ယူကရိန်းတပ်မတော်မှ ကြည်းတပ် ဦးစီးချုပ် ရာထူးမှ နုတ်ထွက်

News Image

ယူကရိန်းတပ်မတော်မှ ကြည်းတပ် ဦးစီးချုပ် ရာထူးမှ နုတ်ထွက်

ယူကရိန်းနိုင်ငံ၏ ကြည်းတပ် ဦးစီးချုပ် Mikhail Drapaty သည် ယူကရိန်းတပ်မတော် လေ့ကျင့်ရေးစခန်းတစ်ခုတွင် ပစ်ခတ်တိုက်ခိုက်ခံရမှုများကြောင့် ယူကရိန်းစစ်သည်များ သေဆုံးမှုအတွက် တာဝန်ယူကာ ရာထူးမှနုတ်ထွက်သွားကြောင်း သိရှိရပါသည်။

Colorado တွင် အစ္စရေးထောက်ခံသူများကို လူတစ်ဦးက Molotov Cocktails ဗုံးဖြင့် ပစ်ခတ်

News Image

Colorado တွင် အစ္စရေးထောက်ခံသူများကို လူတစ်ဦးက Molotov Cocktails ဗုံးဖြင့် ပစ်ခတ်

Colorado ပြည်နယ် Boulder မြို့တွင် တနင်္ဂနွေနေ့ (ဇွန် ၁) က Hamas အဖွဲ့၏ ထိန်းသိမ်းခံ အစ္စရေးဓားစာခံများ၏ ဓာတ်ပုံများကို ကိုင်ဆောင်ကာ ထောက်ခံဆန္ဒပြပွဲပြုလုပ်နေသည့် လူစုလူဝေးအတွင်းသို့ Molotov Cocktail မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့သူအား ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှတ်တမ်းဗီဒီယိုများတွင် အင်္ကျီမပါသည့် လူတစ်ဦးသည် Molotov Cocktail မီးလောင်ဗုံးများကိုင်ဆောင်ကာ “ပါလက်စတိုင်း လွတ်မြောက်ရေး” ဟု အော်ဟစ်နေပုံကို တွေ့ရပြီး နောက်ပိုင်းတွင် ရဲများက ဝင်ရောက် ဖမ်းဆီးခဲ့သည်ကို မြင်တွေ့ရသည်။

ရုရှားအပေါ် ယူကရိန်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ လာဗရော့ဗ်နှင့် ရူဘီယိုတို့ ဆွေးနွေး

News Image

ရုရှားအပေါ် ယူကရိန်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ လာဗရော့ဗ်နှင့် ရူဘီယိုတို့ ဆွေးနွေး

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျေ လာဗရော့ဗ်သည် တနင်္ဂနွေနေ့ (ဇွန် ၁) က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနှင့် အစ္စတန်ဘူလ်တွင် ကျင်းပမည့် မော်စကို-ကိယက်ဗ်ဆွေးနွေးပွဲနှင့် ရုရှားနယ်မြေအတွင်း ယူကရိန်းတိုက်ခိုက်မှုများအကြောင်း ဖုန်းဆက်ဆွေးနွေးခဲ့ကြသည်။

ရုရှားက Iskander ပဲ့ထိန်း ဒုံးကျည်များကို သုံး၍ ယူကရိန်း မြို့တော် ကိယက်ဗ်ကို တခြားဒေသတွေနှင့်အတူ ပစ်မှတ်ထား

News Image

ရုရှားက Iskander ပဲ့ထိန်း ဒုံးကျည်များကို သုံး၍ ယူကရိန်း မြို့တော် ကိယက်ဗ်ကို တခြားဒေသတွေနှင့်အတူ ပစ်မှတ်ထား

ရုရှားက Iskander ပဲ့ထိန်း ဒုံးကျည်များကို သုံး၍ ယူကရိန်း မြို့တော် ကိယက်ဗ်ကို တခြားဒေသတွေနှင့်အတူ ပစ်မှတ်ထားတိုက်ခိုက်ရန် စတင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

နေတိုး အဖွဲ့ဝင် နိုင်ငံများအားလုံးလည်း ယခု သတိကြီးစွာ ထားနေရပြီဖြစ်ပါသည်။ ရုရှားနိုင်ငံအနေဖြင့် ဒရုန်းထောက်ပံ့ရေးဌာနများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နိုင်ဖွယ်ရှိကြောင်း သတင်းရရှိသည်။

ကိုးကား- အင်တာနက်စာမျက်နှာ