သတင်းများ

03 July 2025

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် မွန်းလွဲ ၃ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကုန်းရွာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်စာ ပေးပို့ခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး ခြိမ်းခြောက်သည့် စာသားများရေးထားသော စာရွက် တစ်ရွက်အား ကျောင်းဝင်းအတွင်းသို့ ပစ်ချကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းနှင့် အဆိုပါကျောင်း၌ ကျောင်းဆရာ၊ ဆရာမ ငါးဦးတို့မှ ကျောင်းသား၊ ကျောင်းသူ ၅၃ ဦးတို့အား ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများသို့ ခြိမ်းခြောက်စာပေးပို့ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

MOHA

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာ အသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ရှောက်ခြံကျေးရွာသို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီး ဗုံးသီး တစ်လုံး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေ ဦးရဲလင်းထက်(၃၂)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများ ပြည်သူသွားလာ လှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့မှုများအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့နယ်အချို့တွင် စာသင်ကျောင်းများ ဖွင့်လှစ်ပညာသင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်းများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လက်နက်ကြီးများ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်းများစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
 ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာသို့ KIA လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းအား မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့မှုကြောင့် ကျောင်း၏ခြံစည်းရိုး အလျား ၇ ပေ၊ ထု ၅ လက်မ၊ အမြင့် ၅ ပေရှိ အုတ်တံတိုင်း နှစ်ခန်းနှင့် ကျောင်းအစောင့်၏ နေအိမ် အမိုးသွပ် ၂၄ ချပ်တို့ ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အဆိုပါကျောင်းသည် မေ ၂၂ ရက်မှစ၍ ကျောင်းအပ်လက်ခံခဲ့ပြီး ဇွန် ၂ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂,၄၄၅ ဦးတို့ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ထိုသို့ စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ စာသင်ကျောင်းအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီး အရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန် ရှိသူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူသွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အအုံများနှင့် လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများ အသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် မွန်းလွဲ ၂ နာရီတွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသား တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ စေတုတ္တရာမြို့နယ်၊ သံဆည်ကျေးရွာနေ ဦးမြင့်အောင်(၅၃)နှစ်သည် သံဆည်ကျေးရွာ၏ မြောက်ဘက် သုံးမိုင်ခန့်အကွာ မကြီးစုကျေးရွာသို့ သံဆည်-မကြီးစုကျေးရွာသွား မြေသားကားလမ်းအတိုင်း ဈေးဝယ်ရန် ထွက်ခွာလာစဉ် သံဆည်ကျေးရွာမြောက်ဘက် နှစ်မိုင်ခန့်အကွာ ဒေသအခေါ် “ဦးဌေးဇရပ်” အနီးအရောက်၌ လမ်းဘေးမှ PDF အမည်ခံ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ထောင်ထားသည့် မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ၎င်းတွင် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် ညနေ ၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဆင်ကူးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဝင်းရွှေ(၆၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၃၀ ဦးခန့်(စိစစ်ဆဲ)က ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းရွှေတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အေးချမ်းသာကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးမြင့်ရှိန်(ခ)ချောကလက်(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးမြင့်ရှိန်(ခ)ချောကလက်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှနိုင်(၅၉)နှစ်သည် ၎င်း၏နေအိမ်အရှေ့ဘက် ကိုက် ၅၀ ခန့်အကွာ ဆိပ်ဖူးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအနီး လမ်းဆုံ၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးလှနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံ သတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် များရှိ မြို့နယ်အချို့တွင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအနီး၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသား တစ်ဦး သေဆုံးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မကွေးမြို့နယ်၊ ငါးဆောင်ကျေးရွာနေ ရာအိမ်မှူး ဦးဝင်းထွေး(၅၅)နှစ်သည် သစ်ရာကောက်ကျေးရွာမှ ငါးဆောင်ကျေးရွာသို့ ဖိုးပေါက်ကန်-ကံနှစ်ဆင့်-ငါးဆောင်ကျေးရွာချင်းဆက်လမ်းအတိုင်း ပြန်လာစဉ် ညောင်ပင်ကြီးကျေးရွာအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက် သမား သုံးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဝင်းထွေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ရာအိမ်မှူး တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ရုရှားရေတပ် ဒုတိယတပ်မှူး ကာ့စ်ခ်တွင် ကျဆုံး

ရုရှားအရာရှိများက ရေတပ်ဒုတိယတပ်မှူး ဗိုလ်ချုပ်ကြီး Mikhail Gudkov သည် Kursk နယ်စပ်ဒေသတိုက်ပွဲ၌ ကျဆုံးခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

“ရေတပ်၏ ကမ်းရိုးတန်းနှင့် ကုန်းတွင်း စစ်ဆင်ရေးတပ်ဖွဲ့များကို တာဝန် ယူကွပ်ကဲလျက်ရှိသည့် ဒုတိယတပ်မှူး ဗိုလ်ချုပ်ကြီး Mikhail Evgenievich Gudkov သည် ဇူလိုင် ၂ ရက်နေ့တွင် Kursk နယ်စပ်ဒေသရှိ တိုက်ပွဲ တစ်ခုတွင် တာဝန်ထမ်းဆောင်စဉ် ကျဆုံးခဲ့သည်” ဟု ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ယနေ့ (ဇူလိုင် ၃) တွင် ကြေညာခဲ့သည်။

Primorye ပြည်နယ်အုပ်ချုပ်ရေးမှူး Oleg Kozhemyako က ဗိုလ်ချုပ်ကြီး Gudkov သည် ၎င်း၏တပ်ဖွဲ့ဝင်များနှင့်အတူ ကျဆုံးခဲ့ကြောင်း ပြောကြားကာ မိသားစုထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ 

“၎င်းသည် စိတ်ဓာတ်ခိုင်မာပြီး အစဉ်အမြဲသစ္စာရှိခဲ့သူဖြစ်သည်။ ဒုတိယ တပ်မှူးဖြစ်လာသည့်တိုင် Mikhail Gudkov သည် ကမ်းရိုးတန်း တပ်ဖွဲ့ဝင်များ၏ စစ်ဆင်ရေးနယ်မြေများကို မကြာခဏ ကိုယ်တိုင် သွားရောက်စစ်ဆေးလေ့ရှိခဲ့သည်” ဟု ၎င်းက ပြောကြားခဲ့သည်။

Mikhail Gudkov ကို Novosibirsk ဒေသတွင် မွေးဖွားခဲ့ပြီး Novosibirsk အဆင့်မြင့် စစ်တက္ကသိုလ် မှ ဘွဲ့ရရှိခဲ့သည်။ ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ရဲစွမ်းသတ္တိနှင့် ကောင်းမွန်သော ခေါင်းဆောင်မှုအတွက် ရုရှားနိုင်ငံ၏ သူရဲကောင်းဆု (Hero of Russia) ချီးမြှင့်ခံခဲ့ရသည်။

၂၀၂၄ ခုနှစ် အလယ်မှ ယခုနှစ်အစောပိုင်းအထိ Kursk ဒေသမှ ယူကရိန်း တပ်များကို တိုက်ထုတ်သည့် စစ်ဆင်ရေးတွင်ပါဝင်ခဲ့သော ပစိဖိတ် ရေတပ်၏ 155th Guards Marine Brigade ကို ကွပ်ကဲခဲ့သည်။ ၂၀၂၅ ခုနှစ် မတ်လတွင် ရုရှားရေတပ်၏ ကမ်းရိုးတန်းနှင့် ရေတပ်တပ်ဖွဲ့များကို တာဝန်ယူရန် ဒုတိယတပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂

အီရန်သည် ကုလသမဂ္ဂ နျူကလီးယားအေဂျင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုအား ရပ်ဆိုင်းသည့် အမိန့်ထုတ်ပြန်

အီရန်သမ္မတ ပေဇက်ရှ်ကီယန်သည် ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ နျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA) နှင့် ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန် ဥပဒေကြမ်းတစ်ရပ်ကို ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂) တွင် လက်မှတ် ရေးထိုး အတည်ပြုလိုက်ပါသည်။ အဆိုပါဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် လက အမေရိကန်နှင့် အစ္စရေးတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အီရန်၏ နျူကလီးယားစက်ရုံများ ထိခိုက်ပျက်စီးခဲ့ပြီးနောက် ထွက်ပေါ် လာခြင်း ဖြစ်ပါသည်။

သမ္မတ ပေဇက်ရှ်ကီယန်က အီရန် နျူကလီးယားစက်ရုံများ၏ လုံခြုံရေး ကို အာမခံချက်မပေးနိုင်သေးသမျှ IAEA စစ်ဆေးရေးမှူးများ ဝင်ရောက် စစ်ဆေးခွင့်ကို ဆိုင်းငံ့ထားမည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါ လုပ်ရပ် ကြောင့် အီရန်၏ နျူကလီးယားအစီအစဉ်ကို စောင့်ကြည့် စစ်ဆေးနိုင်စွမ်းမှာ ပိုမိုကန့်သတ်လာနိုင်ပါသည်။ အီရန်သည် လက်ရှိတွင် လက်နက် အဆင့်နီးပါး ယူရေနီယမ်သတ္တုသန့်စင်မှု လုပ်ငန်းများကို လုပ်ဆောင် နေနိုင်ပြီဖြစ်ပါသည်။

အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန၏ ဖော်ပြချက်အရ ထိုဆိုင်းငံ့မှုသည် “နျူကလီးယားစက်ရုံများနှင့် သိပ္ပံပညာရှင်များ၏ လုံခြုံရေး အာမခံချက် အပါအဝင် သတ်မှတ်ထားသော အခြေအနေများ ပြည့်မီသည်အထိ အသက် ဝင်နေမည်” ဖြစ်ပါသည်။ အဆိုပါဆုံးဖြတ်ချက်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို အနည်းငယ်သာ သိရှိရသေးပြီး အီရန်က မည်သို့ အကောင်အထည်ဖော်မည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်းမရှိပါ။

IAEA အနေဖြင့် ပြီးခဲ့သည့်လက အစ္စရေးနှင့် အမေရိကန်တို့ ဗုံးကြဲ တိုက်ခိုက်ခဲ့သော ပျက်စီးသွားသည့် နျူကလီးယားစက်ရုံများသို့ဝင်ရောက်ခွင့်ကို အစောပိုင်းကတည်းက ငြင်းပယ်ခံထားရပါသည်။ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ် အာမီ ဆာအိဒ် အီရာဗာနီက IAEA စစ်ဆေးရေးမှူးများ၏ လုပ်ငန်းများကို ဆိုင်းငံ့ထားကြောင်း တနင်္ဂနွေနေ့ (ဇွန် ၂၉) က ပြောကြားခဲ့ပါသည်။ 

ကိုးကား - DW

ဗီယက်နမ်နိုင်ငံက တရုတ်သင်္ဘောများ သီးသန့်စီးပွားရေးဇုန်အတွင်း တရားမဝင် ဝင်ရောက်မှုကို ကန့်ကွက်

ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန်နှင့် နယ်နိမိတ်အနီး ဗီယက်နမ်၏ ခွင့်ပြုချက်မရှိဘဲ ပြည်ပသင်္ဘောများ ဝင်ရောက်လှုပ်ရှားမှုများကို နိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်ခဲ့ကြောင်း သိရှိရသည်။ 

ဇူလိုင် ၃ ရက်နေ့တွင် ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Pham Thu Hang က တရုတ် သင်္ဘောများ၏ ဗီယက်နမ်၏သီးသန့်စီးပွားရေးဇုန်အတွင်း တရားမဝင် ဝင်ရောက်မှုနှင့်ပတ်သက်၍ မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ 

“၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင်ဆိုင်ရာ ဥပဒေအရ သတ်မှတ်ထားသည့် ဗီယက်နမ်၏ သီးသန့်စီးပွားရေးဇုန်နှင့် နယ်နိမိတ်အနီးတွင် ဗီယက်နမ်၏ခွင့်ပြုချက်မရှိဘဲ ပြုလုပ်သည့် နိုင်ငံခြားသုတေသနနှင့်လေ့လာမှုများသည် ဗီယက်နမ်၏ အချုပ်အခြာအာဏာနှင့် တရား စီရင်ပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်” ဟု သူမက ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဗီယက်နမ် အာဏာပိုင်များသည် အရှေ့ပင်လယ်အတွင်း ဖြစ်ပျက်မှုများကို အစဉ်နီးကပ်စွာ ခြေရာခံလျက် နိုင်ငံတကာဥပဒေနှင့် ဗီယက်နမ်၏ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ကာ ဗီယက်နမ်၏ တရားဝင်အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက် ပြောကြားခဲ့သည်။

ဗီယက်နမ်သည် နိုင်ငံတကာဥပဒေနှင့်အညီ Hoang Sa နှင့် Truong Sa ကျွန်းစုများအပေါ် နိုင်ငံ၏ အချုပ်အခြာအာဏာစိုးမိုးမှုကို အတည်ပြုရန် ဥပဒေနှင့်အညီဖြစ်သော အခြေခံအုတ်မြစ်များနှင့် သမိုင်းဆိုင်ရာ အထောက်အထားများ ပြည့်စုံစွာရှိသည့်အပြင် ဗီယက်နမ်၏ ပင်လယ်ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးနှင့် တရားစီရင်ပိုင်ခွင့်များကိုလည်း ပိုင်ဆိုင်ကြောင်း အတည်ပြုထားသည်။