ထရမ့်က သံမဏိအတွက် အကောက်ခွန်ကို ၅၀% အထိ တိုးမြှင့်မည်ဟု “အဓိက ကြေညာချက်” ထုတ်ပြန်

News Image

ထရမ့်က သံမဏိအတွက် အကောက်ခွန်ကို ၅၀% အထိ တိုးမြှင့်မည်ဟု “အဓိက ကြေညာချက်” ထုတ်ပြန်

သမ္မတ ဒေါ်နယ်ထရမ့် က အမေရိကန်သို့ တင်သွင်းသည့် သံမဏိပစ္စည်းများအား လက်ရှိ အကောက်ခွန် ၂၅% မှ ၅၀% အထိ တိုးမြှင့်မည်ဟု သောကြာနေ့ (မေ ၃၁) တွင် ကြေညာခဲ့သည်။

ပဲန်ဆီလ်ဗေးနီးယားပြည်နယ်၊ ဝက်စ်မစ်ဖလင်းမြို့ရှိ US Steel စက်ရုံတွင် မိန့်ခွန်းပြောကြားစဉ် ထရမ့်က ၎င်း၏ “အဓိကကြေညာချက်” အဖြစ် အဆိုပါဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့သည်။ အမေရိကန် သံမဏိ လုပ်သား များ၏ အားပေးသံများကြားတွင် ၎င်းက “အမေရိကန် သံမဏိလုပ်ငန်း ကို ကာကွယ်ရန် အကောက်ခွန်ကို ၅၀% အထိ တိုးမည်” ဟု ပြောကြား ခဲ့သည်။

ရှေးရိုးစွဲသမား ကာရိုး နာဗရော့စ်ကီး (Karol Nawrocki) သည် ပိုလန် နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိ

News Image

ရှေးရိုးစွဲသမား ကာရိုး နာဗရော့စ်ကီး (Karol Nawrocki) သည် ပိုလန် နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိ

ဘောလုံးလောင်းကစားနှင့် ရန်ပွဲဝင်ခဲ့သည်ကို ဂုဏ်ယူစွာ ပြောဆိုလေ့ ရှိသော သမိုင်းပညာရှင်နှင့် လူကြိုက်များသော နိုင်ငံရေးသမား တစ်ဦး သည် ပိုလန်နိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် အံ့ဖွယ်အနိုင်ရရှိခဲ့ပြီး ယင်းအခြေအနေသည် ဗဟိုချုပ်ကိုင်မှုဆန့်ကျင်ရေး အာဏာရှင်စနစ်၏ အမွေအနှစ်များကို ဖြေလျှော့ရန် ဗဟိုအစိုးရ၏ ကြိုးပမ်းမှုများကို အဟန့် အတားဖြစ်စေနိုင်သည်။

ယူကရိန်းတိုက်ခိုက်မှုအပြီး ရုရှားမဟာဗျူဟာမြောက်စစ်စခန်း၏ ဂြိုလ်တုပုံရိပ်များ ထွက်ပေါ်

News Image

ယူကရိန်းတိုက်ခိုက်မှုအပြီး ရုရှားမဟာဗျူဟာမြောက်စစ်စခန်း၏ ဂြိုလ်တုပုံရိပ်များ ထွက်ပေါ်

ယူကရိန်းဒရုန်းတိုက်ခိုက်မှုအပြီး Belaya လေတပ်စခန်း၏ ဂြိုလ်တုပုံရိပ်များတွင် ရုရှား၏ နျူကလီယားဗုံး သယ်ဆောင်နိုင်သည့် ဗုံးကြဲ လေယာဉ်ကြီး အနည်းဆုံး ၄ စင်း ပျက်စီးနေသည်ကို တွေ့ရသည်။

အမေရိကန်ကုမ္ပဏီ Umbra မှ ဇွန် ၁ ရက်က ရိုက်ယူပြီး DD Geopolitics မှ ထုတ်ပြန်သည့် ဂြိုလ်တုပုံများအရ Tu-95 နျူကလီယား ဗုံးသယ် လေယာဉ် ၃ စင်း နှင့် Tu-22M3 ဗုံးကြဲလေယာဉ် ၁ စင်း ပျက်စီးနေပြီး၊ အခြား Tu-95 ၁ စင်းလည်း ပျက်စီးနေသည်ကို ဆိုက်ဘေးရီးယားဒေသ၊ Irkutsk စီရင်စုရှိ ရုရှား၏ Belaya လေတပ်စခန်းတွင် တွေ့ရသည်။

ကြက်သွန်နီ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

News Image

ကြက်သွန်နီ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

မန္တလေးတိုင်းဒေသကြီး မြင်းခြံ ခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ ကြက်သွန်နီကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီကို မြင်းခြံမြို့နယ်တွင် ဧက ၈၆၀၀၊ တောင်သာမြို့နယ် တွင် ၉၂၀၄ ဧက၊ နွားထိုးကြီး မြို့နယ်တွင် ၂၃၉၄ ဧက စုစုပေါင်း ၂၀၁၉၈ ဧက စိုက်ပျိုးခဲ့ရာ စိုက် ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။