သတင်းများ

(၂၀၂၄ -၂၀၂၅) ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ရေချိုထွက်ကုန် တန်ချိန် (၅)သိန်းကျော်တင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံတွင် ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရာသီမပြတ် မွေးမြူထုတ်လုပ်လျက်ရှိသည့် ရေချိုထွက်ကုန်များမှ ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ရေချိုထွက်ကုန် တန်ချိန်(၅)သိန်းကျော်တင်ပို့မှုမှ အမေ ရိကန်ဒေါ်လာ ၇၂၂ သန်းကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ပြောကြားချက်အရ သိရသည်။ 

မြန်မာနိုင်ငံမှ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေးဗျနှင့် အခြားနိုင်ငံအချို့သို့ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးသလောက်နှင့် အခြားငါးမျိုးစုံတို့ကို အဓိကတင်ပို့လျက်ရှိပြီး ရေချိုထွက်ကုန်များကို ရောဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ မွေးမြူထုတ်လုပ်လျက်ရှိရာ တစ်ကန်ဖော်ချိန်၌ အခြားကန်များကို ဆက်လက်မွေးသောစနစ်ဖြင့် မွေးမြူ ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။
“ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွနဲ့ ငါးသလောက်ဆိုရင် ပြည်ပကို နှစ်စဉ်ပို့နေပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ရေချိုထွက်ကုန်တင်ပို့မှု တန်ချိန် (၅၅၀,၀၀၀) ကျော်ကနေ အမေရိကန်ဒေါ်လာ (၇၂၂) သန်းကျော် ရရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပို့ကုန် တိုးမြှင့်ရရှိဖို့ ကြိုးပမ်းနေကြပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်၏ ပြောကြားချက်အရ သိရသည်။ 
လက်ရှိပြည်ပပို့ကုန်တွင် ငါးမြစ်ချင်းတစ်ကောင်ကို တစ်ပိဿာ သုံးဆယ်ကျပ်သားမှ ခြောက်ပိဿာကျော်အထိ၊ ငါးသိုင်းခေါင်းပွတစ်ကောင်လျှင် ရှစ်ပိဿာကျော်အထိ မွေးမြူတင်ပို့လျက်ရှိပြီး ပို့ကုန်အတွက် တစ်ဧကကို သားပေါက်ကောင်ရေ (၇၀၀)မှ (၁,၀၀၀)အထိနှင့် ငါးအစုံ (၁,၂၀၀) အထိ မွေးမြူကြောင်း သိရသည်။
“ဗီယက်နမ်က မွေးမြူမှုနဲ့မတူပါဘူး။ ငါးဆိုဒ်ကြီး မွေးမြူတာဖြစ်တဲ့အတွက် ဂရုစိုက်ရပါတယ်။ အခုရက်ပိုင်း ငါးဈေးကောင်းတယ်။ ပြည်တွင်းမှာလည်းကောင်းပြီး ပြည်ပပို့ကုန်မှာလည်းကောင်းပါတယ်။ မနှစ်ကငါးကန်တွေရေမြုပ်တာကြုံခဲ့ရတော့ ဒီနှစ် မိုးရာသီမှာလည်း ဂရုစိုက်နေရတယ်။ ပြည်တွင်းစားသုံးမှု ဖူလုံပြီး ပြည်ပပို့ကုန်မှာလည်း နိုင်ငံခြားငွေ ရတဲ့အတွက် ပိုပြီးဂရုစိုက်ရပါတယ်။ အစာဈေးနှုန်းအခက်အခဲရှိပေမယ့် ပိုမို ထုတ်လုပ်မွေးမြူနိုင်ဖို့ နည်းလမ်းအမျိုးမျိုး နဲ့ ကြိုးစားနေကြပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့မှ ငါးမွေးမြူ ရေးလုပ်ငန်းရှင် ဦးကျော်ကျော်က ပြောကြားထားကြောင်း သိရသည်။

Source: NP News

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ရေချိုထွက်ကုန် တန်ချိန် ၅၅၀၀၀၀ ကျော်မှ အမေရိကန်ဒေါ်လာ ၇၂၂ သန်းကျော် ရရှိ

ရန်ကုန်   ဇွန်   ၁၁

မြန်မာနိုင်ငံတွင် မွေးမြူရေးနှင့် စိုက်ပျိုးရေးကဏ္ဍကို ဟန်ချက်ညီဖွံ့ဖြိုး တိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပပို့ကုန်အဖြစ် ရာသီမပြတ် မွေးမြူထုတ်လုပ်လျက်ရှိသည့် ရေချိုထွက်ကုန်များမှ  ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ ပြည်ပသို့ ရေချိုထွက်ကုန်တန်ချိန် ၅၅၀၀၀၀ ကျော်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၇၂၂ သန်းကျော်ရရှိခဲ့ပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၌ ဝင်ငွေတိုးမြှင့်ရရှိနိုင်ရေး ကြိုးပမ်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ သိရသည်။

“ပို့ကုန်နှစ်ဆ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့အတွက် မွေးမြူရေး လုပ်ငန်းရှင်တွေ ကြိုးပမ်းဆောင်ရွက်ရာမှာ Value added လုပ်ဆောင်နိုင်ဖို့လိုပါတယ်။  သမားရိုးကျရောင်းချမှုကနေ ပြောင်းလဲလုပ်ဆောင်ဖို့ လိုတာပါ။ ရေထွက်ကုန်တွေကို မွေးမြူမှုနဲ့အတူ အသင့်စား ထုတ်လုပ်နိုင်မယ်ဆိုရင် ပို့ကုန်တန်ဖိုးတွေမြင့်လာစေမှာပါ။ ရေထွက်ကုန်တွေကို ready to eat ၊ ready to cook လုပ်ဆောင်နိုင်ခြင်းအားဖြင့် မွေးမြူသူနဲ့ ထုတ်လုပ်သူ အဆင်ပြေစေပြီး နိုင်ငံအတွက်လည်း ပြည်ပဝင်ငွေတိုးမြှင့် ရရှိစေမှာပါ။ ငါးမြစ်ချင်း၊ ငါးခေါင်းပွနဲ့ ငါးသလောက်ဆိုရင် ပြည်ပကို နှစ်စဉ်ပို့နေပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်မှာ ရေချိုထွက်ကုန် တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၇၂၂ သန်းကျော်ရရှိခဲ့ပြီး  ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ  ပို့ကုန်တိုးမြှင့်ရရှိဖို့ ကြိုးပမ်းနေကြပါတယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ အကြီးတန်း ဒုတိယဥက္ကဋ္ဌ  ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

မြန်မာနိုင်ငံမှ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေးဗီးယားနှင့် အခြားသောနိုင်ငံအချို့သို့ ငါးမြစ်ချင်း၊ ငါးကြင်း၊ ငါးတန်၊ ငါးခေါင်းပွ၊ ငါးသလောက်နှင့် အခြားငါးမျိုးစုံတို့ကို  အဓိကတင်ပို့လျက်ရှိပြီး  ရေချိုထွက်ကုန်များကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌  မွေးမြူထုတ်လုပ်လျက်ရှိပြီး တစ်ကန်ဖော်ချိန်၌ အခြားကန်များကို ဆက်လက်မွေးသောစနစ်ဖြင့် ငါးမွေးတောင်သူများ  တစ်နှစ်ပတ်လုံး  မွေးမြူထုတ်လုပ်လျက်ရှိသည်။

“ပြည်ပပို့ကုန်ဆိုရင် သူ့ဆိုဒ်နဲ့သူ၊ သူ့လိုင်းနဲ့သူ  မွေးမြူ တင်ပို့နေကြတာပါ။ လက်ရှိမှာ ငါးမြစ်ချင်းတစ်ကောင်ကို တစ်ပိဿာ သုံးဆယ်ကျပ်သားကနေ ခြောက်ပိဿာကျော် အထိ၊ ငါးခေါင်းပွဆိုရင် ရှစ်ပိဿာကျော်အထိ မွေးမြူပြီး တင်ပို့နေပါတယ်။ ပို့ကုန်အတွက်ဆိုရင် အစာကျွေး မမှားဖို့နဲ့တစ်ဧကကို သားပေါက်ကောင်ရေ ၇၀၀ ကနေ ၁၀၀၀ အထိမွေးပါတယ်။ ငါးစုံဆိုရင် ၁၂၀၀ အထိ မွေးပါတယ်။ ဗီယက်နမ်မွေးမြူမှုနဲ့မတူပါဘူး။ ငါးဆိုဒ်ကြီး မွေးမြူတာဖြစ်တဲ့အတွက်   ဂရုစိုက်ရပါတယ်။ အခုရက်ပိုင်းငါးဈေးကောင်းတယ်၊ ပြည်တွင်းမှာလည်းကောင်းပြီး ပြည်ပပို့ကုန်မှာလည်းကောင်းပါတယ်။  မနှစ်က ငါးကန်တွေ ရေမြုပ်တာကြုံခဲ့ရတော့ ဒီနှစ် မိုးရာသီမှာလည်း  ဂရုစိုက်နေရတယ်။  ပြည်တွင်းစားသုံးမှု ဖူလုံပြီး  ပြည်ပပို့ကုန်မှာလည်း နိုင်ငံခြားငွေရတဲ့အတွက်  ပိုပြီးဂရုစိုက်ရပါတယ်။အစာဈေးနှုန်း အခက်အခဲရှိပေမယ့် ပိုမိုထုတ်လုပ်မွေးမြူနိုင်ဖို့ နည်းလမ်း အမျိုးမျိုးနဲ့   ကြိုးစားနေကြပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့မှ ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးကျော်ကျော်က ပြောသည်။

ပင်လယ်ပြင်ငါးဖမ်းရာသီ ပိတ်သိမ်းထားချိန်တွင် ငါးဈေးကွက်၌ ရေချိုထွက်ကုန်များ အရောင်းအဝယ်ကောင်းလျက်ရှိသည်။ မွေးမြူရေးကဏ္ဍတွင် နိုင်ငံတကာ၌ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်မှ အကောင်းဆုံး   မွေးမြူရေးကျင့်စဉ်သို့ ပြောင်းလဲ အသုံးပြုလျက်ရှိရာ မြန်မာနိုင်ငံတွင်လည်း မျိုးကောင်းမျိုးသန့်များ မွေးမြူ ထုတ်လုပ်နိုင်ရန်နှင့် ဒေသမျိုးရင်းများကို ထိန်းသိမ်းနိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာနနှင့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့တို့ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

MWD Web Portal

ပေါင်းတည်၌ ဘဲမွေးမြူရေး ဖြစ်ထွန်းအောင်မြင်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၌ ဘဲမွေးမြူရေးလုပ်ငန်း အများအပြားရှိရာ တိုင်းဒေသကြီး အနောက်ခြမ်း၊နတ်တလင်းခရိုင်ရှိ ပေါင်းတည်မြို့နယ်အတွင်း  ဘဲမွေးမြူရေးလုပ်ငန်းများသည် ဒေသတွင်း မွေးမြူကဏ္ဍထုတ်ကုန် တိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ဘဲမွေးမြူရေးခြံလုပ်ငန်းရှင်များနှင့်မြို့နယ် စိုက်ပျိုးမွေးမြူမှု ကြီးကြပ်ရေးကော်မတီတို့ ပူးပေါင်းကြိုးပမ်းလျက်ရှိ​ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းသိရသည်။

ရှေးယခင်ကပင် ရေမြေအနေအထား ရာသီဥတုကောင်းမွန်မှုကြောင့် ဒေသခံများက ဘဲမွေးမြူရေးကို စီပွားဖြစ်လုပ်ကိုင်ခဲ့ကြောင်း၊ ယနေ့အထိ ဘဲကန်၊ ဘဲစာကွင်းများ ရှိနေသေးကြောင်းသိရှိရသည်။ ထိုယခင်က အသားစားနှင့်ဥစားအတွက် မန်ဒါလီ၊ဘဲငန်းနှင့် ဒေသအခေါ် ကရင်ဘဲများမွေးမြူခဲ့ကြပြီး ဒေသခံပြည်သူများအနေဖြင့် ဘဲဥနှင့်ဘဲသားများကို စျေးနှုန်းချိုသာစွာဖြင့် လုံလုံလောက်လောက် ပေါကြွယ်ဝစွာ စားသုံးနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့ခေတ်တွင် ဘဲမွေးမြူရေးလုပ်ကိုင်သူ နည်းပါးလာမှု၊သားငါး ဘဲဥ ကြက်ဥစျေးနှုန်း မြင့်တက်လာမှုနှင့် စားသုံးသူ ပြည်သူ များပြားလာမှုကြောင့် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိရာ အခြေခံစားသုံးသူပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဒေသတွင်း မွေးမြူရေးကဏ္ဍ ထုတ်ကုန် ပြန်လည်တိုးတက်ဖွံ့ဖြိုးလာစေရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရန် လုပ်ငန်းရှင်များအား ဖြည့်ဆည်းကူညီဆောင်ရွက်ပေးလျက်ရှိသည်။

ဒေသတွင်းစားနပ် ရိက္ခာဖူလုံပြည့်စုံ သက်သာချောင်ချိရေးအတွက် ဆန်စပါးပဲနှမ်းပြောင်းနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သာမက မွေးမြူရေးလုပ်ငန်းများလည်း ပြန်လည်ဖွံ့ဖြိုးလာစေရန် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်စေရေး၊ မွေးမြူရေးအစာများ အဆင်ပြေစွာရရှိစေရေးနှင့် မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများကြောင့် ကြူတောကန်ကျေးရွာ၊ နတ်ပုတီးကျေးရွာရှိ ဘဲမွေးမြူရေးခြံများ၌ ဘဲကောင်ရေ ငါးထောင်ကျော် မွေးမြူထားနိုင်ခဲ့ကာ ယခုအခါသက်တမ်း ၅ လ ခန့် ရှိနေကြပြီး ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းသိရသည်။

ရွှေသား

IPRD

ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ မြန်မာ့ရော်ဘာများကို တန်ချိန်တိုးမြှင့် တင်ပို့နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိ

ယခုဘဏ္ဍာနှစ်တွင် ပြည်တွင်းမှထွက်ရှိသော  ရော်ဘာများကို ပြည်ပသို့  တန်ချိန်တိုးမြှင့်တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း အထွေထွေအတွင်းရေးမှူး ဦးခိုင်မြင့်၏ ပြောကြားချက်အရ သိရ သည်။

ပြည်တွင်းမှထွက်ရှိသော ရော်ဘာများကို နှစ်စဉ် တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊  အိန္ဒိယနှင့် ဗီယက်နမ်  စသည့်နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး   ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့    မြန်မာ့ရော်ဘာတန်ချိန် ၃၅၀၀၀၀ ကျော်အထိ တင်ပို့နိုင်ရန် ရည်မှန်း ချက်ထား စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။

"ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံတွေကို မြန်မာ့ ရော်ဘာတန်ချိန်သုံးသိန်းနီးပါး   တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးရရှိခဲ့ပါတယ်။ ဒီဘဏ္ဍာနှစ်မှာတော့  တန်ချိန် ၃၅၀၀၀၀ နဲ့ ၃၈၀၀၀၀ ကြား တင်ပို့နိုင်အောင် စီစဉ်ဆောင်ရွက်နေပါတယ်။ အများဆုံးအနေနဲ့  တရုတ်နိုင်ငံကို  ၇၅  ရာခိုင်နှုန်း လောက်အထိ တင်ပို့ဖြစ်ပါတယ်။ ဒါ့ပြင် မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဂျပန် စတဲ့နိုင်ငံတွေ ကိုလည်း  တင်ပို့နေပါတယ်"ဟု   ဦးခိုင်မြင့်ကပြောသည်။

ယခုအခါ   ကမ္ဘာတစ်၀န်း   စည်းစနစ်မကျသော ရော်ဘာစိုက်ပျိုးမှုများကြောင့် သဘာ၀ပတ်၀န်းကျင် ထိခိုက်မှုနှင့် ရာသီဥတု ပြောင်းလဲမှုများကို လျှော့ချ နိုင်ရေးအတွက် Sustainable Natural Rubber(SNR) ကျင့်စဉ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်မှုကို ဦးစားပေး ဆောင်ရွက်လာကြပြီး ပြည်တွင်း၌လည်း အလားတူ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်  စီစဉ်ဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ပြည်တွင်း၌ အရည်အသွေးပြည့်မီသော အဆင့်မြင့်ရော်ဘာများ ထုတ်လုပ်ကာ ပြည်ပသို့ တိုးမြှင့်တင်ပို့နိုင်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံအတွင်းရှိ ရော်ဘာလုပ်ငန်းရှင်များကို နိုင်ငံတော်မှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး အထူးသဖြင့်  အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးထားသော ရော်ဘာမှိုင်းရုံ လုပ်ငန်းရှင်များကို နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ သက်သာသော အတိုးနှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးသလဲထိုး အများအပြား တင်ပို့ရောင်းချနိုင်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးသလဲထိုးအများအပြား တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ်မှ ရေထွက်ကုန်ရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ    ဒေါ်ဆွေဆွေဦး၏ ပြောဆိုချက်အရ သိရသည်။

လပွတ္တာမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလတစ်လတာ ကာလအတွင်း ငါးသလဲထိုးပိဿာ  ၆၀၀၀၀ သာ  တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလ ၁ ရက်မှ  ၃၁ ရက်အထိ တစ်လတာကာလအတွင်း  ငါးသလဲထိုးပိဿာ ၇၂၀၀၀ အထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

"မေလအတွင်း ငါးသလဲထိုးအပါအဝင်  တခြားရေထွက်ကုန်တွေကို ရန်ကုန် ဈေးကွက်ကို   တင်ပို့ရောင်းချခဲ့ပါတယ်။ 

ဒေသထွက်ရေထွက်ကုန်တွေထဲက    ငါးသလဲထိုးကို  လက်ရှိမှာ ရန်ကုန်ဈေးကွက်က  မှာယူနေသလို   နောက်ထပ်လည်း မှာယူဖို့ရှိပါတယ်။   ကုန်ချိန်အများအပြား တင်ပို့ရတော့ ရေလုပ်သားတွေ အပါအဝင်  ကုန်တင်ယာဉ် အငှားလိုက်သူတွေလည်း အဆင်ပြေလာတယ်"ဟု ဒေါ်ဆွေဆွေဦးကပြောသည်။

လပွတ္တာမြို့နယ်မှ  ရန်ကုန်ဈေးကွက်သို့ ငါးသလဲထိုးအပါအဝင် ရေထွက်ကုန်များတင်ပို့အားကောင်းလာသည့်အတွက် ရေလုပ်သားများ၊ ကုန်တင်ကုန်ချ လုပ်သားများနှင့် ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးရှဉ့်ပိဿာချိန် အများအပြား တင်ပို့ရောင်းချနိုင်ခဲ့

ဘိုကလေး   ဇွန် ၄

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း ငါးရှဉ့်ပိဿာချိန် အများအပြားတင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ဘိုကလေးမြို့နယ် ရေထွက်ကုန်ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာခြည် က ပြောပြ၍ သိရသည်။

ဘိုကလေးမြို့နယ်သည် ငါးရှဉ့်များထွက်သောဒေသဖြစ်ပြီး ထွက်ရှိလာသည့် ငါးရှဉ့်များကို ဒေသဈေးကွက်အပြင် ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဧပြီလအတွင်းက ငါးရှဉ့်ပိဿာချိန် ၄၅၀၀၀ သာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး မေလအတွင်းက ငါးရှဉ့်ပိဿာချိန် ၇၃၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“ဘိုကလေးမြို့နယ်က တောင်သူတွေက လယ်ယာထွက်ကုန်တွေအပြင် ငါးရှဉ့်နဲ့ အခြားရေထွက်ကုန်တွေ တင်ပို့ရောင်းချနေပါတယ်။ ရေလုပ်ငန်းကတော့ ဒေသခံတွေအတွက် စီးပွားရေးလုပ်ငန်းတစ်ခုထဲမှာ အပါအဝင် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလထဲမှာ ရန်ကုန်ဈေးကွက်က ငါးရှဉ့်ဝယ်ယူမှု အားကောင်းခဲ့ပါတယ်။ ဝယ်ယူမှုအားကောင်းခဲ့တဲ့အတွက် ငါးရှဉ့်မွေးမြူသူတွေနဲ့ ရေလုပ်သားတွေ အလုပ်အကိုင်အခွင့်အလမ်းကောင်းလာတာတွေ့ရပါတယ်” ဟု ဘိုကလေးမြို့နယ် ငါးရှဉ့် ရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဇာခြည်က ပြောပြသည်။

ဘိုကလေးမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ မေလအတွင်း တင်ပို့ရောင်းချခဲ့သည့် ငါးရှဉ့်တစ်ပိဿာလျှင် ငွေကျပ် ၁၉၅၀၀ ထိ ပေါက်ဈေးရှိကြောင်းသိရသည်။

ကျော်ကျော်လင်း

Source: ရတနာပုံသတင်းစာ

မျှစ်ချိုးခြင်းနှင့် တောင်ယာခုတ်ခြင်းများလာသောကြောင့် ဝါးအထွက်နှုန်း လျော့လာ

မြန်မာနိုင်ငံသည် ဝါးသယံဇာတပေါများသည့် နိုင်ငံဖြစ်သော်လည်း မျှစ်ချိုးခြင်းနှင့် တောင်ယာခုတ်ခြင်း များလာသည့်အတွက် ဝါးအထွက်နှုန်း လျော့နည်းလာကြောင်း မျှစ်နှင့် ဝါးစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ ဝါးပညာရှင် ဦးကျော်ဝင်းက NP News ကို ပြောသည်။ 

မြန်မာနိုင်ငံအတွင်း သစ်တောဧရိယာ ဖုံးလွှမ်းမှု၊ ဝါးသယံဇာတများစွာရှိသည့် နိုင်ငံတစ်ခုဖြစ်ပြီး ယခုနောက်ပိုင်းတွင် ဝါးထုတ်လုပ်မှုအနေဖြင့် ကျဆင်းလာလျက်ရှိသည်ကို တွေ့ရှိရကြောင်း သစ်တော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က လည်း မေလ (၂၄)ရက်က ရှမ်းပြည်နယ် ကျိုင်း တုံမြို့၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေး ပြောကြားရာတွင် ထည့်သွင်းပြောကြားထားခဲ့သေးသည်။
“ဝါးအထွက်နှုန်းကျသွားတာက မျှစ်ချိုးတဲ့နှုန်းများတယ်။ တောင်ယာခုတ်ကြတာများတဲ့ အခါကျတော့ ဝါးကအရင်တုန်းကတော့ လမ်းပေါက်တဲ့ နီးနီးနားနားက ခုတ်လို့ရပေမယ့် အခုတစ်ခါကျတော့ ကျွန်တော်တို့ဆီကိုရောက်တဲ့ဝါးတွေဆိုရင် တခြား တစ်နေရာကနေ နွားတွေနဲ့ဆွဲထုတ်ရတာပေါ့။ အခု သစ်တောကလူတွေဆိုရင် ဆင်တွေနဲ့ဆွဲထုတ်ကြတယ်။ နည်းနည်းဝေးသွားတာပေါ့။ နီးနီးနားနားက မျှစ်ချိုးကြတာဆိုတော့ ဝါးကောင်းကောင်းကမရှိတော့ဘူး" ဟု ဝါးအထွက်နှုန်း ကျဆင်းသွားရခြင်း အကြောင်းရင်းနှင့်ပတ်သက်၍ ဦးကျော်ဝင်းက ရှင်းပြသည်။ 
ထို့ပြင် လက်ရှိတွင် ဝါးဝယ်လိုအား မြင့်တက်နေသော်လည်း ပစ္စည်းရှားနေသည့်အပြင် ဝါးခုတ်လုပ်သားရှားပါးခြင်းနှင့် စက်သုံးဆီဈေးမြင့်တက်နေခြင်းကိုလည်း ကြုံတွေ့နေရကြကြောင်း ၎င်းကဆိုသည်။ 
“ Demand အားကြောင့်တော့ အထွက်နှုန်းကျသွားတာမဟုတ်ဘူး။ Demand အားကတော့ ကောင်းတယ်။ Supply နည်းပြီး Demand က မြင့်တက်နေတာပေါ့ ” ဟု ၎င်းကဆက်လက်ပြောသည်။ ဝါး တစ်လုံးတန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က ငွေကျပ် (၁၂၀ဝ)သာ ကျသင့်ခဲ့သော်လည်း လက်ရှိတွင် ငွေကျပ် (၃၅၀ဝ) အထိ မြင့်တက်လာပြီဖြစ်ကြောင်း သိရသည်။ 
မြန်မာနိုင်ငံမှ ထွက်ရှိသောဝါးများကို နိုင်ငံတကာမှ ဝယ်လိုအားရှိနေသော်လည်း ဝါးကို စနစ်တကျ မခုတ်ခြင်း၊ မျှစ်ကို စနစ်တကျမချိုးခြင်းကြောင့် အရည်အသွေးမြင့် ဝါးတောများမရှိသည့်အတွက် ဝင်ငွေနည်းပါးနေခြင်းဖြစ်ကြောင်း သိရသည်။
ဝါးသည် လျင်မြန်စွာကြီးပြင်းနိုင်သည့်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်လျော့နည်းစေခြင်း၊ မြေဆီလွှာထိန်းသိမ်းနိုင်ခြင်းနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းနိုင်ခြင်း စသည့်ကောင်းကျိုးများကိုလည်း ပေးစွမ်းနိုင်ကြောင်း သိရသည်။

ကြက်သွန်နီ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

မန္တလေးတိုင်းဒေသကြီး မြင်းခြံ ခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုး လျက်ရှိရာ ကြက်သွန်နီကို စီးပွားဖြစ် စိုက်ပျိုးကြကြောင်း၊ ကြက်သွန်နီကို မြင်းခြံမြို့နယ်တွင် ဧက ၈၆၀၀၊ တောင်သာမြို့နယ် တွင် ၉၂၀၄ ဧက၊ နွားထိုးကြီး မြို့နယ်တွင် ၂၃၉၄ ဧက စုစုပေါင်း ၂၀၁၉၈ ဧက စိုက်ပျိုးခဲ့ရာ စိုက် ဧကအားလုံး ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဆောင်းကြက်သွန်နီကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး လေးလခန့်အကြာ မတ်လနှင့်ဧပြီလများတွင် ရိတ်သိမ်း ထွက်ပေါ်ကြောင်း၊ ရွှေဖလား ကြက်သွန်နီဥမျိုးများကို စိုက်ပျိုး ကြပြီး တစ်ဧကလျှင် 8 2-9 ပြည်ခန့်ကုန်ကျကြောင်း၊ မျိုးစေ့ ကို ပျိုးထောင်ပြီး ပျိုးပင်သက်တမ်း ရင့်ချိန်တွင် ဘောင်ခတ်စနစ်ဖြင့် မြေချစိုက်ပျိုးကြကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၂၉-၃၀ သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ကြက်သွန်နီ ပိဿာ ချိန် ၃၄၀၀ ခန့်ထွက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် တောင်သူ များက မြင်းခြံမြို့ပေါ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချပြီး ပွဲရုံများမှတစ်ဆင့် ရန်ကုန် (ဘုရင့် နောင်ပွဲရုံ)၊ မန္တလေး၊ နေပြည်တော်နှင့် မော်လမြိုင်မြို့များသို့ တင်ပို့လျက်ရှိကြောင်း၊ ကြက်သွန်နီ သီးနှံစိုက်ပျိုးခြင်းဖြင့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း ကြက်သွန်နီစိုက် တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (မန္တလေး)

နောင်တရားဒေသတွင် အာလူးများကို တစ်နှစ်လျှင် (၃)ကြိမ် စိုက်ပျိုးကြပြီး အာလူးစိုက်ဧကပေါင်း (၁၀,၀၀၀)ကျော် စိုက်ပျိုးလျက်ရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့တွင် အာလူးများကို တစ်နှစ်လျှင် (၃)ကြိမ် စိုက်ပျိုးကြပြီး အာလူးစိုက်ဧကပေါင်း (၁၀,၀၀၀)ကျော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခုအခါ စိုက်ပျိုးထားသည့် ရေးသွင်းအာလူးများကို စတင်တူးဖော် လျက်ရှိကြောင်း၊ လက်ရှိတွင်အာလူးဈေးနှုန်းသည် နည်းနေသေးကြောင်း သိရသည်။

နောင်တရားဒေသတွင် အာလူးကို မိုးကြို၊ မိုးနှောင်း(စက)နှင့် ရေသွင်းအာလူးဟု၍ သုံးကြိမ်စိုက်ပျိုးလျက်ရှိသည်။

အာလူးစိုက်ပျိုးရေးလုပ်ငန်းတွင် စိုက်ပျိုးရေးကုန်ကျစရိတ်များပြားသော်လည်း တောင်သူအများစုက အာလူးစိုက်ပျိုးသည့်လုပ်ငန်းကို ပိုမိုစိတ်ဝင်စားကြကြောင်း သိရသည်။

အောင်ပန်းကုန်စည်ဒိုင်တွင် အာလူးမျိုးပေါ်မူတည်၍ ဈေးနှုန်းကွဲပြားမှုများရှိပြီး အာလူးတစ်ပိဿာလျှင် ကျပ်(၁,၃၀၀)မှ ကျပ်(၂,၂၀၀)အထိ ရှိကြောင်း သိရသည်။

Source: Popular Myanmar

ရုံးပတီသီးနှံစိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်အတွင်းရှိကျေးရွာများသည် လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက် ရှိရာ စားဖိုဆောင်သီးနှံ တစ်မျိုး ဖြစ်သော ရုံးပတီ သီးနှံကို မိသားစု အပိုဝင်ငွေရရှိရန်အတွက် တစ်နိုင် တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ် စိုက်ပျိုး လာကြကြောင်း သိရ သည်။

ရုံးပတီသီးကို ရာသီမရွေး စိုက်ပျိုးနိုင်၍ စိုက်ပျိုးပြီး နှစ်လ ခန့်အကြာတွင် စတင်ခူးဆွတ်ရကြောင်း၊ မျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများရှိပြီး ပင်လတ်ရုံးပတီမျိုးများကို အများဆုံး စိုက်ပျိုးလျက်ရှိရာ တစ်ဧကလျှင် မျိုးစေ့ ရှစ်ထုပ်ခန့် ကုန်ကျ ကြောင်း၊ တန်းခြား သုံးပေ၊ ပင်ခြား တစ်ပေ- တစ်ပေခွဲထား၍ ဘောင် ခတ်စနစ်ဖြင့် စိုက်ပျိုးရပြီး မျိုး၊ သွင်းအားစု၊ မြေပြုပြင်ခ၊ လုပ်သား ခအပါအဝင် တစ်ဧကလျှင် စုစု ပေါင်း ငွေကျပ် ၃၀၅၀၀၀၀ ခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို နှစ်ရက်ခြားတစ်ကြိမ် ခူးဆွတ် ရပြီး တစ်ဧကလျှင် ရုံးပတီသီး အတောင့်ရေ ၁၇၅၀၀၀ ခန့် ထွက်ရှိကြောင်း၊ ဈေးကွက်အနေ ဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်း သို့ လာရောက်ဝယ်ယူကြပြီး ပွဲစားများမှတစ်ဆင့် ဒေသတွင်း သို့ ပြန်လည်ရောင်းချကြကြောင်း၊ ရုံးပတီသီးသည် စိုက်ပျိုးရ လွယ်ကူပြီး ရာသီမရွေး စိုက်ပျိုး နိုင်သည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ရရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။

DOCA (ပဲခူး)