ကျောက်ကပ် ရောဂါရှိတယ်။ ဘာတွေရှောင်စားရမလဲ.......

Posted_Date

Image

ကျောက်ကပ် ရောဂါရှိတယ်။ ဘာတွေရှောင်စားရမလဲ.......

Body

ကျောက်ကပ် ရောဂါရှိတယ်။ ဘာတွေရှောင်စားရမလဲ……. ဆိုတာကို လေ့လာလိုက်ရအောင်နော်။

ဆီးချို၏နောက်ဆက်တွဲကြောင့်ဖြစ်ဖြစ်၊ သွေးတိုးကြောင့်ဖြစ်ဖြစ် ကျောက်ကပ် ထိခိုက်ပျက်စီးနေသည်။ ထို့အတွက် ကျောက်ကပ် ပျက်စီးနေတာကြောင့် အနေအထိုင် အစားအသောက်ဂရုစိုက်ဖို့လိုလာပါသည်။ အစားတလုတ်ကြောင့် ကျောက်ကပ်ကို မထိခိုက်စေချင်ဘူး။ သို့သော် ဘာတွေရှောင်စားရမှန်းမသိဘူးဆိုသည့် ပုဂ္ဂိုလ်များအတွက် ရေးသား ဖော်ပြလိုက်ပါသည်။

ကျောက်ကပ် ဘာတွေများလုပ်ပေးလဲ……

ကျောက်ကပ်ဆိုတာက နံရိုးများ၏အောက်ဘက်နားမှာရှိသည့် လက်သီးဆုပ်အရွယ် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းပါ။ ကျောရိုး၏ တစ်ဖက်တစ်ချက်ဆီမှာရှိကြပါသည်။ကျောက်ကပ်က ခန္ဓာကိုယ်၏ အလုပ်အများဆုံး အစိတ်အပိုင်း တစ်ခု ဆိုလည်း မမှားပါဘူး။

ကျောက်ကပ်၏ အဓိကတာဝန်က ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကိုစစ်ထုတ်ပေးတာပါ။ သွေးတွင်းက အညစ်အကြေးတွေကိုလည်း သန့်စင်ပေးပါသည်။ စစ်ထုတ်လိုက်သည့် အညစ်အကြေးတွေကို ဆီးအိမ်ထဲမှာ သိမ်းထားပြီး ဆီးအဖြစ် ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါသည်။

ထို့အပြင်ကျောက်ကပ်က ကိုယ်တွင်း pH ပမာဏကို ထိန်းညှိပေးပြီး ပိုတက်ဆီယမ်ပမာဏကိုလည်း ထိန်းညှိ ပေးပါသည်။ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပြီး သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို သွေးနီဥဆဲလ်တွေ ထုတ်လုပ်မှု ကိုလည်း ထိန်းညှိပေးပါသည်။ အရိုးများသန်မာစေပြီး ကြွက်သားများ အကောင်းဆုံး လုပ်ဆောင်မှုတွေ ရရှိ စေဖို့အတွက်လည်း ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ ဗီတာမင် D ဖြစ်ပေါ်အောင် လှုံ့ဆော်ပေးပါသည်။

ဒီလောက်တာဝန်အများကြီးကို ယူထားမှတော့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာဖို့အတွက်  ကျောက်ကပ်ကျန်းမာဖို့က မရှိမဖြစ်လိုအပ်မည်ဆိုတာ ထွေထွေထူးထူးပြောနေစရာမလိုအောင်ပါ။

ကျောက်ကပ်ပျက်စီးနေပြီလား…………

ကျောက်ကပ်ပျက်စီးနေပြီဆိုရင် ယခုလိုလက္ခဏာတွေ တွေ့ရနိုင်ပါသည်။

  • အာရုံစိုက်ရခက်နေမည်

  • ခြေကုန်လက်ပမ်းကျနေမည်

  • အကြောင်းအရင်းသေချာ မရှိဘဲ ပင်ပန်းနေမည်

  • အိပ်စက်မှုဆိုင်ရာ ပြဿနာတွေရှိမည်

  • အသားတွေ ခြောက်သွေ့ယားယံမည်

  • ဆီးခဏခဏသွားနေရမည်

  • ဆီးထဲ သွေးပါမည်

  • ဆီးထဲ အမြှုပ်တွေထမည်

  • ခြေဆစ်လက်ဆစ်တွေရောင်မည်

  • အစားစားချင်စိတ်နည်းမည်

  • ကြွက်တက်မည်

  • မျက်အိတ်တွေ မို့နေမည်။ အဆိုပါ လက္ခဏာတွေခံစားနေရပြီဆိုပါက ကျောက်ကပ် ကျန်းမာရေးအားနည်းနေပါပြီ။

ကျောက်ကပ် ရောဂါရှိတယ်။ ဘာတွေရှောင်စားရမလဲ…….

ကျောက်ကပ် ရောဂါရှိတယ်။ ဘာတွေရှောင်စားရမလဲ……. ဆိုတော့ ကျောက်ကပ်ရောဂါရှိသူတစ်ယောက်အနေဖြင့် ဒီအစားအစာတွေက မစားသင့်ပါဘူး။ အကြောင်းကတော့ ကျောက်ကပ်ပျက်စီးမှုကို ပိုဆိုးသွားစေနိုင်တာကြောင့်ပါ။

အရောင်ရင့် ကိုလာ

ကိုလာက အရောင်ရင့်လေလေ ကယ်လ်လိုရီနှင့်သကြား ပါဝင်မှုမြင့်သလို phosphorus ပါဝင်မှုလည်းများပါသည်။ တာရှည်ခံဆေးနှင့် ဆိုးဆေးများလည်း ပါဝင်နေပါသည်။ ဒါတွေက စွဲလမ်းစေနိုင်သလို ခန္ဓာကိုယ်ကလည်း phosphorus ကို စုပ်ယူနိုင်စွမ်းမြင့်တက်နေတတ်ပါသည်။ ထိုအခြေအနေက ကျောက်ကပ် နှင့် မသင့်တော်တာ ကတော့ အမှန်ပါ။ ထို့ကြောင့် ကျောက်ကပ်ရောဂါရှိနေမည်ဆိုပါက အရောင်ရင့်ရင့် ကိုလာ သောက်သုံးခြင်းကို ရှောင်စေ ချင်ပါသည်။

ထောပတ်သီး 

ထောပတ်သီးမှာ အာဟာရပါဝင်မှုမြင့်သလို နှလုံးကျန်းမာစေသည့် အဆီ၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ များစွာပါဝင်နေပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစားတစ်မျိုးဆိုသော်လည်း ကျောက်ကပ် ရောဂါရှိနေ သူတွေအတွက်တော့ မသင့်တော်ပါ။ အကြောင်းကတော့ ထောပတ်သီးက အာဟာရတန်ဖိုးမြင့်သလို ပိုတက်ဆီယမ် ပါဝင်မှုကလည်း မြင့်ပါသည်။

ဆီသွတ်အစားအစာ

ဆီသွတ်ဗူးတွေက စားရတာအဆင်ပြေပါသည်။ မြန်လည်းမြန်တယ်ဆိုပေမယ့် ဆိုဒီယမ်ပါဝင်မှုမြင့်ပါသည်။ ဆိုဒီယမ် ပါဝင်မှုမြင့်တာက ကျန်းမာရေးအတွက်မကောင်းသလို ကျောက်ကပ်ရောဂါရှိသူတွေအတွက် လုံးဝမသင့်တော်ပါဘူး။ ထို့ကြောင့် ဆီသွတ်အစားအစာတွေကို ရှောင်စေချင်ပါသည်။

ဂျုံကြမ်း ပေါင်မုန့်

ဂျုံကြမ်းပေါင်မုန့်က ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာတစ်ခုပါ။ အာဟာရပြည့်ဝသလို အမျှင်ဓာတ်ပါဝင်မှုလည်း များပါသည်။ ဂျုံကြမ်းပေါင်မုန့်က ဆိုဒီယမ် ပါဝင်မှုမြင့်သလို ပိုတက်ဆီယမ်လည်းတော်တော်လေးပါဝင်နေပါသည်။ ထို့ကြောင့် ကျောက်ကပ်ရှိသူတွေအနေဖြင့် ဂျုံကြမ်း ပေါင်မုန့်အစား၊ ပေါင်မုန့်အဖြူကိုပဲစားပေးပါ။

ဆန်လုံးညို

ဆန်လုံးညိုမှာ ဆန်ဖြူထက် ပိုတက်ဆီယမ် နှင့် phosphorus ပါဝင်မှုများသည့်အတွက် ကျောက်ကပ်ရောဂါ ရှိနေမည် ဆိုပါက ဆန်လုံးညိုမစားပါနှင့်။

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ပါဝင်မှုမြင့်တာကြောင့် ကျောက်ကပ်ရောဂါရှိသူတွေ မစားသင့်ပါဘူး။ ငှက်ပျောသီးအပြင် တရုတ်ဇီးသီး၊ နာနတ်သီးတို့ကလည်း ကျောက်ကပ်ရောဂါရှိသူတွေအတွက် မသင့်တော်ပါဘူး။

နို့ထွက်ပစ္စည်း

နို့ နှင့် နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင် နှင့် အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေတာမှန်သော်လည်း ပရိုတင်း ပါဝင်မှု များတာက ကျောက်ကပ်ရောဂါရှိနေသူတွေအတွက် တကယ်ကို မသင့်တော်ပါဘူး။

လိမ္မော်သီး

လိမ္မော်သီးက ဗီတာမင် C ကြွယ်ဝသလို ပိုတက်ဆီယမ်ပါဝင်မှုလည်း မြင့်သောကြောင့် ကျောက်ကပ်ရောဂါရှိနေပြီ ဆိုပါက လိမ္မော်သီး မစားပါနှင့်။

ပြုပြင်ထားသည့် အသားတွေ

ပြုပြင်ထားသည့် အသားတွေမှာ ဆိုဒီယမ်ပါဝင်မှုမြင့်သလို တာရှည်ခံပစ္စည်းတွေ၊ ဆိုးဆေးတွေ တော်တော်များများ ပါဝင်နေပါသည့်အတွက် ကျန်းမာသည့်သူတွေအတွက်တောင် ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ ထို့ကြောင့် ကျောက်ကပ် ရောဂါခံစားနေရပြီဆိုပါက ပြုပြင်ထားသည့် အသားတွေ မစားပါနှင့်။

ထို့အပြင်ကျောက်ကပ်ရောဂါရှိသူတွေအနေဖြင့် အာလူး၊ ကန်စွန်းဥ၊ စွန်ပလွံသီး၊ စပျစ်သီးခြောက်လိုမျိုး အသီးခြောက်၊ အချဉ်စိမ်ထားသည့်အရာတွေ၊ ဆားရည်စိမ်ထားသည့်အရာတွေ၊ ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက်တို့ကို မစားသင့်ပါ။