ဘိုကလေး မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိရာ မတ်လအတွင်းက သွေးခုံးပိဿာချိန် ၅၇၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါ တင်ပို့ရောင်းချခဲ့သည့် သွေးခုံး ၁၀ ပိဿာလျှင် ငွေကျပ် ၁၄၅၀၀၀ ထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။
“ဧပြီလအတွင်း သွေးခုံးတွေကို ရန်ကုန်ဘက်က ဝယ်ယူမှုကောင်းခဲ့ပါတယ်။ ဒေသထွက် ရေထွက်ကုန်တွေကို ရန်ကုန်ဘက်ကိုပဲ တင်ပို့ရောင်းချခဲ့တာပါ။ ပြည်တွင်းမှာကို သွေးခုံးတွေက ဝယ်ယူမှုများနေပါတယ်။ ဧပြီလတစ်လအတွင်း သွေးခုံးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ လက်ရှိမှာလဲ သွေးခုံးအပါအဝင် ဒေသထွက် ရေထွက်ကုန်ပစ္စည်းတွေကို ရန်ကုန်ဘက်က အဝယ်လိုက်နေပါတယ်” ဟု ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြသည်။
ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ သွေးခုံးများတင်ပို့ရောင်းချနိုင်သည့်အတွက် ရေလုပ်သားများ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ အဆင်ပြေလျက်ရှိကြောင်း၊ ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ သွေးခုံးများအပါအဝင် အခြားရေထွက်ကုန်နှင့် လယ်ယာထွက်ကုန်များကို တင်ပို့ရောင်းချလျက်ရှိကြောင်း ဘိုကလေးမြို့နယ်မှ ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ကြူကြူက ပြောပြ၍ သိရသည်။
ကျော်ကျော်လင်း
Source: ရတနာပုံသတင်းစာ

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ စိန်တလုံးသရက်သီးများကို တင်ပို့နိုင်ခြင်းမရှိပါက မြန်မာစိန်တလုံးဈေးကွက်ပျောက်ဆုံးနိုင်ကြောင်း မန္တလေးမြို့မှ “ခွာညို” သစ်သီးဒိုင်ဆိုင်များက ပြောကြားထားပါသည်။
မြန်မာစိန်တလုံးသရက်များသည် ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိသော်လည်း စိုက်ပျိုးမှုမှာ ပြည်တွင်းစားသုံးမှုလိုအပ်ချက်ထက် များစွာ ပိုလျှံလျက်ရှိနေသည့်အပြင် ယခုနှစ်တွင် မြန်မာနိုင်ငံ၌ စိန်တလုံး သရက် စားသုံးမှုသည် ၅၀ ရာခိုင်နှုန်းခန့် လျော့နည်းလျက်ရှိပါသည်။

လက်ရှိတွင် စိန်တလုံးသရက် အဓိက ဝယ်ယူသည့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရမည့် ကုန်သွယ်မှုလမ်းကြောင်း မရှိသည့်အပြင် အဆိုပါ သရက်သီးရာသီချိန်အတွင်း တရုတ်နိုင်ငံသို့ အချိန်မီ ပို့ဆောင်နိုင်ခြင်းမရှိပါက သရက်သီးစိုက်ပျိုးသူများ အရှုံးပေါ်မည့်အခြေအနေမှာ ပိုမိုဆိုးရွားနိုင်ပါသည်။
စိန်တလုံးသရက် စပေါ်သည့်အချိန်တွင် တရုတ်နိုင်ငံသို့ တင်ပို့ရာ၌ စိုက်ပျိုးသူများအတွက် စိုက်ပျိုးစရိတ်ပင် ပြန်လည်မရရှိကြောင်း သိရှိရပါသည်။ ပြည်တွင်း၌ စိုက်ပျိုးရေးစရိတ်များ များပြားလာခြင်းနှင့် သရက်သီး အရည်အသွေးနိမ့်ပါးခြင်းကြောင်း ဈေးကောင်းမရခြင်းကလည်း သရက်စိုက်ပျိုးသူများအတွက် အခက်အခဲဖြစ်စေလျက်ရှိပါသည်။
မြန်မာပြည်တွင် စိုက်ပျိုးသည့် သရက်သီးအမျိုးအစားပေါင်း ၂၀၀ ကျော် ရှိသည့်အနက် ပြည်ပဈေးကွက်ကြိုက် အမျိုးအစားမှာ စိန်တလုံး သရက်သီးအမျိုးအစားဖြစ်သော်လည်း ယခုအခါ သရက်သီးတင်ပို့သူများအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။
ဘာသာပြန်ဆိုသူ-ဒေါ်မေသူဌေး၊ ဦးစီးအရာရှိ၊ နစက-၃
ကိုးကား- The Global New Light of Myanmar

ရေဦး မေ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ဒီပဲယင်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နေကြာဧက ၅၀၀၀ ကျော် စိုက်ပျိုးမည်ဖြစ်ကြောင်း ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒီပဲယင်းမြို့နယ်တွင် နေကြာ ၅၁၆၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုလက်ရှိ နေကြာစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာမြေများ ထွန်ယက်လျက်ရှိကြောင်း သိရသည်။

“ဒီနှစ် ဒီပဲယင်းမြို့နယ် မိုးသီနှံစိုက်ပျိုးရာသီမှာ နေကြာ ဧက ၅၀၀၀ ကျော် စိုက်ပျိုးဖို့ လျာထားပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်ပေးသွားမယ်။ ပြည်ပကနေတင်သွင်းတဲ့ စားအုန်းဆီကို လျှော့ချနိုင်ဖို့အတွက် ဆီထွက်သီးနှံဖြစ်တဲ့နေကြာကို တိုးချဲ့စိုက်ပျိုးဖို့ ဆောင်ရွက်ပေးသွားမယ်။ ဆီထွက်သီးနှံဖြစ်တဲ့ နေကြာဟာ တစ်ဧက ဆီထွက်ရှိမှုက ကျန်တဲ့ မြေပဲ၊ နှမ်းတွေထက်များတယ်” ဟု ရေဦးခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ပြောပြသည်။
ယခုနှစ် ဒီပဲယင်းမြို့နယ်တွင် နေကြာစိုက်တောင်သူများကို မျိုးစေ့များပံ့ပိုးပေးနိုင်ရေး၊ ယူရီးယားဓာတ်မြေဩဇာများ ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးနိုင်ရေးစီမံထားခြင်း၊ ထွက်ရှိလာသော နေကြာမျိုးများကို တောင်သူမှ တောင်သူဖလှယ်သည့် နည်းစနစ်များဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နေကြာကို အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက ဒေသတွင်းဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ နေကြာကို တိုးချဲ့စိုက်ပျိုးနိုင်ရန် ဒေသမရွေးကြိုးပမ်းကြရမည်ဖြစ်ကြောင်း ခရိုင်ဦးစီးမှူး ဦးဇော်မြင့်ထွန်းက ပြောပြ၍ သိရသည်။

ကျိုက်လတ် မေ ၇
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း ငါးသလဲထိုးပိဿာချိန် အများအပြားတင်ပို့ ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြ၍ သိရသည်။
ကျိုက်လတ်မြို့နယ်မှ ရန်ကုန် ဈေးကွက်သို့ မတ်လအတွင်းက ငါးသလဲထိုး ပိဿာချိန် ၅၀၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဧပြီ ၁ ရက်မှ ၃၀ ရက်ထိ တစ်လအတွင်း ငါးသလဲထိုးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ကျိုက်လတ်မြို့နယ်ကနေ ငါးသလဲထိုးတွေကို ရန်ကုန်ဈေးကွက်နဲ့ အခြားဒေသဈေးကွက်တွေကို တင်ပို့ရောင်းချနေပါတယ်။ ဧပြီလအတွင်း ငါးသလဲထိုးပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ပါတယ်။ လက်ရှိဒေသထွက် ငါးသလဲထိုးတွေကို ရန်ကုန်ဈေးကွက်က ဝယ်ယူမှုအားကောင်းနေပါတယ်။ ဈေးကတော့ လတ်ဆတ်မှုအပေါ် မူတည်တာပေါ့။ အခုလို အရောင်းအဝယ်ကောင်းလာတာကြောင့် ကုန်သည်တွေနဲ့ ရေလုပ်သားတွေ အဆင်ပြေနေပါတယ်” ဟု ကျိုက်လတ်မြို့နယ် ငါးမျိုးစုံရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ခင်ခင်ဝင်းက ပြောပြသည်။
ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ငါးသလဲထိုးများအပါအဝင် ရေထွက်ကုန်များ တင်ပို့ရောင်းအား ကောင်းလာသည့်အတွက် ကုန်တင်ယာဉ်အငှားလိုက်လုပ်ငန်း၊ ရေလုပ်သားများ၊ ကုန်ထမ်းလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိကာ အဆင်ပြေနေကြောင်းသိရသည်။

ဟင်္သာတ ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်မှ ထွက်ရှိသည့် ဒေသထွက် စိန်တလုံးသရက်သီးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ဟင်္သာတမြို့နယ်မှ သရက်သီးရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။

ဟင်္သာတမြို့နယ်တွင် ဒေသထွက် စိန်တလုံးသရက်သီးများ ဈေးကွက်တွင် ယခုနှစ် ဧပြီလ ပထမပတ်မှစတင်ပြီး ယနေ့ထိ အရောင်းအဝယ် ပြုလုပ်လျက်ရှိပြီး တစ်ရက်လျှင် သရက်သီးအလုံးရေ ၄၅၀၀၀ မှ ၅၅၀၀၀ ထိ ဝယ်ယူမှုအားကောင်းလာပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါသရက်သီး အလုံးရေ ၁၀၀ လျှင် ငွေကျပ် ၆၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း သိရသည်။
“ဒီဘက်ကနေထွက်တဲ့ သရက်သီးတွေကို အခြားမြို့နယ်တွေက ဝယ်ယူမှုအားကောင်းနေပါတယ်။ အခုအရောင်းအဝယ်ကောင်းနေတဲ့ သရက်သီးတွေက အရည်အသွေးကောင်းပြီး လတ်ဆတ်ပါတယ်။ ဒေသထွက်ကုန်ဖြစ်တာကြောင့် ဈေးသက်သာပြီး သန့်ရှင်းလတ်ဆတ်တဲ့ စားသောက်ကုန်တွေကို စားသုံးနိုင်မှာဖြစ်ပါတယ်။ အခြားဒေသတွေက ဒီဘက်ကနေတင်ပို့တဲ့ စိန်တလုံးသရက်သီးတွေကို အဝယ်လိုက်နေပါတယ်။ အခုလို ဒေသထွက်ကုန် သရက်သီးတွေ ဝယ်ယူအားကောင်းလာတော့ သရက်စိုက်ပျိုးတဲ့ တောင်သူတွေ ပိုမို အဆင်ပြေလာပါတယ်” ဟု ဟင်္သာတမြို့နယ်မှ သရက်သီး ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။
ဟင်္သာတမြို့နယ်တွင် လက်ရှိ စိန်တလုံးသရက်သီးများအပါအဝင် ဒေသထွက်သရက်သီးများ ပေါ်နေသည့် အချိန်ဖြစ်ကြောင်း၊ အဆိုပါ ဒေသထွက်သရက်သီးများ ဝယ်ယူအားကောင်းအရောင်းသွက်လာခြင်း၊ ဒေသထွက်ကုန်များကိုသာ အရောင်းအဝယ်ပြုလုပ်ရခြင်း၊ ကုန်စည်များ သယ်ယူရသည့် ကုန်ကျစရိတ် သက်သာခြင်း၊ ကုန်ပစ္စည်းလတ်ဆတ်ခြင်းစသည့် အကျိုးကျေးဇူးရှိနေကြောင်း သိရသည်။

မြန်မာ့သရက်သီးနှင့် သရက်သီးခြောက်များကို ဝယ်ယူလိုကြောင်း ရုရှား နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များမှ ကမ်းလှမ်းမှုများ ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ရုရှားနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စိန်တလုံး သရက်သီး အပါအဝင် မြန်မာ့ဒေသထွက်သရက်သီးနှင့် သရက်သီးခြောက်များကိုယခုနှစ်မှစတင်ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားခြင်းဖြစ်သဖြင့် သရက်သီး ရောင်းဝယ်ရေးလုပ်ကိုင်နေကြသူများ၊ သရက်သီးစိုက်ပျိုးသည့် တောင်သူများနှင့် တိုက်ရိုက်ချိတ်ဆက်ဝယ်ယူနိုင်ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။
သို့ဖြစ်၍ တင်ပို့ရောင်းချလိုသည့် သရက်သီးစိုက်ပျိုးရောင်းချသူများနှင့် သရက်သီးအဓိကရောင်းချသည့် လုပ်ငန်းကုမ္ပဏီများအနေဖြင့် မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့သို့ ဆက်သွယ်၍ စုံစမ်းမေးမြန်းမှုများ လုပ်ဆောင်နိုင်ကြောင်းသိရသည်။
ကိုးကား-MHT
Photo: Tridge

ကျိုက်လတ် ဧပြီ ၂၆
ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ပြီးခဲ့သည့် မတ်လအတွင်း ငါးဖယ်ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာဇာဌေးက ပြောပြ၍ သိရသည်။

ကျိုက်လတ်မြို့နယ်မှ ရေထွက်ကုန်ရောင်းဝယ်ရေး ပွဲရုံပိုင်ရှင်များသည် ငါးဖယ်များကို စနစ်တကျထုပ်ပိုးပြီး ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချနေကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလအတွင်းက ငါးဖယ်ပိဿာချိန် ၅၀၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ် ၁ ရက်မှ ၃၁ ရက်ထိ ငါးဖယ်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့မတ်လ ပထမပတ်လောက်ကတည်းက ရန်ကုန်ဈေးကွက်ကို ငါးဖယ်တွေတင်ပို့ရောင်းချအားကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်လအတွင်း ငါးဖယ်ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ရန်ကုန်ဈေးကွက်က ဒီလထဲမှာလဲ ငါးဖယ်တွေ မှာယူမှုအားကောင်းနေပါတယ်။ အခုလို ငါးဖယ်တွေ ကုန်ချိန်များများ တင်ပို့လာရတာကြောင့် ငါးလုပ်ငန်းနဲ့ ဆက်စပ်သူတွေအကုန်လုံး အဆင်ပြေလာတာတွေ့ရပါတယ်” ဟု ကျိုက်လတ်မြို့နယ် ရေထွက်ကုန်ရောင်းရေး ပွဲရုံပိုင်ရှင် ဒေါ်ဇာဇာဌေးက ပြောပြသည်။
ကျိုက်လတ်မြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း တင်ပို့ရောင်းချခဲ့သည့်ဒေသထွက် ငါးဖယ်တစ်ပိဿာလျှင် ငွေကျပ် ၁၅၅၀၀ မှ ၂၂၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသမှ ရန်ကုန်ဈေးကွက်သို့ ရေထွက်ကုန်များ ပိုမိုတင်ပို့ရောင်းချနေရခြင်းကြောင့် ငါးမွေးမြူရေးလုပ်ငန်းရှင်များ၊ ရေထွက်ကုန် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ၊ ကုန်တင်ကုန်ချလုပ်သားများ အဆင်ပြေကြောင်း သိရသည်။

ဖျာပုံ ဧပြီ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မတ်လအတွင်း ကဏန်းပျော့ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူသူဝင်းက ပြောပြ၍ သိရသည်။
ဖျာပုံမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဖေဖော်ဝါရီလအတွင်း ကဏန်းပျော့ ပိဿာချိန် ၅၂၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မတ် ၁ ရက်မှ ၃၁ ရက်ထိ ကဏန်းပျော့ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်က အရင်ကထက် ပိုမိုဝယ်ယူခဲ့တာဖြစ်ပါတယ်။ မတ်လအတွင်း ကဏန်းပျော့ ပိဿာချိန် ၇၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ဖျာပုံမြို့နယ်ကထွက်ရှိတဲ့ ကဏန်းပျော့တွေကို ရန်ကုန်ဈေးကွက်ကို အဓိကတင်ပို့ရောင်းချနေပါတယ်” ဟု ဖျာပုံမြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေး ပွဲရုံပိုင်ရှင် ဒေါ်သူသူဝင်းက ပြောပြသည်။
ဖျာပုံမြို့နယ်မှ တင်ပို့ရောင်းချခဲ့သည့် ကဏန်းပျော့ တစ်ပိဿာလျှင် ငွေကျပ် ၁၇၅၀၀ မှ ၃၅၀၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါ ကဏန်းများ တင်ပို့ရောင်းချနေရသည့်အတွက် ရေလုပ်သားများ၊ ပွဲရုံပိုင်ရှင်များ၊ ကုန်သည်များ၊ ကုန်တင်ယာဉ် အငှားလိုက်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

လာမည့်ရာသီချိန်တွင် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ (G to G)စနစ်ဖြင့် တရားဝင်တင်ပို့နိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။
ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့ထောပတ်သီးကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကတည်းက ဆောင်ရွက်နေခြင်းဖြစ်ပြီး မဲခေါင်-လန်ချန်း အထူးရန်ပုံငွေ (၂၀၂၂) စီမံကိန်းအရ G to G စနစ်ဖြင့် တင်ပို့နိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၆ – ၂၀၂၇ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ ထောပတ်သီး တရားဝင်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သော်လည်း တရုတ်နိုင်ငံ၏ လိုအပ်ချက်အရ ထောပတ်သီးကို ယခုနှစ်နှစ်ရာသီချိန်အစ ဒီဇင်ဘာလတွင် တင်ပို့နိုင်ရန်မျှော်မှန်းထားကြောင်း သိရသည်။
ပြည်တွင်းရှိ ထောပတ်ခြံများနှင့် ထောပတ်သီးထုပ်ပိုးစက်ရုံများ၌ ပိုးမွှားကင်းရှင်းရန် ဆောင်ရွက်နေသည့်အခြေအနေများကို ယခုနှစ် အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် တရုတ်နိုင်ငံဘက်မှ လူကိုယ်တိုင် သို့မဟုတ် အွန်လိုင်းမှတစဆင့် စစ်ဆေးရန် စီစဉ်ထားကြောင်း သိရသည်။
ထိုသို့စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီး၍ အဆင်ပြေပါက နယ်စပ်လမ်းကြောင်းအပြင် တင်ပို့ရမည့် ပမာဏများပြားပါက ရန်ကုန်မြို့မှတစ်ဆင့် ပင်လယ်ရေကြောင်းမှလည်း တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
Source: Popular Myanmar

ပေါင်းတည် ဧပြီ ၂၁
ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်၌ မြေအောက်ရေ၊ ချောင်းရေတို့မှ စိုက်ပျိုးရေရယူကာ ဖူးစားပြောင်းသီးနှံ သီးထပ်စိုက်ပျိုးလျက်ရှိသည်။
တောင်သူများသည် တစ်ခင်းခုတ် တစ်ခင်းစိုက် စဉ်ဆက်မပြတ် စိုက်ပျိုးကြရာတွင် စိုက်ခင်းဟောင်းအား ပြန်လည်ထွန်ယက်ခြင်း၊ သဘာဝမြေဩဇာများ ပြန်လည်ဖြည့်တင်းပေးခြင်းများ ပြုလုပ်ပေးရကြောင်း၊ ပြောင်းပင်ရိုးများကို နွားစာအဖြစ်လည်းကောင်း၊ သဘာဝမြေဩဇာအတွက်လည်းကောင်း အသုံးပြုကြကြောင်း သိရသည်။

ဒေသခံပြောင်းစိုက်တောင်သူများသည် အများအားဖြင့် ထိုင်ဝမ်ပြောင်းမျိုးများကို စီးပွားဖြစ်စိုက်ပျိုးကြကြောင်း၊ ဆောင်းသီးနှံပြောင်းကို ဇန်နဝါရီလအထိ ဆွတ်ခူးရောင်းချခဲ့ကြပြီး ပြန်လည်စိုက်ပျိုးထားသောပြောင်းကို ဧပြီလအထိ ဆွတ်ခူးရောင်းချဆဲဖြစ်ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ ဖူးစားပြောင်းစိုက်ဧက ၁၈၃၇ ဧကရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှသိရပြီး တစ်နှစ်ပတ်လုံးစိုက်ပျိုးကာ အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြကြောင်း သိရသည်။
Source: ကြေးမုံသတင်းစာ