သတင်းများ

ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း အသားစားကြက်ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ညောင်တုန်း ဇွန် ၁၈

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း အသားစားကြက် ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ် မွေးမြူရေးလုပ်ငန်းရှင် ဒေါ်အေးမော် က ပြောပြသည်။

ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်း အသားစားကြက် ပိဿာချိန် ၅၅၀၀၀ ထိ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလအတွင်း အသားစားကြက်ပိဿာချိန် ၇၂၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဒီဘက်ကနေ ရန်ကုန်ဈေးကွက်ထဲကို အသားစားကြက်တွေကို အကောင်လိုက် အရှင်ကို ပိဿာချိန်နဲ့ တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့ မေလအတွင်း အသားစားကြက် ပိဿာချိန်အများအပြား တင်ပို့ရောင်းချခဲ့ပါတယ်။ ညောင်တုန်းမြို့နယ်ကနေ ရန်ကုန်ဈေးကွက်ကို အသားစားကြက်တွေ အရောင်းအဝယ် ကောင်းလာတာကြောင့် မွေးမြူသူတွေ အဓိကအဆင်ပြေတာတွေ့ရပါတယ်” ဟု ညောင်တုန်းမြို့နယ် မွေးမြူရေးလုပ်ငန်းရှင်‌ ဒေါ်အေးမော် က ပြောပြသည်။

ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချခဲ့သည့် အသားစားကြက် ၁၀ ပိဿာလျှင် ငွေကျပ် ၁၄၀၀၀၀ ဈေးပေါက်နေကြောင်း၊ အဆိုပါ အသားစားကြက်များကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချမှုများလာသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်သားများ အလုပ်အကိုင်အခွင့်အလမ်းအဆင်ပြေနေကြောင်း သိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ

မြန်မာသံအမတ်ကြီးနှင့် ကူဝိတ်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ၍ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ ရေလုပ်ငန်းထွက်ကုန်များ ကူဝိတ်သို့ တင်ပို့နိုင်ရေး ဆွေးနွေး

ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးနှင့် ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနတာဝန်ခံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Ambassador Sameeh Essa Johar Hayat တို့ တွေ့ဆုံ၍ မြန်မာနိုင်ငံမှ စိုက်ပျိုးရေး၊ ရေလုပ်ငန်းထွက်ကုန်များ ကူဝိတ် သို့ တင်ပို့နိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ကူဝိတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချမ်းအေးသည် ကူဝိတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာဌာနတာဝန်ခံ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Ambassador Sameeh Essa Johar Hayat ထံသို့ ဇွန်လ ၁၆ ရက်နေ့တွင် ၎င်း၏ရုံးခန်း၌ သွားရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ထိုသို့တွေ့ဆုံစဥ် သံအမတ်ကြီးက မြန်မာနိုင်ငံတွင် နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှု ကိစ္စရပ်များ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်ကိစ္စရပ်များနှင့် အာဆီယံ-GCC ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်ဟု သိရှိရပါသည်။

ကိုးကား - MHT 

 ကြက်ဟင်းခါးသီး စိုက်ပျိုး ဝင်ငွေတိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ငရုတ်စသည့် ၊ သီးနှံမျိုးစုံ စိုက်ပျိုးကြသည့်အပြင် ကြက်ဟင်းခါးသီးနှံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း သိရသည်။

ကြက်ဟင်းခါးသီးကို ရာသီမရွေးစိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး သုံးလခန့်အကြာတွင် ခူးဆွတ် ရောင်းချ ရကြောင်း၊ ဗိုလ် တစ်ထောင် ကြက်ဟင်းခါးမျိုးများကို စိုက်ပျိုးရာတွင် မျိုးစေ့ကို ပျိုးထောင်၍ ပျိုးပင် ၂၀ ရက် သားခန့်အရွယ်တွင် မြေချစိုက်ပျိုး ရကြောင်း၊ မျိုး၊ မြေပြင်ခြင်း၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် ရှစ်သိန်းခန့် ကုန်ကျကြောင်း၊ ကြက်ဟင်းခါးသီးကို ငါးရက် ခြားတစ်ကြိမ် ခူးဆွတ်ရပြီး အပင်သက်တမ်း ငါးလခန့်အထိခူးဆွတ်နိုင်ကြောင်း၊ တစ်ပတ်နှင့် တစ်ပတ် အထွက်နှုန်းများ ပိုမိုထွက်ရှိလာပြီး တစ်ဧကလျှင် စုစုပေါင်းပိဿာချိန် ၁၅၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်း သို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ကျောက်ဆည်၊ မန္တလေးနှင့် ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချကြကြောင်း၊ ကြက်ဟင်းခါးသီး စိုက်ပျိုး ခြင်းဖြင့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)

Source: Myanmar Digital News

ကျောက်ဆည်ခရိုင်၌ ကီလိုမာလကာသီးကို စီးပွားဖြစ်စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးရွာများသည် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံကို ရာသီမရွေးစိုက်ပျိုးလျက်ရှိရာ ဈေးကွက်ဝယ်လိုအားကောင်းသည့် ဥယျာဉ်ခြံ မြေသီးနှံတစ်မျိုးဖြစ်သော မာလကာသီးများကိုလည်း မိသားစု အပိုဝင်ငွေ ရရှိရန်အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုး ကြကြောင်း သိရသည်။

အစိုဓာတ်ကောင်းမွန်သည့် မိုးဦးကျကာလများတွင် ယာမြေများ၌ မာလကာကိုင်းကူးမျိုးများကို စိုက်ပျိုးကြကြောင်း၊ ကီလိုမာလကာ မျိုးများကို ပင်ခြားတန်းခြား ၁၅-၁၆ ပေ အကွာဖြင့် တစ်ဧကလျှင် ကီလိုမာလကာပင် ၃၅၀ ခန့် ဝင်ဆံ့စိုက်ပျိုးနိုင်ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၅၅ သိန်းခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး နှစ်နှစ်ခန့်အကြာတွင် အသီးများ စတင် ခူးဆွတ်ရောင်းချနိုင်ပြီး နွေရာသီတွင် ရေလောင်း၊ ရေသွင်းခြင်းဖြင့် အပင်များကို ပြုစုပေးပါက ကီလိုမာလကာသီးများကို တစ်နှစ်ပတ်လုံး ခူးဆွတ်ရရှိနိုင်ကြောင်း၊ မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင် မှုအပေါ်မူတည်၍ တစ်နှစ်လျှင် ကီလိုမာလကာ တစ်ပင်လျှင် ပျမ်းမျှ အလုံးရေ ၁၅၀ - ၂၀၀ ခန့်ထွက်ရှိရာ တစ်ဧကပျမ်းမျှအလုံးရေ ၅၂၅၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကျောက်ဆည်မြို့ပေါ်ရှိဈေးများနှင့် ရွှေသိမ်တော်ဘုရားရှိ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချ ကြကာ အကျိုးအမြတ်များ ရရှိလျက်ရှိကြောင်း ကီလိုမာလကာသီး စိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ခင်ဦးမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံ ၄၁၁၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ခင်ဦး   ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ကြံ ၄၁၁၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခင်ဦးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင် က ပြောပြ၍ သိရသည်။

ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ခင်ဦးမြို့နယ်တွင် ကြံ ၄၅၅၁ ဧက စိုက်ပျိုးရန် လျာထားပြီး မေလမှစတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၄၁၁၁ ဧကထိစိုက်ပျိုးပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

“ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ခင်ဦးမြို့နယ်အတွင်း ကြံ ၄၅၅၁ ဧက စိုက်ပျိုးဖို့လျာထားပါတယ်။ ဒီနေ့ထိ ၄၁၁၁ ဧက စိုက်ပျိုးပြီးစီးပြီးဖြစ်ပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်နေပါတယ်။ ဒေသခံတောင်သူတွေက ကြံကိုပုံမှန်စိုက်ပျိုးကြပါတယ်”ဟု ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင်က ပြောပြသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကြံစိုက်ပျိုးမှုအနေဖြင့် ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်တို့တွင် စိုက်ပျိုးကြပြီး ကသာခရိုင်နှင့် ကန့်ဘလူခရိုင်၌ ကြံစိုက်ပျိုးမှုအများဆုံးဖြစ်ကြောင်း သိရသည်။ 

ခင်ဦးမြို့နယ်တွင် ကြံစိုက်ပျိုးရာ၌ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ခြောက်သိန်းနှင့် ခုနစ်သိန်းကြား ကုန်ကျပြီး ကြံတစ်ဧကလျှင် တန်ချိန် ၃၀ ထွက်ရှိကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၌ ကြံစိုက်ပျိုးရာတွင် အထွက်ကောင်းမျိုးဖြစ်သည့် K-95/84၊ နဝဒေး-၄၊ ဖော်မိုဇာ၊ ဆင်းရွှေလီမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။

ကြံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေသည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် ကြံကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း ခင်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေဝင်းနိုင် က ပြောပြ၍ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်း ၃၁၁၆ ဧကစိုက်ပျိုးပြီးစီး

ပွင့်ဖြူ   ဇွန်   ၁၆

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်း ၃၁၁၆   ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်ပြီး လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း  ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဧက ၂၄၇၂၀ စိုက်ပျိုးရန် လျာထားပြီး ဇွန်လပထမပတ်က  စတင်စိုက်ပျိုးခဲ့ရာ လက်ရှိတွင် ၃၁၁၆ ဧကအထိ စိုက်ပျိုးပြီးစီးပြီဖြစ်သည်။

"ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူ မြို့နယ်အတွင်း နှမ်းဧက ၂၄၇၂၀ စိုက်ပျိုးဖို့ လျာထားဆောင်ရွက်ခဲ့တာ လက်ရှိအချိန် ထိ ၃၁၁၆  ဧက  စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်နေတဲ့အပြင် အထွက်နှုန်းကောင်းမွန်ဖို့နဲ့ အရည်အသွေးကောင်းမွန်ဖို့အတွက်    တောင်သူတွေနဲ့    ပူးပေါင်းဆောင်ရွက်နေပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောသည်။

ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်  ဒေသတွင်းရှိ  နှမ်းစိုက်တောင်သူများ လျာထားဧကပြည့်မီအောင် စိုက်ပျိုး နိုင်ရေး၊ အထွက်နှုန်းကောင်းမွန်စေရေး၊ ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်ရေး၊ ပိုးမွှားရောဂါ ကင်းရှင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို တောင်သူများနှင့်  ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နှမ်းကိုအထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက  ဒေသတွင်း ဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းသင့်ကြောင်း သိရသည်။  

MWD Web Portal

ဝါးခယ်မမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၁၀၅၅ ဧက စိုက်ပျိုးသွားမည်

မြောင်းမြ ဇွန် ၁၆

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားဖို ဆောင်သီးနှံစုံ ၁ဝ၅၅ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဝါးခယ်မမြို့နယ်တွင် မိုးသီးနှံ စိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံ လျာထား ၁ဝ၅၅ ဧကကို ယခုနှစ် ဇွန်လစတုတ္ထပတ်တွင်စတင်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ မိုးသီးနှံများ စိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးနည်းပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သိရသည်။ 

“မိုးသီးနှံစိုက်တဲ့ကာလမှာ စားဖိုဆောင်သီးနှံတွေ လျာထား ဧကပြည့်မီအောင် စိုက်ပျိုးမှာဖြစ် ပါတယ်။ စိုက်ပျိုးထားတဲ့ သီးနှံတွေမှာ ပိုးမွှားအန္တရာယ်ကင်းရှင်းစေဖို့နဲ့ စားဖိုဆောင်သီးနှံတွေ အရည်အသွေးကောင်းပြီး အထွက်နှုန်းတိုးဖို့၊ ဈေးကွက်ဝင်သီးနှံဖြစ်ဖို့အတွက် မျိုးကောင်းမျိုးသန့်တွေ၊ နည်းပညာတွေနဲ့ အခြားပံ့ပိုးမှုတွေကို သီးနှံမစိုက်မီ စိုက်ပျိုးရေးဦးစီး ဌာနက ဆောင်ရွက်ပေးနေပါတယ်။ ဒီနှစ် စားဖိုဆောင်သီးနှံကို အစုံစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်" ဟု မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့် က ပြောပြသည်။

ဝါးခယ်မမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံများ စိုက်ပျိုးရာတွင် ပန်းဂေါ်ဖီ၊ ကြက်သွန်၊ နံနံ၊ မုန်လာထုပ်၊ တိုင်ထောင်ပဲ၊ ခရမ်း၊ ဘူး၊ ကန်စွန်း၊ ရုံးပတီ၊ ကြက်ဟင်းခါး၊ ပဲပုစွန် စသည့်သီးနှံများကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

စားဖိုဆောင်သီးနှံကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်း စားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ရောင်းချနိုင်သဖြင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် စားဖိုဆောင်သီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းသင့်ကြောင်း မြောင်းမြခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်ဌေးမြင့် က ပြောပြ၍ သိရသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်လတာ ကာလအတွင်း ပြည်ပသို့ ရေထွက်ကုန်ငါးမက်ထရစ်တန် လေးသောင်းကျော် တင်ပို့နိုင်

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နှစ်လတာကာလအတွင်း ရေထွက်ကုန် ငါးမက်ထရစ်တန် လေးသောင်းကျော် တင်ပို့နိုင်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

"၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဧပြီလ ၁ ရက်ကနေမေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ငါးမက်ထရစ်တန် ၄၃၆၆၅ ဒသမ ၈၅၈ တန် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၄၇၆ သန်း ရရှိခဲ့ပါတယ်"ဟု ၎င်းကပြောသည်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ နှစ်လတာကာလအတွင်း ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၂၁၀၉၂ ဒသမ ၁၂၇ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၁၉၂ သန်းရရှိပြီး နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၂၂၅၇၃ ဒသမ ၇၃၁ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၁၈ ဒသမ၂၈၄ သန်းရရှိသည့်အတွက်  ပြည်ပသို့ ငါးစုစုပေါင်းမက်ထရစ်တန် ၄၃၆၆၅ ဒသမ ၈၅၈ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၄၇၆ သန်း ရရှိကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်    ကာလတူအချိန်က ပြည်ပသို့ ငါးမက်ထရစ်တန် ၄၇၇၁၉ ဒသမ ၅၂၃ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၅၁ ဒသမ ၆၀၁ သန်းရရှိခဲ့ကြောင်း သိရသည်။

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဂျပန်နိုင်ငံ စသည့်နိုင်ငံပေါင်း  ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့လျက်ရှိသည့် အပြင်    နယ်စပ်ကုန်သွယ်ရေး စခန်းများမှလည်း  တိုက်ရိုက် တင်ပို့လျက် ရှိကြောင်း သိရသည်။

ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း နေလှန်းဆား အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ငပုတော    ဇွန်    ၁၂

ဧရာဝတီတိုင်းဒေသကြီး  ငပုတောမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်းဒေသထွက် နေလှန်းဆားပိဿာ အများအပြား  တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ငပုတောမြို့နယ်မှ နေလှန်းဆား ထုတ်လုပ်ရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ငပုတောမြို့နယ်မှ  ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ဒေသထွက်နေလှန်းဆား ပိဿာ ၅၀၀၀၀ သာတင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ  ၁ ရက်မှ  ၃၁ ရက်အထိ  တစ်လတာကာလအတွင်း   နေလှန်းဆားပိဿာ ၈၈၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

"ဒေသထွက် နေလှန်းဆားတွေကို ရန်ကုန်ဈေးကွက်ကို တင်ပို့ရောင်းချနေပါတယ်။ ပြီးခဲ့တဲ့တစ်လတာ ကာလအတွင်း နေလှန်းဆားပိဿာ  ၈၈၀၀၀ အထိ တင်ပို့ရောင်းချခဲ့ရပါတယ်။   အခုလိုအရောင်းအဝယ် ကောင်းလာတော့ ဆားထုတ်လုပ်တဲ့လုပ်ငန်းနဲ့ ဆက်စပ်တဲ့သူတွေ  အလုပ်အကိုင် အခွင့်အလမ်းရရှိပြီး    အဆင်ပြေလာပါတယ်"ဟု ၎င်းကပြောသည်။

ငပုတောမြို့နယ်၌ ဒေသထွက် နေလှန်းဆားများကို   ဆားလုပ်ငန်း လုပ်ကိုင်သူများက စနစ်ကျထုတ်လုပ်ပြီး ရန်ကုန်ဈေးကွက်သို့ အဓိကထား တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါဒေသထွက် နေလှန်းဆားများကို ငါးပိ၊ ငါးခြောက်၊ ငံပြာရည်စသည့် လုပ်ငန်းများတွင်  အဓိကအသုံးပြုကြကြောင်း၊ နေလှန်းဆားများ အရောင်းအဝယ် ကောင်းမွန်နေခြင်းကြောင့်  ဝယ်လိုအားနှင့် ရောင်းလိုအား မျှတမှုရှိလာသဖြင့်  ဒေသဈေးကွက်အတွင်း    ဆားဈေးနှုန်းများ    တည်ငြိမ်ကျဆင်းလာမည်ဖြစ်ပြီး ဒေသခံပြည်သူများ၏ သက်သာချောင်ချိရေးကို   အထောက်အကူ ပြုစေမည်ဖြစ်ကြောင်း သိရသည်။    

မကွေးတိုင်းဒေသကြီး အတွင်း ယခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဧက ၁၂ သိန်းခန့် စိုက်ပျိုးမည်

မကွေး    ဇွန်   ၁၂

မကွေးတိုင်းဒေသကြီး အတွင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိရာ ယခုနှစ်မိုးသီးနှံ စိုက်ပျိုးရာသီတွင် နှမ်းဧက  ၁၂  သိန်းခန့်  စိုက်ပျိုးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင်  နှမ်းကို အများဆုံးစိုက်ပျိုးကြပြီး မိုးကောင်းသောက်ယာမြေများ၌ အဓိကထား စိုက်ပျိုးကြကြောင်း၊ ထိုသို့စိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းမျိုးများနှင့် ဒေသနှင့် ကိုက်ညီသော နှမ်းမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း သိရသည်။

"မကွေးတိုင်းဒေသကြီးအတွင်း ဒီနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ  နှမ်းဧက ၁၂ သိန်းလောက် စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

အဓိကအားဖြင့် မိုးကောင်းသောက်ယာမြေတွေမှာ စိုက်ပျိုးမှာပါ။ မိုးကောင်းသောက် ဧရိယာဖြစ်ပေမယ့် ရွာသွန်းတဲ့ မိုးရေကို ထိရောက်စွာ  ရယူအသုံးပြုနိုင်ဖို့ အတွက်   နွေရာသီကတည်းက  ထယ်ရေးကို သေချာပြုပြင်ထားပြီး  မြေဆီအစိုဓာတ် ရရှိတာနဲ့ ချက်ချင်းစိုက်ပျိုးနိုင်အောင်  ကြိုတင်ဆောင်ရွက်ထားပါတယ်" ဟု   မကွေးတိုင်းဒေသကြီး    စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယဉ်ထွန်း ကပြောသည်။

ထိုသို့နှမ်းစိုက်ပျိုးရာတွင်   စိုက်ဧကအားလုံး  တစ်ဧကပန်းတိုင် အထွက်နှုန်းရရှိရေး သက်ဆိုင်ရာစိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရေးနှင့်   စိုက်ပျိုးရေး နည်းပညာဖြန့်ဝေပေးခြင်း လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။

မကွေးတိုင်းဒေသကြီးအတွင်း စပါး၊ နှမ်း၊   နေကြာအပါအဝင်   အဓိကသီးနှံ ၁၀ မျိုးကို    ဦးစားပေး စိုက်ပျိုးကြပြီး ယခုနှစ်တွင်    စုစုပေါင်း   သီးနှံစုံစိုက်ဧက ၆၅ သိန်းကျော် စိုက်ပျိုးနိုင်ရန်  လျာထား ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။  