မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်ကြွယ်ဝပြီး စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးရန် အထူးလိုအပ်သည်။ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ ဆိုသည့်အတိုင်း ပြည်တွင်းထုတ်လုပ်မှုများကို မြှင့်တင်ခြင်းဖြင့် နိုင်ငံ့စီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။

နိုင်ငံစီးပွားရေးတွင် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍဟူ၍ ကဏ္ဍသုံးရပ် ရှိသည့်အနက် နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှီတင်းနေထိုင်ကြသည့် ကျေးလက်ဒေသ၏ အဓိက စီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးသည် အရေးကြီးဆုံးအချက် ဖြစ်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ဦးတည်ချက် (၄) ရပ်ချမှတ် ဆောင်ရွက်ရာတွင် ဒုတိယအချက်ဖြစ်သည့် “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ် ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်စက်မှုကဏ္ဍ( Agro- based Industries) ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး”ဟူ၍ ပါရှိသည်။
နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ စီးပွားရေးအား ကောင်းမွန်မှသာလျှင် နိုင်ငံရေးအားသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။ ပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ နိုင်ငံစီးပွားတိုးတက်မြင့်မားရေးတို့အတွက် ပြည်သူအားလုံးက အမှန်တကယ် အလုပ်လုပ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် မြေသား၊ ရေသယံဇာတပေါကြွယ်သည့် နိုင်ငံဖြစ်သည့်အတွက် အလုပ်လုပ်လျှင် လုပ်နိုင်သလောက် အကျိုးခံစားခွင့် ရရှိမည်ဖြစ်သည်။ သို့ဖြစ်ရာ အမှန်တကယ်အလုပ်လုပ်နိုင်ရန်အတွက် အလုပ်အကိုင် အခွင့်အလမ်း များကိုလည်း ဖန်တီးပေးရမည်ဖြစ်သည်။
နိုင်ငံတော်တိုးတက်ရေး ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေးမြန်မာနိုင်ငံတွင် ပြည်တွင်းထုတ်ကုန် ဖွံ့ဖြိုးရေးအတွက် လယ်ယာ၊ စက်မှု၊ လက်မှုနှင့် အခြားကုန်ထုတ်လုပ်ငန်းများကို တိုးချဲ့ပြီး ပြည်တွင်းသုံးပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ ပြည်ပမှတင်သွင်းကုန်များအပေါ် မှီခိုမှုလျှော့ချကာ ပြည်တွင်းထုတ်ပစ္စည်းများကို အသုံးပြုခြင်းဖြင့် နိုင်ငံ့ငွေကြေးအပ်နှံမှုကို ထိန်းသိမ်းနိုင်မည် ဖြစ်သည်။
နိုင်ငံသားတိုင်းကလည်း မိမိတို့နိုင်ငံ၏ထုတ်ကုန်များကို ဦးစားပေးဝယ်ယူသုံးစွဲခြင်းဖြင့် ပြည်တွင်းစီးပွားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။ ပြည်ပကုန်ပစ္စည်းများထက် ပြည်တွင်းထုတ်ပစ္စည်းများကို ပိုမိုရွေးချယ်ဝယ်ယူခြင်းဖြင့် ဒေသခံလုပ်ငန်းရှင်များ၏ စီးပွားရေးတိုးတက်မှုကို အားပေးရာရောက်သည်။ ထို့ကြောင့် ကုန်ထုတ်လုပ်မှုအား မြှင့်တင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။ အစိုးရအနေဖြင့် စက်မှုဇုန်များ တည်ထောင်ခြင်း၊ အတိုးနှုန်းများသက်သာစွာဖြင့် ချေးငွေများရယူစေခြင်း၊ နည်းပညာနှင့် လေ့ကျင့်သင်ကြားမှုများ ဆောင်ရွက်ပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးကို အထောက် အကူပြု နိုင်မည်ဖြစ်သည်။
စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု
မြန်မာနိုင်ငံ၏ စီးပွားရေးတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ ဤကဏ္ဍများသည် နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြည်ပပို့ကုန်တိုးတက်ရေး တို့အတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ စိုက်ပျိုးရေးသည် မြန်မာနိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းဖြစ်ပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင်နေထိုင်ကာ စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြသည်။ ထို့ပြင် စိုက်ပျိုးရေးထွက်ကုန် များဖြစ်သည့် အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အဓိကသီးနှံစိုက်ပျိုးနိုင်သည့် နေရာများတွင် ယခုစိုက်ပျိုးမှုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားကြရမည် ဖြစ်သည်။
အလားတူ မွေးမြူရေးလုပ်ငန်းသည်လည်း ကျေးလက်ဒေသများတွင် အသက်မွေး ဝမ်းကျောင်း လုပ်ငန်းအဖြစ် ကျယ်ပြန့်စွာလုပ်ကိုင်ကြပြီး နိုင်ငံအတွက်လိုအပ်သည့် အသားနှင့် နို့ထွက်ပစ္စည်းများ ဖူလုံရေးအတွက် အရေးပါလျက်ရှိသည်။ မွေးမြူရေးလုပ်ငန်းများတွင် အဓိကအဖြစ် နွား၊ ကြက်၊ ဝက်ကိုလည်းကောင်း၊ ရေချိုနှင့် ရေငန်ငါးများကို စီးပွားဖြစ်လည်းကောင်း မွေးမြူကြသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ၏ စိန်ခေါ်မှုများအဖြစ် မိုးခေါင်ခြင်း၊ ရေကြီးခြင်း စသည့်ရာသီဥတုပြောင်းလဲခြင်း၊ ဈေးကွက်ဝင်ရောက်နိုင်မှုအနေဖြင့် ကျေးလက်ဒေသများတွင် ထုတ်ကုန်များဈေးကွက်သို့ရောက်ရှိရန် အခက်အခဲရှိခြင်း၊ တောင်သူများအတွက် ခေတ်မီနည်းပညာနှင့် ငွေကြေးအထောက်အပံ့များလိုအပ်ခြင်း စသည်များကို ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။
သို့ဖြစ်ရာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးရေးလမ်းညွှန်အဖြစ် စိုက်ပျိုးရေးကို အခြေခံသည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်း၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို အရည်အသွေးမြှင့်၍ နိုင်ငံတကာဈေးကွက်သို့ တင်ပို့ခြင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများကို နည်းပညာ၊ ငွေကြေးနှင့် ဈေးကွက်ဖော်ဆောင်ပေးခြင်းတို့ကို နိုင်ငံတော်အစိုးရ၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုမှသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် နိုင်ငံ့စီးပွားရေး တည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ်အဖြစ် ဖြစ်ပေါ်လာမည်ဖြစ်သည်။
ယာယီသမ္မတ(တာဝန်) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ ၃၁ ရက်က ကျင်းပသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီအစည်းအဝေး (၃/၂၀၂၅)တွင် ရှင်းလင်းပြောကြားရာ၌ မိမိတို့ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ကာလအတွင်း ပြည်သူလူထုတစ်ရပ်လုံး၏ စားရေရိက္ခာဖူလုံရေးအတွက် စပါးစိုက်ပျိုးမှု၊ ဆီထွက်သီးနှံစိုက်ပျိုးမှု၊ ပဲမျိုးစုံစိုက်ပျိုးမှု၊ အသားငါးထုတ်လုပ်မှုများကို နှစ်အလိုက် တိုးတက်မှု ရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း အဓိကသီးနှံအဖြစ် သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးတွင် ပန်းတိုင်ရည်မှန်းချက်ပြည့်မီရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးအခြေအနေသည် ယခင်အစိုးရလက်ထက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရငွေကျပ် ၁၇၅၈၅ ဒသမ ၅၅ ဘီလီယံရှိရာမှ မိမိတို့အစိုးရကာလ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် စုစုပေါင်း ရငွေကျပ် ၃၄၅၅၃ ဒသမ ၅၀ ဘီလီယံအထိ တိုးတက်ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
MSME ကဏ္ဍ၏ အရေးပါမှု
MSME ဆိုသည်မှာ အနည်းငယ်သော အရင်းအနှီးဖြင့် စတင်လုပ်ကိုင်နိုင်သည့် စီးပွားရေး လုပ်ငန်းငယ်များ ဖြစ်ပြီး နိုင်ငံတကာတွင် စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခြေခံအုတ်မြစ်သဖွယ် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ မြန်မာနိုင်ငံတွင်လည်း MSME လုပ်ငန်းများသည် အလုပ်အကိုင်ဖန်တီးပေးခြင်း၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုခြင်းနှင့် ပြည်တွင်းထုတ်ကုန်များ တိုးတက်စေခြင်းတို့အတွက် အရေးကြီးသော ကဏ္ဍတစ်ခုဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။
ယနေ့ခေတ်ကမ္ဘာကြီးသည် အရာရာတွင် တိုးတက်မှုအပေါင်းနှင့် ပြောင်းလဲဖြစ်ပေါ်လျက်ရှိသည်။ လူသားတို့၏ တီထွင်ကြံဆမှုကြောင့် အသစ်အသစ်တို့သည် အဆက်မပြတ်ဖြစ်ပေါ်နေလျက်ရှိရာ စီးပွားရေးလုပ်ငန်းများသည်လည်း နည်းပညာသစ်များဖြင့် တိုးတက်လျက်ရှိသည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ အသေးစား၊ အငယ်စားနှင့်အလတ်စား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သည် အရေးပါလှသည့် အခန်းကဏ္ဍ၌ ပါဝင်နေသည်။ မြန်မာနိုင်ငံ၌ အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချက်များချမှတ်ပြီး တွန်းအားပေး ပံ့ပိုးကူညီမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ MSME လုပ်ငန်းများ၏ မတူညီသည့် အတွေးအခေါ်များ၊ ဆန်းသစ်တီထွင်မှုများနှင့်အတူ ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက် အရည်အသွေး မြင့်မားအောင် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းများကိုပါ ဖန်တီးပေးလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှု အခြေအနေများဖြစ်သည့် ပြည်ပတင်ပို့မှု၊ တင်သွင်းမှု မျှတမှုများသည် နိုင်ငံ၏စီးပွားရေးအပေါ် များစွာမူတည်သည်။ တင်ပို့မှု၊ တင်သွင်းမှုကွာဟချက် သို့မဟုတ် သွင်းကုန်သည် ပို့ကုန်ထက်များပြားနေပါက တိုင်းပြည်စီးပွားရေးတွင် Trade deficit အနုတ်လက္ခဏာကိုသာ မြင်ရမည်ဖြစ်သည်။ ကျေးလက်ဒေသနေ တိုင်းပြည်၏ ထုတ်လုပ်မှုအင်အားစုသည် ၇၀ ရာခိုင်နှုန်းခန့်ရှိနေပြီး မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက် သစ်တောသယံဇာတပေါများကြွယ်ဝသော မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပြည်ပပို့ကုန်ထက် ပြည်ပတင်သွင်းမှုပမာဏများပြားလျက်ရှိသည်။ မြန်မာ့လူ့အဖွဲ့အစည်းရှိ လူမှုဘဝအများစု၏ ၉၉ ရာခိုင်နှုန်းခန့်သည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းအများစုအပေါ်တွင် ရပ်တည်နေရပြီး ၎င်းသည် နိုင်ငံ့စီးပွားရေးယန္တရားတွင် အဓိကမောင်းနှင်အားတစ်ခုဖြစ်သည်။
ပြည်တွင်း၌ရှိသည့် စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းသည် အသေးစား၊ အငယ်စားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်းများဖြစ်ပြီး ပုဂ္ဂလိကစီးပွားရေးကဏ္ဍတွင်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားကုန်ထုတ်လုပ်ငန်းများ အများဆုံးပါဝင်နေသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လျက်ရှိသော နိုင်ငံများ၏အခြေအနေကို လေ့လာကြည့်မည်ဆိုပါက အကြီးစားစီးပွားရေးလုပ်ငန်းများထက် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME)များက များစွာအထောက်အကူပြုနေသည်ကို တွေ့ရမည်ဖြစ်သည်။ MSME လုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ အဓိကကျောရိုးမဏ္ဍိုင်တစ်ခုဖြစ်ပြီး အခြေခံအကျဆုံး စီးပွားရေးလုပ်ငန်းလည်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံ၏ စီးပွားရေးအားကောင်း လာစေရန်အတွက် MSME လုပ်ငန်းများကို အားပေးမြှင့်တင်ကူညီ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့ဆိုသည့်အတိုင်း ပြည်တွင်းထုတ်လုပ်မှုများ တိုးတက်လာစေရန် နိုင်ငံသားတိုင်း ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်သည်။ ပြည်တွင်းထုတ်ကုန်များ ပိုမိုကောင်းမွန်လာပါက နိုင်ငံတော်၏ စီးပွားရေးသည်လည်း ပိုမိုတည်ငြိမ်ခိုင်မာ ကောင်းမွန်လာမည် ဖြစ်သည်။ ထို့ကြောင့် မြန်မာ့ကုန်ထုတ်လုပ်မှုများ မြင့်တက်လာစေရန် နိုင်ငံသားအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုသော် မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ရန် ရေ၊ မြေ၊ ရာသီဥတု စသောအခြေခံကောင်းများကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ မျိုးကောင်းမျိုးသန့်များကို ရွေးချယ်စိုက်ပျိုးခြင်း၊ စိုက်ပျိုးမြေကို ကောင်းစွာပြုပြင်ပြီး လိုအပ်သည့် သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာများ အပြည့်အဝအသုံးပြုခြင်း၊ စိုက်ပျိုးရေကို သီးနှံ၏ လိုအပ်ချက်နှင့်အညီ ပေးဝေခြင်း၊ မိရိုးဖလာစိုက်ပျိုးနည်းများအစား ခေတ်မီနည်းပညာများကို အသုံးပြုခြင်းဖြင့် သီးနှံများအထွက်တိုးလာမည်ဖြစ်ရာ တောင်သူများလည်း ဝင်ငွေတိုးလာကြမည် ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုများ တိုးတက်လာပါက လုပ်ငန်းများလုပ်ကိုင်နေကြသည့် ပြည်သူတစ်ဦးချင်းစီ၏ ဝင်ငွေသည် တိုးတက်လာကာ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပြီး နိုင်ငံတော်၏ဘဏ္ဍာငွေသည်လည်း တိုးတက်မြင့်မားလာမည် ဖြစ်ပေသည်။ ထို့ကြောင့် နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့ဟူ၍ တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။ ။
MWD

ပြည်ထောင်စုတစ်မျိုးသားလုံးနဲ့ ကိုက်ညီပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို အခြေခံတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ MSME (Micro, Small and Medium Enterprises)လုပ်ငန်းတွေ တိုးတက်များပြားလာပြီး ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ဖို့ မွေးမြူရေးဇုန်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီလို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံမှာ ယနေ့အထိ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု နည်းပါးနေသေးတဲ့ နို့စားနွားမွေးမြူ ထုတ်လုပ်ခြင်းနဲ့ နို့နဲ့နို့ထွက်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတွေဟာလည်း အဓိကအခန်းကဏ္ဍ တစ်ရ
ပြည်ထောင်စုတစ်မျိုးသားလုံးနဲ့ ကိုက်ညီပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို အခြေခံတဲ့ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ MSME (Micro, Small and Medium Enterprises)လုပ်ငန်းတွေ တိုးတက်များပြားလာပြီး ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ မြှင့်တင်နိုင်ဖို့ မွေးမြူရေးဇုန်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ အဲဒီလို အကောင်အထည်ဖော် ဆောင်ရွက်တဲ့နေရာမှာ မြန်မာနိုင်ငံမှာ ယနေ့အထိ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်မှု နည်းပါးနေသေးတဲ့ နို့စားနွားမွေးမြူ ထုတ်လုပ်ခြင်းနဲ့ နို့နဲ့နို့ထွက်ပစ္စည်း ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းတွေဟာလည်း အဓိကအခန်းကဏ္ဍ တစ်ရပ်အနေနဲ့ ပါဝင်နေပါတယ်။ Veterinaria Digital ဆိုတဲ့ Website က မြန်မာနိုင်ငံရဲ့ နှစ်အလိုက်နို့ထုတ်လုပ်မှုဟာ နိုင်ငံ့ဝယ်လိုအားရဲ့ ထက်ဝက်တောင် မပြည့်မီတဲ့အတွက် ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ နယူးဇီးလန်နဲ့ ဩစတြေးလျနိုင်ငံတွေက တင်ပို့နေရကြောင်း ဖော်ပြထားတာတွေ့ရပါတယ်။ ဒါကြောင့် ပထမအဆင့်အနေနဲ့က နို့နဲ့နို့ထွက်ပစ္စည်းတွေကို ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ပြီး ပြည်တွင်းစားသုံးမှု ဖူလုံပေါများစေဖို့ အဓိကထား ဆောင်ရွက်ရမှာဖြစ်တယ်။ ပြီးမှ ပြည်ပအထိ ပြန်လည်ပို့ဆောင်နိုင်တဲ့အထိ ကြိုးစားအားထုတ်ကြရမှာဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ဖို့ ပထမလိုအပ်ချက်က အကျိုးအမြတ်များများ ဖြစ်နိုင်တဲ့ နို့စားနွားတွေကို မွေးမြူထုတ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်။
နို့စားနွားမွေးမြူသူတွေ အကျိုးအမြတ်များများ ရဖို့ဆိုတာကလည်း နို့ထွက်နှုန်းကောင်းပြီး မြန်မာနိုင်ငံရဲ့ ရာသီဥတုအခြေအနေမှာ ခံနိုင်ရည်ရှိပြီး ကျန်းမာသန်စွမ်း၊ ထုတ်လုပ်မှုမြင့်မားတဲ့ မျိုးကောင်းမျိုးသန့်တွေ ရရှိဖို့လိုအပ်ပါတယ်။ အခြားတစ်ဖက်ကလည်း စိုက်ပျိုးရေးလုပ်ငန်းများမှ ရရှိလာတဲ့ ဘေးထွက်ပစ္စည်းတွေဖြစ်တဲ့ ဥပမာအနေနဲ့ ပြောရရင် ပဲမျိုးစုံစိုက်ပျိုးရေးမှ ရရှိလာမယ့် ပဲရိုး၊ ပဲမှော်၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်ခြင်းမှ ရရှိလာမယ့် ကောက်ရိုး၊ ဖွဲ၊ ဆန်ကွဲနဲ့ ဆီထွက်သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းမှရရှိလာမယ့် ပဲဖတ်၊ နှမ်းဖတ်စသည်တို့ကို အသုံးပြုပြီး စျေးနှုန်းချိုချိုသာသာနဲ့ အရည်အသွေးပြည့်မီအောင် ပြုပြင်ထုတ်လုပ်ထားတဲ့ တိရစ္ဆာန်ဖြည့်စွက်စာများကို ထုတ်လုပ်ဖြန့်ဖြူးမယ့် MSME လုပ်ငန်းများလည်း ဟန်ချက်ညီအကောင်အထည်ဖော် ဆောင်ရွက်ဖို့လိုပါတယ်။ ဒေသနဲ့ကိုက်ညီတဲ့မျိုးဖြစ်မှ ဒေသရာသီဥတု အခြေအနေအမျိုးမျိုးမှာ အကြမ်းခံမယ်၊ ကျန်းမာမယ်။ ထုတ်လုပ်မှုစွမ်းအားကောင်းမယ်။ မျိုးကောင်းရရုံနဲ့မပြီးသေးပါ။ အရည်အသွေးကောင်းတဲ့အစာနဲ့ စနစ်ကျတဲ့ထိန်းကျောင်းမှုလည်း လိုအပ်ပါတယ်။ အဲဒီလိုမျိုး အစာ၊ ထိန်းကျောင်းမှုတွေကောင်းပါမှ နို့စားနွားတွေရဲ့ ထုတ်လုပ်မှုစွမ်းအားတွေ ကောင်းလာမယ်၊ နွားနို့ အရည်အသွေးတွေ ကောင်းလာမယ်၊ အကျိုးအမြတ် ပိုများလာမယ်။ ဒါနဲ့တင်မပြီးသေးပါ။ ရရှိလာတဲ့ နို့ထွက်နှုန်းနဲ့အညီ အလေအလွင့်မရှိ အရည်အသွေးပြည့်ဝသော နို့ထွက်ပစ္စည်းများကို ထုတ်လုပ်တဲ့ MSME လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။
ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁ ဒသမ ၃ သန်းကျော်ရှိပြီး မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေဖြစ်တဲ့ မိတ္ထီလာခရိုင်၊ ကျောက်ဆည်ခရိုင်၊ တံတားဦးခရိုင်၊ အမရပူရခရိုင်နဲ့ ပြင်ဦးလွင်ခရိုင်တွေမှာ နို့စားနွားတွေမွေးမြူကြပါတယ်။ နို့ထွက်ကောင်းပြီး နို့ညှစ်လို့ရတဲ့ ရိုးရိုးဒေသနွားမျိုးတွေကို အများစုမွေးမြူကြပြီး မေထုန်မျိုးလို့ ဒေသခံတွေခေါ်နေကြတဲ့ ဖရီရှန်မျိုးကိုလည်း အနည်းစုမွေးမြူနေကြပါတယ်။ ရွေးချယ်မွေးမြူထားတဲ့ ဒေသနွားတွေအနေနဲ့ နို့ထွက်ကောင်းတယ်ဆိုပေမယ့် တကယ်တမ်းမှာတော့ နိုင်ငံခြားမျိုးနဲ့ယှဉ်မယ်ဆိုရင် နို့ထွက်အရမ်းနည်းပါတယ်။ ကျွန်တော်တို့ဌာနအနေဖြင့် ဒေသနွားမျိုးများ၏ မျိုးအောင်မြင်နှုန်းမြှင့်တင်ရေးစီမံကိန်းအတွက် သုတေသနစစ်တမ်းများ ကောက်ယူရန် နေပြည်တော်ရှိ ကျေးရွာတို့သို့ သွားရောက်လေ့လာခဲ့တဲ့အခါ နွားမွေးတောင်သူ အားလုံးနီးပါး နို့မညှစ်ကြတာကို တွေ့ရပါတယ်။ နို့ထွက်နှုန်း ကောင်းနိုင်မယ့် လက္ခဏာရှိ နွားမတချို့ကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ဒါပေမဲ့နို့မညှစ်ကြပါ။ ဘာကြောင့်လဲ မေးကြည့်တော့ နွားပေါက်စလေးနို့မဝမှာစိုးလို့ မညှစ်တာလို့ လူတိုင်းရဲ့ အဖြေတွေကတူနေတာ တွေ့ရတယ်။ ပြီးတော့ တချို့ကတော့ ညှစ်ချင်တယ် မညှစ်တတ်ဘူးပြောကြတယ်။ နို့ထွက်နည်းတော့ နွားမွေးမြူသူတွေအနေနဲ့ နို့ညှစ်ဖို့ စိတ်မဝင်စား။ ဒါကြောင့် ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ မွေးမြူရေး သုတေသနဌာနနဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွေ အနေနဲ့ အထွက်နှုန်းကောင်းပြီး ရာသီဥတုနဲ့ ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိတဲ့ နွားမများကို ရွေးချယ်ရပါမယ်၊ ပြီးတော့ မျိုးမြှင့်ပေးတဲ့ သုတေသနတို့၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်တာတို့ကိုလုပ်ပြီး နွားမွေးတောင်သူတွေ အတွက် မျိုးကောင်းမျိုးသန့်တွေ ပေါပေါများများ ဖြန့်ဖြူးပေးနိုင်ဖို့၊ ပိုမိုကြိုးစားဆောင်ရွက်ပေးဖို့၊ ဌာနများအတွင်း ပိုမိုချိတ်ဆက်လုပ်ကိုင်ကြဖို့ လိုအပ်ပါတယ်။
ဒေသနဲ့ကိုက်ညီတဲ့ အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များကို အချိန်တိုအတွင်း ထုတ်လုပ်နိုင်ဖို့ မျိုးပွားအကူနည်းပညာ (Assisted Reproductive Technology)များကို သုတေသနဌာန လုပ်ငန်းများမှာရော၊ နို့စားနွားမွေးမြူရေး လုပ်ငန်းတွေမှာရော တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ဖို့ လိုအပ်ပါတယ်။
တိုးချဲ့တည်ထောင်လာမယ့် နို့စားနွားမွေးမြူရေး ဇုန်တွေ၊ နို့နဲ့နို့ထွက်ပစ္စည်းထုတ် MSME လုပ်ငန်းတွေအတွက် ဒေသနဲ့ကိုက်ညီမယ့် မျိုးကောင်းမျိုးသန့်တွေကို စျေးချိုချိုနဲ့ ပေါပေါများများ ထုတ်လုပ်ဖြန့်ဖြူးပေးခြင်း၊ အကျိုးဖြစ်ထွန်းမှု များစေမယ့် မွေးမြူနည်းစနစ်၊ လုပ်ငန်းစီမံခန့်ခွဲမှုနဲ့ ထိန်းကျောင်းမှုစနစ်များကို လုပ်ငန်းလုပ်ကိုင်ရန်စိတ်ဝင်စားသူများအား လေ့ကျင့်ပညာပေးခြင်း၊ အစာလုံလုံလောက်လောက် ရရှိနိုင်ရန်ဆောင်ရွက်ခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းကို အစိုးရဌာနများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ စုပေါင်းဆောင်ရွက်မှုပေးခြင်းတို့ ဆောင်ရွက်မှသာ အကျိုးအမြတ်များလာမှာဖြစ်တယ်။ အဲဒါဆိုရင် ပြည်သူတွေအနေနဲ့ လုပ်ငန်းတွေ တိုးချဲ့လုပ်ကိုင်ဖို့ ပိုမိုစိတ်ဝင်စားလာမှာဖြစ်ပါတယ်။ နို့ထွက်ကောင်းတဲ့ နိုင်ငံခြားမျိုးများဟာ အရင်းအနှီး အလွန်ကြီးတဲ့အပြင် ရာသီဥတုဒဏ်၊ ကပ်ပါး အစရှိတဲ့ ရောဂါပိုးမွှားဒဏ်တို့ကို ခံနိုင်ရည်အားနည်းပြီး ရောဂါရလွယ်ခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းနဲ့ ပျက်စီးဆုံးရှုံးနိုင်ခြင်းတွေကြောင့် နို့ထုတ်လုပ်မှု ကုန်ကျစရိတ်ပိုမိုမြင့်မားကာ အကျိုးအမြတ်များ ရရှိသင့်သလောက် မရရှိတာတို့ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေမယ့်၊ ရာသီဥတုနဲ့ရောဂါပိုးမွှားဒဏ် ပိုမိုခံနိုင်မယ့် ဒေသနွားမျိုးများကို မျိုးမြှင့်တင်မွေးမြူခြင်းဖြင့် ထုတ်လုပ်မှုနဲ့ အကျိုးအမြတ် ပိုမိုကောင်းမွန်စေမယ့် နည်းလမ်းကို အသုံးပြုပါက မြန်မာ့နို့စားနွား မွေးမြူရေးဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ စာရေးသူတွေ့ကြုံခဲ့ရတာလေး တစ်ခုလောက် မျှဝေချင်ပါတယ်။ စာရေးသူက ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ အိန္ဒိယနိုင်ငံ ဟာရီယာနားပြည်နယ် ကရနားမြို့ရှိ နို့နဲ့နို့ထွက်ပစ္စည်းဆိုင်ရာ သုတေသနဌာနတွင် ပါရဂူသင်တန်း တက်ရောက်ခဲ့စဉ်က သတိထားမိတာက အိန္ဒိယနိုင်ငံရဲ့ ရာသီဥတုက အရမ်းကြမ်းပါတယ်။ ဒေသတစ်ခုနဲ့တစ်ခုလည်း ရာသီဥတုက အရမ်းကွာခြားပါတယ်။ သို့သော် အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ နို့နဲ့နို့ထွက်ပစ္စည်းထုတ်လုပ်မှု အမြင့်မားဆုံး နိုင်ငံတွေထဲမှာပါပါတယ်။ ဒေသခံနွားတွေကို မျိုးမြှင့်တင်ခြင်းများ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပြီး နို့ထွက်နှုန်းများမြင့်မားစွာ ရရှိနေကြပါတယ်။ နို့ပေးကာလ ရက်ပေါင်း ၃၀၅ ရက်မှာ ဆာဟိဝါးနွားမျိုးမှာ နို့ ၃၀၀၀ မှ ၄၀၀၀ ကီလိုဂရမ်၊ သာပါးကားနွားမျိုးမှာ နို့ ၂၂၀၀ မှ ၃၇၀၀ ကီလိုဂရမ်၊ ဒေသနွားမျိုးနဲ့ ဖရီရှန်နွားမျိုးကိုစပ်ထားတဲ့ စပ်မျိုးများဖြစ်တဲ့ ကာရမ်ဖရီးစ်မှာ နို့ ၄၅၀၀ မှ ၇၀၀၀ ကီလိုဂရမ်၊ ဒေသနွားနဲ့ ဘရောင်းဆွစ်နွားမျိုးကို စပ်ထားတဲ့ စပ်မျိုးကာရမ်ဆွစ်မှာ နို့ ၄၅၀၀ မှ ၆၅၀၀ ကီလိုဂရမ်နဲ့ ဒေသခံနို့စားကျွဲ မူရကျွဲမျိုးများမှာ နို့ ၃၀၀၀ မှ ၄၃၀၀ ကီလိုဂရမ်အထိထွက်ရှိနေကြောင်း လေ့လာမှတ်သား ခဲ့ရပါတယ်။ အဲဒီ သုတေသနဌာနမှာ နို့စားနွားနဲ့ နို့စားကျွဲ အကောင်ရေ ၂၀၀၀ ကျော်ကို မွေးမြူထားပြီး နွားစာအတွက် စားကျက်မြေဧက များစွာမှာ ရေသွင်းစနစ်ဖြင့် ရာသီသုံးမျိုးစလုံး မနားတမ်းစိုက်ပျိုးကာ နိုင်ငံတော်မှ မဟာသိပ္ပံနှင့် ပါရဂူသိပ္ပံ သင်တန်းသားများကို နှစ်စဉ်
နှစ်တိုင်း ပညာသင်ဆုများ ပေး၍ သုတေသန လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်အောင် စီမံဆောင်ရွက်နေကြတာကို အားကျဖွယ်တွေ့ခဲ့ရပါတယ်။ အဲဒီသုတေသနဌာနမှာ နို့ထွက်ပစ္စည်းအမျိုးမျိုးအတွက် သုတေသနတွေ လုပ်ဆောင်ရန် နို့လီတာပေါင်း ၆၀၀၀၀ ကျော်ကို စီမံခန့်ခွဲ လုပ်ဆောင်နိုင်တဲ့ နို့ထွက်ပစ္စည်းစက်ရုံ တစ်ခုကိုလည်း တွေ့ရှိခဲ့ရပါတယ်။ ထိုသုတေသနဌာနမှ ထုတ်လုပ်ရောင်းချသော နို့ထွက်ပစ္စည်းများမှာ လူကြိုက်များတာ တွေ့ရပါတယ်။
သူတို့နိုင်ငံရဲ့မျိုးမြှင့်တင်ခြင်းလုပ်ဆောင်ပုံမှာ ဒေသနွားမျိုးတွေထဲ နို့ထွက်ကောင်းတဲ့ နွားမျိုးတွေကိုရွေးချယ်၊ မျိုးမြှင့်တင်ရေး သုတေသနတွေလုပ်၊ ပြီးတော့ မွေးမြူသူတွေကို ပြန်ဖြန့်၊ ဒါတွေကို စဉ်ဆက်မပြတ် အရှိန်အဟုန်နဲ့ လုပ်နေကြတာတွေ့ရပါတယ်။ အဲဒီအတွက် မျိုးပွားနှုန်း မြှင့်တင်မှုအကူ နည်းပညာတွေဖြစ်တဲ့ မျိုးပွားဆဲလ်များစုဆောင်းသိုလှောင်ခြင်း (semen cryopreservation)၊ မေထုန်မဲ့သားစပ်ခြင်း (Artificial insemination)၊ မျိုးကောင်းမျိုးသန့်အမြန်ပွားဖို့ မမျိုးဥများကိုစုဆောင်း၍ ဖန်ပြွန်သန္ဓေသားများ ဖန်တီးခြင်းနှင့် သန္ဓေသားကူးပြောင်းသန္ဓေဆောင်စေခြင်း နည်းပညာများ (In vitro embryo production and embryo transfer technologies)ကို သုတေသနပြု၍ တွင်တွင်ကျယ်ကျယ် သုံးပြုနေကြောင်း အားကျအတုယူဖွယ် တွေ့ခဲ့ရပါတယ်။ မေထုန်မဲ့သားစပ်ခြင်းမှာ အိန္ဒိယနိုင်ငံတွင် နွားမွေးတောင်သူများအကြား သားစပ်ခြင်းအလေ့အထ တစ်ခုလိုတောင်ဖြစ်နေတာ တွေ့ခဲ့ရပါတယ်။ ပြည်နယ်တစ်ခုတည်းအတွင်းမှာပင် မျိုးပွားဆဲလ် ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းကို ဌာနပိုင်ရော၊ ပုဂ္ဂလိကပိုင်ရော အရေအတွက်မှာ ရာချီရှိကြောင်း လေ့လာသိရှိခဲ့ရပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း “နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်း MSME လုပ်ငန်းများ အကျိုးများေဖို့နှင့် တိုးတက်များပြားလာစေဖို့ ဒေသနွားမျိုးမြှင့်တင်လို့ မျိုးပွားအကူနည်းပညာများကို အားကိုးကြပါစို့”လို့တိုက်တွန်းရင်း မြန်မာ့နို့စားနွား မွေးမြူရေး MSME လုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်အောင်မြင်ပါစေကြောင်း ဆန္ဒပြုရေးသား လိုက်ပါတယ်။ ။
MWD Web Portal

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံ့ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် စွမ်းဆောင်နိုင်မှသာ ဖြစ်နိုင်ပါမည်။ နိုင်ငံတိုးတက်မှုကိုရှာလိုလျှင် ပညာရေးကဏ္ဍကို လုံးဝဖယ်ထား၍မရ။ နိုင်ငံကိုတိုးတက်မှုလမ်းကြောင်းမှ ဖယ်ခွာစေသည့် အတားအဆီးများစွာ၊ ကုန်ထုတ်စွမ်းအားကို အဟန့်အတားဖြစ်စေသည့် အကြောင်းတရားများစွာ ရှိနေပါသည်။ ထိုအထဲမှ သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာမထိန်းသိမ်းနိုင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်အဆက်အစပ်တစ်ခုကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးခေါင်းစဉ်အောက်မှ ဒု
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် နိုင်ငံ့ကုန်ထုတ်စွမ်းအားကိုမြှင့်တင်ပြီး ကုန်ထုတ်လုပ်မှုတိုးတက်အောင် စွမ်းဆောင်နိုင်မှသာ ဖြစ်နိုင်ပါမည်။ နိုင်ငံတိုးတက်မှုကိုရှာလိုလျှင် ပညာရေးကဏ္ဍကို လုံးဝဖယ်ထား၍မရ။ နိုင်ငံကိုတိုးတက်မှုလမ်းကြောင်းမှ ဖယ်ခွာစေသည့် အတားအဆီးများစွာ၊ ကုန်ထုတ်စွမ်းအားကို အဟန့်အတားဖြစ်စေသည့် အကြောင်းတရားများစွာ ရှိနေပါသည်။ ထိုအထဲမှ သဘာဝပတ်ဝန်းကျင်ကို ကောင်းစွာမထိန်းသိမ်းနိုင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ထိုသို့ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင့် သဘာဝပတ်ဝန်းကျင်အဆက်အစပ်တစ်ခုကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးခေါင်းစဉ်အောက်မှ ဒုတိယစာမျက်နှာသစ်တစ်ခု၏ Slogan တစ်ခုနှင့်အတူ ပြောင်းလဲဖွင့်လှစ်လာသည်ကို တွေ့မြင်ရသည့်အခါ......။
အမျိုးသားအကျိုးစီးပွားကို ထင်ဟပ်သည့်တိုက်တွန်းမှုများ
ကြွေးကြော်သံအဖြစ်လည်း ယူ၍ရသည်။ တိုက်တွန်းလှုံ့ဆော်ချက်များ၊ မျှော်မှန်းချက်များ ပါနေသည်ကိုလည်း သတိပြုမိသည်။ “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့” ဟူသော ဆောင်ပုဒ် များမှာ လှုံ့ဆော်တိုက်တွန်းမှု၊ လမ်းညွှန်ချက်နှင့် မျှော်မှန်းချက်များ ပါနေသည်ကို သတိပြုမိသည်။
အခြေအနေအချိန်အခါအရလည်းမှန်ပါသည်။ ဖြစ်လည်းဖြစ်သင့်သည်။ တိုးတက်မှုများ ရှိနေသော်လည်း လိုအပ်ချက်များရှိနေဆဲကို လှစ်ပြနေသည်။ နိုင်ငံအနေဖြင့် သာမန်မဟုတ်သည့် အခြေအနေများအောက်တွင် ဖိအားများ၊ အခက်အခဲအကျပ်အတည်းများစွာနှင့် ရုန်းကန်ရင်ဆိုင်ခဲ့ရသည်။ အားနည်းချက်များကို သင်ခန်းစာယူ၍ တိုးတက်မှုအောင်မြင် မှုများဆုပ်ကိုင်ကာ ဒုတိယအဆင့် Second phase သို့ တစ်ဆင့်လှမ်းချီတက်နေသည်။ အကောင်းဆုံးဖြစ်အောင် ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြပြီးလုပ်ငန်းများ ပုံမှန်ယန္တရားဖြင့် လည်ပတ်နေပြီဖြစ်၍လည်း တည်ငြိမ်မှုလမ်းကြောင်းမှာ ရပ်တည်နိုင်ခြင်း ဖြစ်သည်။
ဒုတိယစာမျက်နှာ၏ ဦးတည်ချက် ၄ ရပ်တွင် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်း နိုင်ရေးအကြောင်းကောင်းများ ဖန်တီးပေးရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက် စိုက်ပျိုး မွေးမြူရေးအခြေခံသည့် စက်မှုကဏ္ဍနှင့် ပညာရေးနှင့်ကျန်းမာရေးတို့ကို အထူးအလေးပေးထားသည် ကိုတွေ့ရသည်။ နိုင်ငံအေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်အောက်မှာ နိုင်ငံရေးစနစ် တည်ငြိမ်မှုနှင့် စီးပွားရေးကောင်းမွန်ပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝများကောင်းမွန်ရန် လိုအပ်သည်ဆိုသောအချက်များသည် တစ်ခုနှင့်တစ်ခုဆက်စပ်နေသည့် ဦးတည်ချက်ကောင်းများအဖြစ် မြင်မိပါသည်။
သို့သော် မြန်မာနိုင်ငံ၌ ကမ္ဘာ့နိုင်ငံအများစု စိန်ခေါ်ချက်များနည်းတူ ကိုဗစ်၊ မိုခါ၊ ရာဂီ၊ မန္တလေးငလျင်ဆိုသော ကပ်ဘေးဆိုးကြီးများကို ဆိုးဆိုးရွားရွားရင်ဆိုင်ခဲ့ရ၍ ဖွံ့ဖြိုးမှုလမ်းကြောင်းမှာ အတိုင်းအတာတစ်ခုအထိ နှောင့်နှေးနေရသည်ကိုလည်း သတိပြုရန်လိုပါသည်။ သဘာဝဘေးကြီးများ ဖြစ်ပေါ်ရသည့် အကြောင်းတရားများစွာအနက် အချို့ကာကွယ်နိုင်သည်များကို ကာကွယ်ရန်လိုအပ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ သဘာဝပတ်ဝန်းကျင်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ကို ထပ်ဆင့်၍ ရေတို၊ ရေရှည်မျှော်မှန်းချက်များအဖြစ် ပုံဖော်ထားသည်ကို မြင်နိုင်ပါသည်။ ထို့ကြောင့်ကုန်ထုတ်လုပ်မှု၊ ပညာရေးနှင်သဘာဝပတ်ဝန်းကျင်ဟူသော ထိုအချက်သုံးချက်ကို တစ်မျိုးသားလုံး၏ အမျိုးသားရေးကြွေးကြော်သံ၊ အမျိုးသားအကျိုးစီးပွားကို ထင်ဟပ်သည့် တိုက်တွန်းချက်များအဖြစ် ယူဆမိပါသည်။
မြေကြီးမှရွှေသီးမည်အမှန်မှာ
ဖွံ့ဖြိုးမှုလမ်းကြောင်းတွင် ရပ်တည်နိုင်ရေးအတွက် စီးပွားရေးကောင်းမွန်ပြီး နိုင်ငံရေးတည်ငြိမ်ရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ စီးပွားရေးသည် စိုက်ပျိုးမွေးမြူရေးအပေါ်တွင် အခြေခံသည်။ စိုက်ပျိုးမွေးမြူရေး၏ အဓိက လူ့စွမ်းအားအရင်းအမြစ်မှာ ၇၀ % သော ကျေးလက်နေပြည်သူများဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးအခြေခံကုန်ထုတ်လုပ်ငန်းများကို အားပေးခြင်းသည် သူတို့၏ လူမှုစီးပွားဘဝများကို မြှင့်တင်ရာရောက်သည့်အပြင် ဆင်းရဲမွဲတေမှုနှုန်းကိုလည်း လျှော့ချရာရောက်ပါသည်။
စပါးနှင့်ဆီထွက်သီးနှံအပြင် ဒေသနှင့်ကိုက်ညီပြီး အကျိုးအမြတ် သေချာခိုင်မာသည့် ဂျုံ၊ ဝါ နှင့်ဝါးကိုပါ တိုးချဲ့စိုက်ပျိုးရန် တွန်းအားပေးလာသည်ကို တွေ့ရသည်။ အမှန်တကယ်လည်း ဂျုံစားသုံးခြင်း အထူးသဖြင့် ဂျုံကြမ်း၊ ဂျုံညိုနှင့် ဂလူတန်မပါသော ဂျုံမှုန့်နှင့်လုပ်ထားသည့်မုန့်များက ဆန်ထက်ပို၍ အာဟာရလည်းပြည့်ဝသလို ကျန်းမာရေးအတွက်လည်း သင့်တော်သည်ဟုဆိုပါသည်။ ဝါကိုစိုက်ပျိုးဧကတိုးချဲ့ပြီး ပန်းတိုင်အထွက်နှုန်းထွက်အောင် စိုက်ပျိုးခြင်းဖြင့် ဝါအခြေခံအထည်အလိပ်၊ ချည်ထည်ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။
ထို့ပြင် ရွှေစိမ်းဟုပင် တင်စားလောက်သည့်ဝါးကို တိုးမြှင့်စိုက်ပျိုးခြင်းဖြင့်လည်း ဝါးအခြေခံလက်မှုပစ္စည်း၊ ပရိဘောဂ၊ မျှစ်ချဉ်၊ မျှစ်ခြောက်မှသည် ပြည်ပစျေးကွက်ဝင် တန်ဖိုးမြှင့်ပစ္စည်းများအထိပါ တိုးတက်ထုတ်လုပ်လာနိုင်မည်ဖြစ်သည်။ အဓိကဝါးကို တိုးချဲ့စိုက်ခြင်းဖြင့် ပြည်တွင်းစက္ကူ လိုအပ်ချက်မှသည် ပြည်တွင်းဖူလုံမှုအခြေအနေသို့ ရောက်ရှိရေးဖြစ်သည်။ စိုက်ပျိုးရေးကို တွန်းအားပေးသကဲ့သို့ မွေးမြူရေးကိုလည်း အားပေးဆောင်ရွက်နေသည်များ ရှိသည်။ အထူးသဖြင့် နိုင်ငံရေမြေသဘာဝနှင့်ကိုက်ညီသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွား၊ ငါးများတိုးချဲ့မွေးမြူခြင်းဖြင့် ပြည်တွင်းဖူလုံမှုအပြင် ပြည်ပဝင်ငွေတိုးတက်ရရှိရေးအတွက်ပါ အခြေအနေကောင်းများဖန်တီးပေးရန် ဖြစ်ပါသည်။
သို့သော် နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို ထိထိရောက်ရောက် တိုးတက်စေချင်လျှင် အချို့သော အခြေအနေများကို အမြဲဆန်းစစ်နေရမည်ကို သတိပြုသင့်ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးသွင်းအားစုများဖြစ်သည့် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ မျိုး စသည်တို့၏ လိုအပ်ချက်နှင့်သုံးစွဲမှုကို ဆန်းစစ်၍ လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးအပြင် သွင်းအားစုစျေးနှုန်းများကိုပါ ထိန်းညှိပေးနိုင်ရန်ဖြစ်ပါသည်။
လယ်ယာသုံးစက်ပစ္စည်းများကို လိုအပ်သည့် တောင်သူများ လက်လှမ်းမီရရှိနိုင်ရေးလည်း ပါဝင်သည်။ ထို့ပြင် နိုင်ငံအလယ်ပိုင်းဒေသများတွင် စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးကလည်း အရေးကြီးသည့်အပြင် ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးနည်းစနစ်များရရှိရန်နှင့် တောင်သူများအနေဖြင့် ဓာတုဓာတ်မြေသြဇာများ၊ ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲတတ်ရန်လည်း လိုပြန်သည်။ နောက်ဆုံးတွင် တောင်သူများ စိုက်ပျိုးထုတ်လုပ်လိုက်သည့် သီးနှံများစျေးကောင်းရရှိရေးပင်ဖြစ်သည်။ မွေးမြူရေးအပိုင်းတွင်လည်း တောင်သူများ လက်လှမ်းမီမွေးမြူနိုင်ရေးမှသည် အသား၊ နို့၊ ဥများ ပိုမိုထွက်ရှိ နိုင်ရေး ခေတ်မီနည်းပညာဆန်းသစ်မှုများနှင့် လုပ်သားအင်အားနှင့် သွင်းအားစုများအခြေအနေ အပေါ်မူတည်၍ လိုအပ်ပါက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာနိုင်ပါသည်။ အနှစ်သာရမှာ ဖူလုံမှုမှသည် ပြည်ပပို့ကုန်အဖြစ်၊ အရေအတွက်မှသည် အရည်အသွေးဆီ၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမှ ပြည်ပရောင်းကုန်အဖြစ်သို့၊ လိုငွေမှသည်ပိုငွေသို့ ရောက်ရှိလာရန်ဖြစ်ပြီး သို့မှသာ မြေကြီးမှရွှေသီးသည် အဖြစ်သို့အမှန်ရောက်ရှိနိုင်မည်ဖြစ်ပါသည်။
နိုင်ငံဖွံ့ဖြိုးရေးကို ပညာရေးက ဘယ်လိုမောင်းနှင်နေပါသလဲ
နောက်ထပ်မျှော်မှန်းချက်တစ်ခုမှာ ပညာရေးနှင့်စီးပွားရေးဆက်စပ်နေမှုကြောင့် ပညာရေးကို မြှင့်တင်ပြီး နိုင်ငံဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက် နေရန်ဖြစ်သည်။ ပညာရေးကဏ္ဍသည် ကုန်ထုတ်လုပ်မှုအခြေခံအုတ်မြစ်ဖြစ်သည့် လုပ်ငန်းကျွမ်းကျင်မှု၊ ဗဟုသုတနှင့် စွမ်းဆောင်ရည်များကို မြှင့်တင်ပေးသည့်အတွက် တိုင်းပြည်၏ စီးပွားရေး မောင်းနှင်အားများထဲတွင် ပညာရေးကိုမထည့်သွင်း၍မရပါ။ ပညာရေးသည် ကုန်ထုတ်လုပ်မှုအပေါ် များစွာသက်ရောက်မှုရှိပါသည်။ စွမ်းဆောင်ရည် (Efficiency) ပြည့်ဝပြီး အလိုက်သင့်ပြောင်းလဲနိုင်စွမ်း (Adaptability)နှင့် တီထွင်ဆန်းသစ်မှု (Innova-tion) အရည်အချင်းများသည် ပညာပြည့်ဝမှုအပေါ် မူတည်သည်ကို တောင်ကိုရီးယားနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့ကို မြင်ကြည့်၍ရသည်။ စီးပွားရေးတိုးတက်သည့် နိုင်ငံများတွင် အဆင့်မြင့် ပညာရေးနှင့် အနာဂတ်အလုပ်ခွင်အတွက် တိုက်ရိုက်နှင့်လက်တွေ့အသုံးချနိုင်သည့် အခြေခံအသက်မွေးဝမ်းကျောင်းပညာရေး (Vocational training) အပေါ် အားထားကြသည်ကိုလေ့လာမိသည်။
ထို့ပြင် ပညာရေးမှရလာသည့် စဉ်းစားနိုင်စွမ်း၊ ဆင်ခြင်နိုင်စွမ်း၊ သုံးသပ်နိုင်စွမ်းနှင့် ပြဿနာကို ဖြေရှင်းနိုင်စွမ်းများကလည်း ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် ကုန်ထုတ်လုပ်မှုတိုးတက်ရေးတွင်များစွာအထောက်အကူပြုသော အရည်အချင်းများ ဖြစ်သည်ကိုတွေ့ရသည်။ ထိုကဲ့သို့ အခြေအနေများကို GDP တိုးတက်မှုနှင့် ပညာရေးဆက်စပ်မှုကို OECD ကဲ့သို့ ချမ်းသာသောနိုင်ငံများတွင်လည်းကောင်း၊ ထုတ်လုပ်မှုကျဆင်းခြင်း၊ ကျွမ်းကျင်မှုနှင့် လုပ်သားစျေးကွက်မကိုက်ခြင်းနှင့် ဦးနှောက်ယိုစီးမှု ပြဿနာများကြောင့် စီးပွားရေးတန့်ပြီး ဆင်းရဲချမ်းသာမညီမျှမှု ဖြစ်နေခြင်းများကို ပညာရေးအားနည်းပြီး ဆင်းရဲသောနိုင်ငံများတွင် လည်းကောင်း ဥပမာထား လေ့လာနိုင်ပါသည်။
ကျွန်တော်တို့ နိုင်ငံအစိုးရအနေဖြင့်လည်း ပညာရေးကို အထူးတန်ဖိုးထားလေးစားကာ လူငယ်များကို အတန်းပညာ၊ အခြေခံပညာတတ် များဖြစ်အောင်၊ ပညာရှင်များဖြစ်အောင် မြေတောင်မြှောက်ပေးလျက်ရှိပါသည်။ ပညာရေးဆိုင်ရာပြုပြင် ပြောင်းလဲမှုများကို ဆက်လက်ဆောင်ရွက်သွား မည့်အခြေအနေလည်းရှိနေပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတည်ရှိရာ ကျေးလက်နေ ပြည်သူများအတွက် ဦးတည်သည့် ပညာရေးရင်းနှီးမြှုပ်နှံမှုက မြို့ပြကျေးလက်မညီမျှမှုကို လျှော့ချပြီးဆင်းရဲမွဲတေမှုပါ လျော့ပါးသွားစေကြောင်းလည်း သိရှိထားပါသည်။
ယခုအခါ အခြေခံပညာအဆင့်ကျောင်းနေ ရာခိုင်နှုန်းနည်းပါးခြင်းကြောင့် ကျောင်းနေအရွယ် ကလေးအားလုံး KG + 9 အထိ မသင်မနေရပညာရေးကို အားထည့်ဆောင်ရွက်နေသည်။ အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက ဆောင်ပုဒ်ဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို အလေးထားဆောင်ရွက်နေသည်။ အနာဂတ်ပညာတတ်များ တိုးပွားလာရန် ရည်ရွယ်၍ Polytechnic University ၈ ခု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်း ၈၆ ကျောင်း ထိုမှတစ်ဆင့် တက္ကသိုလ်အဆင့်အထိ တိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ တက္ကသိုလ်အားလုံးတွင် BA (Law)နှင့် BA (Eco)ဘွဲ့များသင်ကြားနိုင်ရေးတို့ကို ကြိုးစားဆောင်ရွက်လျက်ရှိသည်မှာ အားလုံးအသိဖြစ်သည်။ ဤသို့ဖြင့် နိုင်ငံကို ပညာဖြင့် ဦးဆောင်၊ ပညာဖြင့် စီမံခန့်ခွဲပြီးပညာအခြေခံသော ဖွံ့ဖြိုးတိုးတက်မှုဆီ ဆက်လက်လျှောက်လှမ်းကြ ရပါဦးမည်။
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရင်းအမြစ်နှစ်ခုကို တင်ပြခဲ့ပါပြီ။ နောက်အရင်းအမြစ်မှာ သဘာဝပတ်ဝန်းကျင်မှပေးသော အကြောင်းတရားများဖြစ်သည်။ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးများဖြစ်သော မုန်တိုင်း၊ မိုးခေါင်ရေရှားမှုနှင့် အပူချိန်ပြင်းထန်မှု၊ အင်အားပြင်းထန်ငလျင်ဘေးဒဏ်များကား နိုင်ငံအတွက် စိန်ခေါ်မှုကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမှာပဲဖြစ်သည်။
ထို့ကြောင့်လည်း လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အရှိန်မြှင့်တင်ဆောင်ရွက် နေခြင်းဖြစ်သည်။ ယခုနှစ်တွင် အညာအပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးကို နိုင်ငံတော်အဆင့် အလေးထား ဆောင်ရွက်လာသည်။ ရာသီဥတုဖောက်ပြန်မှု ကြောင့် လူအများနေထိုင်ရခက်ပြီး ဒုက္ခသက်ရောက် ခြင်းများကြောင့် သဘာဝကပ်ဘေးအန္တရာယ်အရှိန် လျော့ကျလာအောင် ကြိုတင်ကာကွယ်ရ၊ ဖန်တီးဆောင်ရွက်ကြရသည်မှာ ယနေ့လူသားတို့၏ တာဝန်လည်းဖြစ်လာသည်။
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုအောက်တွင် စိတ်နှလုံးချမ်းမြေ့စွာဖြင့် အရိပ်အာဝါသအောက် သာသာယာယာနေရခြင်းသည် ချမ်းသာခြင်းတစ်မျိုးပင်ဖြစ်သည်။ သို့သော် စိုက်ပြီးသားအပင်များ ရှင်သန်ရန်၊ အမြဲမပြတ်ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် တရားမဝင်ခုတ်ယူမှုများကို တားဆီးရန် တာဝန်များကား ရှိနေသေးသည့်အတွက် သားစဉ်မြေးဆက် ထိန်းသိမ်းရမည့်တာဝန်အမွေ တစ်ခုအဖြစ် ဆက်လက်ခံယူသွားရန်သာ ဖြစ်ပါသည်။
အချုပ်အားဖြင့် နိုင်ငံတစ်နိုင်ငံသည် စီးပွားရေး အရ ချမ်းသာကြွယ်ဝနေမှ၊ လူမှုဘဝများ ဖွံ့ဖြိုးနေမှ၊ အေးချမ်းသာယာနေမှ တင့်တယ်ပါသည်။ ထို့ကြောင့် လည်း ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် အရောက် ခရီးရှည်ကြီးကို ကြိုးစားပမ်းစားသွားနေ ရခြင်းဖြစ်သည်။ ဆူးငြောင့်ခလုတ်ကန်သင်းများစွာ ကျော်ဖြတ်နေရခြင်းဖြစ်သည်။ ခရီးရောက်မှု မရောက်မှုက အားလုံးအပေါ်တွင် မူတည်သည့်အတွက်လည်း ကျွန်တော်တို့တွင် တာဝန်ရှိသည်ဟု ခံယူထားပါသည်။ အားလုံးတွင် တာဝန်ရှိသည်ဟု လည်း ခံယူစေလိုပါသည်။
အခြေအနေ၊ အချိန်အခါအလိုက် လိုအပ်ချက် များကား ရှိနေမည်သာ။ အရေးအကြီးဆုံးက စေတနာရှိရန်၊ ညီညွတ်ရန်၊ နိုင်ငံချစ်စိတ်ရှိရန်နှင့် စွမ်းဆောင်ရည်မြင့်ရန် အပိုင်းများတွင်ဖြစ်သည်။ သို့သော် အားလုံး၏အခရာမှာ ပညာသာဖြစ်ပါသည်။ ပညာဖြင့်ဦးဆောင်ပြီး စိတ်ဓာတ်ကောင်းကောင်းဖြင့် အလုပ်ကို အမှန်တကယ်လုပ်၊ ထိထိရောက်ရောက် လုပ်ကိုင်ကြမည်ဆိုလျှင် ဆောင်ပုဒ်တွင်ပါသည့် ကျွန်တော်တို့လိုချင်သော မျှော်မှန်းချက်များ၊ လိုလား ချက်များ အားလုံးသည် မလွဲဧကန်အမှန်ဖြစ်လာမည်ဟု ဆက်လက်ယုံကြည်ထားပါကြောင်း။ ။
MOI
Photo- Country of The World

ငကျွဲနှင့် ဧည့်မထ၊ မှည့်သမျှ ရွှေငွေ။
ဟဲ့အလှ မယ်မေရယ်၊ လယ်မြေနှံ့ဖြန့်ကြဲ။
စိုက်ကြစို့ ဘာမဖြုံတယ်၊ ရတနာပုံဆိုက်ဖို့မလွဲ။

ကျွန်တော်တို့ အလယ်တန်းကျောင်းသားဘဝက သင်ခဲ့ရသည့် အမျိုးသားစာဆိုကဗျာ ဆရာကြီး ဇော်ဂျီ၏တို့လယ်သမား ဗုံထောက်သံကဗျာမှ ဖြစ်သည်။ ထိုဗုံထောက်သံကို စာသင်သားဘဝကတည်းက ကျွန်တော်တို့တစ်တွေ ပျော်ပျော်ရွှင်ရွှင် ရွတ်ခဲ့၊ ဆိုခဲ့၊ ဖတ်ခဲ့ကြသည်။ ကြားနာခဲ့ကြသည်။ နှစ်ကာလကြာညောင်း၍ ယနေ့တိုင်သည်အထိလည်း ကဗျာ၏အဓိပ္ပာယ်မှာ တိုး၍သာပြည့်ဝ လေးနက်နေဆဲဖြစ်ပါ၏။ ဘာမဖြုံအောင် စိုက်ကြပါလျှင် ရတနာပုံဆိုက်ဖို့ မလွဲဆိုသည်မှာ ကျွန်တော်တို့နိုင်ငံ၏ ရေ၊ မြေအနေအထားနှင့်ဆိုရပါသော် ခေတ်အဆက်ဆက်မှန်ကန်နေမည့် အရှိတရားတစ်ခုပင်။
တစ်ဆက်တည်းမှာပင် မူလတန်းအဆင့်တွင် သင်ကြားခဲ့ရသည့် “မြေကြီးက ရွှေသီးရမည်”ဟူသော ဆိုရိုးစကားကိုလည်း သတိရမိပြန်သည်။ ဆိုလိုရင်းအနက်မှာ ကျွန်တော်တို့နိုင်ငံသည် သဘာဝသယံဇာတပစ္စည်းများကြွယ်ဝပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း နောင်လာနောက်သားများ သိရှိခံယူနိုင်ရန် ကျောင်းသင်ရိုးတွင် ထည့်သွင်းဖော်ပြခြင်း ဖြစ်တန်ရာသည်ဟု အောက်မေ့မိသည်။
နိုင်ငံတစ်နိုင်ငံ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းစဉ်များစီမံဆောင်ရွက်ရာတွင် သဘာဝသယံဇာတပစ္စည်းများထုတ်ယူခြင်းထက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအပေါ် အဓိကဦးတည်သော နည်းလမ်းကို ပိုမိုရွေးချယ်သင့်ကြောင်း ကမ္ဘာ့နိုင်ငံအသီးသီးမှ ဖြစ်စဉ်ဖြစ်ရပ်များက သက်သေခံနေကြသည်။
အကြောင်းမှာ သဘာဝသယံဇာတပစ္စည်းများထုတ်ယူခြင်းအပေါ် အလွန်အကျွံမှီခိုခြင်းသည် သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေရုံမျှမက တစ်ချိန်ချိန်တွင် နိုင်ငံသားတို့၏ အနာဂတ်ကိုပါ ကြီးကြီးမားမား ခြိမ်းခြောက် လာနိုင်သောကြောင့်ဖြစ်သည်။
စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ဖို့ဆိုလျှင် ရေခံမြေခံကစကားပြောသည်။ အရေးလည်းကြီးသည်။ လက်မှုဖြစ်စေ၊ စက်မှုဖြစ်စေ အဓိကအားဖြင့် စိုက်ပျိုးမြေအကျယ်အဝန်းနှင့် ရေအရင်းအမြစ်ပေါများ ကြွယ်ဝနေရန်လိုအပ်သည်။
ကျွန်တော်တို့နိုင်ငံ၏ ပထဝီဝင်အနေအထားမှာ အားရဖွယ်ကောင်းသည်။
မြေပြန့်ဒေသများ၊ လွင်ပြင်များ၊ ကုန်းပြင်မြင့်များ၊ တောင်တန်းများ စသည်ဖြင့် မြေမျက်နှာသွင်ပြင်အမျိုးမျိုးရှိသည်။ ရာသီဥတုတွင်လည်း အပူပိုင်းဒေသ၊ သမပိုင်းဒေသနှင့် အအေးပိုင်းဒေသဆိုပြီး သုံးမျိုးကွဲသည်။ ပင်လယ်ရေမျက်နှာပြင် အနိမ့်အမြင့်မှာလည်း မတူညီသည့်အတွက် ကမ္ဘာနှင့်အဝှမ်း သဘာဝအလျောက် ပေါက်ရောက်ရှင်သန်နေသော သစ်တောသစ်ပင်အများစုကို ကျွန်တော်တို့နိုင်ငံ အနှံ့အပြားတွင် စုံလင်စွာ တွေ့ရနိုင်သည်။
သက်ရှိလောကတွင် သတ္တဝါများနှင့် အပင်များအတွက် ရေကမရှိမဖြစ် လိုအပ်သော အခြေခံအကြောင်းတရားဖြစ်သည်။
အသက်သွေးကြောတမျှ အရေးပါသည်။ ဧရာဝတီမြစ်သည် ကျွန်တော်တို့နိုင်ငံအတွက် သဘာဝကပေးထားသော ဆုလာဘ်ကြီးဖြစ်သည်။ မြန်မာနိုင်ငံ တစ်နံတစ်လျားကို ဖြတ်သန်း၍ မြောက်မှတောင်သို့ စီးဆင်းနေသည်။ ၎င်းဧရာဝတီမြစ်ရေကိုအသုံးပြုပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်ဒေသများတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို နိုင်ငံတကာအဆင့်မီသည်အထိ အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သော အခွင့်အလမ်းများ များစွာရှိနေသည်။ ကျွန်တော်တို့နိုင်ငံ အရှေ့ဘက်ပိုင်းတွင် သံလွင်မြစ်နှင့်စစ်တောင်းမြစ်၊ အနောက်ဘက်ပိုင်းဆိုလျှင် ချင်းတွင်းမြစ်၊ မဏိပူရမြစ်နှင့်ကုလားတန်မြစ်တို့က အသီးသီး စီးဆင်းနေကြသည်။ အခြားသောမြစ်ငယ်များနှင့် ချောင်းကြီးချောင်းငယ် အသွယ်သွယ်တို့ကလည်း ပြည်လုံးအနှံ့ ဝန်းပတ်ရစ်ခွေ စီးဆင်းလျက်ရှိနေကြပြန်သေး၏။မြေအကျယ်အဝန်းအားဖြင့် ကျွန်တော်တို့နိုင်ငံမှာ ဧရိယာစတုရန်းမိုင်ပေါင်း နှစ်သိန်းခြောက်သောင်းကျော် စတုရန်းမိုင်၊ တစ်နည်းအားဖြင့် ဧက ၁၆၈ သန်းရှိသည်ဟု ဆိုနိုင်သည်။ ရေဝေရေလဲထိန်းသိမ်းကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ဧက ၆၈ သန်းကို ချန်လှပ်ထားဦးမည်ဆိုလျှင်ပင် အသုံးပြုနိုင်သည့် မြေအကျယ်အဝန်းမှာ ဧကသန်း ၁၀၀ ကျန်ရှိနေဦးမည်ဖြစ်သည်။
သည်မျှ ကျယ်ပြန့်သော စိုက်ပျိုးမြေဧက၊ မတူကွဲပြားသော မြေမျက်နှာသွင်ပြင်၊ ရာသီဥတုအမျိုးမျိုးနှင့် မြစ်ချောင်းအင်းအိုင်များ ပေါများစွာတည်ရှိနေခြင်းမှာ နိုင်ငံတော်ရွှေသီးဖို့ အခြေအနေကောင်းများ ဖြစ်ပေါ်လာစေရန် သဘာဝတရားက ဖန်တီးပေးထားလေသလားဟု ရည်ညွှန်းပြဆိုရတော့မည်ဖြစ်သည်။ ရေခံလည်းကောင်း၊ မြေခံလည်းကောင်းသဖြင့် စိုက်ပျိုးသီးနှံများနှင့် မွေးမြူရေးတိရစ္ဆာန်များကို နေရာဒေသအသီးသီးတွင် မိမိတို့စိတ်ကြိုက် ရွေးချယ်စိုက်ပျိုးမွေးမြူနိုင်သည့် အခွင့်အလမ်းရှိသော နိုင်ငံတစ်နိုင်ငံဟုသာ ဂုဏ်ယူစွာဆိုလိုက်ချင်သည်။
ပင်စင်စားဝန်ထမ်းတစ်ဦးဖြစ်သော ကျွန်တော်သည် မနက်မိုးလင်းသည်နှင့် နေ့စဉ်ထုတ်သတင်းစာ တစ်စောင်စောင်ကို ဖတ်လိုက်ရမှ ချဉ်ခြင်း အာလယပြေပျောက်လေ့ရှိသည်။ ငယ်စဉ်ကတည်းက စွဲခဲ့သောအစွဲဖြစ်သည်။ သတင်းများရရှိမှုနှင့်ပတ်သက်၍ ကျွန်တော်တို့ငယ်ငယ်တုန်းကနှင့်စာလျှင် ယနေ့ခေတ်က ပို၍သတိကြီးကြီးထားဖွယ်ဖြစ်သည်။ ပိုင်းဖြတ်ဝေဖန်နိုင်သော ဆင်ခြင်တုံတရားအားနည်းလျှင် အားနည်းသည့်အလျောက် သတင်းတု၊ သတင်းလိမ်များက မိမိတို့၏နေ့စဉ်လူမှုဘဝကို ဖုံးလွှမ်းဝါးမျို သွားနိုင်သောကြောင့်ဖြစ်သည်။
ဩဂုတ်လ ၁ ရက်နေ့ထုတ် သတင်းစာနောက်ကျောဖုံးများတွင် ထင်ထင်ရှားရှားဖော်ပြထားသည့် “နိုင်ငံတော်ရွှေသီးဖို့ကုန်ထုတ်လုပ်မှုအားပေးစို့”၊ “နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”၊ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင်ထိန်းကြစို့”ဟူသောအကြောင်းအရာသုံးခုကို သတိပြုလိုက်မိသည်။ ကျွန်တော်တို့နိုင်ငံ၊ ကျွန်တော်တို့ ရေမြေသဘာဝနှင့် အင်မတန်ဆီလျော်ကိုက်ညီသော အချက်များပင်ဖြစ်သည်။
နိုင်ငံတော်တွင် ရွှေသီးသကဲ့သို့ တစ်ပြည်လုံးချမ်းသာ၍ လူမှုစီးပွားဘဝများ မြင့်မားစေဖို့ဆိုလျှင် ကနဦးအနေဖြင့် ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ရမည်သာဖြစ်သည်။ခေတ်နှင့်အညီတိုးတက်လာသော နည်းပညာရပ်များနှင့်အတူ ကျွန်တော်တို့၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက်ရောက်သည်အထိ တစ်ဆင့်ထက်တစ်ဆင့်မြင့်၍ ပူးပေါင်းဆောင်ရွက်ကြရမည်လည်းဖြစ်သည်။
နောက်တစ်ဆင့်တက်သော် ထိုစိုက်ပျိုးမွေးမြူရေးမှ ရရှိလာသော အခြေခံကုန်ကြမ်းများကိုပင် အခြေပြု၍ မိမိတို့ပြည်တွင်းမှာပင် ကုန်ထုတ်စွမ်းအားမြင့်မား တိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာအောင် စီမံဆောင်ရွက်ကြရမည်ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်က ကျေးလက်နေပြည်သူများဖြစ်သည်။ နိုင်ငံ့လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ခန့်မှာ စိုက်ပျိုးမွေးမြူရေးနှင့် သစ်တောကဏ္ဍတို့တွင် တစ်နည်းနည်းဖြင့် လုပ်ကိုင်နေကြသူများဖြစ်သည်။
ဒေသအလိုက်၊ လူဦးရေအလိုက် နေ့စဉ်လိုအပ်သော စားရေရိက္ခာများဖြည့်ဆည်း ပေးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက် သွားမည်ဆိုလျှင်ပင် ကျွဲကူးရေပါဆိုသကဲ့သို့ အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာပြီး ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာကြမည်ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းစဉ်များတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဆိုသည့် အင်္ဂါရပ်လေးမျိုး ပြည့်စုံကောင်းမွန်စေရန် နိုင်ငံတော်အစိုးရမှသည် သက်ဆိုင်ရာဌာန အသီးသီးနှင့်တောင်သူလယ်သမားများအထိ အသိတူ၊ အလုပ်တူ၍ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်နေကြသည်များကို တွေ့မြင်ကြားသိနေရသည်မှာ အားရစရာကောင်းလှသည်။
နိုင်ငံနှင့်အဝှမ်း နေရာဒေသတိုင်းတွင် ကြက်၊ ဝက်၊ ဆိတ်၊ သိုး၊ နွား၊ ငါးစသည်တို့ကို အောင်မြင်စွာမွေးမြူနိုင်သည့် အခြေအနေမျိုးရှိနေခြင်းမှာ ကျွန်တော်တို့နိုင်ငံအတွက် သဘာဝကပေးအပ်ထားသည့် အားသာချက်တစ်ရပ်ဟုဆိုရပါမည်။
ပြည်သူများနေ့စဉ်စားသုံးနေသည့် စားရေရိက္ခာဖူလုံရေးအတွက် မွေးမြူရေးလုပ်ငန်းများကလည်း စိုက်ပျိုးရေးလုပ်ငန်းများနည်းတူ အရေးကြီးသော မဏ္ဍိုင်ကြီးတစ်ရပ်ဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများ အောင်မြင်အောင် လုပ်ဆောင်ခြင်းဖြင့် စားသုံးသူများအတွက် ဖူလုံပေါများ၍ ဈေးနှုန်းသင့်တင့် အကျိုးဖြစ်ထွန်းစေသလို မွေးမြူသူများအနေဖြင့်လည်း လူမှုစီးပွားဘဝနှင့် အလုပ်အကိုင်အခွင့်အလမ်းများကို တိုးပွားလာစေမည်ဖြစ်သည်။
ထို့ထက်ပို၍ဆိုရပါလျှင် ထိုထိုသော စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များကို အရည်အသွေးမြင့်ထုတ်ကုန်များအဖြစ် တိုးတက်ထုတ်လုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် ကြီးမားသော အကျိုးဖြစ်ထွန်းစေမှုနှင့် အမျိုးသားအကျိုးစီးပွားကို မြင့်မားစေမည်လည်းဖြစ်သည်။
ကျွန်တော်တို့နိုင်ငံအနေဖြင့် အလုပ်လုပ်နိုင်သော ရေခံမြေခံကောင်းများ၊ အခြေခံကောင်းများရှိပြီး ဖြစ်သော်လည်း အမှန်တကယ်အကျိုးရှိအောင် အလုပ်လုပ်နိုင်ရန်လိုအပ်နေသေးသည်ဟု ဆိုရ မည်ဖြစ်သည်။ သည့်အတွက် နိုင်ငံတော်အနေဖြင့် အလုပ်လုပ်နိုင်ရန်အတွက် အခြေအနေကောင်းများ၊ အခွင့်အလမ်းကောင်းများကို စဉ်ဆက်မပြတ် ဖန်တီးပေးလျက် ရှိသည်ကိုလည်း တွေ့ရသည်။ အဓိကဦးစားပေးအနေဖြင့် လိုအပ်သောအရင်းအနှီးများနှင့် နည်းပညာများ လိုလေးသေးမရှိ ဖြည့်ဆည်းပေးနေသည်ကို ထောက်ချင့်၍ သိနိုင်သည်။
ယနေ့ကမ္ဘာကြီးတွင် နိုင်ငံအသီးသီးသည် မိမိတို့အမျိုးသားအကျိုးစီးပွားကိုသာ အလေးထား ဦးစားပေးလာကြသည်ကို ွေ့ရမည်ဖြစ်သည်။ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းသည် မိမိတို့နိုင်ငံ၏ GDP တိုးတက်လာရေးအတွက် ပြည်တွင်းအားဖြင့် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ သည့်အတွက် ကျွန်တော်တို့နိုင်ငံအနေဖြင့်လည်း နိုင်ငံ့ GDP တိုးတက်စေရေးအတွက် ရည်မှန်းချက်များခိုင်ခိုင် မာမာချမှတ်ပြီး ကုန်ထုတ်လုပ်ငန်းများတိုးတက်လာအောင် စွမ်းအားရှိသမျှ အားထုတ်ကြိုးပမ်း ဆောင်ရွက်နေကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လပိုင်းအတွင်းက နိုင်ငံတော်အကြီးအကဲ၏ ဘယ်လာရုစ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်သတင်းများကို ဖတ်လိုက်ရသည်။
ဘယ်လာရုစ်နိုင်ငံ၏ GDP မှာ အမေရိကန်ဒေါ်လာ ၇၃ ဒသမ ၁ ဘီလီယံရှိကြောင်း သိရှိရသည်။ စိုက်ပျိုးမွေးမြူရေး ပို့ကုန်များမှ ရရှိမှုကပင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ ဘီလီယံမှ ၈ ဒသမ ၂ ဘီလီယံရှိသည်ဟုသိရသည်။ အားကျဖွယ်ကောင်းလှသည်။ ကျွန်တော်တို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးပို့ကုန်များမှရရှိမှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီယံခန့်သာရှိသေးသည်။
ဘယ်လာရုစ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်နှိုင်းယှဉ်ပါက ဧရိယာအကျယ်အဝန်း သေးငယ်ခြင်း၊ လူနေထိုင်မှုအရ နည်းပါးခြင်းရှိသော်လည်း GDP မှာ မြင့်မားနေသည်ကိုလည်း သတိပြုမိသည်။ အဓိကအကြောင်းရင်းမှာ ခေတ်မီသည့်စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို ဆောင်ရွက်ပြီးရရှိလာသည့် ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်မှု များပြားခြင်းကြောင့်ဖြစ်သည်။
မွေးမြူရေးလုပ်ငန်းတွင်လည်း ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပြည်ပသို့ တွင်တွင်ကျယ်ကျယ် တင်ပို့နေသည်ကို တွေ့ရသည်။ တစ်ဖန် အဆင့်မီလယ်ထွန်စက်ပစ္စည်းများ ထုတ်လုပ်တင်ပို့သည့်နိုင်ငံလည်းဖြစ်သည်။ မွေးမြူရေးဘက်ကြည့်မည်ဆိုလျှင်လည်း နို့စားနွားကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျမွေးမြူသည်။ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည်။ ပြည်ပဈေးကွက်ကို အင်နှင့်အားနှင့်တင်ပို့သည်။ ဘယ်လာရုစ်နိုင်ငံသည် ခေတ်မီသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားသာချက်တစ်ရပ်အဖြစ် အကျိုးရှိစွာအသုံးပြု၍ ပြည်ပပို့ထုတ်ကုန်များကို တွင်ကျယ်စွာ ထုတ်လုပ်ကြခြင်းပင်ဖြစ်သည်။
သို့ဆိုပါလျှင် ကျွန်တော်တို့နိုင်ငံသည်လည်း “သူ့မြေမှာ ဖြူ ပြာ ပွင့်ရင်ဖြင့်၊ ငါ့မြေမှာ နီဝါတင့် ရမပေါ့”ဆိုသော ခံယူချက်ဖြင့် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အခြေခံရေခံမြေခံကောင်းများရှိပြီးဖြစ်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံအတွင်းခေတ်မီနည်းစနစ်များဖြင့် အင်တိုက်အားတိုက်လုပ်ကိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုအထွက်နှုန်းလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။ ရှေးအစဉ်အဆက်တွင် တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ခဲ့ကြသော သက်သေသာဓကများလည်း များစွာရှိခဲ့ပြီးဖြစ်သည်။
နိုင်ငံ့စီးပွားကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်ပသွင်းကုန်များအပေါ်တွင်သာ မှီခိုအားထားနေရခြင်းမျိုး မဟုတ်ဘဲ မိမိတို့ပြည်တွင်းမှာပင် ကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေးအတွက်လည်း ရေရှည်ကိုမြော်တွေး၍ ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။
သည့်အတွက် နည်းပညာနှင့်ငွေကြေးအရင်းအနှီးများ ပြည့်စုံရန်လိုအပ်သည့်နည်းတူ လူသားအရင်းအမြစ်ကောင်းများ လုံလောက်စွာရှိနေရန်လည်း လိုအပ် သည်။
ဥပမာအားဖြင့် ကျွန်တော်တို့နိုင်ငံတွင် တည်ထောင်ပြီး စက်မှုဇုန် ၂၈ ဇုန်၊ စက်မှုရပ်ကွက်ငါးခုနှင့် ဆောင်ရွက်ဆဲ စက်မှုဇုန်စီမံကိန်းနှစ်ခုရှိသည်။ တည်ထောင်ပြီး စက်မှုဇုန်များတွင် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် အကြီးစားစက်မှုလုပ်ငန်းပေါင်း ၈၀၃၅ ခုရှိပြီး လုပ်သားပေါင်း ငါးသိန်းငါးသောင်းကျော်ခန့်ကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားကြောင်း သိရသည်။ နိုင်ငံတော်၏ပြည်ပပို့ကုန်မြှင့်တင်ရေးနှင့် သွင်းကုန်အစားထိုး စက်မှုထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဇုန်များဖွံ့ဖြိုး တိုးတက်လာပြီး စနစ်တကျဖွံ့ဖြိုး တိုးတက်လာစေရန်ကိုလည်း ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းအားပေး မြှင့်တင်ကြရမည်ဖြစ်သည်။ သီးနှံကုန်ကြမ်းအစွမ်းထက်မှုစုံသမျှ နည်းဟန်ထုံမွမ်း၍ တစ်ခန်းစက်မှုဇုန်သို့ တိုးမြှင့်ကြိုးပမ်းကြရမည်လည်းဖြစ်သည်။
ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများ၏ဖြစ်စဉ်ကိုကြည့်လျှင် နိုင်ငံအတွင်းမှာရှိသော အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME)လုပ်ငန်းများက အခြေခံကျသည့် တွန်းအားဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။ MSME လုပ်ငန်းများသည် စီးပွားရေးကို နိုင်ငံလုံးအနှံ့ တိုးတက်စေပြီး ပြည်သူများ၏လူမှုစီးပွားဘဝကို မြှင့်တင်ပေးနိုင်စွမ်းရှိသည်ကို တွေ့ရမည်ဖြစ်၏။
ကျွန်တော်တို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကိုအခြေခံသည့် MSMEလုပ်ငန်းများမှာ အစောပိုင်းကတည်းက ပေါ်ထွန်းခဲ့သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ၂၀၂၂ ခုနှစ်ခန့်မှစပြီး အရှိန်အဟုန်နှင့် အထူးတလည် အားပေးဆောင်ရွက်ခဲ့သည်ကို သတိပြုမိရသည်။ ယနေ့ဆိုလျှင် အတိုင်း
အတာတစ်ခုအထိ လုပ်ငန်းများလည်ပတ်ကာ အောင်မြင်မှုများရရှိနေပြီလည်းဖြစ်သည်။ သို့သော် မြန်မာနိုင်ငံမှ MSME လုပ်ငန်းအများစုမှာ စားသောက်ကုန်များဖြစ်နေသည်ကိုတွေ့ရပြီး အခြားဈေးကွက်ဝင်ထုတ်ကုန်များ၊ စက်မှုထုတ်ကုန်များနှင့် လယ်ယာလုပ်ငန်းသုံးထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန် ဆက်လက်ကြိုးပမ်းကြရဦးမည်ဖြစ်သည်။
MSME လုပ်ငန်းများဆောင်ရွက်ရာတွင်ကုန်ကြမ်းရရှိရေးသည် အရေးကြီးသော အချက်ဖြစ်သည်။ ထို့ကြောင့်လည်း ဒေသအလိုက်ထွက်ရှိသော ထုတ်ကုန်ပစ္စည်းများကို အခြေခံသည့် MSME လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်စေခြင်းဖြစ်သည်။ နိုင်ငံတော်အနေဖြင့် သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ စက်မောင်းဆီနှင့်လျှပ်စစ်ဓာတ်အားများကို နည်းလမ်းအသွယ်သွယ်ဖြင့် ဖြည့်ဆည်းပေးလျက်ရှိသည်။ ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် လူသားအရင်းအမြစ်ကောင်းများ ပြည့်စုံရန်လည်း လစ်ဟာမှုမရှိအောင် စီမံဆောင်ရွက်ပေးလျက်ရှိသည်။ ဥပမာအားဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးတွင် စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအခြေခံပညာ အထက်တန်းကျောင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဖွင့်လှစ် ပေးခဲ့သည်မှာ ၈၆ ကျောင်းရှိခဲ့ပြီဖြစ်သည်။
စင်စစ်အားဖြင့် MSME လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျပြီး ပုံစံအမျိုးမျိုးသော စီးပွားရေးစနစ်များတွင် အခြေခံအကျဆုံး စီးပွားရေးလုပ်ငန်းစုဖြစ်သည်။ MSME လုပ်ငန်းများ ပုံမှန်ဖွံ့ဖြိုး တိုးတက်နေမည်ဆိုလျှင် စီးပွားရေးမတည်ငြိမ်သည့် ကာလများမှာပင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းကျောင်းပေးနိုင်စွမ်း ရှိကြောင်း လေ့လာတွေ့ရှိရသည်။ MSME လုပ်ငန်းများမှတစ်ဆင့် နိုင်ငံအတွင်းငွေကြေးစီးဆင်း လည်ပတ်မှုကို စဉ်ဆက်မပြတ်ဖြစ်ပေါ်စေပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်မှု၏ အညွှန်းကိန်းတစ်ခုဖြစ်သည့် ပြည်တွင်းအသားတင်ထုတ်လုပ်မှု GDP ကိုလည်း တိုးတက်မြင့်မားလာစေမည်ဖြစ်သည်။ နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ပြည်သူများလူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိကမောင်းနှင်အား တစ်ရပ်ပင်ဖြစ်သည်။
တစ်ဆက်တည်းမှာပင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ပံ့ပိုးကူညီဆောင်ရွက်ရာတွင် နည်းပညာများလွှဲပြောင်းပေးခြင်း၊ ကုန်စည်ပြပွဲများ ဖိတ်ခေါ်ပြသခြင်း၊ ဒေသတွင်း ထုတ်ကုန်ပြပွဲပြိုင်ပွဲများပြုလုပ်၍ ဆုများချီးမြှင့်ပေးခြင်း၊ လုပ်ငန်းအရွယ်အစားများ ကြီးမားလာစေရန်ဆောင်ရွက်ပေးခြင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးသင်တန်းများပေးခြင်း၊ အွန်လိုင်းဈေးကွက် ပလက်ဖောင်းများ ထူထောင်ပေးခြင်း၊ နိုင်ငံတကာ ကုန်ထုတ်လုပ်မှုကွင်းဆက်များတွင် ဝင်ရောက်နိုင်ရန် အကူအညီပေးခြင်း၊ အရင်းအနှီးလိုအပ်ချက်အတွက် ချေးငွေရရှိရေး ညှိနှိုင်းဆောင်ရွက်ပေးခြင်းတို့ဖြင့် အားပေးကူညီလျက်ရှိသည်ကိုလည်း နိုင်ငံသားတစ်ယောက်အနေဖြင့် ဝမ်းမြောက်ဖွယ် တွေ့မြင်ကြားသိနေရသည်။
လုပ်ငန်းစဉ်တစ်လျှောက်တွင် ကုန်ထုတ်လုပ်ငန်းများအတွက် အရေးအကြီးဆုံးနှင့် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည့် ကုန်ကြမ်းအား ပြည်တွင်းထွက်၊ ဒေသထွက်ကုန်ကြမ်းများကိုသာ အဓိကထား သုံးစွဲထုတ်လုပ်ကြရမည်ဖြစ်သည်။ ဒေသထွက်ကုန်ကြမ်းများကိုအခြေခံ၍ တန်ဖိုးမြင့်ကုန်ချောများ ထုတ်လုပ်ပြီး ပြည်တွင်းသုံးစွဲမှုမှသည် အရည်အသွေးမြင့်ထုတ်ကုန်များ ပြည်ပသို့ပိုမိုတင်ပို့နိုင်သည်နှင့်အမျှ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာရမည်မှာ မလွဲဧကန်ဖြစ်သည်။ တစ်နည်းဆိုရသော် နိုင်ငံတော်ရွှေသီးမည့် ရှေ့ခရီးအနာဂတ်ပင်ဖြစ်ပါကြောင်းရေးသားတင်ပြလိုက်ရပါသည်။

ကျွန်တော့်အစ်ကိုကြီးက နယ်မှာနေသူဖြစ်သည်။ သူ့ဇာတိ ဖျာပုံမြို့နယ် သလိပ်ကြီး ကျေးရွာမှာနေသည်။ အသက် ၈ဝ ကျော်ပြီ။ ၁၀ တန်းအဆင့်ထိ ကျောင်းနေခဲ့ဖူးသူဖြစ်၍ အရာရာကို စူးစမ်းလေ့လာသည်။ သတင်းစာဖတ်သည်။ တီဗွီကြည့်သည်။ သူသိချင်တာဆိုလျှင် ကျွန်တော့်ကိုဖုန်းဆက်၍ မေးလေ့ရှိသည်။

“အေးကွာ ငါသိချင်တာက ဟိုးတစ်နေ့က မင်းတို့အစည်းအဝေးလုပ်နေတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအကြောင်းပဲ။ အခု တို့ရွာကလယ်သမားတွေထဲမှာ အတော်လေးအပြောများနေကြပြီး အများစုကလည်း နိုင်ငံတော်အစိုးရကိုအတော်လေးကျေးဇူးတင်နေကြတယ်။ အဲဒီနိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေက ဘယ်တုံးကစပြီးပေါ်လာတာလဲ။ ဘယ်လိုစပြီးလုပ်ပေးတာလဲဆိုတာ မင်းသိသလောက်ပြောပြစမ်းပါဦး”
အစ်ကိုကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအကြောင်းကိုမေးလာသည်။ ကျွန်တော်ကလည်း ပြောချင်နေသည်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံ၏လူများစုဖြစ်သည့် တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးသည့်အစီအစဉ်ဖြစ်သဖြင့် တောင်သူ လယ်သမားအများစုကို သိစေချင်သည်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၏အသီးအပွင့်ကို တောင်သူလယ်သမားအများစုရရှိခံစားစေချင်သည်။
“နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက ၂ဝ၂၂ ခုနှစ်က စခဲ့တာအစ်ကိုကြီးရ။ အဲဒီနှစ် ၈ လပိုင်းလောက်မှာ နိုင်ငံတော် အကြီးအကဲက ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးရယ်၊ ဒုတိယဝန်ကြီးရယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီးရယ်ခေါ်တွေ့ပြီးတော့ နိုင်ငံတော်အနေနဲ့ ငွေကျပ်ဘီလီယံ ၅ဝဝ ခန့်ကို တောင်သူလယ်သမားတွေ၊ မွေးမြူရေးသမားတွေအတွက် ကူညီထောက်ပံ့ပေးချင်ကြောင်း၊ ငွေသားမပေးဘဲ လယ်သမားဆိုရင် မျိုးစေ့နဲ့ဓာတ်မြေဩဇာအပါအဝင် သွင်းအားစုတွေ ပေးချင်ကြောင်း၊ ငွေသားမပေးဘဲ ပစ္စည်းကိုပဲပေးချင်ကြောင်း၊ သီးနှံထွက်လာရင်လည်း သွင်းအားစုပေးတဲ့အဖွဲ့နဲ့ နောက်တစ်ဖွဲ့က ဝယ်ယူကြိတ်ခွဲ၊ ရောင်းချရေးအဖွဲ့က ယူထားတဲ့သွင်းအားစုဖိုးကို ကိုယ့်လယ်ကထွက်တဲ့သီးနှံနဲ့ပြန်သွင်းပြီး ပိုလျှံတဲ့သီးနှံကိုတော့ တောင်သူကစိတ်ကြိုက်ရောင်းချဖို့ပါပဲ။
သီးနှံပေါ်ချိန်မှာတော့ ဈေးနှုန်းသတ်မှတ်ပြီး အဲဒီဈေးနှုန်းနဲ့ပေးသွင်းဖို့ပါပဲ။
မွေးမြူရေးသမားအတွက်လည်း ဒီလိုပါပဲ။ မွေးချင်တဲ့ အသားတိုးကြက်၊ အသားတိုးဝက်၊ အသားစားဘဲတွေကို မျိုးပေးတဲ့ကုမ္ပဏီက မျိုးပေး၊ အစာပေးတဲ့ကုမ္ပဏီ၊ ဆေးဝါးပေးတဲ့ကုမ္ပဏီက အစာ၊ ဆေးဝါးပေး။
အချိန်တန်လို့ထုတ်ရောင်းတော့မယ်ဆိုရင် ဝယ်တဲ့အဖွဲ့က ဒေသပေါက်ဈေးနဲ့ ဝယ်ပေးဖို့ပါပဲ။ အဲဒီလိုလုပ်ဖို့ နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပေးပါတယ်။ အဲဒီပစ္စည်းယူတဲ့တန်ဖိုးငွေ ၁ဝဝ ကျပ်ကို တစ်နှစ်တစ်ကျပ်ထက် မပိုတဲ့အတိုးနှုန်းနဲ့ပေးဖို့ အသေးစိတ်စီမံချက် ကျွန်တော်တို့ကို ရေးဆွဲခိုင်းတယ်။ တစ်ပတ်အချိန်ပေးပြီး နောက်တစ်ပတ်မှာ လယ်သမားတွေကိုပေးမယ့် အစီအစဉ်တစ်ခါတည်း တင်ပြပြီး ငွေကိုလည်းတစ်ခါတည်းပေးမယ် ပြောပါတယ်။
အဲဒါနဲ့ ကျွန်တော်တို့လည်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တွေကိုခေါ်ပြီး နိုင်ငံတော်အကြီးအကဲရဲ့စေတနာနဲ့ တောင်သူ လယ်သမားတွေရဲ့ လိုအပ်ချက်ကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ဖို့ ငွေပေးငွေယူစည်းမျဉ်းစည်း ကမ်းတွေ၊ စိုက်ပျိုးသီးနှံအတွက် မျိုးအပါအဝင်သွင်းအားစုလိုအပ်ချက်တွေ၊ စပါး၊ ပဲတီစိမ်း၊ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာတွေအတွက် သီးနှံတစ်မျိုးချင်း ကုန်ကျစရိတ်တွေတွက်ချက်ရတယ်။
နောက်ပြီး အရေးကြီးတာက စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းဖို့ပဲ။ ဗဟိုအဆင့်၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကော်မတီတွေဖွဲ့စည်းဖို့ ဖွဲ့စည်းပုံဆွဲရတယ်။ လုပ်ငန်းတာဝန်တွေ အသေးစိတ်ရေးဆွဲရတယ်။ ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ ရေးဆွဲရတယ်။
ပြီးတော့ နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်က တောင်သူလယ်သမားတွေကို ငွေသားတိုက်ရိုက်ပေးလိုက်ရင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှာမသုံးဘဲ တခြားနေရာရောက်သွားမှာစိုးတာကြောင့် စပါးစိုက်ချင်တဲ့တောင်သူဆိုရင် မျိုးစပါးပေးမယ်၊ မြေဩဇာပေးမယ်၊ ပိုးသတ်ဆေးလိုရင် ပိုးသတ်ဆေးပေးမယ်။
ဒီနေရာမှာ အကြီးအကဲလမ်းညွှန်တာက တောင်သူလိုချင်တဲ့ အမျိုးအစားနဲ့အမှတ်တံဆိပ်ကိုပေးဖို့ပဲ။
ကိုယ်ပေးချင်တာပေးပြီး ယူချင်ယူမယူချင်နေလုပ်လို့မရဘူး။ မွေးမြူရေးဆိုရင်လည်း အတူတူပဲ။ မွေးမြူရေးသမားလိုချင်တဲ့ အသားတိုးဝက်မျိုး၊ အသားတိုးကြက်မျိုး သူတို့လိုချင်တဲ့မျိုးကို သူတို့လိုချင်တဲ့ ကုမ္ပဏီကနေ ချိတ်ဆက်ပေးရမှာ။
နောက်တစ်ပတ်မှာ နိုင်ငံတော်အကြီးအကဲနဲ့ ထပ်မံတွေ့ဆုံရပြီး ယခင်အဖွဲ့ဝင်များအပြင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီးပါထပ်တိုးလာတယ်။ ဝန်ကြီးသုံးဦးနဲ့ ဒုတိယဝန်ကြီး တစ်ဦးပေါ့။ ကျွန်တော်တို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးက ငွေချေးပေးမယ့် အစီအစဉ်ကို ရှင်းလင်းတင်ပြတော့ နိုင်ငံတော်အကြီးအကဲက လိုအပ်တာတွေကို ဖြည့်စွက်ညွှန်ကြားပြီး သီးနှံအလိုက် တစ်ဧကစိုက်ရင် မျိုးဖိုးနှင့်သွင်းအားစုဖိုးတွေ ဘယ်လောက်လိုမလဲမေးတယ်။ အဲဒီတုန်းက ၂ဝ၂၂ ခုနှစ် ဩဂုတ်လဖြစ်တာကြောင့် နွေစပါးစိုက်ရင် စပါးမျိုးဖိုး၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအပါအဝင် တစ်ဧကကို နှစ်သိန်းလိုမယ်။ ပဲတီစိမ်းစိုက်ရင် မျိုးဖိုးအပါအဝင် သွင်းအားစုဖိုးငွေကျပ်တစ်သိန်းနှစ်သောင်းလိုမယ်လို့ ကျွန်တော်တို့တင်ပြခဲ့ကြတယ်။ အဲဒီအတွက်ကြောင့် နွေစပါး ဧက ၈၅ဝဝဝဝ အတွက် ငွေကျပ် ၁၇ဝ ဘီလီယံနဲ့ ပဲတီစိမ်းတစ်ဧကကို တစ်သိန်းနှစ်သောင်းနှုန်းနဲ့ပဲတီစိမ်းဧက ၅ သိန်းအတွက် ငွေကျပ် ၆ဝ ဘီလီယံ စုစုပေါင်းဘီလီယံ ၂၃ဝ ကျွန်တော်တို့ကို ခွင့်ပြုချထားပေးခဲ့တယ်။
ဝက်မွေးမြူရေးကတော့ တစ်ယူနစ်ကို ကောင်ရေ ၁ဝဝ သတ်မှတ်တယ်။ အဲဒီတုန်းက ဝက်သားခွဲတစ်ကောင်ကို နှစ်သိန်းလောက်ဈေးရှိပြီး ဈေးထုတ်ရောင်းတဲ့အချိန်ထိ ဝက်တစ်ကောင်မွေးမယ်ဆိုရင် အစာဖိုးအပါအဝင် ၇ သိန်းလောက် ကုန်တယ်။ အဲဒါကြောင့် ဝက်အကောင် ၁ဝဝ မွေးရင် သိန်း ၇ဝဝ ကုန်မယ်။ အဲဒါကြောင့် ဝက်တစ်ယူနစ်မွေးမယ်ဆိုရင် ကုန်ကျစရိတ်ရဲ့တစ်ဝက်ဖြစ်တဲ့ သိန်း ၃၅ဝ ချေးပေးဖို့ ကျွန်တော်တို့တင်ပြခဲ့ပါတယ်။ အဲဒီလိုပဲ အသားစားကြက်အကောင် ၃ဝဝဝ၊ အသားစားဘဲ အကောင် ၃ဝဝဝ ကို တစ်ယူနစ်သတ်မှတ်ပြီး အသားစားကြက်က ရက် ၄ဝ မှ ၄၂ ရက်မွေးရင် ကြက်အကောင် ၃ဝဝဝ ကို သိန်း ၃ဝဝ လောက်ကုန်တယ်။ အဲဒါကြောင့် အသားစားကြက်၊ အသားစားဘဲ မွေးမယ်ဆိုရင် အကောင် ၃ဝဝဝ တစ်ယူနစ်ကို သိန်း ၁၅ဝ ချေးပေးဖို့ ကျွန်တော်တို့တင်ပြခဲ့ပါတယ်”“အေး ချေးပေးတဲ့ ချေးငွေကတော့ ဟုတ်ပါပြီ။ ဘယ်အချိန်ပြန်ဆပ်ရမယ်ဆိုတာ မင်းတို့ဘယ်လိုသတ်မှတ်ထားသလဲ။ ဘယ်လိုတင်ပြခဲ့သလဲ။ နောက်တစ်ခုက အချိန်တန်လို့ ပြန်မဆပ်နိုင်ရင်ရော ဘယ်လိုအရေးယူဆောင်ရွက်ဖို့ စီမံထားသလဲ”
အစ်ကိုကြီးက အချက်အလက်များကို အသေးစိတ်နားစိုက်နေရာမှ စိတ်ဝင်တစားမေးသည်။“အစ်ကိုကြီး မေးတာ တကယ်အရေးကြီးတဲ့အချက်ပဲ။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက အရင်းမပျောက် မတည်ငွေ ဖြစ်ပါတယ်။ ပျောက်ပျက်လို့မရပါဘူး။ ပြီးတော့ နှစ်ချင်းချေးငွေ ဖြစ်ပါတယ်။
စိုက်ပျိုးရေးမှာ နွေစပါးဖြစ်ဖြစ်၊ ပဲတီစိမ်းဖြစ်ဖြစ် တစ်ကြိမ်ပြည့်ရင် မပြည့်မီပြန်ဆပ်ရမှာဖြစ်ပါတယ်။ အဲဒီလိုပဲ မွေးမြူရေးမှာလည်း ဝက်မွေးမွေး၊ အသားတိုးကြက်၊ အသားစားဘဲမွေးမွေး တစ်နှစ်အတွင်း ပြန်ဆပ်ရပါမယ်။ ဝက်ကတော့ သားခွဲဝယ်ပြီးမွေးရင်ခြောက်လ၊ ခုနစ်လဆိုရင် ရောင်းလို့ရပြီ။ ရောင်းပြီးပြန်ဆပ် ဒါမှမဟုတ် နောက်တစ်သားဆက်ပြီး မွေးလို့ရပါတယ်။ အသားစားကြက်၊ အသားစား ဘဲကတော့ ရက်သားကြက်ဝယ်ပြီးမွေးရင် ၄၂ ရက်လောက်ဆိုရင် တစ်ပိဿာနှစ်ဆယ်၊ တစ်ပိဿာသုံးဆယ်လောက်ဖြစ်လာမယ်။ ၄၇ ရက်မှ ၄၈ ရက်ဆိုရင် တစ်ပိဿာငါးဆယ်၊ ခြောက်ဆယ်လောက်ဖြစ်လာမယ်။ မွေးတဲ့လူက ဈေးကွက်အပေါ်မူတည်ပြီး ထုတ်ရောင်းမယ်။ ပြီးတော့ နောက်တစ်သုတ်ပြန်ပြီးမွေးမယ်ဆိုရင် တစ်နှစ်ကို လေးသုတ်၊ ငါးသုတ်လောက်မွေးလို့ရမယ်။ ဈေးကွက်အပေါ်မူတည်ပြီး တစ်သုတ်ကို သိန်း ၁ဝဝ ကတော့ အနည်းဆုံးမြတ်တယ်။ အဲဒါကြောင့် သေချာစီမံချက်ချပြီး စနစ်တကျမွေးမယ်ဆိုရင် ကြက်မွေးမြူရေးသမားလည်း အထင်သေးလို့မရဘူး။ တစ်နှစ်ကို သိန်းလေးငါးရာဆိုတာ အေးအေးလေးရနိုင်တဲ့လုပ်ငန်းပါပဲ”“အေးကွာ မင်းပြောတော့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေက တို့စိုက်ပျိုးမွေးမြူရေးသမား၊ အခြေခံလူတန်းစားတွေရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့၊ လူမှုစီးပွားရေးဘဝတိုးတက်ဖွံ့ဖြိုးဖို့ တကယ့်အထောက်အပံ့ကောင်းပါ။ ဒါ့ကြောင့် တို့ရွာက လယ်သမားတွေ၊မွေးမြူရေးသမားတွေ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေချေးငွေရချင်ကြတာကိုး”အစ်ကိုကြီးက တွေးတွေးဆဆ မှတ်ချက်ချလိုက်သည်။
“အစ်ကိုကြီးတွေးတာမှန်ပါတယ် အစ်ကိုကြီး။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစပြီးချေးပေးတော့ အတိုးနှုန်းနည်းလွန်းလို့ စိုက်ပျိုးမွေးမြူရေး သမားတွေက မဝံ့မရဲဖြစ်နေကြတယ်။ နောက်ပြီး ကျွန်တော်တို့ ငွေချေးပေးတဲ့အချိန်ကလည်း ဧရာဝတီတိုင်းတို့၊ ရန်ကုန်တိုင်းတို့ဆိုရင် အတော်များများက စိုက်ပြီးဖြစ်နေကြတာကြောင့် မယူကြတော့ဘူး။ အဲဒါကြောင့် အဲဒီပထမဆုံးချေးငွေအသုတ်မှာ ပဲတီစိမ်းအတွက် ချေးငွေဘီလီယံ ၆ဝ မှာ ၄ဝ ဒသမ၂၉၅ ဘီလီယံပဲ ချေးယူကြတယ်။ နွေစပါးအတွက်လည်း ၁၇ဝ ဘီလီယံချေးပေးဖို့ နိုင်ငံတော်ကထုတ်ပေးရာမှာ ၁၃၈ ဒသမ ၈၈၈ ဘီလီယံပဲ ထုတ်ချေးကြပါတယ်”“အေး ကောင်းတာပေါ့ကွာ။ တို့လယ်သမားတွေအတွက် ငွေကြေးအရင်းအနှီးက အရေးကြီးဆုံးပဲဟာ။
နိုင်ငံတော်က အခုလိုထုတ်ပေးတော့ အများကြီးအထောက်အပံ့ရတာပေါ့။ ဒါနဲ့ တစ်နှစ်ပြည့်တော့ မင်းတို့ပြန်ပြီးကောက်တဲ့အခါမှာရော ဘယ်လောက်ပြန်ဆပ်ကြသလဲ။ အဆင်ပြေရဲ့လား”“ပြေပါတယ်အစ်ကိုကြီး။ နိုင်ငံတော်အစိုးရရဲ့စေတနာကို တောင်သူတွေက နားလည်လက်ခံကြတော့ ပဲတီစိမ်းရော နွေစပါးပါ နှစ်ခုပေါင်း ၁၇၄ ဒသမ ၁၈၄ ဘီလီယံ ထုတ်ချေးရာမှာ ၁၇၁ ဒသမ ၂၇၈ ဘီလီယံ ပြန်လည်ကောက်ခံရရှိတာကြောင့် ၉၉ ရာခိုင်နှုန်း ပြန်လည်ရရှိတယ်လို့ ပြောလို့ရပါတယ်။”
“အေး ကောင်းတယ်ကွာ။ ဒါနဲ့ မင်းတို့ဘယ်ပြည်နယ်နဲ့ တိုင်းတွေမှာ ချေးပေးတာလဲ”“ဟုတ်ကဲ့ပါ အစ်ကိုကြီး။ ပဲတီစိမ်းအတွက်တော့ ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ ချေးပေးတာပါ။ နွေစပါးအတွက်ကတော့ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာပဲဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၇၄ ဒသမ ၂၄ဝ ဘီလီယံ အများဆုံးယူတာက ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးက ၄၂ ဘီလီယံနဲ့ ဒုတိယအများဆုံး၊ မန္တလေးတိုင်းဒေသကြီးက ၆ ဒသမ ၅ ဘီလီယံနဲ့ တတိယအများဆုံးဖြစ်ပါတယ်။ အဓိကက ကျွန်တော်တို့ဝန်ထမ်းတွေ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကော်မတီများရဲ့ ကြိုးပမ်းအားထုတ်မှုပဲဖြစ်ပါတယ်” “ကဲ ဟုတ်ပါပြီ။ မင်းတို့အခုလို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့မျိုးတွေ၊ ဓာတ်မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ ထောက်ပံ့လိုက်တော့ အကျိုးအမြတ် ဘာတွေဖြစ်လာသလဲ။ အထွက်နှုန်းတွေရော တိုးလာသလား”
“အထွက်နှုန်းတိုးတာပေါ့ အစ်ကိုကြီးရ။
ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးသုံးခုမှာ တစ်ဧကပျမ်းမျှ အထွက်နှုန်း ၁ ဒသမ ၈၄ တင်းပိုလာပါတယ်။
ပဲတီစိမ်းအထွက်နှုန်း အကောင်းဆုံးက ပဲခူးတိုင်းဒေသကြီးမှာ တစ်ဧကအမြင့်ဆုံး ၂၇ ဒသမ ၅ဝ တင်းထွက်ပါတယ်။ ဒုတိယက ဧရာဝတီတိုင်းဒေသကြီးမှာ တစ်ဧက ၂၃ တင်းထွက်ပြီး တတိယကတော့ ရန်ကုန်တိုင်းဒေသကြီးမှာ တစ်ဧက ၂ဝ ဒသမ ဝ၄ တင်းထွက်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပျမ်းမျှ မူလအထွက်နှုန်းထက် ၁ ဒသမ ၈၄ တင်း (နှစ်တင်းနီးပါး)ပိုပြီးထွက်တာကြောင့် လယ်သမားတွေအားလုံး ကျေနပ်ဝမ်းသာဖြစ်ရပါတယ်”“အေး ကောင်းပါပြီ။ အထွက်တိုးတာတော့ မှန်ပါရဲ့။ အမြတ်ကရော ဘယ်လောက်တိုးသလဲ”“အဲဒီနှစ်က ပဲခူးတိုင်းဒေသကြီးက ပဲတီစိမ်းစိုက်တောင်သူတစ်ဦးတစ်ဧကကုန်ကျစရိတ်ငွေကျပ် ၄၄၂၅ဝဝ ဖြစ်ပြီး ပဲတီစိမ်းရောင်းရငွေကျပ် ၁၅၄၉၈ဝဝ ဖြစ်တဲ့အတွက် တစ်ဧကကို ငွေကျပ်၁၁ဝ၇၃ဝဝ မြတ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီးက တောင်သူတစ်ဧကကုန်ကျစရိတ် ငွေကျပ် ၂၇၇၆ဝ၉ ဖြစ်ပြီး တစ်ဧကဝင်ငွေက ၉၆၉၁၂၅ ကျပ်ဖြစ်တာကြောင့် တစ်ဧကကို ၆၉၁၅၁၆ ကျပ်မြတ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးက ပဲတီစိမ်းစိုက်တောင်သူတွေကတော့ တစ်ဧကစိုက်စရိတ်ငွေကျပ် ၇၂၅ဝဝဝ ဖြစ်ပြီး ပဲတီစိမ်းပြန်ရောင်းရငွေတစ်ဧက ၁၃၃၃၃၃၃ ကျပ်ရတာကြောင့် တစ်ဧကကို ၆ဝ၈၃၃၃ ကျပ်မြတ်ပါတယ်”“အေး ဟုတ်ပါပြီ။ မင်းက ပဲတီစိမ်းအကြောင်းချည်း ပြောနေတယ်။ နွေစပါးအခြေအနေလေးလည်း ပြောဦးလေကွာ။ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထောက်ပံ့မှုကြောင့် တို့တောင်သူတွေ စပါးဘယ်လောက်အထွက်တိုး တယ်၊ ဝင်ငွေဘယ်လောက်တိုးတယ်ဆိုတာလည်း ပြောစမ်းပါဦး”စပါးအထွက်နှုန်းတိုး“နွေစပါးမှာတော့ ပြီးခဲ့တဲ့နှစ်က နေပြည်တော်နဲ့ တိုင်းဒေသကြီး ခြောက်ခုမှာ စိုက်ခဲ့ပါတယ်။ အထွက်နှုန်းအကောင်းဆုံးက ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး အထွက်နှုန်းအမြင့်ဆုံး တစ်ဧက တင်း ၁၆၀ နဲ့ ပျမ်းမျှအထွက်နှုန်းက ၁၀၁ ဒသမ ၈၁၃ တင်းဖြစ်ပါတယ်။ ဒုတိယအထွက်နှုန်းအမြင့်ဆုံးက နေပြည်တော်ကောင်စီနယ်မြေဖြစ်ပြီး အမြင့်ဆုံးအထွက်နှုန်းက တစ်ဧက ၁၃၇ တင်းဖြစ်ပါတယ်။ တတိယအထွက်နှုန်းအမြင့်ဆုံးက ပဲခူးတိုင်းဒေသကြီးဖြစ်ပြီး တစ်ဧက ၁၃၀ ဒသမ ၅၀ တင်းထွက်ပါတယ်။ အသားတင်အကျိုးအမြတ်အများဆုံးကတော့ ဧရာဝတီတိုင်းဒေသကြီးဖြစ်ပြီး တစ်ဧကအသားတင်အမြတ် ၁၃၁၈၃၅၈ ကျပ်မြတ်ပါတယ်။ ဒုတိယအများဆုံးကတော့ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး တစ်ဧကပျမ်းမျှအသားတင်အမြတ် ၁၁၉၃၇၉၃ ကျပ်မြတ်ပါတယ်။ တတိယအမြတ်များတာကတော့ နေပြည်တော်ကောင်စီနယ်မြေဖြစ်ပြီး တစ်ဧကပျမ်းမျှအသားတင် ၁ဝ၆၃၈၂၆ ကျပ် မြတ်ပါတယ်။”
“အေးကွာ။ မင်းပြောတဲ့ အမြတ်တွေက တကယ့်ကိုအားရစရာပါပဲ။ ဘာကြောင့် ဒီလိုအမြတ်တွေ ရတယ်ဆိုတာလည်းရှင်းပြပါဦး”အကျိုးကျေးဇူး“ဟုတ်ကဲ့ပါအစ်ကိုကြီး။ ကျွန်တော်တို့နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်းမှာက သီးနှံစိုက်တဲ့မျိုး၊ မျိုးနဲ့ပတ်သက်ရင် အဖြစ်
မစိုက်ခိုင်းဘဲ အထွက်ကောင်းတဲ့မျိုး၊ မျိုးကောင်းမျိုးသန့်ကိုရွေးချယ်စိုက်ပျိုးဖို့ စည်းရုံးဆောင်ရွက်တာဟာ အောင်မြင်ခြင်းရဲ့ လမ်းစပါ။ အစ်ကိုကြီးသိတဲ့အတိုင်း နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်မှာ သီးနှံအထွက်ကောင်းအောင်၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် မျိုး၊ မြေ၊ ရေ၊ နည်းဆိုတဲ့ နည်းလမ်းလေးသွယ်ကို လိုက်နာခိုင်းတယ်။ ဒါ့ကြောင့် ပထမအချက်သီးနှံမျိုးကို အကောင်းဆုံးရွေးချယ်စိုက်ပျိုးစေတယ်။
ဒုတိယအချက်က မြေ၊ မြေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အစ်ကိုကြီးတို့ အဘိုးအဘွားတွေ လက်ထက်ကတည်းက မြေကိုညက်ညက်ထွန်ဖို့၊ စိပ်စိပ်စိုက်ဖို့ မှာခဲ့ကြတယ်။ ဒါကလည်း သမားရိုးကျဖြစ်ပေမယ့် တကယ်လိုက်နာသင့်တဲ့ကိစ္စရပ်ပဲ။ ပြီးတော့ မြေပြုပြင်တာ၊ ထယ်ရေးလှန်တာ၊ အာဟာရပြည့်ဝအောင် သစ်စိမ်းမြေဩဇာ၊ သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာထည့်တာတွေက မဖြစ်မနေလုပ်ရမယ့်အလုပ်ပဲလေ။
တတိယအချက်က စိုက်ပျိုးရေ၊ စိုက်ပျိုးရေနဲ့ပတ်သက်ပြီး အလေးထားဖို့လိုတယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။ ရေများရင် လျှော့မယ်။ ရေနည်းရင်သွင်းမယ်။ ဒါက ကျွန်တော်တို့ စိုက်ပျိုးရေးတောင်သူတွေ မဖြစ်မနေလုပ်ရမယ့်အလုပ်ပဲလေ။ အဲ စတုတ္ထအချက်ကတော့ နည်းပဲ။
ဒီနေရာမှာ စိုက်ပျိုးတဲ့နည်းလမ်း၊ စိုက်ပျိုးစနစ် ဒါတွေသည် ခေတ်မီရမယ်။ အမြဲသုတေသနပြုနေရမယ်။ အလားတူပဲ မြေဩဇာကျွေးတာ၊ အပင်အားဆေးဖျန်းတာ၊ ပိုးသတ်ဆေးဖျန်းတာ အပါအဝင် ဆောင်ရွက်တဲ့ နည်းလမ်းတွေဟာ အမြဲတမ်းသုတေသနပြုနေရင် အထွက်နှုန်းတိုးပြီး အောင်မြင်မှာ ဖြစ်ပါတယ်။ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်မှာ အရည်အသွေး၊ မှန်ကန်တဲ့သွင်းအားစုကို လိုအပ်တဲ့အချိန်မှာ လုံလောက်တဲ့ပမာဏကို ပြည့်ပြည့်ဝဝသုံးစွဲရခြင်းသည်လည်း အထွက်နှုန်း တိုးစေတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ ဒါ့အပြင် ထွက်ရှိလာတဲ့သီးနှံကို မှန်ကန်တဲ့ဈေးနှုန်းနဲ့ ဝယ်ယူမယ့် ဝယ်ယူကြိတ်ခွဲရောင်းချတဲ့ အစုအဖွဲ့ထည့်သွင်းဖွဲ့စည်းထားခြင်းကလည်း ဈေးနှုန်းမှန်ကန်ပြီး မှန်ကန်တဲ့ဈေးကွက်ရှိခြင်းကြောင့် စိုက်ပျိုးသူတောင်သူတွေအတွက် ရင်အေးစေရပါတယ်”“ကဲ ကိုအောင် မင်းပြောပြလို့ ၂ဝ၂၂-၂ဝ၂၃ ခုနှစ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်နဲ့ ဆောင်ရွက်တဲ့ ပဲတီစိမ်း၊ နွေစပါးစိုက်ပျိုးမှုအစီအစဉ်တွေတော့ အသေးစိတ်သိရပြီ။ အဲဒီနောက်ပိုင်း ဆက်ပြီးလုပ်တဲ့ မိုးစပါး၊ ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာနဲ့နွေစပါး အစီအစဉ်လေးတွေလည်း ပြောပြစမ်းပါဦး”“နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်နဲ့ ကျွန်တော်တို့ လုပ်ခဲ့တာတွေကတော့ အထူးသဖြင့် ပဲတီစိမ်း၊ နွေစပါးနဲ့မိုးစပါး အစီအစဉ်တွေကိုပြောရရင် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှာ ပဲတီစိမ်း ၃၃၅၇၉၉ ဧကနဲ့ နွေစပါး ၆၆၉၄၄၃ ဧက၊ ၂ဝ၂၃-၂ဝ၂၄ ခုနှစ်မှာ မိုးစပါး ၆၇၁ဝ၆၂ ဧကနဲ့နွေစပါး ၇၃၉၄၉၃ ဧက၊ ၂ဝ၂၄-၂ဝ၂၅ ခုနှစ်မှာ မိုးစပါး ၈၆၃၂၆၂ ဧကနဲ့ နွေစပါး ၆၉ဝ၅၂၉ ဧကတို့ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဆီထွက်သီးနှံဖြစ်တဲ့ မြေပဲ၊ နှမ်း၊ နေကြာနဲ့ပတ်သက်ရင်တော့ ၂ဝ၂၃-၂ဝ၂၄ ခုနှစ် ဆောင်းသီးနှံ မြေပဲ ၁၁၆၄၆၇ ဒသမ ၅ ဧကနဲ့ နှမ်းသီးနှံ ၂၆၃၃၃ ဧကဆောင်ရွက်နိုင်ခဲ့ပြီး ၂ဝ၂၄-၂ဝ၂၅ ခုနှစ်မှာ မိုးမြေပဲ ၈၇၉၁၃ ဧကစိုက်ပျိုးခဲ့ပါတယ်။ ၂ဝ၂၄-၂ဝ၂၅ ခုနှစ် ဆောင်းသီးနှံအနေနဲ့ မြေပဲ ၉၉၅၁၈ ဧက၊ နှမ်း ၃၇၁၃ ဧကနဲ့နေကြာ ၄၉၄ဝ၂ ဧက စုစုပေါင်းဆီထွက်သီးနှံ ၁၅၂၆၃၃ ဧက နိုင်ငံ့စီးပွားအစီအစဉ်နဲ့ စိုက်ပျိုးခဲ့ပါတယ်”“အေး စိုက်တာပျိုးတာနဲ့အထွက်နှုန်းတွေကတော့ တဖြည်းဖြည်းတိုးတက်လာတာ အားရစရာပါပဲ။ ဒီအတိုင်းဆိုရင် ဟိုတုန်းက ပြောခဲ့ကြတဲ့ “ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ”တော့မှာပါပဲ။ ဝမ်းသာစရာပါကွာ။ ဒါနဲ့မင်းတို့ ထောက်ပံ့ပေးတဲ့နှုန်းထားက ဘယ်လောက်နှုန်းလဲ”
“ပထမ ၂ဝ၂၂ ခုနှစ်ကစပြီး ထောက်ပံ့တုန်းက နွေစပါးတစ်ဧကငွေကျပ် ၂ သိန်းနှုန်း၊ ပဲတီစိမ်းတစ်ဧကငွေကျပ် ၁ ဒသမ ၂ သိန်းနှုန်း၊ မြေပဲတစ်ဧက ငွေကျပ် ၃ သိန်းနှုန်း၊ နှမ်းတစ်ဧကငွေကျပ် ၁ ဒသမ ၅ သိန်းနှုန်း၊ နေကြာတစ်ဧကငွေကျပ် ၂ သိန်းနှုန်းနဲ့ ညီမျှတဲ့သွင်းအားစုတွေ တောင်သူတွေကို ထုတ်ချေးပေးခဲ့ပါတယ်။ ၂ဝ၂၃-၂ဝ၂၄ ခုနှစ်ကစပြီး မျိုးစေ့ထည့်သွင်းသုံးစွဲရေးအပါအဝင် စပါးတစ်ဧကကို ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်း၊ မြေပဲတစ်ဧကကိုငွေကျပ် ၄ သိန်းနှုန်း၊ နှမ်းတစ်ဧကကို ငွေကျပ် ၂ သိန်းနှုန်း၊ နေကြာတစ်ဧကကို ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်းနဲ့ညီမျှတဲ့ သွင်းအားစုတွေကို ထောက်ပံ့ပေးနေပါတယ်”
“အေးကွာ ကောင်းတယ်။ နိုင်ငံတော်က အခုလုပ်ပေးတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဉ်ဟာ တို့တောင်သူတွေအတွက် တကယ့်ကိုအကျိုးရှိတဲ့အစီအစဉ်ပဲ။ ဒါနဲ့ပတ်သက်ရင် နိုင်ငံတော်အကြီးအကဲ အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့သလို “နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် စီးပွားရေး အခြေအနေ ကောင်းများ ဖန်တီးပေးဖို့လိုတယ်”ဆိုတဲ့လမ်းညွှန်ချက်ကို တိုက်ရိုက် အကောင်အထည်ဖော်တဲ့ အစီအစဉ်ပဲ။ ဒီနိုင်ငံ့စီးပွားဖွံ့ဖြိုးရေး အစီအစဉ်ကြောင့် နိုင်ငံတော်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရုံသာမက တို့နိုင်ငံကတောင်သူတွေရဲ့လူမှုစီးပွားဘဝတွေလည်း ဖွံ့ဖြိုးတိုးတက်လာမှာသေချာတယ်လို့ ငါတော့ ယုံကြည်တယ်ကွာ”အစ်ကိုကြီးက ခိုင်မာလေးနက်သော ယုံကြည်ချက်ဖြင့် မှတ်ချက်ပြုလိုက်ခြင်း ဖြစ်ပါသည်။ ။

“ပေါင်း”ဟူသော စကားလုံးသည် မြန်မာအဓိပ္ပာယ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော်လည်း တောင်သူလယ်သမားဦးကြီးများ၏ စိုက်ရေးပျိုးရေးလုပ်ငန်းတွင် အနုတ်လက္ခဏာဆောင်သော စကားလုံးဖြစ်သည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ပေါင်းကြောင့် အထွက်နှုန်း သိသိသာသာလျော့နည်းစေနိုင်ပြီး လျော့နည်းမှုပမာဏသည် သီးနှံအမျိုးအစား၊ ပေါင်းအမျိုးအစား၊ ပေါင်းအနည်းအများနှင့် သီးနှံစိုက်နည်းစနစ်တို့အပေါ် မူတည်သည်။ ယေဘုယျအားဖြင့် ပေါင်းကြောင့် သီးနှံအထွက်နှုန်း ၂၀ မှ ၁၀၀ ရာခိုင်နှုန်းအထိဆုံးရှုံးနိုင်သည်။ ပေါင်းကြောင့် မြေပဲစိုက်ပျိုးရာတွင် ၂၄ ဒသမ ၄ ရာခိုင်နှုန်း၊ ပြောင်းဖူးတွင် ၃၆ မှ ၆၀ ရာ
“ပေါင်း”ဟူသော စကားလုံးသည် မြန်မာအဓိပ္ပာယ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော်လည်း တောင်သူလယ်သမားဦးကြီးများ၏ စိုက်ရေးပျိုးရေးလုပ်ငန်းတွင် အနုတ်လက္ခဏာဆောင်သော စကားလုံးဖြစ်သည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ပေါင်းကြောင့် အထွက်နှုန်း သိသိသာသာလျော့နည်းစေနိုင်ပြီး လျော့နည်းမှုပမာဏသည် သီးနှံအမျိုးအစား၊ ပေါင်းအမျိုးအစား၊ ပေါင်းအနည်းအများနှင့် သီးနှံစိုက်နည်းစနစ်တို့အပေါ် မူတည်သည်။ ယေဘုယျအားဖြင့် ပေါင်းကြောင့် သီးနှံအထွက်နှုန်း ၂၀ မှ ၁၀၀ ရာခိုင်နှုန်းအထိဆုံးရှုံးနိုင်သည်။ ပေါင်းကြောင့် မြေပဲစိုက်ပျိုးရာတွင် ၂၄ ဒသမ ၄ ရာခိုင်နှုန်း၊ ပြောင်းဖူးတွင် ၃၆ မှ ၆၀ ရာခိုင်နှုန်း၊ နေကြာတွင် ၂၀ မှ ၇၀ ရာခိုင်နှုန်း စသည်ဖြင့် အထွက်နှုန်းလျော့နည်းနိုင်ပါသည်။
၁၉၉၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံသည် နည်းစနစ်အမျိုးမျိုးဖြင့် စိုက်ပျိုးထားသော စပါးများတွင် ပေါင်းပင်ကြီးထွားမှုကို ကာကွယ်မှုမရှိဘဲအထွက် နှုန်းဆုံးရှုံးမှုပမာဏကို သုတေသနပြုစမ်းသပ် ခဲ့ရာ ရေသွင်းစိုက်ပျိုးခြင်းစနစ်တွင် ပျိုးထောင် ကောက်စိုက်ခြင်းမှာ ၄၈ ရာခိုင်နှုန်း၊ ရေခံကြဲခင်းမှာ ၄၄ ရာခိုင်နှုန်း၊ မျိုးစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်းမှာ ၅၅ ရာခိုင်နှုန်း ပျမ်းမျှအားဖြင့် အထွက်နှုန်းဆုံးရှုံးခဲ့သည်။ ရေတော်မိုးတော် စိုက်ပျိုးခြင်းတွင် အခြောက်တမန်းပြင် မျိုးစေ့ချစိုက်ပျိုးခြင်းမှာ ၇၄ ရာခိုင်နှုန်း၊ အစိုတမန်းပြင် မျိုးစေ့ချစိုက်ပျိုးခြင်းမှာ ၆၁ ရာခိုင် နှုန်း၊ ပျိုးထောင်ကောက်စိုက်ခြင်းမှာ ၅၁ ရာခိုင်နှုန်းအထွက်နှုန်း ဆုံးရှုံးခဲ့သည်။ မိုးရေဖြင့် ကုန်းမြင့်ဒေသစိုက်ပျိုးခြင်းတွင် ကြဲပက်စိုက်ပျိုးခြင်း(သို့) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းမှာ ၉၆ ရာခိုင်နှုန်းအထိ အထွက်ဆုံးရှုံးခဲ့သည်။ ပေါင်းသည် စိုက်ပျိုးရေးထုတ်လုပ်မှု၌ အဓိကကျသော အဟန့်အတားတစ်ခု ဖြစ်သည်။
ပေါင်းဆိုသည်မှာ
ပေါင်းဆိုသည်မှာ “လူတို့စိုက်ပျိုးထားသော သီးနှံပင်များ၏ကြီးထွားမှုကို အနှောင့်အယှက် ဖြစ်စေသည့် အလိုအလျောက်ပေါက်ရောက်သော အပင်များ” ကိုခေါ်ပါသည်။ ပေါင်းပင်များကို ပြင်ပ ရုပ်သွင်ပြင်ပေါ်မူတည်ပြီး မြက်၊ မြက်မုန်ညင်းနှင့် ရွက်ပြန့်ပေါင်းဟူ၍ အုပ်စုသုံးခု ခွဲခြားသတ်မှတ်ကြသည်။ သက်တမ်းကာလအရ တစ်နှစ်ခံပင်၊ နှစ်နှစ်ခံပင်နှင့် နှစ်ရှည်ခံပင်ဟူ၍ခွဲခြားနိုင်ပါသည်။ အလေ့အထအရ ခွဲခြားရာတွင် ရေနေပေါင်း၊ ရေတစ်ဝက်ကုန်းတစ်ဝက်ပေါင်းနှင့် ကုန်းနေပေါင်းဟူ၍ ခွဲခြား ထားပါသည်။
ပေါင်းသည် သီးနှံပင်များနည်းတူ ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုအတွက် လိုအပ်ချက်များတူညီနေသည်။ သီးနှံစိုက်ပျိုးထုတ်လုပ်ရန် ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုကြောင့် ပေါင်းပင်များအတွက် ပတ်ဝန်းကျင်အခြေခံကောင်းများ ဖြစ်ပေါ်စေပြီး လျင်မြန်စွာ ကြီးထွားနိုင်သည်။ ပေါင်းသည် မျိုးစေ့မြောက်မြားစွာ ထုတ်လုပ်နိုင်ခြင်း၊ မျိုးစေ့သည် ချက်ချင်းပေါက်ရောက်ခြင်းမရှိဘဲ သစ်စေ့ငုတ်ချိန်ရှိခြင်း၊ အစေ့အခွံမှာ လေ၊ ရေတို့ကို အလွယ်တကူ စိမ့်ဝင်နိုင်ခြင်းမရှိနိုင်အောင် မာကျောခြင်း၊ အခြေအနေပေးသည်နှင့်တစ်ပြိုင်နက် မျိုးစေ့သည် အညှောက်ပေါက်နိုင်စွမ်းအားရှိခြင်း၊ သဘာဝပတ်ဝန်းကျင်အမျိုးမျိုးတွင် မျိုးစေ့ပေါက်နိုင်ခြင်း၊ ရှင်သန်ကြီးထွားနိုင်ခြင်း၊ နေရာအနှံ့အပြားသို့ ပျံ့နှံ့နိုင်သည့်စွမ်းအားရှိခြင်းစသည်တို့ကြောင့် ပေါင်းသည်သက်တမ်းရှည်စွာ ဖြစ်ထွန်းနေပါသည်။
စိုက်ပျိုးရေးဖျက်ပင်ပေါင်း
ပေါင်းကြောင့် သီးနှံပင်အတွက် လောင်းရိပ်ကို ဖြစ်ပေါ်စေခြင်းနှင့် နေရောင်ခြည်ရရှိနိုင်မှု လျော့နည်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည်။ ပေါင်းသည် မြေဆီလွှာထဲမှ ရေကိုစုပ်ယူခြင်းကြောင့် သီးနှံပင်အတွက် ရေရရှိမှုပမာဏကို လျော့နည်းစေပြီး အစိုဓာတ်တည်ရှိမှုကာလကို တိုတောင်းစေသည်။ ပေါင်းသည်မြေဆီလွှာထဲမှ အာဟာရဓာတ်ကိုရယူပါသည်။ ထို့အပြင် သီးနှံပင်များကိုကျွေးသော မြေဩဇာများမှ အာဟာရဓာတ်များကိုလည်း ရယူစားသုံးပါသည်။ အထူးသဖြင့်မြေဩဇာတွင် ပါရှိသည့် နိုက်ထရိုဂျင်ကို သီးနှံပင်များနှင့် ယှဉ်ပြိုင်စားသုံးကြသည်။
စိုက်ခင်းထဲတွင် ပေါင်းပင်များက ကြီးစိုးအုပ်မိုးသွားလျှင် သီးနှံအတွက် နေရာမရှိတော့ပေ။ ထိုအခါသီးနှံပင်များသည် ကြီးထွားမှုမရှိဘဲ အပွင့်၊ အသီး၊ အစေ့၊ အဆန် မတည်တော့ပေ။ ပေါင်းသည် သီးနှံပင်များကို ဖျက်ဆီးနိုင်သော ရောဂါများ၊ ပိုးမွှားများနှင့် ဖျက်ကောင်များအတွက် နေစရာအိမ်ခြံမြေ သဖွယ်ဖြစ်စေသည်။ နှံကောင်သည် မြက်ပေါင်းများတွင် ဥ ဥပြီး သီးနှံရွက်များကို ဖျက်ဆီးသည်။ ရွက်ထွေးပိုးသည် ပြောင်းဖူး၊ စပါးနှင့်ဟင်းသီး ဟင်းရွက်ပင်များကို ကူးစက်နိုင်သည်။ ခူမွေးရှည်သည် နေကြာ၊ ဝါ၊ ပဲမျိုးစုံတွင် ကျရောက်လေ့ရှိပြီး ပေါင်းပင်များမှ စတင်ဖျက်ဆီးတတ်သည်။ စုပ်စားပိုးများဖြစ်သည့် ပင့်ကူနီများသည် ပေါင်းပင်များတွင် ခိုအောင်းနေတတ်ပြီး ခရမ်းချဉ်၊ ငရုတ်၊ ပဲမျိုးစုံတွင် ကျရောက်တတ်သည်။ ပျပိုးသည် ပေါင်းပင်တွင် ပေါက်ပွားလေ့ရှိပြီး သခွား၊ ဖရဲ၊ ပဲမျိုးစုံတွင် ဗိုင်းရပ်စ်ရောဂါများကို ကူးစက်နေစေနိုင်သည်။ ယင်ဖြူသည် ပေါင်းပင်များတွင် ဥ ဥတတ်ပြီး ခရမ်းချဉ်၊ အာလူး၊ ဆေးရွက်ကြီးတို့တွင် ကျရောက်တတ်သည်။ ပင်နာကျရောဂါသည် ပေါင်းပင်တွင် ရောဂါဖြစ်၍ ဆက်လက်ကူးစက်နိုင်ပြီး အာလူး၊ ခရမ်းချဉ်တို့တွင် ကျရောက်တတ်သည်။ ပင်ညှိုးရောဂါသည် ပေါင်းပင်တွင်ရှင်သန်နေနိုင်ပြီး ပဲမျိုးစုံနှင့် ခရမ်းချဉ်တို့ကို ထိခိုက်စေနိုင်သည်။ ရွက်ပြောက်စွန်းရောဂါမှာ မြက်ပေါင်းတို့တွင် ခိုအောင်းနေနိုင်ပြီး စပါး၊ ပြောင်းတို့တွင် ကျရောက်သည်။
ပေါင်းသည် စိုက်ရေးပျိုးရေးလုပ်ငန်းများကို နည်းလမ်းမျိုးစုံဖြင့် ထိခိုက်စေနိုင်သည်။ သီးနှံများ ရိတ်သိမ်းရာတွင် ပေါင်းကြောင့် အနှောင့်အယှက် ဖြစ်စေပြီး သီးနှံထွက်ကုန်များတွင် ပေါင်းစေ့များ ရောပါလာပါက အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။ ပေါင်းပင်၏ အမြစ်မှထွက်သော အရည်များနှင့်အရွက်မှထွက်သော အရည်များသည် သီးနှံပင်များကို အဆိပ်ဖြစ်စေပါသည်။
ပေါင်းသည် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးထားသောသီးနှံများကို ဖျက်ဆီးရုံမှတစ်ပါး အခြားဘာမျှ အကျိုးမရှိပေ။ သီးနှံပင်ကို မည်မျှပင်ပြုစုပါစေ၊ မြေဩဇာကျွေးပါစေ ပေါင်းရှိနေလျှင် အပင်သည် ကြီးထွားသန်စွမ်းမှုမရှိဘဲ အပွင့်၊ အသီး အားနည်းကာ အစေ့အဆန် ကောင်းစွာမတည်နိုင် ဖြစ်တတ်သည်။ နောက်ဆုံးတွင် တောင်သူဦးကြီး များလိုအပ်သော အထွက်နှုန်းကိုမရရှိဘဲ ဝင်ငွေပါ နည်းသွားနိုင်ပါသည်။ ထို့ကြောင့်ပေါင်းသည် စိုက်ပျိုးရေးဖျက်ပင် ဖြစ်သည်။
ပေါင်းကာကွယ်နှိမ်နင်းခြင်း
ပေါင်းကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများမှာ ကြိုတင်ကာကွယ်ခြင်း၊ လူဖြင့်ကာကွယ်နှိမ်နင်းခြင်း၊ ကိရိယာဖြင့် နှိမ်နင်းခြင်း၊ စိုက်ပျိုးနည်းလမ်းဖြင့် နှိမ်နင်းခြင်း၊ ဇီဝနည်းဖြင့်နှိမ်နင်းခြင်းနှင့် ဓာတုနည်းဖြင့် နှိမ်နင်းခြင်းတို့ဖြစ်သည်။
(က) ကြိုတင်ကာကွယ်ခြင်း
ပေါင်းမျိုးစိတ်များ ဝင်ရောက်လာမှုကို ဟန့်တားခြင်းလုပ်ငန်းသည် ရှင်သန်ပေါက်ပွားပြီးသော ပေါင်းများကို နှိမ်နင်းခြင်းလုပ်ငန်းထက် ပိုမို လွယ်ကူပါသည်။ စိုက်ပျိုးမည့်စိုက်ခင်းဧရိယာအတွင်း ပေါင်းစတင်ပေါက်ပွားခြင်းမှ ရှောင်ကြဉ်ရန် နည်းလမ်းများမှာ ပေါင်းမျိုးစေ့ကင်းသော သီးနှံမျိုးစေ့များကိုသုံးခြင်း၊ လယ်ယာသုံးကိရိယာများနှင့် ကျွဲ၊ နွားတို့မှ ပေါင်းမပြန့်ပွားစေရန် ၎င်းတို့ကို ပေါင်းကင်းစင်အောင်ထားရှိခြင်း၊ ကောင်းစွာဆွေးမြည့်သော သဘာဝမြေဩဇာနှင့် လယ်ယာစွန့်ပစ်ပစ္စည်းများကို အသုံးပြုခြင်း၊ စိုက်ရေးပျိုးရေးလုပ်ငန်းများကို ပေါင်းကာကွယ်ခြင်းအသိဖြင့် စနစ်တကျ စီမံလုပ်ဆောင်ခြင်း၊ စိုက်ခင်းမြေ၊ ကန်သင်းများ၊ ရေသွင်းမြောင်းများ၊ စွန့်ပစ်မြေနှင့် အများနှင့်ဆိုင်သောနေရာများတွင် ပေါင်းပေါက်ပွားမှုမရှိအောင် ကာကွယ်ခြင်း၊ အပင်အစိတ်အပိုင်းများမှ မျိုးပွားနိုင်သော နှစ်ရှည်ခံပင်ပေါင်းများကို ပျံ့နှံ့မှုမရှိအောင် ကာကွယ်ခြင်းတို့ ဖြစ်သည်။
(ခ) လူဖြင့်ကာကွယ်နှိမ်နင်းခြင်း
စိုက်ခင်းအတွင်းပေါက်လာသော ပေါင်းများကို လူအင်အားအသုံးပြု၍ လက်ဖြင့်နုတ်ပစ်ခြင်း၊ ခြေဖြင့်နင်းခြေခြင်း၊ စပါးတွင် ခြေဖြင့်မြေထဲသို့ မြှုပ်ပစ်ခြင်း၊ ပေါက်ပြား၊ တူးရွင်းနှင့် တံစဉ်တို့ကိုအသုံးပြု၍ ရိတ်ခြင်း၊ ဖြတ်ခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။
(ဂ) ကိရိယာဖြင့် နှိမ်နင်းခြင်း
အပင်အတန်းများအကြားရှိ ပေါင်းပင်များကို ပေါင်းလိုက်ကိရိယာ (ကြားပေါင်းလိုက်ကိရိယာ)ကို ရှေ့တိုးနောက်ဆုတ်ပြုလုပ်၍ ပေါင်းများကို နှိမ်နင်းခြင်းဖြစ်သည်။ ပေါင်းပင်များကို ချွန်ထက် သော အသွားများမှ ဖြတ်တောက်ပစ်ပြီး မြေထဲသို့ ရောက်ရှိသွားခြင်းဖြင့် တစ်နှစ်ခံပေါင်းပင်များကို နှိမ်နင်းနိုင်ပါသည်။ ထို့အပြင် မြေသားကို ကြေမွသွားစေပြီး ပေါင်းပင်၏အမြစ်များကို ထိခိုက်မှုဖြစ်စေခြင်းတို့ကြောင့် ပေါင်းများပြန်လည်ရှင်သန်မှုမဖြစ်မီ ခြောက်သွေ့ပြီး သေဆုံးသွားနိုင်ပါသည်။ ကိရိယာဖြင့် နှိမ်နင်းခြင်းသည် လူလုပ်အားဖြင့် နှိမ်နင်းခြင်းထက် အချိန်ကုန်သက်သာစေပြီး ကုန်ကျစရိတ်လည်း သက်သာစေပါသည်။
(ဃ) စိုက်ပျိုးနည်းလမ်းဖြင့်နှိမ်နင်းခြင်း
စိုက်ပျိုးနည်းလမ်းဖြင့် နှိမ်နင်းခြင်းဆိုသည်မှာ ပေါင်းပင်များကို ၎င်းတို့နှစ်ခြိုက်မှုမရှိသော အခြေအနေကို ဖန်တီးပေးခြင်းဖြင့် ပေါင်းပင်၏ ယှဉ်ပြိုင်မှုစွမ်းအားကို လျော့နည်းအောင် လုပ်ဆောင်နိုင်သည့်နည်းလမ်းများ သို့မဟုတ် ပေါင်းပင်များကို အချိန်ကာလတစ်ခုအတွင်း ရှင်သန်ကြီး ထွားခွင့်ပေးပြီး ၎င်းကာလအတွင်းမှာပင် ပေါင်းကို တိုက်ရိုက်နှိမ်နင်းသည့်နည်းလမ်း ဖြစ်သည်။ စိုက်ပျိုးနည်းလမ်းများအနေဖြင့် မြေယာပြုပြင်ခြင်း၊ ရေသွင်းရေထုတ်စီမံဆောင်ရွက်ခြင်း၊ စိုက်ပျိုးနည်းလမ်းများအသုံးပြုခြင်း၊ မျိုးစေ့ရွေးချယ်ခြင်း၊ အပင်ဦးရေအနည်းအများ၊ ပင်ကြွင်းဖုံးအုပ်ခြင်းနှင့် ဓာတ်မြေဩဇာအသုံးပြုခြင်းတို့ဖြစ်သည်။
မြေယာပြုပြင်ခြင်းတွင် ပေါင်းများကို ထယ်ထိုးခြင်းနှင့်ထွန်မွှေပေးခြင်း၊ နွေထယ်ရေးခံပြီး ထယ်ထိုးပေးခြင်းဖြင့် ပေါင်းစေ့များနှင့်ပေါင်းပင်အစိတ်အပိုင်းများကို နေရောင်ခြည်ဖြင့် ခြောက်သွေ့စေပြီး သေစေခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ ရေသွင်းရေထုတ် စီမံဆောင်ရွက်ခြင်းတွင် သီးနှံမစိုက်ပျိုးခင်ရေသွင်းခြင်း သို့မဟုတ် မြေကောင်းစွာပြင်ဆင်ခြင်းဖြင့် ပေါက်လာသော ပေါင်းများကို ထွန်ယက်ခြင်း သို့မဟုတ် ပေါင်းသတ်ဆေးအသုံးပြုခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ စိုက်ပျိုးနည်းလမ်းများတွင် သီးလှည့်စိုက်ခြင်းနှင့် သီးညှပ်စိုက်ခြင်းတို့သည် ပေါင်းပင်ပေါက်ရောက်မှုကို နည်းစေသည်။ မျိုးစေ့နှုန်းထားကို ပိုမိုသုံးစွဲပေးခြင်းဖြင့် အပင်ဦးရေကိုများစေပြီး သီးနှံပင်များကို စိပ်စိပ်စိုက်ပျိုးရာရောက်ကာ ပေါင်းပေါက်ရောက်မှုနည်းစေခြင်းနှင့် ပေါင်းပင်ကိုယှဉ်ပြိုင်မှု အားကောင်းစေရန် ပင်ပိုင်းကြီးထွားမှုကောင်းသည့်မျိုး ရွေးချယ်ခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
သီးနှံမစိုက်ပျိုးခင် ပဲမျိုးရင်းဝင်အပင်များ၊ ညံပင်၊ ပိုက်ဆံလျှော်၊ မြေနိမ့်ချယ်ရီ စသည့်အပင်များကို စိုက်ပျိုးပြီး ထယ်ထိုးထွန်မွှေပေးခြင်းနှင့် ကောက်ရိုးပြတ်များအပါအဝင် သီးနှံပင်ကြွင်းပင် ကျန်များကို မြေဆီလွှာအားဖုံးအုပ်ပေးခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ မြေဩဇာကျွေးရာတွင် ပေါင်းပင်သည် သီးနှံပင်ထက်အာဟာရကို ပိုမိုစုပ်ယူ နိုင်၍ သီးနှံပင်ရရှိနိုင်မည့် နည်းလမ်းများကို စနစ် တကျ အသုံးပြုခြင်းနှင့် ပေါင်းကင်းစင်မှုအတွက် များစွာအထောက်အကူပြုနိုင်ရန် သီးနှံပင်ကို ပေါင်း ပင်နှင့်ယှဉ်ပြိုင်ကြီးထွားစေခြင်းတို့ကို ဆောင်ရွက်နိုင်သည်။ မြေဆီလွှာမျက်နှာပြင်ကို ပလတ်စတစ်အကြည် သို့မဟုတ် အနက်ဖြင့် နွေရာသီနေပြင်းပြင်း ပူချိန်တွင် လေးပတ်မှ ခြောက်ပတ်အထိ ဖုံးအုပ်ပေးခြင်း၊ အပူချိန်လျော့နည်းသည့်အချိန်တွင် ရှစ်ပတ်အထိ ဖုံးအုပ်ပေးခြင်းဖြင့် ပေါင်းစေ့နှင့် မြေဆောင်ရောဂါပိုးအချို့ကို သေစေနိုင်ပါသည်။
(င) ဇီဝနည်းဖြင့်နှိမ်နင်းခြင်း
ဇီဝနည်းဖြင့်နှိမ်နင်းခြင်းဆိုသည်မှာ ပေါင်းပင်၏ သဘာဝရန်သူများမှ သဘာဝအလျောက် လုပ်ဆောင်ချက်များဖြင့် နှိမ်နင်းခြင်းနှင့် ပေါင်းပင်၏ သဘာဝရန်သူများကို ပေါင်းနှိမ်နင်းရန် ရည်ရွယ် ချက်ဖြင့်မွေးမြူ၍ နှိမ်နင်းခြင်းတို့ ဖြစ်သည်။ ပေါင်းပင်၏သဘာဝရန်သူများမှာ အင်းဆက်ပိုးများ၊ မှို၊ ဗိုင်းရပ်စ်၊ ဗက်တီးရီးယားများ၊ နီမတုတ်စသည့် အဏုဇီဝပိုးမွှားများ၊ ငါး၊ ဘဲ၊ နွားနှင့် အခြားတိရစ္ဆာန်များတို့ ဖြစ်သည်။
(စ) ဓာတုနည်းဖြင့်နှိမ်နင်းခြင်း
ဓာတုနည်းဖြင့် နှိမ်နင်းခြင်းဆိုသည်မှာ ပေါင်းနှိမ်နင်းရန် ဓာတုပေါင်းသတ်ဆေးကို လုပ်သားရှားပါးချိန်နှင့် လုပ်အားခဈေးကြီးချိန်တို့တွင် အသုံးပြုခြင်းဖြစ်သည်။ ဓာတုပေါင်းသတ် ဆေးများကို အသုံးပြုရာတွင် ထိရောက်မှုရှိစေရန် ပေါင်းသတ်ဆေးအသုံးပြုရမည့်အချိန်၊ အသုံးပြု ရမည့်နည်းလမ်းနှင့် သက်ရှိများအပေါ် အကျိုး သက်ရောက်မှုတို့ကို သိရှိနားလည်ရန် လိုအပ်ပါသည်။
သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံအထွက် တိုးရေးနည်းလမ်းများကို အသုံးပြုရန်လိုအပ်သကဲ့သို့ သီးနှံအထွက်မလျော့ရေး နည်းလမ်းများကိုလည်း လိုက်နာကျင့်သုံးရန် လိုအပ်ပါသည်။ ပေါင်းသည် သီးနှံပင်များနှင့်အပြိုင် နေရောင်ခြည်၊ ရေ၊ အာဟာရနှင့်နေရာတို့ကို ယှဉ်ပြိုင်လုယူသည်။ ပေါင်းသည် တောင်သူဦးကြီးများရရှိမည့် သီးနှံအထွက်နှုန်းကို လျော့နည်းစေခြင်းဖြင့် ဝင်ငွေကို လျော့နည်းစေနိုင်ပါသည်။ ထို့ကြောင့် အဓိပ္ပာယ်အားဖြင့် အပေါင်းလက္ခဏာဆောင်သော်လည်း လက်တွေ့စိုက်ပျိုးထုတ်လုပ်ခြင်းတွင် သီးနှံပင်အတွက်ဖြစ်စေ၊ တောင်သူဦးကြီးများအတွက်ဖြစ်စေ အနုတ်လက္ခဏာဆောင်သော ပေါင်းကိုမဖြစ်မနေ ကြိုးစားကာကွယ်နှိမ်နင်းကြရန် လိုအပ်ပါကြောင်း စေတနာအပေါင်းနှင့် တင်ပြလိုက်ရပါသည်။ ။

(ယမန်နေ့မှအဆက်)
နှစ်နိုင်ငံအကျိုးစီးပွားအတွက် ရည်ရွယ်၍
(ယမန်နေ့မှအဆက်)
နှစ်နိုင်ငံအကျိုးစီးပွားအတွက် ရည်ရွယ်၍
ဤနေရာတွင် China - Myanmar Economic Corridor (CMEC) မှ မြန်မာနိုင်ငံ အကျိုးစီးပွားနှင့် ဆက်စပ်နေသည့် တရုတ်နိုင်ငံ၏ မဟာဗျူဟာမြောက် အကျိုးစီးပွားများကို လေ့လာကြည့်ရပါမည်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ Gateway ၊ တရုတ်အတွက် ကမ္ဘာကို ချဲ့ထွင်မည့် နိုင်ငံတကာစျေးကွက် အကျိုးစီးပွားများကို မြင်မိပါသည်။ စီးပွားရေးတစ်ခုတည်းမက စွမ်းအင်ဖူလုံမှု၊ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်၊ နယ်စပ်ဒေသများ လုံခြုံရေးနှင့် နယ်စပ်ကုန်သွယ်ရေးများ ပါဝင်သော လုံခြုံရေးရာရှုထောင့်များမှ နှစ်နိုင်ငံအကျိုးစီးပွား၊ ဒေသအကျိုးစီးပွား၊ ကမ္ဘာ့အကျိုးစီးပွားများအထိ မြင်ရပါမည်။
စွမ်းအင်ဆိုင်ရာကဏ္ဍတွင် အရှေ့အလယ်ပိုင်းနှင့် အာဖရိကရေနံစိမ်းကို ၂၀၁၃ ခုနှစ်၊ မြန်မာ့ သဘာဝဓာတ်ငွေ့ကို ၂၀၁၇ ခုနှစ်ကတည်းကပင် အရှည် ၇၇၁ နှင့် ၇၉၃ ကီလိုမီတာအသီးသီးရှိသော ရေနံစိမ်းပိုက်လိုင်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများဖြင့် မြန်မာနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်း ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ခရိုင် ချုံကျင်းမြို့အထိ သွယ်တန်း၍ တင်ပို့နေပြီဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နန့်ခမ်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်ထားသည့် ရွှေလီရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အားကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့နေပြီဖြစ်သည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှရောက်ရှိလာသော ရေနံစိမ်းများကို ယူနန်သို့ ပိုက်လိုင်းမှတစ်ဆင့် တင်သွင်းရာမှာ အရေးပါသော ကျောက်ဖြူ မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့်အတူ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ဆက်စပ်ကုန်းလမ်း ရထားလမ်းကြောင်းများကြောင့် ဤဒေသသည် နောင်တွင် ဒေသတွင်း၌ ထင်ရှားသော မြန်မာ့စက်မှုဇုန်အချက်အချာနေရာတစ်ခုအဖြစ် ရောက်ရှိလာမည်မှာ မလွဲပါ။
ထို့အပြင် ယူနန်နယ်စပ်မြို့ ရွှေလီမှ မူဆယ်၊ ကျောက်ဖြူအထိ ရထားလမ်း၊ ကားလမ်းများဖြင့် ပုံဖော်ထားသည့် တရုတ်နိုင်ငံ၏ အိန္ဒိယနှင့် ပစိဖိတ်သမုဒ္ဒရာနှစ်စင်းမူဝါဒကြောင့်လည်း ယူနန်ပြည်နယ်၏ အရှေ့တောင်အာရှနှင့် တောင်အာရှကုန်သွယ်ရေးလမ်းကြောင်းအိပ်မက်ကြီးသည် အမှန်တကယ်ဖြစ်လာနိုင်သည်။ ရလဒ်အနေဖြင့် အမေရိကန်ရေတပ်၏ ခြိမ်းခြောက်မှုအောက်ရောက်နေသည့် တရုတ်ကုန်သွယ်လမ်းကြောင်း ဖြတ်သန်းရာ မလက္ကာရေလက်ကြားအပေါ် မှီခိုနေရမှုသည်လည်း လျော့ကျသွားနိုင်ပါသည်။
မြန်မာနိုင်ငံအရှေ့မြောက်ဒေသများနှင့် နယ်စပ် ယူနန်ခရိုင်သည် အဓိကကုန်သွယ်ဖက်များဖြစ်သော်လည်း ခေတ်အဆက်ဆက် မူးယစ်ဆေးဝါးစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်ရာသံသရာထဲမှ ရုန်းမထွက်နိုင်သောနေရာများလည်းဖြစ်သည်။ ထိုဒေသတစ်ခုလုံး မူးယစ်ဆေးဝါးပပျောက်ပြီး တရားဥပဒေစိုးမိုးကာ ကုန်သွယ်ထုတ်လုပ်မှုနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်သည့် ဒေသတစ်ခုဖြစ်ပေါ်လာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွက်လာပြီး ဆင်းရဲမှုပပျောက်ရေးအတွက် နယ်စပ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးဇုန်များ တည်ဆောက်နိုင်ရန် လိုအပ်နေပါသည်။
လမ်းကြောင်းပုံသဏ္ဌာန်
CMEC စင်္ကြံဆိုသည်ကို မြင်ကြည့်လျှင် Y ပုံသဏ္ဌာန်ရှိပြီး ကီလိုမီတာ ၁၇၀၀ အရှည်ရှိပါသည်။ လမ်းကြောင်းသည် တရုတ်နိုင်ငံ ယူနန်ခရိုင်မြို့တော် ကူမင်းမြို့မှစတင်ပြီး တရုတ်-မြန်မာနယ်စပ်ကို မူဆယ်၌ဖြတ်၍ မန္တလေးအထိ၊ ထိုမှနှစ်ပိုင်းခွဲကာ မူလတစ်ကြောင်းအဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူမှသည် ဘင်္ဂလားပင်လယ်အော်အထိလည်းကောင်း၊ နောက်တစ်ကြောင်းက မန္တလေးမှ ကုန်သွယ်မြို့တော် ရန်ကုန်အထိလည်းကောင်းဖြစ်သည်။ ထိုစင်္ကြံလမ်းကြောင်းများကြောင့် ဥရောပ၊ အာဖရိက အထိ တရုတ်နိုင်ငံ၏ ကုန်သွယ်မှုလမ်းကြောင်းအရှည်သည် ကီလိုမီတာ ၃၀၀၀ ခန့် လျော့နည်းသွားသည်ဟု ဆိုပါသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် နေပြည်တော် ပူးတွဲကွန်ဖရင့်တွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ စတင်ကြေညာခဲ့သည့် CMEC သည် နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းရေးသာဖြစ်ပြီး အကျိုးယုတ်စရာမရှိပါ။ ထို့ကြောင့် တရုတ်နိုင်ငံ BRI အောင်မြင်ရေးတွင် အိန္ဒိယသမုဒ္ဒရာဆီ ဝင်ပေါက်၊ ထွက်ပေါက်သဖွယ်ဖြစ်နေသည့် မြန်မာနိုင်ငံပါဝင်နေသည့် တရုတ်- မြန်မာ CMEC ကို အမြန်အကောင်အထည်ဖော်နိုင်ရန် အရေးကြီးပါသည်။ ထို့ကြောင့်လည်း အဆိုပြုစီမံကိန်း ၃၃ ခုအနက် နယ်ပယ်ကိုးခုကို လွှမ်းခြုံသည့် တန်ဖိုးအားဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၉ ဘီလီယံရှိသည့် စီမံကိန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။
စီမံကိန်းသုံးခု
ဆက်လက်၍ CMEC မူဘောင်အောက်ရှိ အဓိကကျသော စီမံကိန်းကြီးသုံးခုကို လေ့လာကြည့်ရ အောင်ပါ။ နံပါတ်(၁) တရုတ်နိုင်ငံ CITIC အုပ်စုနှင့် မြန်မာနိုင်ငံတို့၏ ၂၀၁၈ ခုနှစ် ကနဦးသဘောတူညီ ချက်အရ စတင်ခဲ့သော ၄၂၈၉ ဧကရှိ ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းနှစ်ပိုင်း ပါဝင်သည်။ ကွန်တိန်နာတင်သင်္ဘောများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ရည်တင်သင်္ဘောများ ဆိုက်ကပ်ရာ မဒေးကျွန်းရေနက်ဆိပ်ကမ်းနှင့် ရမ်းဗြဲဆိပ်ကမ်းနှစ်ခု၊ အဆင့်မြင့်အိမ်ရာ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့သိုလှောင်ကန်၊ ဓာတ်အားပေးရုံစီမံကိန်းများ ပါဝင် သည့် ရေနက်ဆိပ်ကမ်းအပိုင်းနှင့် ချည်မျှင်နှင့် အထည်၊ အစားအသောက်၊ ရေထွက်ပစ္စည်း၊ ဆေးဝါး၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်နှင့် သုတေသနလုပ်ငန်းများပါဝင်သည့် စက်မှုဇုန်အပိုင်းများဟူ၍ ဖြစ်သည်။ ကနဦးအဆင့်မှာပင် စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းနှစ်ခုမှ လုပ်ငန်းအသစ်ပေါင်း တစ်သိန်းခန့်ကို ဖန်တီးပေးနိုင်မည်ဟုလည်း ဆိုပါသည်။
CMEC မူဘောင်အောင်တွင် နံပါတ် (၂) စီမံကိန်းများအဖြစ် နှစ်နိုင်ငံနယ်ခြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များကို တွေ့ရမည်ဖြစ်သည်။ ကချင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာဗျူဟာအရ အချက်အချာကျသော နယ်စပ်မြို့များနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မြို့များအကြား ဟိုချောင် - ကံပိုင်တည်ဂိတ်၊ ရွှေလီ-မူဆယ်ဂိတ်၊ မိန်းတိန် - ချင်းရွှေဟော်ဂိတ်သုံးခုတွင် တည်ရှိသော စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များသည် နယ်စပ်ကုန်သွယ်ရေး၊ ယဉ်ကျေးမှုပူးပေါင်းဆောင် ရွက်မှုစင်တာနှင့် စီးပွားရေးဇုန်များ ထူထောင်နိုင်သည်အထိ ရည်မှန်းဆောင်ရွက်လျက်ရှိသည့်ဇုန်များ ဖြစ်သည်။ ထို့နောက် CMEC အောက်မှ နံပါတ် (၃) ကျောက်ဖြူ - ကူမင်း ရထားလမ်းစီမံကိန်းကလည်း စိတ်ဝင်စားစရာကောင်းသည်။ တရုတ်နိုင်ငံအတွင်း ရထားလမ်းစနစ်ဖြင့် ချိတ်ဆက်ထားသည့် ကီလိုမီတာ ၁၄၀၀ အရှည်ရှိ ကူမင်း-ကျောက်ဖြူ လျှပ်စစ်အမြန်ရထားစီမံကိန်းလမ်းကို မူဆယ်- မန္တလေး၊ မန္တလေး - ကျောက်ဖြူ အပိုင်းနှစ်ပိုင်းခွဲ၍ ရေနံနှင့် ဂက်စ်ပိုက်လိုင်းနှင့်အပြိုင် ဆောင်ရွက်သွား ရန် ဘူမိဗေဒတိုင်းတာမှုများကို စတင်ဆောင်ရွက် နေပြီဖြစ်ပါသည်။
စိန်ခေါ်မှုများလည်းရှိနေမည်သာ
ကြီးမားသော ကမ္ဘာ့အဆင့် စီးပွားရေးကွန်ရက်ကို ဦးဆောင်နေသူ တရုတ်နိုင်ငံနှင့် မိတ်ဖက်ပါတနာ မြန်မာနိုင်ငံနှစ်နိုင်ငံလုံးအတွက် အားသာချက်နှင့် အခွင့်အလမ်းများရှိသည့်နည်းတူ စိန်ခေါ်မှုများ လည်း ရှိနေမည်မှာမလွဲပါ။ ထိုစိန်ခေါ်မှုများကြောင့်ပင် CMEC တိုးတက်မှုမှာ ကာလတစ်ခု အတွင်း နှောင့်နှေးခဲ့ရသည်။ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန်များတည်ရှိရာ နှစ်နိုင်ငံနယ်ခြားမြို့ များသည် လက်နက်ကိုင်အဖွဲ့အစည်းများစွာရှိပြီး ဖွံ့ဖြိုးတိုးတက်မှုအားနည်းသော ဒေသများဖြစ်သည့် အတွက် ထိုဒေသများ တည်ငြိမ်အေးချမ်းအောင် ဦးစားပေးဆောင်ရွက်နေရခြင်းဖြစ်သည်။
တရုတ် - မြန်မာနယ်စပ်တွင် တရားမဝင် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု အားကောင်းပြီး ဒေသတွင်း မတည်ငြိမ်ခြင်းက တိုးတက်မှုအတွက် မည်သည့်ကြိုးပမ်းမှုကိုမဆို ဟန့်တားရာရောက်ပါသည်။ အချို့သောဒေသများတွင် ကျရောက်တတ်သည့် သဘာဝကပ်ဘေး၊ ရောဂါကပ်ဘေးကဲ့သို့ စိန်ခေါ်မှု များကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ ဖွံ့ဖြိုးမှုကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပက ဖန်တီးမြဲ လက်ရှိ ကြုံတွေ့ရင်ဆိုင်နေရသည့် ဟန့်တားနှောင့်ယှက်မှုများအားလုံးကို အနာဂတ်စိန်ခေါ်မှုများအဖြစ် ဆက်လက်ထည့်သွင်းထားရပါဦးမည်။
ဖွံ့ဖြိုးမှုအမြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည့် အချို့ဒေသခံတို့၏အမြင်များ
ဥပမာ- သဘာဝပတ်ဝန်းကျင်၊ မြေယာပိုင်ဆိုင်မှုကို သင်ခန်းစာယူ၍ ညီညွတ်မျှတသော တုံ့ပြန်မှု၊ ကောင်းမွန်သောအုပ်ချုပ်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ အားလုံးပါဝင်မှုများဖြင့် ပုံရိပ်ကောင်းများ ဖြစ်ပေါ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ တွေ့ကြုံရနိုင်မည့် အန္တရာယ်များအတွက်လည်း ပုံမှန်အကဲဖြတ်အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့်လည်း စိန်ခေါ်မှုများရှိနေငြား CMEC ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများကား ဆက်လက်အပြုသဘောဆောင်နေမည် ဖြစ်ပါသည်။
၂၀၂၅ ခုနှစ် IMF ကမ္ဘာ့ GDP (PPP) ထုတ်ပြန်ချက်အရ USD သန်းပေါင်း ၄၁ ဒသမ ၇၁ သန်းဖြင့် ကမ္ဘာတွင် စီးပွားရေးစွမ်းဆောင်နိုင်မှု အမြင့်ဆုံး နိုင်ငံဖြစ်နေသည့် တရုတ်နိုင်ငံ၏ BRI ပန်းတိုင်တွင် ပါဝင်ခြင်းဖြင့် သိသာထင်ရှားသောအကျိုးကျေးဇူးများစွာကို ရရှိမည်ဟု ယူဆပါသည်။ အိမ်နီးချင်းမိတ်ဆွေကောင်းစိတ်ဓာတ်ကို အခြေခံ၍ စီးပွားရေးတိုးတက်မှုနှင့် ဖွံ့ဖြိုးမှုအရာတွင် တန်းတူညီမျှ ပေါင်းစည်းမှုမှတစ်ဆင့် နိုင်ငံတည်ငြိမ်အေးချမ်းမှုများ ရရှိလာမည်ဟု ယုံကြည်ထားပါသည်။ ထိုသို့သော အပြန်အလှန်ယုံကြည်မှုကသာ ဒေသတွင်းဖွံ့ဖြိုးမှုနှင့် တည်ငြိမ်မှုကိုပါ ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
နယ်မြေအခြေအနေတည်ငြိမ်ပါက ကျောက်ဖြူအပါအဝင် အထူးစီးပွားရေးဇုန်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ခရီးသွားလုပ်ငန်းများစွာကို အကောင်းဆုံးဆွဲဆောင်ရာဖြစ်သည်။ အခွန်အကောက်ရငွေများ တိုးတက်လာမည်မှာ သေချာသည်။ စီးပွားရေးလုပ်ငန်းရှင်များ၏ ပြည်တွင်းထုတ်လုပ်မှုများ တိုးတက်လာမည်။ ထိုမှတစ်ဆင့် အခြားသောစင်္ကြံများနှင့် ချိတ်ဆက်မိကာ ဒေသတွင်း ကုန်သွယ်စျေးကွက်မှသည် ကမ္ဘာ့စျေးကွက်ကွန်ရက်အထိ ခြေဆန့်နိုင်တော့မည်ဖြစ်သည်။
MSME လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများစွာ ပေါ်ထွက်လာစရာရှိသည်။ ရခိုင် တိုင်းရင်းသားများအပါအဝင် မြန်မာတိုင်းရင်းသားများအကြား ဆင်းရဲမှုနှင့် မညီမျှမှုများ လျော့နည်းလာမည်ဖြစ်သည်။ လူနေမှုဘဝများ သိသာထင်ရှားစွာ တိုးတက်လာမှုကြောင့် ငြိမ်းချမ်းရေးအာမခံချက်များကိုလည်း မြင်နေရသည်။ လက်တွေ့ကျသော ချဉ်းကပ်မှုများမှ ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းများစွာနှင့် ထိတွေ့ဆက်ဆံခွင့်လည်း ရရှိလာနိုင်မည် ဖြစ်ပါသည်။
နည်းပညာအပါအဝင် ကျွမ်းကျင်ပညာတတ်လူသားအရင်းအမြစ်များစွာကို မွေးထုတ်၍ ထိုလူသားစွမ်းအားကို ထိထိရောက်ရောက် အသုံးချနိုင်တော့မည်ဖြစ်သည်။ ဤသို့ဖြင့် မဟာဗျူဟာ အချက်အချာအရ၊ စီးပွားရေးအရ၊ ပထဝီနိုင်ငံရေးအရ အခွင့်အလမ်းကောင်းများကို အကောင်းဆုံး အသုံးချပြီး အတားအဆီးများကိုနည်းပါးအောင် ပြုခြင်းဖြင့် လှပသောအနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်သည်ဟု ယုံကြည်ထားပါသည်။ ။
ကိုးကား - Shoon Lei Win ၏ Master of Arts Thesis
“CHINA-MYANMAR RELATIONS IN THE CONTEXT OF THE CHINA- MYANMAR ECONOMIC CORRIDOR” (CMEC), June 4,2025.

၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ရုရှား နိုင်ငံရှိ Yekaterinburg မြို့၌ တွေ့ဆုံခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးအုပ်ချုပ်မှုနှင့် ချိတ်ဆက်ရန် ရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခုကို တရားဝင်ဖွဲ့စည်းခဲ့သည်။ တစ်နှစ်အကြာတွင် တောင်အာဖရိက နိုင်ငံပါ ပူးပေါင်းလာခဲ့ပြီး ယခုအခါ လူသိများထင်ရှားသည့် BRICS အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှု၏ အဓိကမောင်းနှင်အားမှာ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပ သမဂ္ဂ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ကနေဒါတို့ပါဝင်သည့် G7 အဖွဲ့ကို ဟန်ချက်ချိန်ညှိရန်နှင့် ကမ္ဘာ့စီးပွားရေးကို မည်သို့စီမံသင့်သည်ဆိုသ
၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သည် ရုရှား နိုင်ငံရှိ Yekaterinburg မြို့၌ တွေ့ဆုံခဲ့ကြပြီး ကမ္ဘာ့စီးပွားရေးအုပ်ချုပ်မှုနှင့် ချိတ်ဆက်ရန် ရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခုကို တရားဝင်ဖွဲ့စည်းခဲ့သည်။ တစ်နှစ်အကြာတွင် တောင်အာဖရိက နိုင်ငံပါ ပူးပေါင်းလာခဲ့ပြီး ယခုအခါ လူသိများထင်ရှားသည့် BRICS အဖွဲ့ ပေါ်ပေါက်လာခဲ့သည်။ ဤပူးပေါင်းဆောင်ရွက်မှု၏ အဓိကမောင်းနှင်အားမှာ အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ ဥရောပ သမဂ္ဂ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် ကနေဒါတို့ပါဝင်သည့် G7 အဖွဲ့ကို ဟန်ချက်ချိန်ညှိရန်နှင့် ကမ္ဘာ့စီးပွားရေးကို မည်သို့စီမံသင့်သည်ဆိုသည့် မတူညီသောအမြင်သစ်များကို မြှင့်တင်ရန်ဖြစ်သည်။
BRICS အဖွဲ့သည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နှင့် ကမ္ဘာ့ဘဏ်ကဲ့သို့သော အဖွဲ့အစည်းများအတွင်း၌ စီမံခန့်ခွဲရေးဆိုင်ရာ မကျေနပ်ချက်များကို ထုတ်ဖော်ပြောကြားလျက် ရှိသည်။ BRICS ၏ အဆိုအရ ထိုအဖွဲ့အစည်းများအတွင်း၌ ပေါ်ထွန်းစ ဈေးကွက်နိုင်ငံများ၏ အသံများကို ဦးစားမပေးခြင်းကြောင့်ဟုဆိုသည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးတွင် အမေရိကန် ဒေါ်လာ လွှမ်းမိုးနေသည့် အခန်းကဏ္ဍကိုလည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုနှင့် ကျားမရေးရာ ဆိုင်ရာမူဝါဒများကိုလည်းကောင်း မမျှတဟု ယူဆထားသည့်အတွက် ပွင့်လင်းစွာ ဝေဖန်ခဲ့သည်။
အစပိုင်းတွင် BRICS အဖွဲ့အား အပြည်ပြည်ဆိုင်ရာဟစ်တိုင်တစ်ခုအဖြစ် အလေးအနက် မထားခဲ့ကြပေ။ ၂၀၁၀ ပြည့်နှစ်က BRICS သည် ကမ္ဘာ့စီးပွားရေး၏ ၁၈ ရာခိုင်နှုန်းခန့်သာ ကိုယ်စား ပြုခဲ့ပြီး G7 နှင့်နှိုင်းယှဉ်လျှင် ပြောအားဆိုအားမှာ မပြောပလောက်သော အဆင့်သာရှိခဲ့သည်။ ထို့အပြင် BRICS အဖွဲ့သည် ခိုင်မာသည့်အဆိုပြုချက်များကို တရားဝင်ပြောကြားရန် အခက်တွေ့ နေခဲ့ပြီး ကန့်ကွက်ချက်များနှင့် စောဒကတက်နေသည့်အဖွဲ့အဖြစ်သာ ရှုမြင်ခံရကာ အပြုသဘော ဆောင်သော အပြန်အလှန်ဆွေးနွေးမှုများ သို့မဟုတ် မျှော်မှန်းချက်အသစ်များ ပေးစွမ်းနိုင်ခြင်း မရှိဟု ယူဆခံခဲ့ရသည်။ ဤအချက်များကြောင့်ပင် G20 ၏ လုပ်ငန်းစဉ်များတွင် G7 ၏ ဦးစားပေး ချက်များကိုသာ ပိုမိုတွေ့ရှိရပြီး BRICS ၏ အမြင်များ ပါဝင်မှုနည်းပါးခဲ့ခြင်းဖြစ်သည်။
BRICS အဖွဲ့သည် အကြောင်းအရင်းမရှိဘဲ ပေါ်ပေါက်လာခြင်းမဟုတ်ပါ။ ဤအဖွဲ့၏ စိတ်ပါဝင်စားမှုများသည် IMF နှင့် ကမ္ဘာ့ဘဏ်တို့၏ အဓိကစီမံခန့်ခွဲရေးအဖွဲ့များတွင် ကိုယ်စားပြုမှု ဆိုင်ရာ ကာလရှည်ကြာပြဿနာများမှ အမြစ်တွယ်လာခြင်းဖြစ်သည်။ ပထမဆုံး ထိပ်သီးညီလာခံ ကျင်းပစဉ်က BRICS နိုင်ငံများသည် IMF ဝေစု၏ ၁၀% ခန့်သာ ပိုင်ဆိုင်ထားခဲ့ပြီး စီးပွားရေးအရ ဩဇာလွှမ်းမိုးနိုင်မှု မရှိခဲ့ပေ။ BRICS အထူးသဖြင့် တရုတ်နိုင်ငံသည် IMF ဝေစုကို သတ်မှတ် ထားသည့် ပုံသေနည်းလမ်းအတိုင်း အပြည့်အဝပြန်လည်သုံးသပ်ရန် ကာလရှည်တောင်းဆိုခဲ့ပြီး ၎င်းတို့၏စီးပွားရေးသည် ဖွံ့ဖြိုးပြီးနိုင်ငံများစွာထက် ပိုမိုမြန်ဆန်စွာ ဖွံ့ဖြိုးနေကြောင်းဆိုခဲ့သည်။ သို့ရာတွင် ဤကြိုးပမ်းမှုများကို "အနောက်နိုင်ငံများ" (အထူးသဖြင့် အမေရိကန်ထက် ဥရောပသမဂ္ဂ) မှ အဆက်မပြတ် တားဆီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ဩဇာလွှမ်းမိုးမှု အထူးသဖြင့် ဥရောပသမဂ္ဂ၏အခန်းကဏ္ဍ သိသိသာသာ ကျဆင်းသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ၁၅ နှစ်အကြာတွင် အခြေအနေများစွာ ပြောင်းလဲသွားပြီဖြစ်သည်။ BRICS ၏ ကြီးထွားလာမှုသည် မငြင်းနိုင်သောအချက်ဖြစ်လာကာ အဖွဲ့ဝင်နိုင်ငံများလည်း တိုးပွားလျက်ရှိသည်။ အီဂျစ်၊ အင်ဒိုနီးရှား၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဆော်ဒီအာရေဗျတို့ပါ ပူးပေါင်းလာခြင်းဖြင့် ဤအဖွဲ့သည် ပေါ်ထွန်းစ ဈေးကွက်နိုင်ငံ အားလုံးနီးပါးအတွက် ပလက်ဖောင်းတစ်ခုဖြစ်လာသည်။ မူလ BRICS နိုင်ငံများကိုသာ ကမ္ဘာ့ GDP ၊ စွမ်းအင်အရင်းအမြစ်နှင့် လူဦးရေတို့ဖြင့် တိုင်းတာပါကလည်း ဤအဖွဲ့သည် အနောက်နိုင်ငံများကို လွှမ်းမိုးနိုင်လုနီးပါးရှိနေပြီဖြစ်ကြောင်း တွေ့ရသည်။
G7 နှင့် BRICS နိုင်ငံများ၏ မြေရှားသတ္တုအရန်ထားရှိမှုကို နှိုင်းယှဉ်လေ့လာပါက အံ့ဩဖွယ် ကောင်းလောက်သည့် ကွာခြားမှုများကို တွေ့မြင်ရပါမည်။ မြေရှားသတ္တုဒြပ်စင်များသည် မျက်မှောက် ခေတ်စီးပွားရေးအတွက် အလွန်အရေးပါပြီး စမတ်ဖုန်းများ၊ လျှပ်စစ်ကားများ၊ လေအားလျှပ်စစ် တာဘိုင်များနှင့် စစ်ရေးစနစ်များကဲ့သို့သော အဆင့်မြင့်နည်းပညာထုတ်ကုန်များတွင် အဓိကပါဝင်သည်။ကမ္ဘာကြီးသည် သန့်ရှင်းသောစွမ်းအင်နှင့် ဒီဂျစ်တယ်ဆန်းသစ်တီထွင်မှုဘက်သို့ ဦးတည်လာသည် နှင့်အမျှ မြေရှားသတ္တုလိုအပ်ချက်မှာ တဖြည်းဖြည်းတိုးပွားလျက်ရှိပြီး ၎င်းတို့သည် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းနှင့် အမျိုးသားလုံခြုံရေး၏ အခြေခံအုတ်မြစ်ဖြစ်လာသည်။ ဤနယ်ပယ်တွင် BRICS နိုင်ငံများက ထောက်ပံ့ရေးကွင်းဆက်များကို ထိန်းချုပ်ထားသည်။
လက်တွေ့အားဖြင့် G7 အုပ်စု၏ စီးပွားရေးညွှန်းကိန်းများတွင် အနည်းငယ်သာ သာလွန်သည့် ဩဇာလွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်သည့် တစ်ခုတည်းသောနိုင်ငံမှာ အမေရိကန် ပြည်ထောင်စုသာဖြစ်သည်။ သို့သော် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကနေဒါတွင် ကျင်းပသော G7 ထိပ်သီးညီလာခံတွင် အခြားခေါင်းဆောင်များနှင့် သဘောထားကွဲလွဲမှုကြောင့် စိတ်ပျက်ကာ ထွက်ခွာသွားခဲ့ပြီး တောင်အာဖရိကနှင့် နိုင်ငံရေးအမြင်ကွဲလွဲမှုများကြောင့် ယခုနှစ် G20 ညီလာခံကိုပါ သပိတ်မှောက်ခဲ့သည်။ ဤအခြေအနေသည် BRICS အုပ်စုအတွက် ရွှေအခွင့် အလမ်းတစ်ရပ် ဖြစ်ပေါ်စေသည်။ မည်မျှကြီးမားသည့် အခွင့်အရေးဖြစ်ပါသနည်း? အမေရိကန်သည် G7 မှ နုတ်ထွက်ပါက G7 ၏ ကမ္ဘာ့ GDP သည် ၅၄% မှ ၂၇% အထိ ကျဆင်းသွားမည်ဖြစ်ပြီး ရေနံ ထုတ်လုပ်မှုအနေဖြင့် ၂၈% မှ ၇% အထိ လျော့နည်းသွားမည်ဖြစ်သည်။
BRICS အဖွဲ့ဝင်နိုင်ငံများသည် အချိန်နှင့်အမျှ ပိုမိုစုစည်းညီညွတ်လာပြီး နည်းဗျူဟာ ကျသော အဖွဲ့အစည်းတစ်ခုအဖြစ် ဖြစ်တည်လာခဲ့သည်။ ယခုအခါ ၎င်းတို့သည် ကမ္ဘာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မြင်ကွင်းသစ်များနှင့်စပ်လျဉ်း၍ အပြောသက်သက်မဟုတ်တော့ဘဲ အနောက်နိုင်ငံ ခေါင်းဆောင်များအတွက် ခေါင်းခဲစရာများကို ဖန်တီးလျက်ရှိသည်။ ထိပ်သီးအစည်း အဝေးများနှင့် နည်းပညာဆိုင်ရာဆွေးနွေးပွဲများ အခါခါကျင်းပခြင်းမှတစ်ဆင့် ၎င်းတို့သည် အနောက် နိုင်ငံများဦးဆောင်သော အဖွဲ့အစည်းများတွင် ကိုယ်စားပြုပါဝင်မှုနည်းပါးခြင်းဆိုင်ရာ အများ သဘောတူညီချက်များကို ဖော်ထုတ်နိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့သည် မည်သည့်အဖြေကို ရှာဖွေ တွေ့ရှိခဲ့ပါသနည်း။
ပထမဦးစွာ BRICS သည် အဖွဲ့ဝင်နိုင်ငံများနှင့် မဟာမိတ်နိုင်ငံများအကြား ကုန်သွယ်ရေးကို လွယ်ကူမြန်ဆန်စေရန် ဒေါ်လာစနစ်လျှော့ချရေး (De-dollarization) နှင့် BRICS ဘုံငွေပေးချေမှု စနစ်ကို စတင်မိတ်ဆက်အကောင်အထည်ဖော်လျက်ရှိသည်။ Atlantic Council ၏ GeoEconomics Center မှ လက်ထောက်ညွှန်ကြားရေးမှူး Alisha Chhangani ဖန်တီးထားသည့် "ဒေါ်လာလွှမ်းမိုးမှု စောင့်ကြည့်စနစ် (Dollar Dominance Monitor)" အရ ကမ္ဘာ့ဘဏ္ဍာရေးအရန်ငွေ၏ ၅၇% နှင့် ပို့ကုန်ငွေတောင်းခံလွှာ၏ ၅၄% တို့သည် ဒေါ်လာဖြင့်သာ ဆောင်ရွက်လျက်ရှိပြီး ဒေါ်လာသည် ကမ္ဘာ့အဓိကငွေကြေးအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။ ဒုတိယအနေဖြင့် BRICS Pay(Blockchain အခြေပြုစနစ်)၊ BRICS Clear (ငွေပေးချေမှုပလက်ဖောင်း) နှင့် BRICS Bridge(အနောက်တိုင်း ငွေပေးချေမှုစနစ်များကို အစားထိုးမည့်စနစ်) ကဲ့သို့သော အစီအမံများမှတစ်ဆင့် လွတ်လပ်သော ငွေပေးချေမှုအခြေခံအဆောက်အအုံများကို တည်ဆောက်လျက်ရှိသည်။ တတိယ အနေဖြင့် BRICS အဖွဲ့သည် IMF နှင့် ကမ္ဘာ့ဘဏ်တို့အား အစားထိုးနိုင်ရန်အတွက် ဖွံ့ဖြိုးရေး ဘဏ်သစ် (New Development Bank) နှင့် အရေးပေါ်ငွေကြေးအရန်အစီအစဉ် (Contingent Reserve Arrangement) တို့ကို အားဖြည့်လျက် အဖွဲ့ဝင်နိုင်ငံများတိုးချဲ့ခြင်းနှင့် ဒေသတွင်း ငွေကြေးများဖြင့် ချေးငွေထုတ်ပေးခြင်းတို့ကို အလေးပေးဆောင်ရွက်လျက်ရှိသည်။
BRICS အဖွဲ့သည် မူဝါဒရေးဆွဲခြင်းမှ အကောင်အထည်ဖော်ခြင်းဆီသို့ ကူးပြောင်းရာတွင် အခက်အခဲများစွာ ရင်ဆိုင်နေရဆဲဖြစ်သည်။ ယခုအချိန်တွင် အမေရိကန်သမ္မတက BRICS လုပ်ငန်း စဉ်များကို ထောက်ခံသည့်နိုင်ငံများအပေါ် အပို ၁၀ ရာခိုင်နှုန်း ကုန်သွယ်ခွန်တိုးမြှင့်မည်ဟု ခြိမ်းခြောက်နေခြင်းကလည်း အခြေအနေကိုပိုမိုရှုပ်ထွေးစေသည်။ သို့ရာတွင် BRICS သမိုင်း တစ်လျှောက် ယခုကဲ့သို့ စီးပွားရေးအင်အား တောင့်တင်းစွာပိုင်ဆိုင်နိုင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ယခုနိုဝင်ဘာလတွင် တောင်အာဖရိကနိုင်ငံ၌ ကျင်းပမည့် G20 ထိပ်သီးအစည်းအဝေးတွင် BRICS အဖွဲ့သည် ဤအင်အားကိုအသုံးချ၍ ပိုမိုကြီးမားသောဩဇာလွှမ်းမိုးမှုကို ရယူနိုင်မည် ဖြစ်သည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ G20 ညီလာခံကို သပိတ်မှောက်ထားသည့် အချက်ကို ထည့်သွင်းစဉ်းစားပါက ဤအခွင့်အလမ်းမှာ ပိုမိုထင်ရှားလာသည်။
ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ကျင်းပခဲ့သော BRICS ထိပ်သီးအစည်းအဝေး သည် ဤအဖွဲ့အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ခဲ့သည်။ BRICS သည် အနောက်နိုင်ငံ များ၏ အနုတ်လက္ခဏာဆောင်သည့် ကျရှုံးမှုများကို အခွင့်ကောင်းယူကာ ၎င်း၏မူဝါဒများကို ရှေ့တန်းတင်၍ ကမ္ဘာ့ဦးဆောင်မှုအစစ်အမှန်ကိုပြသရန် အခွင့်အရေးရခဲ့သည်။ သို့သော် ထိုအခွင့် အရေးကို လက်လွှတ်ခဲ့ရပြီး ယခုတစ်ကြိမ်တွင်လည်း လက်တွေ့ကျသော တိုးတက်မှုများကို မဖော်ဆောင်နိုင်ခဲ့ပေ။ ဤအချက်က BRICS အဖွဲ့သည် အကျိုးရှိမှုထက် သင်္ကေတ သက်သက်သာ ဖြစ်နေဆဲဟူသော အမြင်ကိုသာ ပိုမိုခိုင်မာစေခဲ့သည်။ အထူးသဖြင့် ထိပ်သီးအစည်းအဝေးကို မတက်ရောက်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဆုံးဖြတ်ချက်သည် အဖွဲ့၏ ယုံကြည်စိတ်ချရမှုကို သိသိသာသာ ထိခိုက်စေခဲ့သည်။ အခြားခေါင်းဆောင်များနှင့်အတူ ၎င်းမတက်ရောက်ခဲ့ခြင်းသည် ဤအဖွဲ့ကိုယ်တိုင်ဦးဆောင်သည်ဟု ကြွေးကြော်ထားသော နိုင်ငံတကာအစီအစဉ်များအပေါ် အဖွဲ့၏ ကတိကဝတ်များနှင့် ထိုနိုင်ငံတကာအစီအစဉ်များကို ပုံဖော်ရာတွင် BRICS အဖွဲ့၏ အထင်ရှားဆုံး နိုင်ငံတကာပလက်ဖောင်းအဖြစ် ယုံကြည်စိတ်ချရမှုတို့နှင့်ပတ်သက်၍ လေးနက်သောမေးခွန်းများကို ဆက်လက်ပေါ်ပေါက်နေစေမည် ဖြစ်ပေသည်။
https://www.atlanticcouncil.org/blogs/econographics/building-brics-2/
Atlantic Council တွင် စာရေးသူ Bart Piasecki ရေးသားထားသည့် “Building BRICS” ဆောင်းပါးကို ဦးရဲကျော်တေဇ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂ က ဆီလျော်အောင် ပြန်ဆိုထားပါသည်။

လက်ရှိကာလတွင်နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူထားရသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဂ္ဂဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။ အဂ္ဂဗျူဟာမှာ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်နှင့်နိုင်ငံရေးရည်မှန်းချက်(၂)ရပ်တို့ဖြစ်သည်။ မဟာဗျူဟာမှာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြစ်ပြီး နည်းဗျူဟာမှာ ဦးတည်ချက်(၉)ရပ်ဖြစ်သည်။ ဗျူဟာ ၃ ခုစလုံးတွင် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များပါရှိသည်။
လက်ရှိကာလတွင်နိုင်ငံတော်၏အခြေအနေအရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန်ယူထားရသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အဂ္ဂဗျူဟာ၊ မဟာဗျူဟာ၊ နည်းဗျူဟာများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိသည်။ အဂ္ဂဗျူဟာမှာ အမျိုးသားရေးရည်မှန်းချက်(၂)ရပ်နှင့်နိုင်ငံရေးရည်မှန်းချက်(၂)ရပ်တို့ဖြစ်သည်။ မဟာဗျူဟာမှာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ဖြစ်ပြီး နည်းဗျူဟာမှာ ဦးတည်ချက်(၉)ရပ်ဖြစ်သည်။ ဗျူဟာ ၃ ခုစလုံးတွင် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့်အချက်များပါရှိသည်။ နိုင်ငံတိုင်းအတွက်၊ လူသားတိုင်းအတွက် အလွန်အရေးပါသောအရာများတွင် စီးပွားရေးပါဝင်သည်။ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံတစ်နိုင်ငံအနေဖြင့်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သကဲ့သို့ လူတစ်ဦးချင်းအနေဖြင့် လူရိုသေရှင်ရိုသေနေထိုင်နိုင်ပြီး နိုင်ငံသည်လည်း ဝပြောသာယာကာအလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါကြွယ်လာမည်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ နိုင်ငံသားတိုင်း၏ တစ်ဦးချင်းဝင်ငွေတိုးတက်စေပြီး အလုပ်လက်မဲ့နှုန်းကျဆင်းလာမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင်စီးပွားရေးမောင်းနှင်အားကောင်းမွန်ဖို့ရာအဓိကဖြစ်သည်။ စီးပွားရေးမောင်းနှင်အားကောင်းမွန်လာပါကနိုင်ငံရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားလည်းကောင်းမွန်လာမည်ဖြစ်သည်။
သို့အတွက်ကြောင့် နိုင်ငံတော်အကြီးအကဲသည် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသော ကုန်ထုတ်လုပ်ငန်းများမြှင့်တင်နိုင်ကာ ပြည်သူတစ်ရပ်လုံး၏လူမှုစီးပွားဘဝမြင့်မားစေရေး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်ကွက်ပြည့်နင်းကာ ဒေသအလိုက် မြေပြင်အခြေအနေများကို ကွင်းဆင်းကြည့်ရှုခြင်း၊ လိုအပ်သည်များလမ်းညွှန်မှာကြားခြင်း၊ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့တွင် မိတ္ထီလာခရိုင်သို့ ရောက်ရှိခဲ့သည်။
မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် MSME လုပ်ငန်းရှင်များအားတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြားစဉ် “မိတ္ထီလာဒေသသည် မြန်မာနိုင်ငံ၏အလယ်လမ်းဆုံကျသည့်ဒေသဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ နိုင်ငံအတွင်းနေရာဒေသအနှံ့အပြားသို့တင်ပို့နိုင်သည့်အခြေအနေကို ပိုင်ဆိုင်ထားရှိသဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ ဒေသတွင်းဖူလုံမှုကို ဦးစွာဆောင်ရွက်ပြီး ပိုလျှံသည်များကို ပြင်ပသို့ဆက်လက်တင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်သွားမည်ဆိုပါက ဒေသတွင်းထွက်ရှိသည့်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ MSME ထုတ်ကုန်များသည် ပြည်တွင်းဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့လည်းတင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲက မိတ္ထီလာခရိုင်နှင့်ပတ်သက်သော စိုက်ပျိုးရေးဆိုင်ရာတွက်ချက်မှုများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပန်းတိုင်သီးနှံများစိုက်ပျိုးမှုအနေဖြင့် ပန်းတိုင်ရည်မှန်းချက်မပြည့်မီခဲ့ကြောင်းကို မိတ္ထီလာခရိုင်၏ ပန်းတိုင်သီးနှံ(၁၀)မျိုးဖြစ်သော စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ချည်မျှင်ရှည်ဝါ၊ အစေ့ထုတ်ပြောင်း၊ မတ်ပဲ၊ ကြံသီးနှံထဲမှအချို့သီးနှံများကို ဥပမာပေးပြီးပြောကြားခဲ့ပါသေးသည်။ မိတ္ထီလာမြို့နယ်အတွက် ပန်းတိုင်သီးနှံများထဲမှ တစ်ခုဖြစ်သော မိုးစပါးပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကလျှင် တင်း ၁၀၀ သတ်မှတ်ထားသော်လည်း အမှန်တကယ်ထွက်ရှိမှုမှာ ပျမ်းမျှတစ်ဧကလျှင် ၆၂ ဒသမ ၆၅ တင်းသာဖြစ်၍ ၃၇ ဒသမ ၃၅ တင်းလျော့နည်းခဲ့ကြောင်း၊ တစ်တင်းလျှင်ကာလပေါက်ဈေးငွေကျပ် ၂၂၀၀၀ ဖြင့်တွက်ကြည့်မည်ဆိုလျှင်၁၀ ဒသမ ၃၆၉ ဘီလီယံခန့် ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ပြီးမိတ္ထီလာခရိုင်တစ်ခုလုံးအနေဖြင့်ဆိုလျှင် ၇၉ ဒသမ ၇၉၁ ဘီလီယံဝင်ငွေလျော့နည်းခဲ့ကြောင်း၊ ပန်းတိုင်ရည်မှန်းချက်မပြည့်မီသဖြင့် နွေစပါးထွက်ရှိမှုတွင် ၄ ဒသမ ၆ ဘီလီယံ၊ မြေပဲထွက်ရှိမှုတွင် ၄၆ ဒသမ ၈၉၅ ဘီလီယံ၊ နှမ်းထွက်ရှိမှုတွင် ၅၈၀ ဒသမ ၄၈ ဘီလီယံလျော့နည်းခဲ့ပြီးနေကြာ၊ ပဲတီစိမ်း စသည့်သီးနှံများအပါအဝင် မိတ္ထီလာခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းတွင် ၉၈၀ ဘီလီယံ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။
ဘီလီယံဆိုသည်မှာ လူတိုင်းမြင်လွယ်အောင်ပြောရမည်ဆိုလျှင် ၁ နောက်တွင် သုည ၉ လုံးပါသော တန်ဖိုးတစ်ခုဖြစ်သည်။ ၁ ဘီလီယံသည် သိန်းပေါင်း ၁၀၀၀၀ နှင့်ညီမျှသည်။ ဘီလီယံ ၉၈၀ ဆိုလျှင်သိန်းပေါင်းဘယ်လောက်ရှိကြောင်းတွေးဆကြည့်၍ ရလောက်ပြီထင်သည်။ ထိုမျှများလှသော ငွေကြေးများသည် မိတ္ထီလာခရိုင်တစ်ခုတည်းတွင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီ၍ ဆုံးရှုံးရသော တိုင်းပြည်၏ဘဏ္ဍာငွေဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးခရိုင်ပေါင်း ၁၂၀ ကျော်ရှိသည့်အတွက်ပန်းတိုင်ရည်မှန်းချက်မပြည့်မီလျှင်ဆုံးရှုံးလျော့နည်းရမည့်ပမာဏမှာထို့ထက်ပို၍များပေတော့မည်။ထိုဆုံးရှုံးမှုများသည် ဒေသတစ်ခု၊ ခရိုင်တစ်ခု၏ဆုံးရှုံးမှုတင်မဟုတ်ဘဲ တိုင်းပြည်ဝင်ငွေ ဘီလီယံပေါင်းများစွာဆုံးရှုံးနစ်နာရခြင်းဖြစ်သည်။ ပို၍အသေးစိတ်တွေးလျှင်တိုင်းပြည်ဝင်ငွေတင်မဟုတ်ဒေသအလိုက်နေထိုင်သော ပြည်သူတို့၏စားရေးအတွက် စားရေရိက္ခာဖူလုံမှုကိုပါ ထိခိုက်စေခြင်းဖြစ်သည်။
ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူများနှင့်ဒေသတွင်နေထိုင်သူများ၏ ကြိုးပမ်းဆောင်ရွက်မှုအပေါ်တွင်အဓိကမူတည်သည်။“ငါတို့ဒေသငါတို့တိုးတက်အောင်လုပ်ဆောင်ကြမယ်”ဆိုသောစိတ်ဖြင့်တက်ညီလက်ညီဆောင်ရွက်ကြမည်ဆိုပါက အောင်မြင်မှုအသီးအပွင့်များကို ပျော်ရွှင်စွာခံစားကြရပေမည်။ မိတ္ထီလာဒေသတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်လုပ်ဆောင်ခြင်းဖြင့် ဒေသပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သလို နိုင်ငံ့စီးပွားရေးလည်း တိုးတက်လာမည်ဖြစ်သည်။
အထက်တွင် တင်ပြခဲ့သည့်အတိုင်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီ၍ ၉၈၀ ဘီလီယံခန့် ဆုံးရှုံးမှုမျိုးမဖြစ်ပေါ်စေရေးနည်းလမ်းရှာဖွေကြမည်ဆိုလျှင် သီးနှံများထပ်မံစိုက်ပျိုးရန်အတွက် မြေဧကချဲ့မည်တွေးသော်မှားပေလိမ့်မည်။ တကယ့်လက်တွေ့ကျကျဖြေရှင်းနည်းမှာ ရှိရင်းစွဲစိုက်မြေဧကများပေါ်တွင် စိုက်ပျိုးရေးလုပ်ငန်းများအောင်မြင်မှုရှိစေရေးအတွက် စိုက်ပျိုးသည့်မျိုးများကောင်းမွန်ရမည်။
မျိုးကောင်းမျိုးသန့်ရရှိရေးအတွက် သုတေသနပြုလုပ်စိုက်ပျိုးရမည်။ မြေပြုပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုက်ဆန်လျှော်များ စိုက်ပျိုးဆောင်ရွက်နိုင်သည်။မွေးမြူရေးလုပ်ငန်းများမှထွက်ရှိသည့်စွန့်ပစ်ပစ္စည်းများဖြင့် ဇီဝမြေဩဇာများကိုအသုံးပြုရမည်။ အလားတူ ရေလုံလောက်စွာရရှိရေးရှိပြီးဖြစ်သည့်ရေအရင်းအမြစ်များကိုအသုံးချ၍ ဆောင်ရွက်ရမည်။ မြေအောက်ရေနှင့်မိုးရေများနှင့် မြစ်ရေတင်စီမံကိန်းများမှရေများကို အသုံးချဆောင်ရွက်ကြရမည်ဖြစ်သည်။
စိုက်ပျိုးရေးတွင် သွင်းအားစုများကောင်းမွန်သော်လည်း စိုက်ပျိုးမှုတွင်နည်းစနစ်မကျပါက အောင်မြင်မှုရရှိမည်မဟုတ်သည်ကိုသတိပြုရပေမည်။
သတ်မှတ်ထားသည့် ကောက်ကွက်များအတိုင်း ပြည့်မီအောင် စိုက်ပျိုးဆောင်ရွက်ရန်နှင့် စိုက်ပျိုးသည့်အပင်များအားလုံးရှင်သန်ဖြစ်ထွန်းမှုရှိစေရန် ဆောင်ရွက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်သော် ရှိရင်းစွဲစိုက်မြေဧကပေါ်တွင် မျိုး၊ မြေ၊ ရေ၊ နည်းတို့ကို အခြေခံပေါင်းစပ်ပြီး တစ်ဧကပန်းတိုင်ရည်မှန်းချက်များအတိုင်း အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးခြင်းကသာ မှန်ကန်သည့်နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ ပန်းတိုင်ရည်မှန်းချက်ပြည့်မီသော် တိုင်းပြည်အတွက် ဝင်ငွေဆုံးရှုံးရခြင်းလည်း ရှိနိုင်တော့မည်မဟုတ်ပေ။
မြန်မာနိုင်ငံသည်ရေခံ၊ မြေခံကောင်းမွန်သည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံရှိ ဒေသအသီးသီးမှာ စိုက်ပျိုး မွေးမြူရေးကို လုပ်ဆောင်နိုင်သည့် ဒေသများသာဖြစ်သည်။ အထူးသဖြင့်မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ များသည်လည်း စိုက်ပျိုးမွေးမြူရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်သည့်ဒေသဖြစ်သည်။ ထိုဒေသတွင် မိတ္ထီလာသည်လည်းတစ်ခုပါဝင်သည်။ မိတ္ထီလာသည်ပထဝီဗဟိုချက်၊ စီးပွားရေးဗဟိုချက်၊ လမ်းပန်း ဆက်သွယ်ရေးဆုံမှတ် သုံးခုစလုံး၏အကျိုးကျေးဇူးကို ခံစားရသော မြန်မာနိုင်ငံ၏ အချက်အချာကျမြို့ ဖြစ်သည်။ မြန်မာနိုင်ငံအထက်၊ အောက်၊ အရှေ့၊ အနောက် စသည့်မည်သည့်နေရာမဆို လက်လှမ်း မီသည့်ဒေသဖြစ်သည်။
မိတ္ထီလာမြို့နှင့်ပတ်သက်လာလျှင်နိုင်ငံကိုအုပ်ချုပ်ခဲ့သော ရှေးမြန်မာဘုရင်ဆက်ဆက်တို့ စိတ်ဝင် စားရာနေရာဒေသဖြစ်ခဲ့သည်။ စိတ်ဝင်စားသည့်အကြောင်းအချက်များ တွင် အဓိကအားဖြင့် နိုင်ငံ စီးပွားရေးအတွက် အချက်အချာဖြစ်နေခြင်းသည်လည်း အကြောင်းတစ်ခုဖြစ်သည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည်လည်း ရှေးကမင်းကောင်းမင်းမြတ်တို့၏ အစဉ်အလာနှင့်အညီ မိတ္ထီလာမြို့ဖွံ့ဖြိုးတိုးတက်ရေး၊ သာယာလှပ ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအောင်မြင်ရေးတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို စီမံဆောင်ရွက်ပေးလျက်ရှိသည်။
လေ့လာကြည့်လျှင် မိတ္ထီလာမြို့သည် နိုင်ငံတော်အတွက် “စား၊ ဝတ်၊ နေ”ရေး၊ ပညာရေးတို့ကို ဖန်တီး တည်ဆောက်ပေးနေသောမြို့ဖြစ်သည်။စားရေးအတွက် စိုက်ပျိုးမွေးမြူရေး၊ ဝတ်ရေးအတွက် ချည်မျှင် နှင့်အထည်စက်ရုံများ၊ နေရေးအတွက် သဘာဝသစ်တောများ၊ ပညာရေးအတွက် အဆင့်မြင့်တက္ကသိုလ် များရှိနေသည်။ လူသားတို့အတွက် စားဝတ်နေရေး၊ ပညာရေးဆိုင်ရာမရှိမဖြစ်လိုအပ်သည့်အရာများကို မိတ္ထီလာမြို့တွင် စီမံတည်ဆောက်ပေးထားသည်။
မိတ္ထီလာမြို့၏ ပထဝီဆိုင်ရာအချက်အလက်များကို လေ့လာကြည့်ပါက မြောက်ဘက်တွင် မြင်းခြံခရိုင် တောင်သာမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ် ရွာငံမြို့နယ်၊ တောင်ဘက် တွင် ရမည်းသင်းခရိုင်ပျော်ဘွယ်မြို့နယ်၊ အနောက်ဘက်တွင် မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့နယ်နှင့် ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တို့ တည်ရှိသည်။ မိတ္ထီလာခရိုင်သည် ဧရိယာအကျယ်အဝန်းအားဖြင့် ၂၂၃၅ ဒသမ၂၅ စတုရန်းမိုင်ရှိသည်။ အရှေ့-အနောက်အကွာအဝေး ၇၂ မိုင်၊ တောင်-မြောက်အကွာအဝေး ၆၂ မိုင်ရှိသည်။ မြေမျက်နှာသွင်ပြင်အနေဖြင့် ပင်လယ်ရေ မျက်နှာ ပြင်အထက် အမြင့်ပေ ၄၆၀ မှ ပေ ၉၀၀ အတွင်းရှိသည်။ မြေပြန့်လွင်ပြင်အချို့နှင့် အရှေ့ပိုင်း ရှမ်းကုန်း ပြင်မြင့်နှင့်ဆက်စပ်သောဒေသများတွင် တောင်ကုန်း၊ တောင်တန်းများပေါများပြီး အလယ်ပိုင်းတွင် မယ်ညိုတောင်တန်းနိမ့်များတည်ရှိသည်။ ရာသီဥတုအနေဖြင့် ပူပြင်းခြောက်သွေ့ပြီး ပျမ်းမျှအမြင့် ဆုံး အပူချိန် ၄၃ ဒသမ ၃ ဒီဂရီစင်တီဂရိတ်၊ ပျမ်းမျှအနိမ့်ဆုံးအပူချိန် ၁၁ ဒသမ ၁ ဒီဂရီစင်တီဂရိတ်ဖြစ်သည်။ လူဦးရေအားဖြင့် ၈၁၄၆၂၀ ဦးရှိသော မြို့လေးဖြစ်သည်။
မိတ္ထီလာဒေသတွင် စီးပွားရေးနှင့်ပတ်သက်၍ ကြီးမားသည့် စက်ရုံ၊ အလုပ်ရုံများမရှိသော်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံ၏အဓိကစီးပွားရေးမှာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြစ်ပြီး စီးပွားရေးအားကောင်းစေရန် အတွက် ဒေသတွင်းဝင်ငွေရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ လုပ်ငန်းမှန်သမျှတိုးတက် အောင်မြင်ရေးအတွက် တူညီသောလုပ်ဆောင်ချက်မှာ သုတေသနလုပ်ငန်းဖြစ်သည်။
လုပ်ငန်းတိုင်း၊ လုပ်ငန်းတိုင်းအတွက် သုတေသနလုပ်ငန်းသည်လည်း အရေးပါလှသည်။ မိမိတို့ ဆောင်ရွက်မည့်လုပ်ငန်းနှင့်ပတ်သက်ပြီး ခြေခြေမြစ်မြစ်သိရှိစေဖို့ရာ စူးစမ်းရှာဖွေကြရမည်ဖြစ် သည်။
လုပ်ငန်းနှင့်သက်ဆိုင်သော ကိစ္စတိုင်းသိသည်များလည်းရှိမည်။ မသိသေးတာလည်းရှိမည်။ သုတေသန လုပ်ငန်းများ ကိုဆောင်ရွက်ခြင်းသည် လုပ်ငန်းတိုင်းအတွက် နည်းမှန်လမ်းမှန်စနစ်တကျနှင့် လေ့လာ ဆန်းစစ်ပေးသည့်လုပ်ငန်းဖြစ်သည့်အတွက်နည်းပညာဆိုင်ရာအသစ်အဆန်းများကို ရှာဖွေတွေ့ ရှိခြင်း၊ ဆောင်ရွက်ကြမည့်နယ်ပယ်အလိုက် ပညာရပ်ဆိုင်ရာတိုးတက်ခြင်း၊ သုတေသန ရလဒ်များ ကြောင့် စီးပွားရေးအခွင့်အလမ်းများပွင့်လန်းခြင်း၊ အချက်အလက်ကိုအခြေခံ၍ ဆုံးဖြတ်ရသော ကိစ္စများတွင် ကောင်းမွန်မှန်ကန်သောအထောက်အကူဖြစ်စေခြင်း စသည့်အကျိုးကျေးဇူးများလည်း ရရှိစေသည်။
မိတ္ထီလာဒေသအနေဖြင့်လည်း စိုက်ပျိုးရေးနယ်ပယ်တွင် သီးနှံအထွက်နှုန်းတိုးတက်စေရေးအတွက် မိမိဒေသတွင်းရှိ စီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်နှင့်ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာ ဌာနများ၊ပညာရှင်များ၊ဒေသခံများ၊ရပ်မိရပ်ဖများ ညီညီညာညာလက်တွဲကာ သုတေသနလုပ်ငန်းများ ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ ကုန်ထုတ်လုပ်ငန်းအတွက်လိုအပ်သော စိုက်ပျိုးရေး ထွက်ကုန်များလုံလောက်စွာရရှိပြီး One Region One Product အဖြစ် မြန်မာမှသည် ကမ္ဘာအထိ ဈေးကွက်ထိုးဖောက်နိုင်မည်ဖြစ်သည်။
စာရေးသူအနေဖြင့် ဤဆောင်းပါးကိုရေးသားရာတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သောစိုက်ပျိုးမွေးမြူရေးလုပ်ငန်း များကို အမှန်တကယ်အောင်မြင်စေချင်သည့်ဆန္ဒဖြင့်ရေးသားခြင်းဖြစ်သည်။ ယခုဆောင်းပါးသည် လည်း မိတ္ထီလာဒေသတစ်ခုတည်းကိုသာ ဦးတည်ရေးသားခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံရှိအခြား ခရိုင်၊ မြို့များအနေဖြင့်လည်း စိုက်ပျိုးရေးနှင့်ပတ်သက်ပြီးမိတ္ထီလာဒေသအတွက် ဆောင်ရွက်သင့်သည့် နည်းလမ်းများကို မိမိတို့ဒေသများတွင်လည်း အတုယူကာ စိုက်ပျိုးရေးမှာ စိုက်ဧကတိုးချဲ့ခြင်းထက် မိမိခရိုင်၊ မိမိတို့ဒေသမှာ သတ်မှတ်ပေးထားသည့် ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် မျိုး၊ မြေ၊ ရေ၊ နည်းလေးချက်ညီစွာ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အတူ မိမိတို့ဒေသရှိ တက္ကသိုလ်၊ ဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာန၊ ပညာရှင်များကလည်း သုတေသနလုပ်ငန်းများ လုပ်ဆောင်ပြီး ဒေသဖွံ့ဖြိုး တိုးတက် ရေးကို ဆောင်ရွက်ကြရမည်ဖြစ်သည်။
စိုက်ပျိုးရေးလုပ်ငန်းမှန်သမျှတွင် သတ်မှတ်ထားသည့် ပန်းတိုင်ရည်မှန်းချက်များထားရှိသည်။ ထိုရည် မှန်းချက်များအတိုင်းအောင်မြင်စွာအကောင်အထည်ပေါ်လာစေချင်သည်။ သက်ဆိုင်သူ အားလုံးက မိမိနိုင်ငံကို အမှန်တကယ်တိုးတက်စေချင်သည့်စိတ်၊ မိမိလုပ်ငန်းအောင်မြင် လိုသည့်စိတ်များဖြင့် လုပ်ကိုင်ဆောင်ရွက်ကြမည်ဆိုပါက မည်သည့်လုပ်ငန်းမဆိုအောင်မြင်မည်ဟုလေးနက်စွာ ယုံကြည် သည်။
တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည်ဆိုသည့်အတိုင်းနိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန် ချက်နှင့်အညီ ကျွန်တော်တို့အားလုံးဖြစ်အောင် လုပ်ဆောင်ကြရမည်။မဖြစ်နိုင်စရာအကြောင်းမရှိဟု လည်း ထင်မြင်မိပါသည်။ ဤနေရာတွင် လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖတ်ခဲ့မိသောပီမိုးနင်း၏ “မသိသူ ကျော်သွား” စာအုပ်ပါအကြောင်းအချက်ကလေးကို ကောက်နုတ်ဖော်ပြလိုသည်။ အဆိုပါ စာအုပ်တစ်နေရာတွင် “မိုးဥတုများအတွင်း အလွန်တရာကြွယ်ဝသော ပထဝီမြေ မိခင်ကြီးသည် မိမိ၏ရင်ခွင်၌ မှီတင်းနေထိုင်ကြကုန်သော လူသတ္တဝါများအတွက် မြေဆီမြေနှစ်တို့ကို ဩဇာရသဓာတ်နှင့် ပြည့်စုံသောအပင်၊ အရွက်၊ အဥ၊ အသီးများအဖြစ်နှင့် ယူကြသုံးကြမှီဝဲကြလော့ဟု ပြောဆိုကာ ဖောဖောသီသီကြီးပေး၍ နေတတ်လေသည်။ ထိုပစ္စည်းများသည် ပေးခိုက်မှာပင်မယူလျှင် မြေဩဇာပြန်၍ဖြစ်ကြလေသည်။ အချို့သောအရပ်ဒေသများ၌ ကျေးတောသူ၊ ကျေးတောသားများသည် အများအားဖြင့် မိမိတို့စားသုံးရုံမျှသာယူကြရာ အလုပ်အကိုင်ဖြစ်လောက်အောင် ရှာဖွေခြင်းမပြုကြပေ။ လုပ်ကိုင်သူအနည်းငယ်မျှသာရှိလေရာ ကြွယ်ဝသောတောတောင် ချောင်း၊ မြောင်း၊ ကွင်းပြင်တို့သည်ကား အလုပ်ဖြစ်လောက်အောင်ငွေကြေးရလောက်အောင် လာရောက်မယူမငင်သူတို့ကို မျှော်ကာဝမ်းနည်းလျက် ငါတို့ပေးလျက်နှင့်မျှ ယူဖော်မရဟုအသက်ရှိ၍ ပြောနိုင်ကြချေက ညည်းတွားပြောဆိုကြပေလိမ့်မည်”ဟူ၍ ဖော်ပြထားသည်။ ထို့ကြောင့်အနှစ်ချုပ်ဆိုရသော် မိမိတို့ဒေသ၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝအရင်းအမြစ်များကို ပညာဉာဏ်ဖြင့် ဆင်ခြင်သုံးသပ်ကာ အားကြိုးမာန်တက် လုပ်ကိုင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း စီးပွားရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာကိုရည်ညွှန်းလျက် တိုက်တွန်းရေးသားအပ်ပါသည်။ ။

အစိုးရ၏ လှုံ့ဆော်မှုကြောင့်လည်းကောင်း၊ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ခေတ္တ ရပ်နားထားချိန် ဖြစ်သောကြောင့်လည်းကောင်း ပို့ကုန်လုပ်ငန်းရှင်များက အကောက်ခွန်နှုန်း ထားသစ် မတိုင်မီ ထုတ်ကုန်တင်ပို့မှုကို အလျင်အမြန် လုပ်ဆောင်ခဲ့ကြခြင်းကြောင့် ယခုနှစ် ပထမနှစ်ဝက်အတွင်း တိုးတက်မှုများ ရှိခဲ့ကြောင်း DW သတင်းတွင် ဖော်ပြပါရှိပါသည်။
တရုတ်၏ စီးပွားရေးသည် အမေရိကန် ပြည်ထောင်စုနှင့် တင်းမာမှုများ ရှိနေလင့်ကစား ၂၀၂၅ ခုနှစ် ဒုတိယသုံးလပတ်အတွင်း ယမန်နှစ်ကထက် ၅.၂ % တိုးတက်ခဲ့ကြောင်း အင်္ဂါနေ့ (ဇူလိုင် ၁၅) က အစိုးရ၏ ကိန်းဂဏန်းများတွင် ဖော်ပြထားပါသည်။

ပထမနှစ်ဝက်တိုးတက်မှုသည် အစိုးရ၏ အားပေးမှုနှင့် အရှိန်အဟုန် မြင့်တက်နေသည့် အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ ခေတ္တရပ်နားနေချိန်ဖြစ်၍ အကောက်အခွန်နှုန်းထား တက်ရိပ်ရှိနေသည့် အလားအလာမစတင်မီ ပို့ကုန်လုပ်ငန်းရှင်များက ကုန်စည်တင်ပို့မှုကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့ကြခြင်းကြောင့်ဖြစ်ပါသည်။
Pinpoint Asset Management မှ စီးပွားရေးပညာရှင် အကြီးအကဲဖြစ်သူ Zhiwei Zhang က “အစိုးရ၏ ရည်မှန်းချက်ဖြစ်သည့် စီးပွားရေးတိုးတက်မှုနှုန်း ၅ % ကို ဒုတိယ သုံးလပတ်အတွင်း အနည်းငယ် ကျော်လွန်ခဲ့ခြင်းမှာ ပို့ကုန်များကြိုပို့ထားနိုင်ခြင်းကြောင့်ဖြစ်ပါသည်” ဟု ပြောကြားပါသည်။
လေ့လာသုံးသပ်သူများက ယင်းသို့ တိုးတက်မှုသည် စဉ်ဆက်မပြတ် မဖြစ်နိုင်ကြောင်း သတိပေး ပြောကြားပါသည်။ စားသုံးသူ ယုံကြည်မှုအားနည်းခြင်း၊ ကုန်ဈေးနှုန်းကျဆင်းခြင်း နှင့် ပိုင်ဆိုင်မှုအကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပြီး ဝယ်လိုအားအပေါ် ဆက်လက် ဖိအား ဖြစ်နေပါသည်။
“အိမ်၊ ခြံမြေ အကျပ်အတည်းသည်လည်း ဒေသန္တရအစိုးရများ၏ ဘတ်ဂျက်အပေါ် အဓိက အလယ်အလတ်တန်းစား ပြဿနာတစ်ခုအဖြစ် ဆက်လက် တည်ရှိနေပါသည်” ဟု The Eurasia Group ၏ စီးပွားရေးပညာရှင် Dan Wang က ဆိုပါသည်။
တစ်ချိန်တည်းမှာ ရင်းနှီးမြှုပ်နှံသူများက ဇူလိုင်လအတွင်းကျင်းပမည့် ပေါ်လစ်ဗျူရို အစည်း အဝေးတွင် အားပျော့လာနေသော ဒုတိယနှစ်ဝက် ရင်းနှီးမြှုပ်နှံမှုများအပေါ် ထပ်ဆောင်း ထောက်ပံ့မှုများကို မျှော်ကိုးလျက် အရှိန်မြင့် လုပ်ဆောင်ရန် အင်အားဖြစ်စေခဲ့ခြင်း ဖြစ်ပါသည်။
စီးပွားရေးသုတေသနနှင့် အတိုင်ပင်ခံ Prognos Institute ၏ အဆိုအရ ယခုအခါ တရုတ် ကုမ္ပဏီများသည် ကမ္ဘာ့ပို့ကုန်၏ ၁၆ % ရှိရာ၊ ယင်းသည် ဂျာမနီ နိုင်ငံထက် နှစ်ဆဖြစ်ကာ၊ ကမ္ဘာ့ကုန်သွယ်မှု အခင်းအကျင်းတွင် ပြိုင်ဆိုင်မှုပြင်းထန် မြင့်မားလျက်ရှိသည်ဟု ဆိုပါသည်။
ထိုင်ဝမ်အရေး၊ နည်းပညာအသစ်အဆန်းများအရေး၊ အဓိကအားဖြင့် ကုန်သွယ်ရေးစသည့် အကျပ်အတည်း အမျိုးမျိုးအကြား ဝါရှင်တန်နှင့် ပေကျင်းကြား နှစ်နိုင်ငံ ထိပ်တိုက်ရင်ဆိုင် တင်းမာမှုများမှာလည်း တရိပ်ရိပ် မြင့်တက်လျက် ရှိနေပါသည်။
ကုန်သွယ်ရေးတင်းမာမှုမြင့်တက်နေစဉ် ဧပြီလ၌ အမေရိကန် သမ္မတက တရုတ်ကုန်စည် များကို အကောက်အခွန် ၁၄၅ % ကောက်ခံမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ သို့ရာတွင် မေလအတွင်း နှစ်ဖက် စီးပွားရေးဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး ရက် ၉၀ ကြာ အမေရိကန်၏ တရုတ်ကုန်စည်များအပေါ် အကောက်အခွန်နှုန်းထားကို ၃၀ % ထားရှိ၍ တရုတ်ကလည်း အမေရိကန်ကုန်စည်များကို ၁၂၅ % မှ ၁၀ % သို့ လျော့ချခဲ့ပါသည်။
အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုမှာ ကမ္ဘာ့ စီးပွားရေးနှင့် နိုင်ငံရေးအပေါ် ရိုက်ခတ်မှုများရှိနေ ပါသည်။ တစ်ဖန် အမေရိကန်သည် တရုတ်၏ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု မှတစ်ဆင့် အီးယူ ထုတ်ကုန်ပစ္စည်းများကိုလည်း တရုတ်ထုတ်ကုန်များအဖြစ် သတ်မှတ်နိုင်ပြီး အီးယူစီးပွားရေး လုပ်ငန်းများထံမှ အခွန်ပိုမိုတောင်းခံနိုင်သည်။
တစ်ချိန်တည်းမှာပင် တရုတ်၏ ဩဇာသက်ရောက်သော တောင်အမေရိကရှိ နိုင်ငံအချို့သို့ လည်း အမေရိကန်၏ ကုန်သွယ်ရေးကန့်သတ်မှုများကို တင်းကျပ်စွာချမှတ်ခဲ့ပါသည်။
ကိုးကား: DW
DW တွင် Saim Dušan Inayatullah ရေးသားသည့် “China's economy grows 5.2% in Q2 despite US tariffs” ဆောင်းပါးအား ဦးခိုင်ထွဋ်လှ၊ နစက-၂ က ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။