ရှားခြင်းသည် စိတ်နှင့်ခန္ဓာကိုယ်ကို အကျိုးပြုပါသည်။ နေ့စဉ် ၁၀ မိနစ်မှ ၁၅ မိနစ် ကိုယ်လက်လှုပ်ရှားမှုဖြင့် စတင်ပါ။

အထူးဂရုစိုက်ရှောင်ကြဉ်ရန်လိုအပ်သော  ကိုယ်လက်လှုပ်ရှားမှုများ

တချို့သော ကင်ဆာအမျိုးအစားများ သို့မဟုတ် ကုသမှုခံယူနေသူများသည် လေ့ကျင့်ခန်းအမျိုးအစားတချို့ကိုရှောင်ကြဉ်ရန် လိုအပ်ပါသည်။ အရိုးများကို ထိခိုက်စေသော  ကင်ဆာရှိပါက    ပြင်းထန်သောလေ့ကျင့်ခန်းများကြောင့်အရိုးကျိုးနိုင်ခြေပိုများနိုင်သည်။ ထိခိုက်မိသောအရိုးများပေါ်တွင် အလွန်အမင်း ဖိအားပေးခြင်းကို    ရှောင်ကြဉ်ရမည်။ ရေကူးခြင်း သို့မဟုတ် ရေထဲတွင် လေ့ကျင့်ခန်းလုပ်ပါ။ ရေသည် ခန္ဓာကိုယ်အလေးချိန်ကို ထောက်ပံ့ပေးသောကြောင့်အရိုးစုကို ဖိစီးမှုမရှိပါ။ ယောဂကဲ့သို့သော လေ့ကျင့်ခန်းများသည် ယေဘုယျအားဖြင့် လူတိုင်းအတွက်ဘေးကင်းပါသည်။  ကုသမှုကြောင့် ကိုယ်ခံအားနည်းသူများသည် အားကစားခန်းမတွင်   တခြားသူများနှင့်လေ့ကျင့်ခန်းလုပ်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။

တချို့လူများတွင်ကင်ဆာကုသမှုကြောင့်လက်နှင့်ခြေတွင်အာရုံခံစားချက်များဆုံးရှုံးသွားသောကြောင့်အထိုင်စက်ဘီးစီးခြင်းကတခြားလေ့ကျင့်ခန်းများလုပ်ခြင်းထက်ပိုကောင်းပါသည်။ထို့ပြင်လေ့ကျင့်ခန်းအသစ်မစတင်မီနှင့်တချို့သောခွဲစိတ်မှုမျိုးများပြုလုပ်ပြီးနောက်လုပ်ဆောင်နိုင်သည့်လေ့ကျင့်ခန်းအမျိုးအစားများနှင့်ပတ် သက် ၍ အကြံဉာဏ်ရယူရန်ဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးရန် လိုအပ်ပါသည်။

နိဂုံးချုပ်ရသော်သိပ္ပံနည်းကျသုတေသနရလဒ်များအရစုစုပေါင်းကိုယ်လက်လှုပ်ရှားမှုနှင့်ခြေလှမ်းအရေအတွက်များများလျှောက်ခြင်းသည်ကျန်းမာသန်စွမ်းပြီးကိုယ်အလေးချိန်ထိန်းသိမ်းနိုင်သည့်အပြင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းနှင့်သေဆုံးမှုနှုန်းကိုလျော့နည်းစေနိုင်သောကြောင့်နေ့စဉ်ပုံမှန်လမ်းများများလျှောက်ရန်    တိုက်တွန်းလိုခြင်းဖြစ်ပါသည်။        

MWD Web Portal

Photo - The Conversation