သက်လတ်ပိုင်းတွင် ကော်ဖီပုံမှန်သောက်သူ အမျိုးသမီးများ အသက်ရလာချိန်တွင် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်
News Image

နယူးယောက် ဇွန် ၄
သက်လတ်ပိုင်းတွင် ကော်ဖီကို ပုံမှန်သောက်သုံးပါက အသက်ရလာချိန်တွင် အမျိုးသမီးများ၏ ကျန်းမာရေးကိုမြှင့်တင်ပေးနိုင်ကြောင်း ဇွန် ၃ ရက်သတင်းများအရ သိရသည်။
အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ် တီအိတ်ချန် ပြည်သူ့ကျန်းမာရေးကျောင်းမှ သုတေသနပညာရှင်များသည် အမျိုးသမီးပေါင်း ၄၇၀၀၀ ကျော်တို့၏ ကျန်းမာရေး အချက်အလက်များကို လေ့လာခဲ့ကြသည်။