တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ခရီးစဉ်တွင်လိုက်ပါလာကြသည့် အဖွဲ့ဝင်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး၊ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်(UMFCCI) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ၏ ဆက်နွှယ်မှုသည် မိမိတို့သွားလိုသည့် အနာဂတ်ကိုလျှောက်လှမ်းနိုင်ရန် မဟာဗျူဟာကျသည့် မောင်းနှင်အား တစ်ရပ်ပင်ဖြစ်ကြောင်း။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ၌ မိမိအနေဖြင့် ယခုလိုပြောကြားခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံ၏ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် မကြာခင်ကာလတွင် စိန်ရတုမှတ်တိုင်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း၊ ယနေ့အချိန်တွင် တရုတ်-မြန်မာနှစ်နိုင်ငံပြည်သူများအကြား၊ စီးပွားရေး လုပ်ငန်းများအကြား၊ အစိုးရဌာနများအကြား ကောင်းမွန်သည့်ဆက်ဆံရေးများကို လက်တွေ့ဖော်ဆောင်ရင်း အပြန်အလှန်ယုံကြည်မှုများ ပိုမိုတိုးတက်ခိုင်မြဲလာသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုများဖြစ်သည့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၏ ဆက်နွှယ်မှုကလည်း မိမိတို့သွားလိုသည့် အနာဂတ်ကိုလျှောက်လှမ်းနိုင်ရန် မဟာဗျူဟာကျသည့် မောင်းနှင်အားတစ်ရပ်ကို ဖြစ်စေကြောင်း။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံတစ်ခုဖြစ်ကြောင်း၊ သဘာဝအရတည်ရှိနေသည့် တည်နေရာကြောင့် ကမ္ဘာ့လူဦးရေအများဆုံးတရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကြီးမားသည့် ဈေးကွက်နှင့် လျင်မြန်စွာတိုးတက်နေသော အာဆီယံဒေသတွင်း၏ အချက်အချာကျသည့် နေရာတွင်ရှိနေကြောင်း။
ယင်းနှင့်ဆက်စပ်ပြီး ပြောရမည်ဆိုပါက မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်း ကောင်းစွာဆောင်ရွက် နိုင်သည့် ရာသီဥတုနှင့်မြေအကျယ်အဝန်းရှိပါကြောင်း၊ အရှေ့တောင်အာရှဒေသတွင် လယ်ယာမြေ ဟက်တာ ၆၅ သန်းကျော်ရှိပြီး လယ်ယာမြေအများဆုံးပိုင်ဆိုင်သည့် နိုင်ငံဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် စိုက်ပျိုးမြေ ၏ ၂၀ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုးနိုင်ပါသေးကြောင်း၊ ယင်းသည် မြေဆီဩဇာကြွယ်ဝကောင်းမွန်ပြီး ဓာတုပစ္စည်းများသက်ရောက်မှုမရှိသေးသည့် စိုက်ပျိုးမြေနေရာများစွာ ကို ရင်းနှီးမြှုပ်နှံလိုသူများအတွက် အခွင့်အလမ်းကောင်းများပင်ဖြစ်ကြောင်း၊ အလားတူစိုက်ပျိုးရေးကိုအခြေခံသည့် မွေးမြူရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြရန် အခွင့်အလမ်းများလည်းရှိကြောင်း။
တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အဆင့်မြင့်နည်းပညာများနှင့် ဇီဝနည်းပညာသုံး စိုက်ပျိုးနည်းစနစ်ကို အောင်မြင်စွာအသုံးပြုနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုမှတစ်ဆင့် နည်းပညာလွှဲပြောင်းရယူရေး၊ ဒေသနှင့်ကိုက်ညီသည့် စိုက်ပျိုးရေးထုတ်ကုန်များ စိုက်ပျိုးထုတ်လုပ်ရေးနှင့် အစားအစာဘေးကင်းလုံခြုံမှုရှိပြီး ဂေဟစနစ်ကို ရေရှည်ထိန်းသိမ်းထားနိုင်သည့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး မိမိတို့၏မိတ်ဖက်စီးပွားရေး လုပ်ငန်းရှင်များနှင့် ယခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်သွားရန်ဖိတ်ခေါ်လိုကြောင်း။
မိမိအနေဖြင့် မြန်မာနိုင်ငံ၏ ရှိရင်းစွဲသဘာဝကပေးသည့် စိုက်ပျိုးမွေးမြူရေး အခြေခံကောင်းများကိုအသုံးချပြီး ကမ္ဘာပေါ်တွင် စားနပ်ရိက္ခာအဓိကထုတ်လုပ်နိုင်သည့် နိုင်ငံဖြစ်စေရေး ဆောင်ရွက်နေကြောင်း၊ မိမိတို့နိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းထုတ်ကုန်များ တိုးတက်မြင့်မားလာစေရန်အတွက် စိုက်ပျိုးရေးနည်းစနစ်များနှင့်အတူ အခြေခံလိုအပ်ချက်ဖြစ်သည့် ဓာတ်မြေဩဇာထုတ်လုပ်ရေး၊ သဘာဝမြေဩဇာထုတ်လုပ်ရေး၊ အပင်အားဆေးနှင့် ပိုးသတ်ဆေးလိုအပ်ချက်များလည်းရှိနေပါကြောင်း၊ ယင်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် ဆက်သွယ်ဆောင်ရွက်နေသည့် ကုမ္ပဏီအဖွဲ့အစည်းများလည်းရှိကြောင်း၊ ပိုမိုတိုးတက်လုပ်ဆောင်နိုင်ရန် မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ကူညီပေးရန်အသင့်ရှိကြောင်း၊ စက်မှုလယ်ယာကဏ္ဍကို အရှိန်အဟုန်မြှင့်တင်နိုင်မည့်ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခြွေလှေ့ခြင်း၊ သိုလှောင်ခြင်းတို့အတွက် ခေတ်မီစက်ကိရိယာများ၊ သိုလှောင်ရုံများ ရင်းနှီးမြှုပ်နှံနိုင်ရန် ဖိတ်ခေါ်လိုကြောင်း။
လက်ရှိဆောင်ရွက်နေသည့် ကြက်၊ ဝက်၊ နွားမွေးမြူရေးလုပ်ငန်းများတွင် ခေတ်မီနည်းစနစ်များဖြင့် မွေးမြူပြီး အေးခဲအသားထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အနောက်ဘက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့သည် လူဦးရေများပြားသည့်နိုင်ငံများဖြစ်ပြီး စားနပ်ရိက္ခာ ဈေးကွက်ကြီးမားလှကြောင်း၊ စိုက်ပျိုးရေးကဏ္ဍကို စက်မှုလယ်ယာအဖြစ်မြှင့်တင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများမှ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း၊ ထို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင် ဆောင်ရွက်ရာတွင် လွယ်ကူချောမွေ့စေရန် သီးခြားကူညီထောက်ပံ့မှုများ ပံ့ပိုးပေးလျက်ရှိသည်ကို အလေးထားပြောကြားလိုကြောင်း။
စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အပြင် အခြေခံစက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါနှင့် ရာဘာစိုက်ပျိုးရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်နေကြောင်း၊ ဝါမှတစ်ဆင့် ချည်မျှင်၊ ၎င်းမှ အထည်အလိပ်များ ထုတ်လုပ်နိုင်ရန်အထိ ရည်ရွယ်ချက်ထား လုပ်ဆောင်နေခြင်းဖြစ်ပြီး ဝါစိုက်ပျိုးနိုင်သည့် မြေနေရာများစွာရှိကြောင်း၊ ရာဘာစိုက်ပျိုးရေးနှင့်စပ်လျဉ်း၍ ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲပြီး အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်နေကြောင်း၊ ရာဘာကုန်ကြမ်းမှ ဖိနပ်၊ ရာဘာလက်အိတ်နှင့် တာယာအမျိုးမျိုးတို့ကို ထုတ်လုပ်နိုင်ရေး ရည်ရွယ်ထားကြောင်း၊ မိမိအနေဖြင့် သစ်အခြေခံ ပရိဘောဂလုပ်ငန်းများ၊ သစ်ပါးလွှာ၊ အထပ်သား၊ သစ်ကြိတ်သား၊ သစ်ခွဲသားထုတ်လုပ်ခြင်း လုပ်ငန်းများအပြင် အဆင့်မြင့်ချည်ထုတ်လုပ်ခြင်း၊ အဆင့်မြင့် ရာဘာထုတ်လုပ်ခြင်း၊ ရာဘာအခြေခံပရိဘောဂပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများကိုလည်း ဖွံ့ဖြိုးတိုးတက်လာအောင် အားပေးဆောင်ရွက်လျက်ရှိသည်ကို သတင်းကောင်းပါးလိုကြောင်း။
မြန်မာနိုင်ငံ၏ဒေသအများစုတွင် ဝါးနှင့်ကြိမ်တို့ ပေါက်ရောက်ကြောင်း၊ ယင်းဝါးနှင့် ကြိမ်ကုန်ကြမ်းမှ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပရိဘောဂနှင့် အသုံးအဆောင်ပစ္စည်းများထုတ်လုပ်ပြီး ပြည်တွင်းပြည်ပဈေးကွက်တွင် ယခုထက်ပိုပြီး ဖြန့်ချိနိုင်ရန် လိုအပ်နေကြောင်း၊ ထိုသို့ နိုင်ငံတော်၏ ဈေးကွက်စီးပွားရေး မူဝါဒနှင့်အညီ ဖြစ်ပေါ်လာသည့် ပုဂ္ဂလိက သစ်အခြေခံ စက်မှုလုပ်ငန်းများကို စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်နေသည့်နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဦးတည်ချက်ထား ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် အခြေခံအဆောက်အဦများ တည်ဆောက်ရာတွင် လိုအပ်သည့် ဘိလပ်မြေများကို ပြည်တွင်းတွင် လုံလောက်အောင် မထုတ်လုပ်နိုင်သေးသည့်အတွက် ဘိလပ်မြေထုတ်လုပ်ရေးကဏ္ဍကလည်း အခွင့်အလမ်းများစွာရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် ဘိလပ်မြေထုတ်လုပ်ရန် အခြေခံကုန်ကြမ်းများဖြစ်သည့် ထုံးကျောက်၊ ဂျစ်ပဆန်နှင့် ဂေါ်ဒန်ကျောက်များ ပေါကြွယ်ဝကြောင်း၊ ထို့ပြင် နေ့စဉ်မဖြစ်မနေအသုံးပြုနေရသည့် လျှပ်စစ်ဓာတ်အားအတွက်လည်း တရုတ်နိုင်ငံတွင် အောင်မြင်ပြီးဖြစ်သည့် ဆိုလာစနစ်သုံး လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများ၊ ရေအားလျှပ်စစ်လုပ်ငန်းများကို လာရောက်ရင်းနှီးလုပ်ကိုင်စေလိုကြောင်း၊ တရုတ်နိုင်ငံသည် လျှပ်စစ်ကားကဏ္ဍတွင် ကမ္ဘာ့ဦးဆောင်နေရာကိုရရှိပြီး ဖြစ်သောကြောင့် လျှပ်စစ်ကားလုပ်ငန်းကိုလည်း မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်လိုကြောင်း။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ဓာတ်မြေဩဇာထုတ်လုပ်ခြင်း၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးလျှပ်စစ်သုံးယာဉ် ထုတ်လုပ်ခြင်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း၊ သံမဏိထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်း၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ခြင်းနှင့် စားသုံးဆီထုတ်လုပ်ခြင်းစသည့် ကဏ္ဍများတွင် မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များ လာရောက်လုပ်ကိုင်ပါက ဦးစားပေးပြီး ဝန်ဆောင်မှုများ အထူးပံ့ပိုး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
မိမိတို့နိုင်ငံတွင် ၁၉၈၈ ခုနှစ် မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကဏ္ဍ ၁၂ ခုတွင် အမေရိကန်ဒေါ်လာ ၉၃ ဒသမ ၃၈ ဘီလီယံရှိခဲ့ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများကို သုံးသပ်ကြည့်သည့်အခါ စိုက်ပျိုးရေးကဏ္ဍတွင် ဝ ဒသမ ၄၈ ရာခိုင်နှုန်းနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ၁ ဒသမ ဝ၄ ရာခိုင်နှုန်းရှိသည်ကိုတွေ့ရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၈ သန်းကျော်နှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၁ဝ၅ သန်းကျော် ရင်းနှီးမြှုပ်နှံထားကြောင်း၊ လူကြီမင်းတို့အနေဖြင့် မိမိတို့ နိုင်ငံ၏စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အောင်မြင်နိုင်သည့်အခွင့်အလမ်းများကို ဖမ်းဆုပ်နိုင်ရန်အတွက် အခုထက်ပိုမိုပြီး ရင်းနှီးမြှုပ်နှံကြရန်ဖိတ်ခေါ်လိုကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ ကုန်သွယ်မှုသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သွင်းကုန်/ပို့ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၈၀၀၀ ကျော်ရှိသောကြောင့် နှစ်နိုင်ငံအကြားကုန်သွယ်မှုသည် ခိုင်မာအားကောင်းနေသည်ကို ပေါ်လွင်နေကြောင်း၊ ထို့ပြင်မြန်မာနိုင်ငံသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံများဖြစ်သည် တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြားတွင် နယ်နိမိတ်ချင်းထိစပ်ရပ်တည်နေသောကြောင့် စားနပ်ရိက္ခာ၊ အခြားကုန်ပစ္စည်းများနှင့်ပတ်သက်ပြီး အဆင့်မီတိုးမြှင့်ထုတ်လုပ်ရန် အခွင့်အလမ်းရှိသည့်နိုင်ငံဖြစ်ကြောင်း။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည်မှာ ဆန်၊ ပဲမျိုးစုံနဲ့ နှမ်း စသည့် စိုက်ပျိုးရေး ထွက်ကုန်များ၊ ကျွန်း၊ သစ်မာ ကုန်ကြမ်းများနှင့် သစ်အခြေခံအချောထည်ထုတ်ကုန်များဖြစ်ကြောင်း၊ မိမိအနေဖြင့် ယခုလို ပို့ကုန်များကို တန်ဖိုးမြင့်သစ်အခြေခံထုတ်ကုန်များ(Value-added Wood-based Products) ထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များကို ဖြန့်ဖြူးတင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့ကို ယခုထက်မက တိုးမြှင့်သွားလိုကြောင်း၊ ယင်းအတွက်လည်း မိမိတို့၏ မိတ်ဖက်စီးပွားရေးလုပ်ငန်းရှင်များအတွက် အကျိုးခံစားခွင့်များနှင့် အခွန်ကင်းလွတ်သက်သာခွင့်များကို သိသာစွာ ပံ့ပိုးပေးထားကြောင်း။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ အခြေခံအဆောက်အဦကဏ္ဍများနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် တရုတ်နိုင်ငံတို့ ဆုံရာနေရာ၌ အချက်အချာကျကျ တည်ရှိသောကြောင့် လမ်းပန်းဆက်သွယ်မှု လမ်းဆုံနေရာတွင်ရှိကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို ဖန်တီးပေးနိုင်မည့်နိုင်ငံဖြစ်ကြောင်း၊ မြန်မာ့လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် အခြေခံအဆောက်အဦကဏ္ဍသည်လည်း လူကြီးမင်းတို့အတွက် အလားအလာကောင်းများရှိသည့်အတွက် အသိပေးလိုကြောင်း။
ဒေသတွင်းဆောင်ရွက်ချက်များကို ပြောရမည်ဆိုပါက မြန်မာနိုင်ငံကဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု(RCEP) သဘောတူစာချုပ်ကို အတည်ပြုခဲ့သည့် ပထမဆုံးနိုင်ငံများထဲတွင်ပါဝင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို RCEP သဘောတူစာချုပ်တွင် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်မှစပြီး အသက်ဝင်ခဲ့ကြောင်းကို အတည်ပြုပေးခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း RCEP သဘောတူစာချုပ်အရ RCEP ဖောင်ပုံစံများနှင့် ဆက်စပ်အာမခံချက် စာရွက်စာတမ်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှစတင်ပြီး ထုတ်ပေးလျက်ရှိကြောင်း၊ လူကြီးမင်းတို့အနေဖြင့် စီးပွားရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် အခွင့်အလမ်းများရရှိခံစားနိုင်မည်ဖြစ်ကြောင်း၊ RCEP သဘောတူစာချုပ်အပြင် တရုတ်နိုင်ငံနှင့် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်၊ အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု ဒေသဆိုင်ရာသဘောတူစာချုပ်(ACFTA)နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပါ အကာအကွယ်ပေးရေးနှင့် လွယ်ကူချောမွေ့စေရေးအစီအမံများကြောင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ခိုင်ခိုင်မာမာနှင့် တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ဆက်လက်ပြီး မိမိတို့၏မိတ်ဖက် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လုပ်ငန်းလည်ပတ်လုပ်ဆောင်ရာတွင် လွယ်ကူချောမွေ့စေရန် မိမိတို့၏ဆောင်ရွက်ချက်အချို့ကို ထပ်မံမျှဝေလိုကြောင်း၊ ကုန်သွယ်မှု၊ နယ်စပ်ငွေလွှဲပြောင်းပေးချေမှုနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရာတွင် ယွမ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို အကောင်အထည်ဖော်လျက်ရှိကြောင်း၊ သို့ဖြစ်၍ ယွမ်နှင့် ရင်းနှီးမြှုပ်နှံမှုများ အပြည့်အဝပြုလုပ်နိုင်ကြောင်း။
တရုတ်နိုင်ငံက ဦးစီးဆောင်ရွက်နေသည့် ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု (Global Development Initiatives-GDI) တွင်ပါဝင်သည့် ဦးစားပေးနယ်ပယ်(၈)ခုတွင်လည်း မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် ကဏ္ဍများစွာ ပါဝင်နေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန် အခွင့်အလမ်းများပင်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများအရ တီထွင်ဆန်းသစ်မှုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုစွမ်းအားနှင့် ယှဉ်ပြိုင်နိုင်စွမ်းအားတို့ကို အဓိကမြှင့်တင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန် တက်ရောက်လာသည့် လူကြီးမင်းတို့အနေဖြင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးမှုနှင့်နည်းပညာဖြန့်ဖြူးခြင်းပိုင်းတွင် ဝင်ရောက်လက်တွဲလုပ်ကိုင်ကြရန်လည်း အလေးထားဖိတ်ခေါ်လိုကြောင်း။
မိမိတို့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့်ပတ်သက်ပြီး အနည်းငယ်ပြောကြားလိုကြောင်း၊ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်များနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုများကို မျက်ကွယ်ပြုပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် အထင်အမြင်လွဲမှားအောင် နည်းမျိုးစုံဖြင့် ပြုလုပ်ပြီး နိုင်ငံရေးအရ၊ စစ်ရေးအရ အမြတ်ထွက်အောင် ဆောင်ရွက်ခဲ့ကြောင်း၊ နယ်စပ်ဒေသများတွင် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်နေခြင်းသည် နှစ်နိုင်ငံအစိုးရများနှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးဖြစ်ထွန်းမှုမရှိဘဲ ဒေသတည်ငြိမ်ရေးအတွက် အန္တရာယ်များကြောင်း၊ လက်နက်ကိုင်သောင်းကျန်းမှု၊ တရားမဝင်လုပ်ငန်းများလုပ်ဆောင်မှုများသည် ကူးစက်တတ်သည့်သဘောရှိကြောင်း၊ ယင်းသောင်းကျန်းသူများသည် ယခင်အတိတ်ကာလကလည်း နယ်စပ်ဒေသများတွင် မူးယစ်ဆေးဝါးလုပ်ငန်းများ၊ မှောင်ခိုလုပ်ငန်းများနှင့် တရားမဝင်လုပ်ငန်းများလုပ်ဆောင်ပြီး စစ်ဘုရင်ဝါဒကို အသက်သွင်းခဲ့သည့်သူများဖြစ်ကြောင်း၊ ယခုချိန်တွင်လည်း ဒီမိုကရေစီအရေး၊ လူမျိုးစုအရေး စသည့်အရေးများကို ရုပ်ပြအဖြစ်အသုံးပြုပြီး စစ်ဘုရင်ဝါဒကို ပြန်လည်အသက်သွင်းနေသည်ကို တွေ့မြင်ရကြောင်း၊ “ကျားသေကို အသက်ပြန်မသွင်းမိကြစေဖို့" ပြောလိုကြောင်း၊ မိမိတို့နှစ်နိုင်ငံအနေဖြင့် နယ်စပ်ဒေသကုန်သွယ်ရေးသည် နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုသောကြောင့် နယ်စပ်ဒေသတည်ငြိမ်ပြီး ကုန်သွယ်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားလိုကြောင်း။
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခြင်းဖြင့် မိမိတို့နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ယခုနေရာမှမျှဝေခွင့်ရခဲ့ကြောင်း၊ ယခုအခမ်းအနားမှတစ်ဆင့် မိမိတို့နှစ်နိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲပြီး အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းဖြင့် ပြောကြားသည်။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များနှင့် လိုအပ်ချက်များအား အသီးသီးဆွေးနွေးပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် ပုဂ္ဂိုလ်များနှင့် ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်နေမှုအခြေအနေများ၊ စီမံကိန်းများဆောင်ရွက်ရာတွင် အစိမ်းရောင်ပတ်ဝန်းကျင်ကို ဖော်ဆောင်နိုင်မည့်အခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင်ကြုံတွေ့နေရသည့် အခက်အခဲများအပေါ် မြန်မာနိုင်ငံ အစိုးရမှဖြေရှင်းပေးနိုင်မည့်အခြေအနေများ၊ ကုမ္ပဏီများအလိုက်မှ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် မြန်မာနိုင်ငံမှ ချမှတ်ထားသည့် ပို့ကုန်သွင်းကုန်မူဝါဒများအားသိရှိလိုမှု၊ နှစ်နိုင်ငံစီးပွားဆက်သွယ်မှု လမ်းကြောင်းများအား ယခုထက်ပိုမိုပွင့်လန်းလာစေရေး ဆောင်ရွက်နိုင်ရန်လိုအပ်မှု၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်ယူမှုလုပ်ငန်းစဉ်အား မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုနှင့် ၎င်းစီမံကိန်းမှတဆင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့အတွက် အကျိုးကျေးဇူးများစွာကို ဖော်ဆောင်ပေးနိုင်မည့်အခြေအနေများ၊ ယခုကဲ့သို့ တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ၏ သိရှိလိုသည်များ မေးမြန်းမှုအပေါ် အချိန်ပေး၍ လက်ခံဖြေကြားဆွေးနွေးပေးသည့်အတွက် မြန်မာနိုင်ငံ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား အထူးပင်ကျေးဇူးတင်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာမေးမြန်းဆွေးနွေးကြသည်။
ဆက်လက်၍ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက အသီးသီးပြန်လည် ဆွေးနွေးပြောကြားသည်။ ထိုကဲ့သို့ တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏ မေးမြန်းဆွေးနွေးမှုများနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက်မှ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ဆွေးနွေးပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ ကံဇော်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်တို့က မြန်မာနိုင်ငံ၏ လျှပ်စစ်မီးသုံးစွဲမှု စနစ်များနှင့် လျှပ်စစ်ဓာတ်အားထုတ်ယူမှုနှင့်ပတ်သက်၍ ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ကို အသုံးပြုမှုအပေါ် နိုင်ငံတော်အနေဖြင့် အားပေးဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အား ပြည့်မီစွာထုတ်ယူသုံးစွဲနိုင်ရေးအတွက်လည်း ရေရှည်စီမံချက်များကို ချမှတ်ဆောင်ရွက်လျက်ရှိပြီး သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိမှု၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းအပါအဝင် အခြားနယ်ပယ်စုံ၌ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအား ဖိတ်ခေါ်လျက်ရှိမှုနှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများနှင့် သွင်းကုန်၊ ပို့ကုန်မူဝါဒများအား တတ်နိုင်သရွေ့ ဖြေလျော့ဆောင်ရွက်ပေးလျက်ရှိမှု၊ နိုင်ငံခြားငွေလဲလှယ်မှုများအဆင်ပြေစေရေးနှင့် ပြည်တွင်းကုန်ဈေးနှုန်းများ ထိန်းသိမ်းနိုင်ရေးတို့အတွက် ကော်မတီများဖွဲ့စည်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံခြားငွေလဲလှယ်မှုနှင့်ပတ်သက်၍ အနောက်အုပ်စု၏ ငွေကြေးပိတ်ဆို့မှုများကြောင့် ငွေကြေးလဲလှယ်မှုနှုန်းထားများ ဖောင်းပွမှုများဖြစ်ပေါ်ခဲ့မှုနှင့် နိုင်ငံတော်အစိုးရအနေဖြင့် စနစ်တကျထိန်းချုပ်ဆောင်ရွက်ခဲ့ပြီး ငွေကြေးတည်ငြိမ်မှုရှိအောင် ဆောင်ရွက်နိုင်ခဲ့မှု၊ နိုင်ငံအချင်းချင်းစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်မှုရှိစေရေးအတွက် ကျပ်-ယွမ်၊ ကျပ်-ဘတ်၊ ကျပ်-ရူပီး တို့ကဲ့သို့ တိုက်ရိုက်ငွေကြေးသုံးစွဲမှု ပုံစံများဖြင့်ပေးချေနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်မှု လုပ်ငန်းစဉ်အား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုမှုအပေါ် နိုင်ငံတော်အဆင့် စီမံကိန်းအဖြစ်သတ်မှတ်၍ လိုအပ်သည့် ကွင်းဆင်းလေ့လာခြင်းနှင့် လုပ်ငန်းစဉ်များအဆင့်ဆင့် ဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးပြောကြားကြသည်။
ဆွေးနွေးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားသည်။ တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏မေးမြန်းဆွေးနွေးမှုများနှင့် ပြည်ထောင်စုဝန်ကြီးများ၏ ပြန်လည်ဆွေးနွေးမှုအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွင် ရေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ်၊ လေအားလျှပ်စစ်ဟူ၍ရှိပြီး တရုတ်နိုင်ငံအနေဖြင့် ရေအားလျှပ်စစ်၊ နေရောင်ခြည်သုံးလျှပ်စစ် ဓာတ်အားတို့ကို အောင်မြင်စွာဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပူပြင်းသည့်ရာသီ ဥတုရှိသည့်အတွက် နေရောင်ခြည်သုံးဆိုလာ စွမ်းအင်ကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အဆိုပါရာသီဥတုပူပြင်းသည့် ဒေသများ၌ လာရောက်ရင်းနှီး မြှုပ်နှံမည်ဆိုပါက အောင်မြင်နိုင်မည်ဖြစ်ပြီး ဆောင်ရွက်မည်ဆိုပါက ဆိုလာစွမ်းအင် မှရရှိသည့် လျှပ်စစ်ဓာတ်အားဖြင် ရေရရှိအောင်ဆောင်ရွက်၍ ပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်မည်ဆိုပါကလည်း ၎င်းကြောင့် ထိခိုက်နိုင်မည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီမံကိန်းများဆောင်ရွက်မည်ဆိုပါက သဘာဝပတ်ဝန်းကျင်စိမ်းလန်း စိုပြေရေးလုပ်ငန်းများကိုလည်း မဖြစ်မနေ ထည့်သွင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများကို ဝမ်းမြောက်စွာကြိုဆိုပါကြောင်း။ ငွေကြေးဖောင်းပွမှုများနှင့်ပတ်သက်၍လည်း တိုက်ရိုက်ငွေပေးချေမှုနည်းလမ်း ဖြင့်အဖြေရှာဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံကြသူများ၊ ကုန်သွယ်မှုဆောင်ရွက်သူများအတွက် နစ်နာမှုများမရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ၌ အခက်အခဲများ ကြုံတွေ့ခဲ့ပါကလည်း တင်ပြဆောင်ရွက်သွားနိုင်ပြီး နိုင်ငံတော်အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံလိုမှုနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အောင်မြင်စွာဆောင်ရွက်နိုင်မည့် အခြေအနေရှိပြီး နိုင်ငံတော်မှသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လျှောက်ထားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှလည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လာရောက်ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ကုန်ချောအဆင့်ထိ ထုတ်လုပ်ဆောင်ရွက်ခြင်းကို မိမိတို့အနေဖြင့် ပိုမိုအားပေးဆောင်ရွက်လိုပါကြောင်း၊ နယ်စပ်ဒေသကုန်သွယ်မှုလုပ်ငန်းများ မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိနိုင်ရေးအတွက်လည်း အားလုံးကဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးစေလိုကြောင်း။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံဖြစ်သဖြင့် ကျောက်မီးသွေးမှ ဓာတ်မြေဩဇာထုတ်လုပ်သည့်စီမံကိန်းအောင်မြင်စွာဖြစ်မြောက်စေရေး မိမိအနေဖြင့် အားပေးပါကြောင်း၊ လိုအပ်သည့်လုပ်ငန်းစဉ်များအဆင့်အလိုက် ဆက်လက်တိုးတက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သံမဏိထုတ်လုပ်ရေးစီမံကိန်းများ လာရောက်ရင်းနှီးမြှုပ်နှံလိုမှုနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် ကြိုဆိုပါကြောင်းနှင့် လိုအပ်သည့်ဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားနိုင်ပါကြောင်းဖြင့် ဖြည့်စွက်ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အနေဖြင့် ဆွေးနွေးပြောကြားရာ၌ ယခုကဲ့သို့ ရင်းရင်းနှီးနှီး ဆွေးနွေးပြောကြားရသည့်အတွက် မိမိအနေဖြင့် ဝမ်းမြောက်မိပါကြောင်းနှင့် မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများအတွက် ယုံယုံကြည်ကြည်ဖြင့် လာရောက်ရင်းနှီးမြှုပ်နှံဆောင်ရွက်နိုင်ပါကြောင်းဖြင့် ပြောကြားသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် တရုတ်-မြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြပြီး မြန်မာနိုင်ငံကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်အသင်းချုပ်(UMFCCI)မှ တည်ခင်းဧည့်ခံသည့် နေ့လယ်စာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm
တရုတ်-မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နိုဝင်ဘာလ ၅ ရက်နေ့ နေ့လယ်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၊ HUALUXE Kunming Hotel ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး များနှင့် သံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးနှင့်အဖွဲ့ဝင်များအား မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်ဇနီးတို့က ကြိုဆိုနှုတ်ဆက်သည်။
ယင်းနောက် အခမ်းအနားကိုစတင်ကျင်းပရာ အိန္ဒိယနည်းပညာနှင့်စီးပွားရေး (India Technical and Economic Cooperation) ITEC ဆိုင်ရာ Video Clip ကို ဖွင့်လှစ်ပြသသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယနိုင်ငံသံအမတ်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် အိန္ဒိယနည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ဦးစွာရှင်းလင်းပြောကြားပြီး ယခုကျင်းပ သည့် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်း အမှတ်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့ ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပေးခြင်းသည် မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှုတို့တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီး ကြောင်းကို ဖော်ပြခြင်းပင်ဖြစ်ပါကြောင်း၊ မကြာမီက မြန်မာနိုင်ငံတွင် သီတင်းကျွတ်ပွဲတော်ကို ကျင်းပခဲ့ပြီး လာမည့်ရက်သတ္တပတ်အတွင်း၌လည်း မိမိတို့အိန္ဒိယနိုင်ငံ၌ ဒီဝါလီပွဲတော်ကို ကျင်းပမည် ဖြစ်ကြောင်း၊ ထိုပွဲတော်နှစ်ရပ်လုံးမှာ မီးထွန်းပွဲတော်များဖြစ်ပြီး တစ်ခုနှင့်တစ်ခု ရောင်ပြန်ဟပ်သကဲ့သို့ အိန္ဒိယနှင့်မြန်မာလူမျိုးများ အတူတကွပေါင်းစည်းထားသည့် ဆွေမျိုးရင်းချာပမာ ရင်းနှီးသော ဆက်ဆံရေး၏ ရောင်ပြန်ဟပ်မှုတစ်ခုပင်ဖြစ်ကြောင်း၊ ထို့ကြောင့် မီးထွန်းပွဲတော်များ၏ ဖြစ်တည်မှု စိတ်ဓာတ်ဖြင့် သမိုင်းဝင်ပြီး အားရဖွယ်ကောင်းသည့် ယခုအခမ်းအနားသည် မိမိတို့၏ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို ပိုမိုခိုင်မြဲစေကာ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပိုမိုနီးကပ်သည့် ပူးပေါင်း ဆောင်ရွက်မှုလမ်းကြောင်းကို ဆက်လက်ထွန်းလင်းပါစေကြောင်း၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရင်းနှီးမှု အဓွန့်ရှည်ပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ်ကျင်းပသည့် ယနေ့အခမ်းအနားတွင် မိမိအနေဖြင့် အထူးဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကားပြောကြားရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ အိန္ဒိယနည်းပညာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် အိန္ဒိယနိုင်ငံ၏ အသိပညာမျှဝေမှု၊ မိတ်ဖက်ထူထောင်မှု၊ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးပိုမိုရရှိရန်အတွက် လူစွမ်းအားအရင်းအမြစ် ပျိုးထောင်မှုမှတစ်ဆင့် ဆောင်ရွက်မှု တို့အပေါ် ထားရှိသည့်သန္နိဋ္ဌာန်ကိုညွှန်ပြသည့်အမှတ်တံဆိပ်တစ်ခုအဖြစ် ကာလရှည်ကြာစွာ ရပ်တည် ဆောင်ရွက်နေသည့် အစီအစဉ်ကောင်းတစ်ခုဖြစ်သည်ကို ပြောကြားလိုကြောင်း။
မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံ သံတမန်ဆက်ဆံရေးသည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းကြောင်းတစ်လျှောက် နှစ်နိုင်ငံအကြား အလွန်ထူးခြားသည့်ဆက်ဆံရေးနှင့် နီးကပ်သည့်ပူးပေါင်းဆောင်ရွက်မှုများကို လွတ်လပ်ရေးရရှိသည့် အချိန်မှစပြီး ထူထောင်ထားရှိနိုင်ခဲ့သည်ကို အားရဝမ်းမြောက်ဖွယ်တွေ့ရှိရမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် နယ်နိမိတ်ချင်း ရှည်လျားစွာထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယအရှေ့မြောက်ဘက်တွင် ကုန်းတွင်းနယ်နိမိတ် ထိစပ်နေ သကဲ့သို့ ဘင်္ဂလားပင်လယ်အော်တွင် ရေနယ်နိမိတ်ပါထိစပ်နေသည့် နိုင်ငံဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၏ “အိမ်နီးချင်း ဦးစားပေးဝါဒ (Neighbourhood First Policy)” နှင့် “(Act East Policy)" တို့၏ ဆုံမှတ်တွင်တည်ရှိနေသည့် တစ်ခုတည်းသောနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ သံခင်းတမန်ခင်းတွင် အင်ဒို-ပစိဖိတ်ဒေသတွင်း အဓိကကျသည့် အခန်းကဏ္ဍက ပါဝင်နေကြောင်း၊ ပထဝီဝင်အနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှဒေသတို့အကြား အချက်အခြာကျသည့်နေရာတွင်တည်ရှိနေပြီး တောင်အာရှနှင့်အရှေ့တောင်အာရှကို ဆက်သွယ်ပေးခြင်း ကြောင့် အိန္ဒိယနိုင်ငံအတွက် အရေးပါသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း။
အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် စတင်ထူထောင်မှု၏ နှစ် (၆၀) ပြည့် အခါသမယ အထိမ်းအမှတ်အခမ်းအနားကျင်းပခြင်းနှင့်အတူ မိမိအနေဖြင့် အစီအစဉ်နှင့်ပတ်သက်သည့် အချက်အချို့ကို ဖော်ပြပြောကြားလိုကြောင်း၊ ယခုအစီအစဉ်ကို ၁၉၆၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်တွင်စတင်ခဲ့ရာမှ ယခုအခါ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများကို ကမ္ဘာ့နိုင်ငံပေါင်း (၁၆၀) တို့က ဝန်ထမ်းပေါင်း နှစ်သိန်းကျော်တို့ကို လေ့ကျင့်ပို့ချပေးနိုင်ခဲ့ပြီဟုသိရကြောင်း၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်သည် မြန်မာနိုင်ငံနှင့် ပြည်သူ့ဝန်ထမ်းများ၏ စွမ်းရည်နှင့် ကျွမ်းကျင်မှုမြှင့်တင်ရေးအတွက်လည်း အရေးပါသည့်အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်များစွာ အတွင်း မြန်မာနိုင်ငံ၏ကဏ္ဍမျိုးစုံမှ ကျွမ်းကျင်ဝန်ထမ်းများအတွက် အကျိုးများစွာဖြစ်ထွန်းစေခဲ့ပြီး လေ့ကျင့်ရေးသင်တန်းများကိုလည်း ပို့ချပေးနိုင်ခဲ့ကြောင်း။
အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ ဘာသာရပ်အလိုက် ကာလတို၊ ကာလရှည်၊ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်သင်တန်းများနှင့် သုတေသနအစီအစဉ်များ များစွာစီစဉ် ဆောင်ရွက်ပေးနေသည်ကို တွေ့ရကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအထိ ပညာသင်ဆု ၉၀၀ ကျော် ကမ်းလှမ်းခဲ့သည်ဟု သိရှိရသည့်အတွက်လည်း အိန္ဒိယအစိုးရနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်ရှိသည်ကို ထပ်မံပြောကြားလိုကြောင်း၊ ထို့ပြင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ မြန်မာနိုင်ငံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးဝန်ထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်တင်ရေးသင်တန်းများကို ယခင်ကပို့ချပေးခဲ့သည်ကိုလည်း သိရှိရကြောင်း။
အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်မှ ဖွင့်လှစ်ပို့ချသည့် သင်တန်းများကို တက်ရောက်ပြီးမြောက်အောင်မြင်ခဲ့ကြသည့် မိမိတို့၏ ပြည်သူ့ဝန်ထမ်းများအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်တပ်တစ်အား အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ယခုအခါ အဆင့်မြင့် တာဝန်များကို ထမ်းဆောင်နေသူများရှိလာပြီဖြစ်ကြောင်း၊ ၎င်းတို့ တတ်ကျွမ်းမှတ်သားလာသည့် ကျွမ်းကျင်မှုနှင့် အသိပညာများနှင့် သက်ဆိုင်ရာလုပ်ငန်းခွင်များတွင် တီထွင်ကြံဆမှုများနှင့် သုတေသန လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများအတွက် အထောက်အပံ့များစွာရရှိပြီး အကျိုးများစွာရှိသည်ကို ပြောကြားလိုကြောင်း၊ ထို့ပြင် မိမိတို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးသည် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုများမှာသာမက အခြားကဏ္ဍများတွင်လည်း တိုးတက်လျက်ရှိပြီး မိမိတို့နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိခြင်း ကြောင့် နှစ်နိုင်ငံ၏ စီးပွားရေးကဏ္ဍအသီးသီးအတွက် အကျိုးပြုလျက်ရှိကြောင်း။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ သတ္တမမြောက်ကုန်သွယ်ဖက်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလကုန်အထိ စုစုပေါင်း ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၁၅၀ ဒသမ ၁၈၁ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ၊ ဒေသ ပေါင်း ၅၃ ခုအနက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ရင်းနှီးမြှုပ်နှံမှုစာရင်းအရ အိန္ဒိယနိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုသည် အဆင့် ၁၁ တွင် ရှိနေကြောင်း။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ တန်ဖိုးအထားရဆုံးကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက် တည်ရှိနေမည်ဟု မျှော်လင့်ယုံကြည်မိကြောင်း၊ ယခုအိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ်သည် နှစ်နိုင်ငံအကြား ယုံကြည်မှု၊ ချစ်ကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် ကဏ္ဍများစွာတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရေးတို့အတွက် မြဲမြံသည့်အုတ်မြစ်သဖွယ် လမ်းစဖော်မြှင့်တင်ပေးခဲ့သည်ဟုလည်း ဆိုနိုင်ကြောင်း။
အခွင့်အခါကြုံခိုက်တွင် ပြောကြားလိုသည်မှာ ရာဂီတိုင်ဖွန်းမုန်တိုင်း၏ ဆိုးရွားသည့် သက်ရောက်မှု ကြောင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများက ပြည်သူများအတွက် အိန္ဒိယအစိုးရမှ လူသားချင်း စာနာထောက်ထားမှု အကူအညီပစ္စည်းများနှင့် ကယ်ဆယ်ရေးအထောက်အပံ့များကို အလျင်အမြန်ဆုံး လှူဒါန်းပေးခဲ့သည့်အတွက် များစွာကျေးဇူးတင်ရှိသည်ကိုပြောကြားလိုကြောင်း၊ အိန္ဒိယနိုင်ငံသည် တကယ့်မိတ်ဆွေကောင်းအဖြစ် အရေးပေါ်အခြေအနေတွင် ကူညီပေးခြင်းသည် ချစ်ကြည်ရင်းနှီးမှုနှင့် အိမ်နီးချင်းကောင်းပီသမှုကို ထင်ဟပ်စေကြောင်း၊ အကယ်၍ မိမိတို့အနေဖြင့် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အောက်မှ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများနှင့် ကြိုတင်သတိပေးစနစ်တွင်အသုံးပြုနိုင်မည့် ပထဝီသတင်းအချက်အလက်နှင့် အဝေးအာရုံခံစနစ် (Geographic Information (GIS) and remote sensing) စသည့်နည်းပညာများဆိုင်ရာသင်တန်းများ တက်ရောက်လေ့လာပံ့ပိုးမှုများရရှိထားခဲ့မည်ဆိုပါက ပျက်ဆီးဆုံးရှုံးမှုများ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ထို့ပြင် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သည် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု (South-South cooperation) ဆိုသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးပါသည့် အင်အားစုဖြစ်သည်ဟု ရှုမြင်ကြောင်း။
အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အောင်မြင်မှုကို ဂုဏ်ပြုသည့် ယနေ့အစီအစဉ်မှသည် နောင်လာမည့်နှစ်များတွင် ပိုမိုကြီးမားသော အောင်မြင်မှုများ ရရှိပါစေကြောင်းကို ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း၊ နှစ်နိုင်ငံအပြန်အလှန် လေးစားမှု၊ ပူးပေါင်း ဆောင်ရွက်မှုနှင့် တူညီတဲ့မျှော်မှန်းချက်များကိုအခြေပြုပြီး မိမိတို့ နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးသည့်ဆက်ဆံရေးနှင့် အိမ်နီးချင်းကောင်းအဖြစ် ရပ်တည်ဆက်ဆံဆောင်ရွက်ရေးတို့သည် တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်ခိုင်မြဲလာမည်ဟု ယုံကြည်ထားပါကြောင်းဖြင့် ပြောကြားသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အိန္ဒိယနိုင်ငံတို့အကြား မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် (Quick Impact Projects-QIPs) အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် နားလည်မှုစာချွန်လွှာလဲလှယ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ဒီဂျစ်တယ်မှုခင်းသိပ္ပံ ဓာတ်ခွဲခန်းအဆင့်မြှင့်တင်ရေးစီမံချက်၊ မြန်မာနိုင်ငံ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှုသင်တန်းကျောင်းအတွက် သင်ကြားရေးအထောက်အကူပြု ပစ္စည်းကိရိယာများထောက်ပံ့ပေးခြင်းစီမံချက်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ အပူပိုင်းဒေသရှိ မိုးခေါင်ရေရှားမှုကြုံတွေ့နေရသည့်ကျေးရွာများ၌ ဆိုလာစွမ်းအင်အသုံးပြု၍ ကျေးလက် ရေထောက်ပံ့ရေးစီမံချက်၊ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အသိဉာဏ်တုဆိုင်ရာ ဓာတ်ခွဲခန်း တည်ဆောက်ခြင်းစီမံချက်၊ မြန်မာ့ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ယာစိုက်ပျိုးရေး စွန့်ပစ်ပစ္စည်းများဖြင့် နှေးကွေးသော Pyrolysis ပြုလုပ်ပြီး ကတ္တရာကင်းစင်ပြီး ခြောက်သွေ့သော ဓာတ်ငွေ့အမျိုးအစား ရေပလက်စတစ် Pyrolysis ဖြစ်စဉ်များမှရရှိသော လောင်စာများအား ပေါင်းစပ် သုံးစွဲခြင်းဖြစ်စဉ်အား စမ်းသပ်လေ့လာခြင်းစီမံချက် စသည့်နားလည်မှု စာချွန်လွှာများကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် အိန္ဒိယနိုင်ငံသံရုံး ဒုတိယအကြီးအကဲတို့က ရင်းနှီး မြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Abhay Thakur တို့အား သက်သေထား၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ရှေ့မှောက်တွင်လဲလှယ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဆွာမိ ဝိဝေခနန္ဒာ ယဉ်ကျေးမှုစင်တာ (Swami Vivekananda Cultural Centre - SVCC) မှ ကျောင်းသား၊ ကျောင်းသူများ၊ Ramayana အကအဖွဲ့တို့က အိန္ဒိယယဉ်ကျေးမှု အကအလှများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှအနုပညာရှင်များက Ramayana အက၊ မြန်မာ့ရိုးရာအကတို့ဖြင့် ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးကြသည်။
ယင်းနောက် အိန္ဒိယနည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (India Technical and Economic Cooperation) ITEC သင်တန်းသားဟောင်းများက အတွေ့အကြုံများ မျှဝေရှင်းလင်း ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနား တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ နှစ် (၆၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm
၂၀၂၄ ခုနှစ်၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နှစ် (၆၀) ပြည့် အထိမ်းအမှတ်အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိမြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးထွန်းအုံနှင့် ဒေါက်တာမျိုးသိန်းကျော်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရေးပါသည့် ဆုံးဖြတ်ချက်များ ချမှတ်ခဲ့ကာ သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအစိုးရအဖွဲ့များနှင့် အေဂျင်စီများ ချိတ်ဆက်ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
ယနေ့ လုပ်ငန်းကော်မတီ၏ (၂/၂၀၂၄) ကျင်းပရသည့် ရည်ရွယ်ချက်မှာ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်များဖြစ်သည့် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စက်မှုလုပ်ငန်းများကို ပိုမိုလည်ပတ်နိုင်ပြီး ထိုမှတစ်ဆင့် ဝန်ဆောင်မှုလုပ်ငန်းများလည်း တိုးတက်လာစေရန်နှင့် နိုင်ငံ၏ GDP တိုးတက်လာနိုင်ရေး၊ စားသောက်ကုန်များကိုသာမက အခြားလူသုံးကုန်ပစ္စည်းများကိုလည်း အရည်အသွေးပြည့်မီစွာဖြင့် ပြည်တွင်း၌ လုံလောက်စွာ ထုတ်လုပ်နိုင်ပြီး ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်ရေး၊ ပြည်တွင်းထုတ်လုပ်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်သွားနိုင်ရေး၊ အရည်အသွေးမြင့် ချည်မျှင်ရှည်ဝါမျိုးများကို အာရုံစိုက်ပြီး စိုက်ပျိုးမှုမှသည် အဆင့်မီအထည်အလိပ်ထုတ်လုပ်ခြင်းအထိ ဝါတန်ဖိုး ကွင်းဆက်တစ်ခုလုံး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးစသည်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် ပံ့ပိုးဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးနိုင်ရန်၊ လုပ်ငန်းကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအေဂျင်စီများက တွန်းအားပေးလုပ်ဆောင်နိုင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန်တို့အတွက် ကျင်းပရခြင်းဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တိုင်းပြည်၏ အဓိကမောင်းနှင်အားမှာ စီးပွားရေးဖြစ်ကြောင်း၊ စီးပွားရေးတွင် MSME သည် အဓိကအခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ ထို့ကြောင့် MSME စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံတိုင်းက ကြိုးပမ်းဆောင်ရွက်နေကြကြောင်း၊ ဒေသအလိုက် MSME စီးပွားရေးလုပ်ငန်း၏ GDP ပါဝင်နှုန်းကို ကြည့်မည်ဆိုပါက အရှေ့တောင်အာရှနိုင်ငံများတွင် ပျမ်းမျှ ၃၀ ရာခိုင်နှုန်း မှ ၅၀ ရာခိုင်နှုန်းကြား၊ အာဆီယံနိုင်ငံများ၏ ၃၉ ရာခိုင်နှုန်းနှင့် OECD နိုင်ငံများတွင် ၄၁ ဒသမ ၅၈ ရာခိုင်နှုန်းပါဝင်ပြီး အလုပ်အကိုင်ရှာဖွေဖော်ထုတ်ပေးနိုင်မှုအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများ၌ ၆၆ ဒသမ ၈၇ ရာခိုင်နှုန်း၊ အာဆီယံနိုင်ငံများ၌ ၇၂ ဒသမ ၃ ရာခိုင်နှုန်းနှင့် OECD နိုင်ငံ၌ ၆၂ ဒသမ ၂၅ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ချက်များအရ သိရှိရကြောင်း။
မိမိတို့နိုင်ငံတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် “ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး”၊ အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် “ တိုင်းပြည်သာယာဝပြောရေးနှင့် စား၊ ရေ၊ ရိက္ခာ ဖူလုံရေး” တို့ကို နိုင်ငံတော်၏ မျှော်မှန်းချက်များအဖြစ် ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးရည်မှန်းချက် (၂) ရပ်ကို ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် အကောင်အထည်ဖော်လျက်ရှိပြီး အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ကို စီးပွားရေးဦးတည်ချက် (၃) ချက်ဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ ထို့ကြောင့် MSME စီးပွားရေးလုပ်ငန်းသည် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်းထုတ်ကုန်အားပေးရေး၊ သွင်းကုန်အစားထိုးရေးနှင့် ပို့ကုန်ရရှိရေးဆိုသည့် အချက် (၃) ချက်ဖြင့် ရည်ရွယ်ပြီး MSME အားပေးမြှင့်တင်ရေးအစီအစဉ်များ ချိတ်ဆက်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း။ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် MSME စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်မှုတွင် နိုင်ငံ၏ GDP ပါဝင်နှုန်းမှာ ၃၀ ရာခိုင်နှုန်းအထိသာ ခန့်မှန်းပါဝင်လျက်ရှိနေသေးသဖြင့် GDP ပါဝင်မှုအချိုးတိုးတက်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိစေရန် MSME လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ MSME အေဂျင်စီများက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးမှ ဝန်ကြီးချုပ်များ၏ အနီးကပ် ဦးဆောင်လမ်းညွှန်မှုဖြင့် စုပေါင်းဆွေးနွေးပြီး နည်းလမ်းများဖော်ထုတ်၍ မိမိတို့၏ OROP မှတစ်ဆင့် MSME စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးအောင်မြင်အောင် အကောင်အထည်ဖော်နေကြရမည်ဖြစ်ကြောင်း။
MSME စီးပွားရေးလုပ်ငန်းအပါအဝင် မည်သည့်စီးပွားရေးလုပ်ငန်းမျိုးမဆို အခြေခံလိုအပ်ချက်မှာ နည်းပညာ၊ ငွေကြေးအရင်းအနှီး၊ ဈေးကွက်ကုန်ကြမ်း၊ စက်ပစ္စည်းနှင့် မြေနေရာလိုအပ်ချက်တို့ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME စီးပွားရေးလုပ်ငန်း အကောင်အထည်ဖော်ရမည့် အထူးစီးပွားရေးဇုန်များ၊ ပြည်တွင်းစက်မှုဇုန်များအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာ့အထူးစီးပွားရေးဇုန်ဥပဒေ (၂၀၂၄) နှင့် နည်းဥပဒေ (၂၀၁၅) တို့နှင့် စက်မှုဝန်ကြီးဌာန စက်မှုဇုန်နည်းဥပဒေများ (၂၀၂၃) တို့ကို ထုတ်ပြန်ပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါဥပဒေ၊ နည်းဥပဒေများပါ အချက်အလက်များသည် မြေနေရာ၊ ငွေကြေးအရင်းအနှီးနှင့် ဈေးကွက်ရှာဖွေရရှိမှုတို့အတွက် များစွာအထောက်အကူပြုစေမည့် လမ်းညွှန်ချက်များ၊ နည်းပညာရရှိရေးနှင့် သင်ယူလေ့လာနိုင်ရန် ကျွမ်းကျင်လုပ်သားများ၊ အခြေခံလုပ်သားများ လိုအပ်ချက်ရရှိရေး ဆောင်ရွက်နိုင်မည့် နည်းလမ်းများပါရှိပြီး ယင်းနည်းလမ်းများရရှိနိုင်ရေး လမ်းညွှန်မှုပေးမည့် ဌာနဆိုင်ရာများကလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် လုပ်ငန်းကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အေဂျင်စီများက လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တိုက်တွန်းလိုကြောင်း။
ယနေ့အထိ နိုင်ငံတစ်ဝှမ်း MSME များကို အားဖြည့်ပေးနေသည့် စက်ရုံ၊ အလုပ်ရုံနှင့် စက်မှုဇုန်၊ စက်မှုရပ်ကွက်များ တည်ရှိမှုကို ကြည်မည်ဆိုပါက နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံ (၁၀၂) ခု၊ ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ (၄၇၁၁၉) ခု၊ စက်မှုဇုန်၊ စက်မှုရပ်ကွက် (၃၃) ခု၊ အထူးစီးပွားရေးဇုန် (၃)ခု အပါအဝင် ရေနက်ဆိပ်ကမ်း (၂) ခု လျာထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ကြရမည်ဖြစ်ကြောင်း၊ နည်းပညာနှင့်စပ်လျဉ်း၍ နိုင်ငံတော်ဝန်ကြီးချုပ်က KG+9 အောင်မြင်ပြီးသူများကို Vocational Training ပေးပြီး အခြေခံလုပ်သားဘဝမှ ကျွမ်းကျင်လုပ်သားဖြစ်စေရေး၊ သာမန်အတန်းပညာတက်မြောက်သူနှင့် လုံးဝစာမတတ်မြောက်သူများကိုလည်း လက်တွေ့နယ်ပယ်အလိုက် အသုံးပြုကြရမည့် အခြေခံလုပ်သား၊ ကျွမ်းကျင်လုပ်သားများဖြစ်စေရေး လေ့ကျင့်ဆောင်ရွက်ပေးရမည်ကို လမ်းညွှန်မှာကြားထားကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန (၁၀) ခုမှ ကာလတို၊ ကာလရှည်သင်တန်း (၂၆၀) ခုရှိရာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ယနေ့အထိ သင်တန်းအမျိုးအစားပေါင်း (၃၈၇) ခု ဖွင့်လှစ်နိုင်ခဲ့ပြီး ဖွင့်လှစ်ပြီး အကြိမ်အရေ (၅၅၁၂) ကြိမ်၊ တက်ရောက်ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း ဦးရေ (၁၁၇၁၁၈) ဦး၊ တက်ရောက်ဆဲ သင်တန်းသား သင်တန်းသူ စုစုပေါင်း ဦးရေ (၈၇၅) ဦး ရှိပြီးဖြစ်ကြောင်း၊ ယင်းသင်တန်းများကို အနာဂတ်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးနေမည်ဖြစ်သကဲ့သို့ စက်မှုဝန်ကြီးဌာန၏ Website တွင်လည်း MSME ခေါင်းစဉ် Link ဖြင့် ဝန်ကြီးဌာနများမှ MSME စီးပွားရေးလုပ်ငန်းအတွက် လေ့ကျင့်သင်ကြားပေးနိုင်သော သင်တန်းများကို အခမဲ့ဝင်ရောက်လေ့လာကြည့်ရှုနိုင်ကြောင်း။
MSME စီးပွားရေးလုပ်ငန်းများလျင်မြန်စွာ အောင်မြင်ဖြစ်ထွန်းလာစေရေး အားပေးမြှင့်တင်မှုမူဘောင်နှင့်စပ်လျဉ်း၍ MSME စီးပွားရေးလုပ်ငန်းများ လျင်မြင်စွာ အောင်မြင်ဖြစ်ထွန်းလာစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ကိုယ်စား ဖွဲ့စည်းပေးထားသည့် လုပ်ငန်းကော်မတီ၏ ယန္တရားသည် မြန်ဆန်မှန်ကန်သော အုပ်ချုပ်မှုပုံစံ (Efficient Governance) ဖြစ်ရန်လိုအပ်ပြီး မြန်ဆန်မှန်ကန်သော အုပ်ချုပ်မှုပုံစံ (E.G) က လက်တွေ့နယ်ပယ်လိုအပ်ချက်များကို အခြေခံပြီး စနစ်တကျရွေးချယ် အထောက်အကူပြုဆောင်ရွက်ပေးခြင်း (Selective Intervention) နှင့် ဈေးကွက် တုံ့ပြန်မှုနှင့် လုပ်ငန်းဖော်ဆောင်မှုအခက်အခဲများကို ဖြေရှင်းပေးနိုင်ရန်အတွက် ပြောင်းလွယ်ပြင်လွယ်ရှိသည့် ဝန်ဆောင်မှုပေးခြင်း (Adaptive Service Provision) စသည့် စံနှုန်းသတ်မှတ်ချက်ထားရှိ၍ MSME လုပ်ငန်းကို အထောက်အကူပြု ပေးရ မည်ဖြစ်ကြောင်း။
လုပ်ငန်းကော်မတီအနေဖြင့် Agency အလိုက် ဘက်စုံကဏ္ဍစုံ ဖြည့်ဆည်းပေးရန် ယေဘုယျမှန်ကန်သော်လည်း လူသားအရင်းအမြစ်နှင့် ငွေးကြေးအပါအဝင် သွင်းအားစုများကို အကန့်အသတ်ဖြင့်သာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်၍ အဓိကသွင်းအားစုများကို မှန်ကန်သော နေရာများတွင် မဟာဗျူဟာကျကျ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်လိုအပ်ကြောင်း၊ ယင်းလိုအပ်ချက်ကိုလည်း ပြည်တွင်းပြည်ပ ဈေးကွက်သုတေသနများ MSME လုပ်ငန်းများအလိုက် စစ်တမ်းများကို စနစ်တကျ အသုံးချပြီး လုပ်ငန်းမြှင့်တင်ရန်ကိစ္စ၊ ဝန်ဆောင်မှုပေးရန်ကိစ္စနှင့် လိုအပ်ချက်အရ လမ်းညွှန်တည့်မတ်ပေးရန်စသည့် ယန္တရားများကို Agency များက မှန်ကန်စွာ ရွေးချယ်ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ ပြောင်းလွယ်ပြင်လွယ်ရှိသည့် ဝန်ဆောင်မှုပေးနိုင်ရေးအတွက် စီးပွားရေးကဏ္ဍ၏ အခြေအနေအရပ်ရပ်သည် အမြဲတစေအပြောင်းအလဲမြန်ဆန်ပြီး ကြိုတင်ခန့်မှန်းရန်ခက်ခဲခြင်း၊ နေရာဒေသနှင့် အချိန်ကာလာပေါ်မူတည်ပြီး ပြောင်းလဲနိုင်ခြင်းတို့ကြောင့် Agency များကလည်း ပြောင်းလဲဖြစ်ပေါ်တတ်သည့် ဈေးကွက်တုံ့ပြန်မှုအရ အလားအလာရှိသောလုပ်ငန်းများ၌ ကြုံတွေ့ရသည့် အခက်အခဲများကို လိုအပ်သလို ပြောင်းလွယ်ပြင်လွယ် ကူညီလမ်းညွှန်ပေးနိုင်ရေး စီမံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း။
Selective Intervention & Adaptive Service Provision လိုအပ်ချက်မှာ သတင်းအချက်အလက်များ မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ရယူအသုံးပြုနိုင်ခြင်းကလည်း အရေးကြီးပြီး ရနိုင်သည့်သတင်းအချက်အလက်များအား လုပ်ငန်းကော်မတီယန္တရားမှ ဖွဲ့စည်းပေးထားသည့် စစ်တမ်းကောက်ယူခြင်းနှင့် သုတေသနပြုလုပ်သည့် လုပ်ငန်းခွဲနှင့် စောင့်ကြည့်စစ်ဆေးသည့် လုပ်ငန်းခွဲများကို အထောက်အကူပြုပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းခွဲများ၏ အရည်အချင်း နှင့် လုပ်နိုင်စွမ်းအားကို လိုအပ်ချက်များနှင့်အညီ ကိုက်ညီအောင် လေ့ကျင့်သင်ကြားမှုများဖြင့် စနစ်တကျ မြှင့်တင်ပေးကြရမည်ဖြစ်ကြောင်း။
လေ့ကျင့်သင်ကြားမှုတွင် မိမိတို့ယန္တရား၏ လိုအပ်လျက်အရ လေ့ကျင့်ပေးရမည့် မွမ်းမံသင်တန်းများရှိသကဲ့သို့ MSME လုပ်ငန်းများ လက်တွေ့လုပ်ကိုင်နေသော စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများမှ အခြေခံနှင့် ကျွမ်းကျင်လုပ်သားများတွင် လိုအပ်သည့် လုပ်ငန်းနှင့်ကိုက်ညီမည့် သင်တန်းများကိုလည်း လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း။
ထို့ပြင် ယခင်လုပ်ငန်းကော်မတီ အစည်းအဝေးများတွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ပြည်ထောင်စုအဆင့် MSME MEs အားပေးမြှင့်တင်ရေးအစီအစဉ် ရေးဆွဲထားရှိရန် လိုအပ်ပြီး OROP ပတ်သက်၍ အမြဲလေ့လာသုံးသပ်နေရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းကော်မတီ ဦးဆောင်မှုဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် “ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ” ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းကော်မတီအဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ အားသာချက်၊ အားနည်းချက်များကိုလည်း ယခုအစည်းအဝေးတွင် ဆွေးနွေးပေးစေလိုကြောင်း။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိပြီး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများမှ မူဝါဒဆိုင်ရာ လမ်းညွှန်မှာကြားချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာအစိုးရနှင့် အေဂျင်စီများ၊ ပုဂ္ဂလိကအသင်းအဖွဲ့များက တာဝန်ခံမှု၊ တာဝန်ယူမှုတို့ဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ရွက်ကာ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် ယနေ့အစည်းအဝေးကို တက်ရောက်လာကြသူများအားလုံးက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍမှပါဝင်သည့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီချိတ်ဆက်ဆောင်ရွက်ပေးရမည့်အချက်များကို လက်တွေ့ကျကျ ဝိုင်းဝန်းဆွေးနွေးပေးကြရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီအတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က လုပ်ငန်းကော်မတီအစည်းအဝေး (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေနှင့် လုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီသို့ တင်ပြမည့်အမှာစာများကို လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အေဂျင်စီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်တို့က ဖတ်ကြားတင်ပြကြသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့် ဒေါက်တာချာလီသန်းတို့က နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြစ်သည့် ဝါ၊ချည်ထည်နှင့် ဆီထွက်သီးနှံလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးမူဝါဒများ ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒနှင့်အညီ ထုတ်ချေးထားသည့် ငွေကြေးဆိုင်ရာ အချက်အလက်များ၊ ငွေကြေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံတန်ဖိုးမြှင့်ထုတ်ကုန်များနှင့် OROP လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် အသင်းအဖွဲ့များမှပညာရှင်များက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များနှင့် လမ်းညွှန်ချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်လျက်ရှိမှု၊ ပြည်ပကုန်စည်ပြပွဲများတွင် MSMEs ထုတ်ကုန်များ ပါဝင်ပြသခဲ့မှု၊ သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှု၊ ပြည်တွင်း ပြည်ပဈေးကွက်သုတေသနလုပ်ငန်းဖွံ့ဖြိုးရေးလုပ်ငန်းများ အားပေးဆောင်ရွက်လျက်ရှိမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၊ မူဘောင်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ယင်းနောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၄) ကို အောက်တိုဘာလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဗိုလ်ချုပ်ကြီး ညိုစော၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ဒေသဆိုင်ရာအချက်အလက်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများအား အသီးသီး ရှင်းလင်းတင်ပြ
ဦးစွာ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိမှုနှင့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်နိုင်မှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု၊ စက်မှုဇုန်များအလိုက် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ ကျန်းမာရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် လျက်ရှိမှု၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းအောင်မြင်စေရေး ဆောင်ရွက်လျက်ရှိမှုနှင့် ဒေသအလိုက် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး
ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးများမှ မိုးရာသီကာလအတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်း၊ တံတားများပြန်လည်ပြင်ဆင်ပေးသွားမည်ဖြစ်သည့်အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ မျိုးကောင်းမျိုးသန့်များ ရရှိရေးဆောင်ရွက်ပေးလျက်ရှိမှု၊ မြေပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်မှုနှင့် ပိုးသတ်ဆေးများကို စနစ်တကျသုံးစွဲရန်လိုအပ်မှု၊ စိုက်ပျိုးရေများကို အကျိုးရှိစွာအသုံးချနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ တောင်သူလယ်သမားများ စိုက်ပျိုးရေးအသိပညာများ သိရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ရေနစ်မြုပ်မှုဖြစ်ပွားခဲ့သည့် စပါးစိုက်ခင်းများအတွက် မျိုးစပါး များပံ့ပိုးပေးနိုင်မှု၊ မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်ပေးလျက် ရှိမှု၊ ဥစားကြက်၊ အသားစားကြက်နှင့် နို့စားနွားများ တိုးချဲ့မွေးမြူနိုင်ရေး စီမံဆောင်ရွက်လျက်ရှိမှုနှင့်စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည့် လူသားအရင်းအမြစ်များရရှိစေရေး ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားကြသည်။
ဖြည့်စွက်ဆွေးနွေး
ရှင်းလင်းတင်ပြမှုများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းမကြီးများနှင့်ပတ်သက်၍ လမ်းမကြီးများဥပဒေနှင့်အညီ လမ်းဧရိယာ၊ လမ်းနယ်များ သတ်မှတ်ပေး ထားပြီးဖြစ်ကြောင်း၊ လမ်းမကြီးများ ဥပဒေနှင့်သတ်မှတ်ထားသည့် လမ်းနယ်များနှင့်မလွတ်ကင်းသည့် နေရာများမှ မြေများအား ဂရန်သက်တမ်းတိုးခြင်းများကို ကန့်သတ်ရန်လိုကြောင်း၊ ဒေသအလိုက် လမ်းများအား လမ်းအင်္ဂါရပ်များနှင့်ညီညွတ်စေရေး ဆောင်ရွက်ရာတွင် လမ်းဘေးဝဲယာ၌ ရေနုတ်မြောင်း များကို စနစ်တကျထည့်သွင်း၍ ရေထုတ်စနစ်များ ဆောင်ရွက်ရန်လိုကြောင်း၊ ရေထုတ်စနစ်များ ကောင်းမွန်မှသာ ရေကြီးရေလျှံခြင်းများကို လျော့ပါးစေမည်ဖြစ်ကြောင်း။
မြေယာနှင့်ပတ်သက်၍ မြေလွတ်မြေရိုင်းများအပေါ်၌ စီမံကိန်းများအကောင်အထည်ဖော်ဆောင်ရွက် ရာတွင် သတ်မှတ်ထားသည့် အချိန်ကာလအတွင်းလုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းမပြုဘဲ မြေယာများရယူထားမှုများကို ဥပဒေနှင့် အညီ စိစစ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လယ်ယာမြေများကို အခြားနည်းဖြင့်သုံးစွဲရန်အတွက် တိုင်းဒေသကြီးအဆင့်ဖြင့် ဆောင်ရွက်၍ရသော်လည်း လယ်မြေများကို အခြားနည်းဖြင့် ပြောင်းလဲ သုံးစွဲမှုများကို နိုင်ငံတော်အစိုးရထံခွင့်ပြုချက်ရယူရမည်ဖြစ်ကြောင်း၊ လယ်မြေများကို အခြားနည်းများဖြင့် သုံးစွဲခြင်းများကြောင့် စိုက်ပျိုးမြေများလျော့နည်းလာပြီး စိုက်ပျိုးထုတ်လုပ်မှုများကို ထိခိုက်စေနိုင် ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် မြေယာများနှင့်ပတ်သက်၍ စနစ်တကျဖြင့် စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ မြေများကို အကျိုးရှိစွာဖြင့် အသုံးချနိုင်ရန် လိုကြောင်း၊ မြေလွတ်မြေရိုင်းများနှင့် လယ်ယာမြေပိုင်ဆိုင်မှုများနှင့်ပတ်သက်၍ ဥပဒေများကို ပြန်လည် သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း။
စာကြည့်တိုက်များနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူမှု စာရင်းများအရစာတတ်မြောက်မှုရာခိုင်နှုန်းမှာ ပျမ်းမျှအားဖြင့် ၉၂ ရာခိုင်နှုန်းခန့်ရှိသည်ကိုတွေ့ရကြောင်း၊ သို့သော်အများစုအနေဖြင့် မူလတန်းပညာကိုသာ တတ်မြောက်ကြခြင်းဖြစ်ပြီး ကျောင်းနေအရွယ်ကို ကျော်လွန်သွားပြီဖြစ်၍ ၎င်းတို့အနေဖြင့် လူမှုအသိုင်းအဝိုင်းအတွင်း အသိပညာ၊ အတတ်ပညာများ ရရှိအောင်ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြို့နယ်၊ ကျေးရွာရပ်ကွက်များအလိုက် စာကြည့်တိုက် များဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ စာသင်ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဖတ်ခြင်း၊ မှတ်ခြင်း၊ ဆွေးနွေးခြင်းများရှိမှသာ အသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံ၏ ပညာရည်မြင့်မားရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပညာတတ်များပေါကြွယ်ဝရေး ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်လည်း ကြိုးပမ်းဆောင်ရွက်ကြ စေလိုကြောင်းဖြင့် ပြောကြားသည်။
နိုင်ငံ့စီးပွားကောင်းမွန်ရေးအတွက် နိုင်ငံသားတိုင်းတွင် တာဝန်ရှိ
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြား ရာတွင် မြန်မာနိုင်ငံအောက်ပိုင်းဒေသရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှဝန်ကြီးချုပ်များနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများကို တွေ့ဆုံရခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည်များကိုမှာကြားနိုင်ရန်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းသည် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကိုလိုလားကြကြောင်း၊ စီးပွားရေးကောင်းမွန်မှသာ နိုင်ငံရေးတည်ငြိမ်အေးချမ်းပြီး ပြည်သူများ အနေဖြင့် စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် နေထိုင်လုပ်ကိုင်စားသောက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးနှင့်နိုင်ငံရေးသည် အပြန်အလှန် အမှီသဟဲပြုနေခြင်းဖြစ်ပြီး နိုင်ငံ၏စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံသားများအားလုံးတွင် တာဝန်ရှိကြောင်း။
မိမိတို့နိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့အထိ နိုင်ငံရေးစနစ်အမျိုးမျိုးကိုကျင့်သုံးခဲ့ကြောင်း၊ နိုင်ငံရေးစနစ်များပြောင်းလဲကျင့်သုံးမှုနှင့်အတူ စီးပွားရေးစနစ်များလည်း ပြောင်းလဲကျင့်သုံးမှုများရှိခဲ့ ကြောင်း၊ စီးပွားရေးတွင်တိုးတက်မှုများရှိသကဲ့သို့ ထိုက်သင့်သလောက်အောင်မြင်မှုမရှိခဲ့သည်များလည်း ရှိကြောင်း၊ စီးပွားရေး အားနည်းချက်များဖြစ်ပေါ်မှုများကြောင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်ခဲ့သည်ကို လည်း တွေ့မြင်ရမည်ဖြစ်ပြီး စီးပွားရေးကျဆင်းမှု၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်းများ ကြောင့်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင်ဖြစ်ပေါ်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေးဆိုင်ရာအားသာချက် များ၊ အားနည်းချက်များကို သင်ခန်းစာယူဖော်ထုတ်၍ မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
စားရေရိက္ခာဖူလုံရေးနှင့် လူတစ်ဦးချင်းစီအလိုက် စားရေး၊ နေရေး၊ ဝတ်ရေးတို့ အဆင်ပြေစေရေး ဆောင်ရွက်ပေးနိုင်ရန်လို
မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းကို အဓိကဆောင်ရွက်ခြင်း ဖြစ်သဖြင့် အဆိုပါစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလားတူအခြားကုန်ထုတ်လုပ်မှုလုပ်ငန်းများကို လည်း တိုးတက်အောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ လူတစ်ဦးချင်းစီတွင် စားရေး၊ ဝတ်ရေး၊ နေရေး ဟူ၍ရှိပြီး အားလုံးအဆင်ပြေနေစေရေးအတွက် စီးပွားရေးကောင်းမွန်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံသည် စားနပ်ရိက္ခာထုတ်လုပ်သည့်နိုင်ငံဖြစ်သဖြင့် စားရေးနှင့်ပတ်သက်၍ အခက်အခဲမရှိကြောင်း၊ မိမိတို့၏ အမျိုးသားရေးရည်မှန်းချက်တွင်လည်း စားရေရိက္ခာဖူလုံရေးပါဝင်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဒေသဝမ်းစာဆန်ဖူလုံမှုရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး စားရေရိက္ခာ ဖူလုံမှုရှိအောင် ဆောင်ရွက်ကြရန်လိုကြောင်း။
ဝတ်ရေးနှင့်ပတ်သက်၍ လူတိုင်းသည် အဝတ်အထည်များကို မဖြစ်မနေအသုံးပြုရကြောင်း၊ မိမိတို့နိုင်ငံသည် ဝါစိုက်ပျိုးသည့် နိုင်ငံဖြစ်သဖြင့် ပြည်တွင်း၌ ဝါများလုံလောက်စွာ စိုက်ပျိုးထုတ်လုပ် နိုင်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်စေရေးအတွက်လည်း မိမိတို့အနေဖြင့် အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ အဆင့်မီသည့်ချည်ထည်များ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ဝါမှ ဝါဂွမ်း၊ ချည်၊ ပိတ်နှင့် ချည်ထည်များ အဆင့်ဆင့်ထုတ်လုပ်ရကြောင်း၊ ဝါကိုအဓိကစိုက်ပျိုးသည့်ဒေသများ၌ ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်ကြရန်လိုကြောင်း။
စားဝတ်နေရေးတွင် စားရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကုန်ဈေးနှုန်းများသည် ထိုက်သင့်သည့် ဈေးနှုန်းထက်များပြားနေသည်ကိုတွေ့ရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံခြားငွေများ ရရှိစေရေး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နိုင်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် ပြည်ပနှင့် အကြောင်းအမျိုးမျိုးဖြင့် ဆက်သွယ်ဆောင်ရွက်မှုများပြားလာခြင်းကြောင့် နိုင်ငံခြားငွေများ လိုအပ်ချက်ရှိလာကြောင်း၊ နိုင်ငံခြားငွေသုံးစွဲမှုများနှင့်ပတ်သက်ပြီး မိမိတို့အနေဖြင့် မူဝါဒများချမှတ်၍ ထိန်းသိမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်အစိုးရများအဆက်ဆက်က ပြည်ပမှချေးယူခဲ့သည့် ပြည်ပချေးငွေများကိုလည်း မိမိတို့အနေဖြင့် ပြန်လည်ပေးဆပ်လျက်ရှိကြောင်း၊ နိုင်ငံခြားဝင်ငွေများ ရရှိရေးအတွက် ပြည်ပရောင်းတန်းဝင်သည့် ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ အဆိုပါ ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ခြင်းဖြင့် နိုင်ငံခြားငွေများတိုးတက်ရရှိလာမည်ဖြစ်ကြောင်း၊ ထိုသို့ ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် လုပ်ငန်းဆောင်ရွက်သူများအနေဖြင့် လည်း စီးပွားရေးတိုးတက်လာမည်ဖြစ်ကြောင်း။
နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ကျရာအခန်းကဏ္ဍမှ တတ်စွမ်းသရွေ့ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ထောက်ပံ့ကြေးများတိုးမြှင့်ပေးအပ်လျက်ရှိကြောင်း၊ နိုင်ငံတော်မှရသင့်ရထိုက်သည့်အခွန်အခများ မှန်မှန် ကန်ကန်ရရှိစေရေးတာဝန်ရှိသူများအနေဖြင့် ဆောင်ရွက်ပေးရန်လိုကြောင်း။
ပညာရေး၊ ကျန်းမာရေး
ပညာရေးနှင့်ပတ်သက်၍ ယနေ့ကမ္ဘာပေါ်တွင် ဖြစ်ပေါ်တိုးတက်နေသည့် အခြေအနေအရ ပညာခေတ်၊ IT ခေတ်တွင် လူတိုင်းအလယ်တန်းအဆင့်အထိ ပညာတတ်မြောက်ရန်လိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ရှိပြီးဖြစ်သည့် သယံဇာတများကို အကျိုးရှိထိရောက်စွာဖြင့် အသုံးချနိုင်ရန်ပညာတတ်သည့် လူသား အရင်းအမြစ်များလိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပညာရည်မြင့်မားစေရေး KG + 9 အထိ မသင်မနေရစနစ်ကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ ဆရာ၊ ဆရာမများ အလုံအလောက် ခန့်အပ်နိုင်ရေး အတွက် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အလားတူ စာသင်ကျောင်းများအနေဖြင့်လည်း အဆင့်မီ သည့် ကျောင်းများဖြစ်ရန်လိုကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းများကို သတ်မှတ်ထားသည့် ကျောင်းအင်္ဂါရပ်များနှင့်အညီဖြစ်စေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဆောင်ရွက်ပေးရန် လိုကြောင်း၊ ပညာရေးကောလိပ်များတွင် ဆရာ၊ ဆရာမများသင်တန်းအပြည်အဝ တက်ရောက်နိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အဆင်ပြေချောမွေ့စွာဖြင့် သင်ကြားပေးနိုင်ရေးဆောင်ရွက် သွားရန်လိုကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီပိတ်ထားရသည့် ကျောင်းများပြန်လည် ဖွင့်လှစ်ချိန်တွင်လည်း ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ်စာတတ် မြောက်စေရေးအတွက် အချိန်ပိုများဖြင့် သင်ကြားပေးရန်လိုကြောင်း။
မိမိတို့ကျရာကဏ္ဍအလိုက် တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်၍ နိုင်ငံ့အကျိုးကို ဖော်ဆောင်ကြရန်လို
မိမိတို့အနေဖြင့် လာမည့်ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အထောက်အကူရစေရန် လာမည့်အောက်တိုဘာလ ၁ ရက်မှစတင်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ကောက်ယူသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုသည် နိုင်ငံအတွက် များစွာအကျိုးရှိသည့်လုပ်ငန်းရပ်ဖြစ်ပြီး ရရှိလာသည့် အချက် အလက်များအပေါ် မူတည်၍ နိုင်ငံ့အကျိုးအတွက် များစွာစီမံဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်မှ တာဝန်ရှိသူများအနေဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အောင်မြင်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုကြောင်း၊ နိုင်ငံရေးနှင့်ပတ်သက်၍ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရမည်ဖြစ်ပြီး နိုင်ငံကောင်းမွန် စေရေးအတွက် နိုင်ငံ့အရေးကိုဆောင်ရွက်ရမည်သာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်များ ကျေပွန်စွာထမ်းဆောင်၍ မိမိတို့တာဝန်ကျရာနေရာများအလိုက် ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို တတ်စွမ်း သရွေ့ဖော်ဆောင်ကြရန်မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြ သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
Source- www,moi.gov.mm
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား မွေးမြူရေးဇုန် ရှင်းလင်း ဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနှင့် တာဝန်ရှိသူများက ရွှေပြည်စိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိမှု၊ သီလဝါဘက်စုံ စိုက်ပျိုးမွေးမြူရေးဇုန်နှင့် ၂၆ မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်များ အကောင် အထည်ဖော်ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းလည်ပတ်နေမှုအခြေအနေများ၊ ငါး၊ ဥစားဘဲ၊ ဥစားကြက်၊ အသားတိုးကြက်၊ နို့စားနွား၊ အသားစားနွား၊ အသားတိုးဝက် စသည့်မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးတက်မြင့်မားစေရေး၊ မျိုးကောင်းမျိုးသန့်များ ရွေးချယ်မွေးမြူခြင်း၊ ခေတ်မီစက်ယန္တရားများ အသုံးပြုမွေးမြူခြင်း၊ သားဖောက်မွေးမြူခြင်းများဆောင်ရွက်လျက်ရှိပြီး အစာပြည့်စုံကောင်းမွန်မှုရှိစေရေးစီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ထွက်ရှိလာသည့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များကို ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးလျက်ရှိသည့် အခြေအနေများ၊ မွေးမြူရေးဇုန်များ၌ အစာစပ်လုပ်ငန်းနှင့် အစာတောင့်စက်များ ထုတ်လုပ်လျက်ရှိမှု၊ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရောင်းချလျက်ရှိမှု အခြေအနေများ၊ ရော်ဘာစိုက်ပျိုးရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှုတို့နှင့်ပတ်သက်၍ အသီးသီးရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေးဇုန်များဖော်ဆောင်၍ ဆောင်ရွက်လျက် ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အသား၊ ငါးနှင့် ရာသီသီးနှံဖူလုံမှုရှိစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း စက်ရုံ၊ အလုပ်ရုံများစွာရှိပြီး လူဦးရေများပြားစွာ ရှိနေခြင်းကြောင့် ဝယ်လိုအားနှင့်ရောင်းလိုအား မျှတစေရန်နှင့် အခြေခံစားကုန်များ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်၍ အသား၊ ငါးနှင့် ရာသီသီးနှံများထုတ်လုပ်မှုကို တိုးမြှင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးဇုန်များအတွင်း မြေအသုံးချမှုများကို အကျိုးရှိရှိ အသုံးနိုင်ရန်လိုကြောင်း၊ ယနေ့တွင် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ကို ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်သည့်အတွက် သန်လျင်ဒေသသည် ယခင်ကထက် များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ဆောင်ရွက်သွားရန်လိုသကဲ့သို့ အထွက်နှုန်း များတိုးမြင့်လာစေရေးအတွက်လည်း စနစ်တကျဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဥစားကြက်၊ ဘဲ မွေးမြူရေးနှင့်ပတ်သက်၍ ဥထွက်ရှိမှုပမာဏ၊ ဥသည့် အချိန်ကာလတို့ကို စနစ်တကျ တွက်ချက်ချိန်ညှိ၍ အသုတ်လိုက်မွေးမြူသည့်စနစ်ဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အထွက်နှုန်းတိုးမြင့် လာစေမည့် မွေးမြူရေးနည်းလမ်းများကိုလည်း ဆက်လက်လေ့လာဆောင်ရွက်သွားကြရန်လိုကြောင်း။
အမြတ်ရရှိရေးသည် အဓိကမဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်သူလူထုအနေဖြင့် အသား၊ ငါးနှင့် ရာသီသီးနှံများကို သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသောက်နိုင်စေရေးအတွက် အဓိက ဆောင်ရွက်ခြင်း ဖြစ်သဖြင့် ယခုထက်ပိုမိုအောင်မြင်အောင် ဆောင်ရွက်သွားကြရန်မှာကြားလိုကြောင်း၊ မွေးမြူရေးဆောင်ရွက်ရာ၌ နည်းလမ်းစနစ်မှန်ကန်ရန်နှင့် အစာနှင့်ရေကို ပြည့်ပြည့်ဝဝ ကျွေးမွေးမည် ဆိုပါက အထွက်နှုန်းများလည်း တိုးတက်ကောင်းမွန်နေမည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးဇုန်များမှ ထွက်ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချရာ၌ ပြည်သူလူထုတို့၏လက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိမှသာလျင် ဈေးနှုန်းသက်သာမည်ဖြစ်သည့်အတွက် မြို့တော်စည်ပင်သာယာရေးအဖွဲ့၊ တိုင်းစစ်ဌာနချုပ် သက်သာချောင်ချိရေး အရောင်းဆိုင်များနှင့် ချိတ်ဆက်ဆောင်ရွက်နေရန်လိုကြောင်း၊ ပြည်တွင်းစားသုံးမှုဖူလုံအောင် ထုတ်လုပ်နိုင်ပြီးပါက ထပ်မံတိုးချဲ့ထုတ်လုပ်၍ အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများသို့လည်း အေးခဲ အသား၊ ငါးများ တင်ပို့ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ ဒေသတွင်းနိုင်ငံအများအပြားအနေဖြင့် အသား၊ ငါးနှင့် စိုက်ပျိုးရေးထွက်ကုန်သီးနှံ လိုအပ်ချက်မြင့်မားလျက်ရှိသည်ကို လေ့လာတွေ့ရှိချက်များအရ သိရှိရသဖြင့် ခိုင်မာသည့်ဈေးကွက်ဝယ်လိုအားရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်းစားသုံးသူများ၏ လိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်ပြီး ပြည်ပသို့အရည်အသွေးပြည့်မီသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များတင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မိရိုးဖလာ သမားရိုးကျ နည်းလမ်းများဖြင့် မွေးမြူခြင်းထက် ခေတ်မီနည်းစနစ် များအသုံးပြုစိုက်ပျိုးသည့် နည်းလမ်းများကို အသုံးပြုဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဖြင့် အောင်မြင်နေသည့်နိုင်ငံများ၏ စိုက်ပျိုးရေးနည်းလမ်းများ၊ မွေးမြူရေး နည်းလမ်း များကိုလည်း အမြဲမပြတ်လေ့လာ၍ အတုယူဆောင်ရွက်ကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် မွေးမြူထားရှိသည့် ငါး အမျိုးအစားနမူနာပြသထားရှိမှုများနှင့် စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများမှ ထွက်ရှိသည့် ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မွေးမြူရေးဇုန် အတွင်းရှိ ငါးသားဖောက်လုပ်ငန်းဆောင်ရွက်နေမှုနှင့် ငါးသားပေါက်မွေးမြူထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီလဝါဘက်စုံ စိုက်ပျိုး မွေးမြူရေးဇုန်အတွင်းလှည့်လည်၍ ဘဲမွေးမြူရေး ဆောင်ရွက်ထားရှိမှုနှင့် ငါးမွေးမြူရေး ဆောင်ရွက် ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးလုပ်ငန်းများ စနစ်တကျဖြစ်စေရေးအတွက် လိုအပ်သည် များကို မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Source- www,moi.gov.mm
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၄ခုနှစ်၊ ဇွန်လ ၈ ရက်နေ့ နေ့လယ်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြို့တော်ဝန် ဦးဘိုဌေးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်း ကဏ္ဍဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။
ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်း ကဏ္ဍဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။
ညှိနှိုင်းဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင် နိုင်ဦး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မြန်မာ့စီးပွားရေးဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတကာမှ တိရစ္ဆာန်အစာစနစ်စိုက်ပျိုးခြင်း၊ နို့စားနွားမွေးမြူခြင်း၊ စပါးစိုက်ပျိုးခြင်း၊ နေကြာ ရိတ်သိမ်းခြင်းနှင့် ဆီထုတ်လုပ်ခြင်း၊ ခေတ်မီစက်ယန္တရားများနှင့် နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စက်ယန္တရားများဖြင့် တိရစ္ဆာန်များကို အစာကျွေးခြင်း ဗီဒီယိုဖိုင်များကို လေ့လာ ကြည့်ရှုကြသည်။
ဆီထွက်သီးနှံများ အထွက်နှုန်းတိုးမြှင့်ရေးနှင့် ပြည်ပမှ စားသုံးဆီတင်သွင်းမှုလျှော့ချနိုင်ရေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆွေးနွေးပြောကြားရာတွင် ယနေ့မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေး၊ စီးပွားတိုးတက်စေရေးအတွက် အဓိက ကျသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လက်တွေ့ကျကျ ဆွေးနွေးမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ကြံ၊ ကော်ဖီနှင့် ဆက်စပ်သီးနှံများနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ရန်ဖြစ်ကြောင်း၊ နှစ်စဉ် ပြည်ပမှစားသုံးဆီများ တင်သွင်းနေရသဖြင့် ပြည်တွင်းဆီစားသုံးမှု ဖူလုံမှုရှိစေရေး အလေးထားဆောင်ရွက်ကြရန် မိမိတို့စတင်တာဝန်ယူစဉ်ကတည်းက ပြောကြားခဲ့ပြီး အထောက်အကူဖြစ်စေရေးအတွက်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီးမတည်ငွေများ ဆောင်ရွက်ပေးခဲ့ကြောင်း၊ သို့သော် စားသုံးဆီတင်သွင်းမှုအနေဖြင့် လျော့ကျခြင်းမရှိသည်ကိုတွေ့ရှိရပြီး လက်ရှိအချိန်အထိ တင်သွင်းနေရဆဲဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ စားသုံးဆီရရှိရေးအတွက် စိုက်ပျိုး ထုတ်လုပ်နိုင်မည့် စိုက်ပျိုးမြေများ၊ လိုအပ်သည့်သွင်းအားစုရေနှင့် လူ့စွမ်းအားအရင်းအမြစ်များ ရှိသော်လည်း စားသုံးဆီဖူလုံစွာ ထုတ်လုပ်နိုင်ခြင်းမရှိသည်မှာ မဖြစ်သင့်ကြောင်း၊ ဆီထွက်သီးနှံများ ဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာတို့အနက် မြေပဲသည် တစ်ဧကအထွက်နှုန်းကောင်းမွန်သည်ကို တွေ့ရှိ ရကြောင်း၊ အချက်အလက်များအရ နေကြာသည် မြေပဲနှင့်နှမ်းတို့ထက် ဆီအထွက်နှုန်း ပိုမိုကောင်းမွန် သည်ကိုတွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံ၌ အထက်ပါဆီထွက်သီးနှံသုံးမျိုးလုံး အောင်မြင်စွာစိုက်ပျိုး ထုတ်လုပ်နိုင်သည်ကိုတွေ့ရှိရကြောင်း၊ နေကြာစိုက်ပျိုးမှုတွင် ဝတ်မှုန်ကူးမှုအောင်မြင်စေရေးအတွက် ပျားမွေးမြူရေးကိုပါတွဲ၍ ဆောင်ရွက်ရန်လိုသည်ကို တွေ့မြင်ရကြောင်း၊ ဆီထွက်သီးနှံများသည် လေးလ တာကာလအတွင်း စိုက်ပျိုးထုတ်လုပ်နိုင်ပြီး တစ်နှစ်လျှင် နှစ်သီးစိုက်ပျိုး၍ရသည်ကို တွေ့ရှိရသောကြောင့် မည်ကဲ့သို့အောင်မြင်အောင် ဆောင်ရွက်ရမည်ကို အဖြေရှာဆောင်ရွက်ကြရန်လိုကြောင်း။
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းဟူသော မျိုးကောင်း မျိုးသန့်ရရှိအောင်ဆောင်ရွက်ရန်၊ မြေကို စနစ်တကျပြုပြင်ဆောင်ရွက်ရန်၊ အောင်ရေရရှိရန်၊ စိုက်နည်း စနစ် များမှန်ကန်ရန် အဓိကကျကြောင်း၊ လက်ရှိဆီထွက်သီးနှံစိုက်ဧကများသည် လုံလောက်သည့် အနေအထားတွင်ရှိပြီး ပန်းတိုင်အထွက်နှုန်း ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ သီးထပ် စွမ်းအားများ ကောင်းမွန်စေရေးအတွက်လည်း မတူညီသည့်ရာသီဥတုတွင် လိုအပ်သည့်သွင်းအားစုများ ရရှိအောင် ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးဆိုင်ရာ ပညာရှင်များအနေဖြင့် စဉ်းစားဆောင်ရွက်ကြရန်လိုပြီး အခြားနိုင်ငံများ၏ စိုက်ပျိုးရေးတွင် အောင်မြင်စွာဆောင်ရွက်နေကြသည့် နည်းပညာများကိုလည်း အတုယူဆောင်ရွက် ကြရန်လိုကြောင်း၊ မျိုးကောင်းမျိုးသန့်များအား စနစ်တကျ ပြုပြင်ထားသည့်မြေတွင် မြေဩဇာပြည့်မီစွာထည့်သွင်းခြင်း၊ အောင်ရေရရှိအောင် ဆောင်ရွက် ပေးခြင်းတို့ဖြင့် စိုက်ပျိုးမည်ဆိုပါက အထွက်နှုန်းများ ပြည့်မီလာနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ကိုဗဟိုပြု၍ မြစ်၏အရှေ့၊ အနောက်နှင့် မြစ်လက်တက်များကို အားပြု၍ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ကြကြောင်း၊ အခြားသောမြစ်များ၊ ချောင်းများ များစွာလည်း ရှိပြီးဖြစ်သဖြင့် တစ်နိုင်ငံလုံးတွင်ရေနှင့်ပတ်သက်၍ အထောက်အကူရရှိပြီးဖြစ်ကြောင်း၊ သို့သော်လည်း နွေရာသီကာလ၌ ရေရရှိရန်အခက်အခဲရှိသည့် ဒေသအချို့လည်းရှိကြောင်း၊ ထိုကဲ့သို့ အခက်အခဲရှိသည့် ဒေသများ၌ ဆိုလာကိုအသုံးပြု၍ မြစ်ရေတင်ခြင်းများ၊ ရေရရှိနိုင်သည့် အရင်းအမြစ်များမှ ရေသွင်းစိုက်ပျိုး ခြင်းတို့ဖြင့် ဆောင်ရွက်မည်ဆိုပါက စိုက်ပျိုးရေနှင့် အောင်ရေကို အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေးသည်လည်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေး အတွက် အဓိကကျကြောင်း၊ တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီသည့် ထွက်ရှိမှုများသည် မိမိတို့အတွက် အနုတ်လက္ခဏာပြနေသည်ကို သတိပြုမိကြရန်လိုကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့် ပတ်သက်ပါက တစ်ဧကအထွက်နှုန်းတိုးမြှင့်နိုင်ရေးသည် အဓိကထားဆောင်ရွက်ကြရမည့်လုပ်ငန်းအဖြစ် မှာကြားလိုကြောင်း။
သီးနှံများအနက် စပါးစိုက်ပျိုး၍ရသည့်မြေနေရာသည် အခြားသီးနှံများလည်း အောင်မြင်စွာဖြစ်ထွန်း သည်ကို တွေ့မြင်ရကြောင်း၊ ထို့ကြောင့် စပါးစိုက်ပျိုးသည့် မြေနေရာများ၌ ရာသီဥတုအရ၊ မြေအခြေအနေအရ သင့်လျော်ကိုက်ညီသည့် သီးထပ်သီးနှံများကိုလည်း စိုက်ပျိုးနိုင်မည်ဆိုပါက အထွက်နှုန်းများ တိုးတက်လာနိုင်မည်ဖြစ်ကြောင်း။
စက်မှုကုန်ကြမ်းသီးနှံများဖြစ်သည့် ဝါ၊ ကြံနှင့် ကော်ဖီသီးနှံများ အထွက်နှုန်းတိုးတက်အောင် ထုတ်လုပ် နိုင်ရန်လို
စက်မှုကုန်ကြမ်းသီးနှံနှင့်ပတ်သက်၍ ဝါစိုက်ပျိုးရေးဆောင်ရွက်ရာတွင် ပန်းတိုင်အထွက်နှုန်းများအတိုင်း ထွက်ရှိအောင်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊ တစ်ဧကသတ်မှတ်အထွက်နှုန်း ပိဿာ ၁၀၀၀ ထွက်ရှိမည်ဆိုပါက ဝါဂွမ်းပိဿာ ၃၅၀ ၊ ဝါစေ့ ဆီ ၅၂ ဒသမ ၅ ပိဿာ၊ ဝါစေ့ဆီချေး ၁၇ ဒသမ ၅ ပိဿာ၊ လင်တာဂွမ်း(အမျှင်တို) ပိဿာ ၄၀ ၊ ဝါစေ့ ကြိတ်ဖတ်ပိဿာ ၅၄၀ ၊ ချည်ပိဿာချိန် ၁၀၀၈ ပေါင် ထွက်ရှိမည်ဖြစ်သဖြင့် ချည်ပိတ် ၃၉၁၆ ကိုက် ထွက်ရှိမည်ဟုသိရကြောင်း၊ ဝါစိုက်ဧက ၅ သိန်း စိုက်ပျိုးနိုင်မည်ဆိုပါက ချည်ပိတ် ကိုက်သန်းပေါင်း ၅၈ သန်းထွက်ရှိမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ သန်း ၅၀ နှင့် တွက်ချက်ကြည့်ပါက လူတစ်ဦး တစ်နှစ်လျှင် ချည်ပိတ်ကိုက် ၄၀ ခန့် အသုံးပြု နိုင်မည်ဖြစ်ကြောင်း၊ ပိဿာချိန် ၇၀၀ ထွက်ရှိမည်ဆိုပါက လူဦးရေသန်း ၅၀ တွင် တစ်ဦးလျှင် ချည်ပိတ်ကိုက် ၃၀ ခန့် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးမှုကို ဧက ၅ သိန်းစိုက်ပျိုးပြီး သတ်မှတ် ပန်းတိုင်ရည်မှန်းချက်များအတိုင်း စိုက်ပျိုးထုတ်လုပ် နိုင်မည်ဆိုပါက ပြည်တွင်းချည်သုံးစွဲမှုကို ဖူလုံစေမည်ဖြစ်သဖြင့် နိုင်ငံ့ဝင်ငွေရရှိရေးကို ကြီးမားစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဝါစိုက်ပျိုးမှုကို ဝန်ကြီးဌာနများအနေဖြင့် အလေးထား ဆောင်ရွက်ရန်လိုကြောင်း။
ပြည်တွင်းမှထွက်ရှိသည့် ချည်များကို အထည်ချုပ်လုပ်ငန်းများတွင် အသုံးပြုနိုင်ခြင်းကြောင့် ချည်ထည် လုပ်ငန်းများဖြင့် CMP လုပ်ငန်းနှင့် MSME လုပ်ငန်း များကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပြည်သူများ အလုပ်အကိုင်ရရှိရေးအတွက် များစွာအထောက်အကူပြုစေ မည်ဖြစ်ကြောင်း၊ ချည်ထည်များကို တန်ဖိုးမြှင့်ချည်ထည်များအထိ ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပပို့ကုန်များကိုပါ တင်ပို့ရောင်းချနိုင်မည် ဖြစ်ကြောင်း၊ တန်ဖိုးမြင့်ချည်ထည်များ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာနနှင့် တပ်မတော်ကို တာဝန်ပေး ဆောင်ရွက်စေလျက်ရှိကြောင်း။
ကြံစိုက်ပျိုးမှုနှင့်ပတ်သက်၍ လက်ရှိပျမ်းမျှ အထွက်နှုန်းမှာ ၂၆ တန်ခန့်ရှိကြောင်း၊ မိမိတို့နိုင်ငံ အနေဖြင့် ကြံနှင့်ပတ်သက်၍ လက်ရှိအထွက်နှုန်းအတိုင်း တွက်ချက်မည်ဆိုပါက ပြည်တွင်းဖူလုံမှု မှာ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ၁၁၂ ရာခိုင်နှုန်းရှိ ကြောင်း၊ တန် ၃၀ နှုန်းဖြင့် တွက်ချက်မည်ဆိုပါက ပြည်တွင်းဖူလုံမှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ကြံစိုက်ပျိုးမှုကို စိုက်ဧကတိုးချဲ့ရန်မလိုဘဲ အထွက်နှုန်းပိုမိုတိုးတက် အောင် ဆောင်ရွက်ရန်လိုကြောင်း၊ အဆင့်မီစိုက်ပျိုးနိုင်ရေး၊ ကြံအထွက်နှုန်းများ တိုးတက်စေရေးနှင့် သကြားထုတ်လုပ်မှုတိုးတက် စေရေးတို့အတွက်လည်း ပြည်ပနိုင်ငံများနှင့်ညှိနှိုင်းဆောင်ရွက်လျက် ရှိကြောင်း၊ ကြံစိုက်ပျိုးထုတ်လုပ်မှုများ တိုးတက်လာမည်ဆိုပါက ပြည်တွင်းသကြား လုံလောက်ရုံသာမက ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်မည်ဖြစ်ကြောင်း။
ကော်ဖီသီးနှံနှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် ယခင်တပ်မတော်အစိုးရလက်ထက်မှစ၍ ကော်ဖီစိုက်ပျိုးရေး ကို အားပေးဆောင်ရွက်ခဲ့သော်လည်း လက်တွေ့လုပ်ဆောင်ရာ၌ လိုက်ပါလုပ်ဆောင်မှုအားနည်းခဲ့၍ အောင်မြင်မှုနည်းပါးခဲ့ကြောင်း၊ ကော်ဖီစိုက်ပျိုးရန်ခွင့်ပြုထားသည့်မြေများကို အခြားနည်းများဖြင့် သုံးစွဲ နေကြခြင်းနှင့် သတ်မှတ်ထားသည့်အတိုင်း စိုက်ပျိုးခြင်းမပြုခြင်းများကြောင့်ဖြစ်သည်ကို တွေ့ရှိရသဖြင့် မိမိတို့အနေဖြင့် ကော်ဖီများစနစ်တကျစိုက်ပျိုးစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ကော်ဖီ ထွက်ကုန်များသည် ကမ္ဘာပေါ်တွင် အမြဲလိုအပ်မှုရှိသည့် ကုန်ပစ္စည်းများဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ကော်ဖီစိုက်ပျိုးနိုင်သည့် မြေနေရာများစွာရှိသဖြင့် ကော်ဖီစိုက်ပျိုးရေးစီမံကိန်းကို အောင်မြင်အောင် ဆောင်ရွက်မည်ဆိုပါက ကော်ဖီပို့ကုန်များကို များစွာမြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုအချိန်မှ စ၍ ကော်ဖီစိုက်ပျိုးရေး စီမံကိန်းများကို စတင်ဆောင်ရွက်သွားမည်ဆိုပါက နောင်ကာလများတွင် မိမိတို့နိုင်ငံသည် ကမ္ဘာပေါ်တွင် ကော်ဖီတင်ပို့သည့် ထိပ်တန်းနိုင်ငံသို့ရောက်ရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကော်ဖီစိုက်ပျိုး ထုတ်လုပ်ရေးနှင့် ပတ်သက်၍လည်း အလေးထားဆောင်ရွက်သွား ကြရန်လိုကြောင်း။
နို့ထွက်ပစ္စည်းများထုတ်လုပ်နိုင်ရေး ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းများ အားပေးဆောင်ရွက်
မိမိတို့နိုင်ငံအနေဖြင့် နို့နှင့်နို့ထွက်ပစ္စည်းများကို ပြည်ပမှနှစ်စဉ်တင်သွင်းနေရကြောင်း၊ ပြည်တွင်း၌ နွားမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်နိုင်သည့် ရေခံမြေခံနှင့် တိရစ္ဆာန်အစာများ လုံလောက်စွာရှိပြီး ဖြစ်ကြောင်း၊ အဓိကအားဖြင့် နည်းပညာအားဖြင့် မမြင့်မားသော နို့ထွက်ပစ္စည်းများဖြစ်သည့် နို့ဆီနှင့် နို့စိမ်းများကို ပြည်တွင်း၌လုံလောက်စွာ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ နွားနို့သာမက ကျွဲနို့ကိုလည်း နို့ထွက်ပစ္စည်းအဖြစ် ထုတ်လုပ်နိုင်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို သမဝါယမ အသင်းများဖွဲ့စည်း၍ မွေးမြူနိုင်ရေး ဆောင်ရွက်စေခြင်းဖြစ်ကြောင်း၊ နွားမွေးမြူရေးနှင့် ကျွဲမွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ နို့ထွက်ပစ္စည်းထုတ်လုပ်သည့်စက်ရုံများ တည်ဆောက် ပြီး ပြည်တွင်း၌ နို့ထွက်ပစ္စည်းများဖူလုံအောင် ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပငွေသုံးစွဲမှုများကို လျှော့ချ နိုင်မည်ဖြစ်ကြောင်း။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများတိုးတက်ခြင်းဖြင့် တစ်ဦးချင်းဝင်ငွေများ တိုးတက်လာပြီး နိုင်ငံ့စီးပွား တိုးတက်ပြောင်းလဲလာမည်
မိမိတို့အနေဖြင့် ပြည်ပမှ နှစ်စဉ်တင်သွင်းနေရသည့် စားသုံးဆီများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ချည်ထည်ပစ္စည်းများကို ပြည်တွင်းလုံလောက်စွာထုတ်လုပ်နိုင်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံတော်အတွက်လိုအပ်သည့် နိုင်ငံခြားငွေများ ကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ တိုးတက်လာခြင်းဖြင့် လုပ်ငန်းများဆောင်ရွက် လျက်ရှိသည့် ပြည်သူတစ်ဦးချင်း၏ ဝင်ငွေများတိုးတက်လာပြီး လူမှုစီးပွားများတိုးတက်လာမည် ဖြစ်သဖြင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ပြီး များစွာပြောင်းလဲသွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်စေရေး အမြဲမပြတ်တိုက်တွန်းပြောကြားနေခြင်း ဖြစ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင်လည်း တက်ရောက်လာကြသူများအနေဖြင့် နိုင်ငံ့အကျိုးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်းဖြင့် ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆီထွက် သီးနှံများ စိုက်ပျိုးထွက်ရှိမှုနှင့် ပြည်တွင်းဆီဖူလုံမှုအခြေအနေများ၊ ပြည်တွင်းဆီဖူလုံမှု တိုးမြှင့်နိုင်ရေး အတွက် ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး လျာထားဆောင်ရွက်လျက်ရှိမှုနှင့် လျာထားချက်များ အတိုင်း ထွက်ရှိလာမည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုများ တိုးတက်လာမည့်အခြေအနေများ၊ စိုက်ပျိုးထွက်ရှိလာသည့် ဆီထွက်သီးနှံများမှ ဆီများထုတ်လုပ်နိုင်ရေး ဆီကြိတ်စက်ရုံများ တည်ဆောက် ရန် လျာထားမှု၊ ဝါစိုက်ပျိုးမှု၊ ထွက်ရှိမှုနှင့် ပြည်တွင်းချည်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဝါစေ့မှဆီထုတ်လုပ်၍ တိရစ္ဆာန်အစာများ ထုတ်လုပ်နိုင်မှု၊ ဝါစိုက်ပျိုးမှုတိုးချဲ့ နိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ စိုက်ဧကများအမှန်အတိုင်း ကောက်ယူရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး ပြည်ပနိုင်ငံများနှင့် ပူးပေါင်းသုတေသနပြု စမ်းသပ် စိုက်ပျိုးဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကော်ဖီ စိုက်ပျိုးမှုနှင့် ထွက်ရှိမှု၊ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိမှုနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်မှု၊ ကြံများစိုက်ပျိုးထုတ်လုပ်လျက်ရှိမှု၊ ဂျုံစိုက်ပျိုးမှုများ တိုးတက်ရေးဆောင်ရွက်နေမှု၊ နို့စားနွားများမွေးမြူ၍ နို့ထွက်ပစ္စည်းများ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ နို့စားနွားများသာမက ဒေသနွားနှင့် ကျွဲများမှလည်း နို့များထုတ်လုပ်လျက်ရှိမှု၊ နို့ထွက်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးအတွက် နို့စားနွားများ တိုးမြှင့်မွေးမြူရန်လိုအပ်မှု အခြေအနေများကို လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တိုင်း ဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးရေများလုံလောက်စွာရရှိရေး ဆောင်ရွက်ပေးခဲ့မှု၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများအတွက် သွင်းအားစုလိုအပ်ချက်များရရှိရေး ဝန်ကြီးဌာနအနေဖြင့် သမဝါယမအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပေးလျက်ရှိမှု၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းချည်ထည်များထုတ်လုပ်လျက်ရှိမှုနှင့် ပြည်တွင်းချည်လိုအပ်ချက်ကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ ချည်ထည်များထုတ်လုပ်ခြင်းကို MSME လုပ်ငန်းများဖြင့် ဆောင်ရွက်နိုင်မှု၊ သကြားစက်ရုံများ လည်ပတ်ထုတ်လုပ်လျက်ရှိမှုအခြေအနေများကို လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရေးနှစ်အလိုက် ဆီထွက်သီးနှံများ၊ ကော်ဖီထွက်ကုန်များ၊ ကြံထွက်ပစ္စည်းများ၊ ရော်ဘာထွက် ကုန်များနှင့် စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ရောင်းချနိုင်ခဲ့မှု၊ စားသုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ စိုက်ပျိုးရေး လုပ်ငန်းသုံးသွင်းအားစုများ၊ လယ်ယာသုံစက်ကိရိယာပစ္စည်းများ၊ ပိုးသတ်ဆေးများ တင်သွင်းခဲ့မှု အခြေအနေများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်းများကို နှစ်အလိုက် ကြိုတင် လျာထားဆောင်ရွက်သင့်သည့် အခြေအနေများ၊ အရည်အသွေးမီနေကြာဆီများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သင့်သည့် အခြေအနေများကိုလည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောက တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ သကြားစက်ရုံများအလိုက် ကြံစိုက်ပျိုးမှုများ ဆောင်ရွက် လျက်ရှိမှုနှင့် ကြံမျိုးများအလိုက် သကြားထုတ်လုပ်နိုင်မှုအထွက်နှုန်းများနှင့် အထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်သွားမည့် အခြေအနေများ၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်၍ နို့ထွက်ပစ္စည်းများနှင့် အသား၊ ငါးများထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးက ကြံစိုက်ပျိုးရေး လုပ်ငန်းများနှင့် သကြားထုတ်လုပ်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ နွားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတိုးတက်စေရေး သုတေသနပြုဆောင်ရွက်လျက်ရှိမှု၊ စိုက်ပျိုးရေများလုံလောက်စွာရရှိရေး မြစ်ရေတင်လုပ်ငန်းများ၊ ချောင်းပိတ်ဆည်များ၊ စက်ရေတွင်းများနှင့် နေရောင်ခြည်စွမ်းအင်သုံး ရေတင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ သမဝါယမ အသင်းအဖွဲ့များဖွဲ့စည်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှုများကို ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး
တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပြောကြားရာတွင် ဆီထွက်သီးနှံများစိုက်ပျိုးရာတွင် စိုက်ဧကအမှန်အတိုင်း စိုက်ပျိုးရန်လိုကြောင်း၊ ရာသီအလိုက်စိုက်ပျိုးသည့် ဧကအမှန်အတိုင်း တင်ပြနိုင်ရန်လိုပြီး မည်သည့်ရာသီ၊ မည်သည့် သီးနှံများစိုက်ပျိုးသည်ဖြစ်စေစိုက်ဧကများအတိုင်းအပြည့်အဝစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးသီးနှံများကိုစိုက်ပျိုးရာတွင်မျိုးကောင်းမျိုးသန့်များဖြင့် နည်းစနစ်တကျစိုက်ပျိုးနိုင်ရန်လိုကြောင်း၊ ထွက်ရှိသည့်ကြံများမှ သကြားအပြည့်အဝထုတ်လုပ်နိုင်ရေး စက်ရုံများ၏ထုတ်လုပ်နိုင်မှု စက်စွမ်းအား များကို ပြန်လည်စစ်ဆေးဆောင်ရွက် သွားရန်လိုကြောင်း၊ ကြံစိုက်ဧကများကို တိုးချဲ့ခြင်းထက် အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်တွင်း ချည်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင် ရေး ဝါစိုက်ပျိုးထုတ်လုပ်မှုကို တိုးမြှင့်နိုင်ရန် လိုသကဲ့သို့ ချည်မျှင်စက်ရုံများ တိုးချဲ့တည်ဆောက် ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝါကြိတ်စက်၊ ချည်ငင်စက်၊ ချည်ထည်ပစ္စည်းများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) များဖြင့် ဆောင်ရွက် နိုင်မည်ဆိုပါက ပြည်သူများ အလုပ်ကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်သဖြင့် အမျိုးသားရေး အဖြစ် ဆောင်ရွက်စေလိုကြောင်း၊ နွားမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကျေးလက်ဒေသများ ၌ ယခင်ကကဲ့သို့ ပြန်လည်တိုးတက်မွေးမြူရေး ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မွေးမြူသူများအတွက် လက်လှမ်းမီသောဈေးကွက် ဖန်တီးပေးရန်လိုကြောင်း၊ အိမ်၊ ကျေးရွာအလိုက် နွားနို့စုဆောင်းရန်နေရာ (Milk Collection Center) များပြုလုပ်၍ ဝယ်ယူပေးရန်လိုကြောင်း၊ ၎င်းမှ ၂၄ နာရီအတွင်း နို့ချက်စက်ရုံသို့ ပို့ပေးနိုင်ရန်လိုကြောင်း၊ သွင်းကုန်ပစ္စည်းများကို တင်သွင်းရာတွင် ပြည်တွင်း၌ ထုတ်လုပ်၍ရနိုင်သည့် ပစ္စည်းများကို တင်သွင်းခြင်းထက် နိုင်ငံအတွက် အမှန်တကယ် လိုအပ်သည့် ပစ္စည်းများကိုသာ တင်သွင်းရန်လိုကြောင်း။
ပြည်တွင်းနို့ထွက်ပစ္စည်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး နို့စားနွားမွေးမြူခြင်းများကို တိုးချဲ့ မွေးမြူရန်လိုကြောင်း၊ နို့ဆီ၊ နို့စိမ်း၊ အသင့်သောက်နွားနို့မှစ၍ နို့ထွက်ပစ္စည်းများအား အဆင့်မြင့် ထုတ်ကုန်များအထိ ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထို့ကြောင့် နို့ထွက်ပစ္စည်းစက်ရုံများ တည်ဆောက် လည်ပတ်နိုင်ရန် တိုင်းရင်းသားလုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့်စိုက်ပျိုးရေများ လုံလောက်စွာရရှိရေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ မိုးစပါး ၁၄ သန်းကျော် စိုက်ပျိုးရေးလုပ်ငန်းမှထွက်ရှိသည့် ကောက်ရိုးများအား တိရစ္ဆာန်အစာများ ပြုလုပ်နိုင်သကဲ့သို့ ပျော့ဖတ်လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်သဖြင့် အကျိုးရှိစွာ အသုံးပြုနိုင်ရန်လို ကြောင်း၊ ပြောင်းစိုက်ပျိုးရေး၌လည်း အလားတူပင်ဖြစ်ကြောင်း၊ လယ်ယာထွက် ကောက်ရိုးပင်စည် ပျော့တို့မှ သဘာဝမြေဩဇာ၊ ထင်းအစားထိုးလောင်စာ၊ တိရစ္ဆာန်အစာ၊ ကမ္ဘာ၌ လိုအပ်ချက်မြင့်မားသော ပျော့ဖတ်တို့ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ဆွေးနွေးခဲ့သည့်အချက်အလက်များအပေါ်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ကြရန်လို
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယနေ့ဆွေးနွေးဆောင်ရွက်မှုများသည် များစွာအကျိုးရှိကြောင်း၊ ဆွေးနွေးခဲ့သည့် အတိုင်း လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ ဝါစိုက်ပျိုးရေးနှင့် ဆီထွက်သီးနှံစိုက်ပျိုးရေးတို့ကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် ဆောင်ရွက်သွားရန်လိုကြောင်း၊ စိုက်ဧကများ တိုးချဲ့ခြင်းထက် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန် လိုကြောင်း၊ စတင်စိုက်ပျိုးချိန်မှစ၍ ရိတ်သိမ်းသည့်အချိန်အထိ အဆင့်ဆင့်ထွက်ရှိလာသည်များသည် နိုင်ငံအတွက်များစွာ အကျိုးရှိမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းနှင့် ထုတ်လုပ်မှု များ အတွက် တန်ဖိုးများမြင့်တက်လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးသည်မှသည် ကုန်ချောထွက်ရှိသည်အထိ ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်နှင့် ကုန်ထုတ်လုပ်စားသုံးမှု ကွင်းဆက် (Supply Chain) တစ်ခုလုံး၌ အလုပ်အကိုင်ရရှိမှု၊ ကုန်ထုတ်လုပ်မှုများ များစွာဆက်စပ် တိုးတက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးထုတ်လုပ်မှုများအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူစိုက်ပျိုး မွေးမြူရေး နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်လိုကြောင်း၊ စိုက်ပျိုး ရေးလုပ်ငန်းများအတွက် လိုအပ်သည့်ပညာရှင်များ မွေးထုတ်ပေးရာတွင် ဒီပလိုမာအဆင့်မှ ဘွဲ့ကြို၊ ဘွဲ့လွန်အထိမွေးထုတ်ပေးနိုင်ရေး ကျောင်းများတိုးချဲ့ပေးရန်လိုကြောင်း၊ မွေးမြူရေးဒီပလိုမာ ပညာရှင်များ မွေးထုတ်ပေးနိုင်ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ မြန်ဆန်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝန်ကြီးဌာနများအချင်းချင်း ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယနေ့ ဆွေးနွေးပွဲနှင့်ပတ်သက်၍ ရလဒ်များ ကောင်းမွန်သည်ကိုတွေ့ရှိရပြီး ဆွေးနွေးခဲ့သည့် အချက်အလက်များအပေါ် လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ ၂ နာရီတွင် ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm
ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနှင့် အသား၊ နို့ထွက်ပစ္စည်း ကဏ္ဍဖွံ့ဖြိုးရေး ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဆွေးနွေးသည်။
(၄) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးသည်။
တက်ရောက်
(၄) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးသည်။
တက်ရောက်
အစည်းအဝေးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာလီချန်းတို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ကြပြီး ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက် မဟာ ပဝရ ဓိပတိ ဟွန်မာနိုက်၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆုံဆိုင်း ဆီဖန်ဒုံ၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆရက်ထာ ထာဗီဆင်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ဖန်မင်ချင်းတို့ တက်ရောက်ကြသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ဦးစွာ ပူးတွဲဥက္ကဋ္ဌများက အဖွင့်အမှာစကားများ ပြောကြားကြပြီး မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်များက မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ်သုံးသပ်ကာ အနာဂတ် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ဘက်စုံဖွံ့ဖြိုးတိုးတက်သည့်အဆင့်သို့ရောက်ရှိ
အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆွေးနွေးပြောကြားရာတွင် ၂၀၁၆ ခုနှစ်၌ စတင်တည်ထောင်ခဲ့သည့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ခုနစ်နှစ်တာကာလအတွင်း အခြေခံအဆင့်ကိုကျော်ဖြတ်၍ ဘက်စုံဖွံ့ဖြိုး တိုးတက်သည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိကာလအတွင်း အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၆ သန်း တန်ဖိုးရှိသည့် အထူးရန်ပုံငွေစီမံကိန်း ၁၀၆ ခုရရှိထားပြီး နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများကို အထောက်အကူပြုလျက် ရှိပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအနေဖြင့် မဲခေါင် - လန်ချန်း နိုင်ငံများအား အထောက်အပံ့နှင့် အကူအညီများ ဆက်လက်ပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း။
အရှိန်အဟုန်မြှင့်ဆောင်ရွက်
ယနေ့အစည်းအဝေး၏ဆောင်ပုဒ်မှာ “မဲခေါင် - လန်ချန်းနိုင်ငံများအကြား အားလုံးနှင့် သက်ဆိုင် သော အနာဂတ်နှင့် ခေတ်မီဖွံ့ဖြိုးမှုတည်ဆောက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဖြစ်သည့်အတွက် လက်ရှိအခြေအနေများနှင့် ကိုက်ညီမှုရှိပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးခေတ်မီတိုးတက်လာစေရေးတို့အတွက် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ်အောက်တွင် အချင်းချင်းအပြန်အလှန် အကူအညီပေးသင့်ပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် မဲခေါင် - လန်ချန်း ဖွံ့ဖြိုး တိုးတက်မှုလမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါကြောင်း၊ “မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ဆန်းသစ်တီထွင်မှု စင်္ကြံ” ဖော်ဆောင်မှုနှင့် “အဖွဲ့ဝင်နိုင်ငံများအကြား ပေါင်းစည်းဆက်နွှယ်မှု တိုးမြှင့်ရေးဆိုင်ရာစီမံချက်” ရေးဆွဲမှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက် ကြရ မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေးအခြေပြု စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းများအတွက် လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးကဏ္ဍကို ဦးစားပေးဆောင်ရွက်သွားသင့် ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ထိရောက်စွာ ဆောင်ရွက်သွားသင့်ကြောင်းပြသသည့် သင်ခန်းစာတစ်ရပ်ဖြစ်ပါကြောင်း၊ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ပြည်သူ့ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နည်းပညာနှင့်ကျွမ်းကျင်မှုများ မျှဝေခြင်းနှင့် အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆောင်ရွက်သွားသင့်ပါကြောင်း၊ နေပြည်တော်တွင် “အမျိုးသားကူးစက်ရောဂါ ကာကွယ်ရေးနှင့် လေ့ကျင့်ရေးစင်တာ” တည်ဆောက်ရန်အတွက် အကူအညီများ ပေးအပ်ခဲ့သည့် တရုတ်နိုင်ငံကို ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါစင်တာသည် ၂၀၂၄ ခုနှစ် နှစ်ဦးပိုင်းတွင် ပြီးစီးမည် ဖြစ်ပါကြောင်း။
အရေးပါမှုကိုလည်း အသိအမှတ်ပြု
“မဲခေါင် - လန်ချန်း ခရီးသွားလာရေး မြို့တော်များ တည်ထောင်ခြင်း”၊ “မဲခေါင် - လန်ချန်း လေကြောင်းခရီးသွားလာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက်ထူထောင်ခြင်း” လုပ်ငန်းစဉ်များကို ကြိုဆိုပါကြောင်း၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်ရောင်းဝယ် မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ စသည့်ရာဇဝတ်မှုများသည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ “မဲခေါင် - လန်ချန်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန” က ဆောင်ရွက်လျက်ရှိသည့် ဒေသတွင်းပူးပေါင်းညှိနှိုင်းရေးအခန်းကဏ္ဍ ၏ အရေးပါမှုကိုလည်း အသိအမှတ်ပြုပါကြောင်း။
အတူတကွလက်တွဲဆောင်ရွက်
ပတ်ဝန်းကျင်ထိခိုက်မှုသည် ရာသီဥတုပြောင်းလဲမှုအပေါ်သက်ရောက်မှုရှိပြီး ဂေဟစနစ်ကို ယိုယွင်းပျက်စီးစေပါကြောင်း၊ သို့ဖြစ်၍ အေးချမ်းသာယာပြီး ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုက်အဝန်း တည်ဆောက်နိုင်ရေးအတွက် ရာသီဥတုဖောက်ပြန်မှုများကိုလျှော့ချရန် အတူတကွ လက်တွဲဆောင်ရွက် ကြရမည်ဖြစ်သည်ကို အလေးထားပြောကြားလိုပါကြောင်း။
ကတိကဝတ်ပြုပြောကြား
မြန်မာနိုင်ငံသည် ပူးတွဲဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ တာဝန်သိအဖွဲ့ဝင်အနေဖြင့်လည်းကောင်း မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုကို အစဉ်တန်ဖိုးထားပြီး မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ မူဝါဒများ၊ စိတ်ဓာတ်များနှင့်အညီ တက်ကြွစွာ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်သည်ကို ကတိကဝတ်ပြု ပြောကြားပါကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် အနာဂတ်လုပ်ငန်း အစီအစဉ်များအတွက် မူဝါဒလမ်းညွှန်တစ်ရပ်အဖြစ် “နေပြည်တော် ကြေညာစာတမ်း” နှင့် အဖွဲ့ဝင်နိုင်ငံများအကြား အိမ်နီးချင်းကောင်းပီသမှု၊ ချစ်ကြည် ရင်းနှီးမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ “မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း အစီအစဉ် (၂၀၂၃-၂၀၂၇)” နှင့် “မဲခေါင် - လန်ချန်း တီထွင် ဆန်းသစ်မှုစင်္ကြံ ဖွံ့ဖြိုးတိုးတက်ရေး ပူးတွဲအစီအစဉ်” တို့ကို အတည်ပြု ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အလှည့်ကျပူးတွဲ ဥက္ကဋ္ဌ တာဝန်ကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးအပ်သည်။
အောင်မြင်စွာပူးတွဲထမ်းဆောင်
(၄) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီး ချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလွင်ဦးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး တို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကိုလျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများကို အထောက်အကူပြုရန် ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ အလှည့်ကျပူးတွဲဥက္ကဋ္ဌတာဝန်ကို အမြဲတမ်းပူးတွဲဥက္ကဋ္ဌဖြစ်သည့် တရုတ်နိုင်ငံနှင့်အတူ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ အောင်မြင်စွာ ပူးတွဲ ထမ်းဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
Source- www.moi.gov.mm
(၄) ကြိမ်မြောက် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်ဆွေးနွေးသည်။
တက်ရောက်