ကမ္ဘာ့ရေခဲမြစ်များ၏ ၄၀% နီးပါးသည် ပျက်စီးရန် သေချာနေပြီဟု သိပ္ပံပညာရှင်များက ဆို
News Image

ကမ္ဘာ့ရေခဲမြစ်များ၏ အခြေအနေမှာ အလွန်ဆိုးရွားနေပြီး ကမ္ဘာ့ အပူချိန်များ ချက်ချင်းရပ်သွားသည့်တိုင် ၎င်းတို့၏ ထုထည်စုစုပေါင်း၏ ၄၀% နီးပါးမှာ ပျက်စီးဆုံးရှုံးရန် သေချာနေကြောင်း လေ့လာမှု အသစ် တစ်ခုက ဖော်ပြသည်။
သုတေသီများ၏ အဆိုအရ ၂၀၂၀ ပြည့်နှစ် နှင့်နှိုင်းယှဉ်လျှင် ရေခဲမြစ်များသည် နောက်ဆုံးတွင် ၎င်းတို့၏ ထုထည်၏ ၃၉% ဆုံးရှုံးမည်ဖြစ်ပြီး ယင်းအခြေအနေမှာ မည်သည့်လုပ်ဆောင်မှုကမျှ ပြန်လည်ပြင်ဆင်၍ မရတော့သည့် အလားအလာဖြစ်ကာ ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင် ၁၁၃ မီလီမီတာ တက်လာစေမည်ဟု ခန့်မှန်းထားသည်။