ဂျပန်အစိုးရသိုလှောင်ထားသော အရံဆန်များ စားသုံးသူများထံ ရောက်ရှိ
News Image

ဂျပန်အစိုးရအနေဖြင့် သိုလှောင်ထားသော အရံဆန်များကို လက်လီ ရောင်းချသည့် ကုမ္ပဏီများသို့ ထုတ်ရောင်းပေးလျက်ရှိရာ ယခုအခါ ပြည်သူများအနေဖြင့် ဆန်ဆိုင်အများအပြားတွင် ဝယ်ယူနိုင်ပြီဖြစ်သည်။ ထိုသို့ သိုလှောင်ထားသော အရံဆန်များအား ကျယ်ကျယ်ပြန့်ပြန့်ထုတ်ရောင်းပေးခြင်းဖြင့် ဆန်ဈေးနှုန်းများ ကျဆင်းစေရန် အကူအညီဖြစ်စေနိုင်မည်လားဆိုသည်ကို လူအများက စိတ်ဝင်စားလျက်ရှိသည်။