01 July 2025

01 July 2025
လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် လုံခြုံရေးဆောင်ရွက်ပေးနေသည့် ပြည်သူ့စစ်အဖွဲ့ဝင်များအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ ဓား၊ သေနတ်များ အသုံးပြု၍ ရက်စက်စွာ လုပ်ကြံတိုက်ခိုက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အမှတ်(၄)ရပ်ကွက်နေ ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်သူ ဦးထွန်းအောင် (၆၁)နှစ်သည် အမှတ်(၄)ရပ်ကွက်၊ စစ်မှုထမ်းဟောင်းရုံးမှ အဆိုပါရပ်ကွက်ရှိ ဘက်စုံစိုက်ပျိုးရေးခြံသို့ ရေစကြို-ပခုက္ကူသွား ကားလမ်းအတိုင်း ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ထွက်ခွာလာစဉ် ခြံအနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဦးထွန်းအောင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ လုံခြုံရေးဆောင်ရွက်ပေးနေသည့် ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးအား “ငါနှင့်မတူ၊ ငါ့ရန်သူ” ဟူသည့် တစ်ဖက်သတ်အစွန်းရောက် ဂိုဏ်းဂဏစွဲအပေါ် အခြေခံကာ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် နံနက် ၅ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဝဲကြီး(တောင်)ကျေးရွာသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)က ၄၀ မမ/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီ ၄၀ မိနစ်တွင် သောင်ပုကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားရာ အဆိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အတွင်း ဝဲကြီး(တောင်)ကျေးရွာနေသူများဖြစ်ကြသည့် မောင်ဇွဲပြည့်(၇)နှစ်၊ ဒေါ်ခင်အေးစု(၅၆)နှစ်နှင့် ဒေါ်သီတာဦး(၃၅)နှစ်တို့ သုံးဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး မစုမြတ်မွန်(၁၀)နှစ်၊ ဒေါ်ချို(၆၀)နှစ်၊ ဒေါ်စုနွေဇင်(၃၈)နှစ်၊ မောင်ဘုန်းခန့်သော်(၇)လ၊ ဒေါ်ဇာ(၃၄)နှစ်၊ မောင်ကောင်းခန့်သော်(၈)နှစ်၊ မောင်ခန့်(ခ)ခန့်ညား(၁၇)နှစ်၊ မောင်ကံထူးဝေ(၈)လ၊ ဒေါ်ခင်ရွှေ(၇၀)နှစ်၊ ဒေါ်ရွှေဇင်ဦး(၂၆)နှစ်၊ ဒေါ်စံပယ်(၄၃)နှစ်၊ ကိုဉာဏ်လင်းထက်(၂၂)နှစ်၊ ဦးမျိုးမင်းထွန်း(၃၇)နှစ်၊ မသွယ်သွယ်စိုး(၈)နှစ်၊ မတွယ်တာဦး(၂၀)နှစ်၊ မောင်စုမြတ်သူ(၁၂)နှစ်၊ ဦးတင်ဝင်းထွန်း(၄၄)နှစ်၊ ဦးဆန်းဝင်း(၅၆)နှစ်၊ ကိုမျိုးမင်းဆက်(၂၄)နှစ်၊ ဒေါ်ဝါဝါမြင့်(၄၉)နှစ်၊ မောင်ပြည့်စုံ(၁၈)နှစ်၊ ကိုသော်တာဦး(၂၂)နှစ်၊ ဝဲကြီး(မြောက်)ကျေးရွာနေသူများဖြစ်ကြသည့် ဦးဝင်းညွန့်(၅၆)နှစ်၊ ဒေါ်ခင်ဌေး(၇၃)နှစ်နှင့် ဝဲဒေါင့်ကျေးရွာနေ ဦးနိုင်ထွန်း(၄၆)နှစ်တို့ ၂၅ ဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာသို့ တိုက်ပွဲများဖော်ဆောင်၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင်ခရိုင်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲမြို့၊ အမှတ်(၇)ရပ်ကွက်သို့ TNLA အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ မရွှန်းလဲ့ရည်(၁၇)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာလှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရွှေမောင်းဂွတ်ကျေးရွာအုပ်စု၊ သုံးလမ်းဆုံကျေးရွာနေ ဦးတင်စိုး(၄၅)နှစ်သည် ၎င်း၏သမီးဖြစ်သူ မစန္ဒာမြင့်(၁၈)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးခန့်(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ရွာသစ်ကုန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အမေရိကန် B-2 ဗုံးကြဲလေယာဉ်များက ပြီးခဲ့သည့်တစ်ပတ်ကျော်က တိုက်ခိုက်ခဲ့သော အီရန် Fordow နျူကလီးယား စွမ်းအင်မြှင့်တင်ရေး စက်ရုံတွင် လုပ်ငန်းများ ဆက်လက်လည်ပတ်နေကြောင်း ဂြိုဟ်တု ဓာတ်ပုံ အသစ်များက ဖော်ပြနေသည်။
Maxar Technologies က တနင်္ဂနွေနေ့ (ဇွန် ၂၉) က ရိုက်ကူးရရှိခဲ့သည့် ဓာတ်ပုံများအရ “လွန်ခဲ့သောသီတင်းပတ်က Fordow လောင်စာ စွမ်းအင် မြှင့်တင်ရေးစက်ရုံအား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော လေဝင်လေထွက်ပေါက်များနှင့် ဂိတ်ပေါက်များတွင် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း” ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံများတွင် “တူးဖော်ရေးစက်တစ်လုံးနှင့် ဝန်ထမ်းများစွာသည် မြေအောက်စက်ရုံ၏ အထက်ဘက်ရှိ လေဝင်လေထွက်ပေါက်အနီးတွင် တည်ရှိနေပြီး ကရိန်းစက်သည် အဆိုပါအပေါက်ဝတွင် အလုပ်လုပ် နေဟန် ရှိသည်” ဟု ဖော်ပြထားသည်။
Maxar ၏ အဆိုအရ စက်ရုံသို့ သွားရောက်နိုင်ရန် တည်ဆောက်ထားသော လမ်းတစ်လျှောက်တွင် ယာဉ်အချို့ကို ထပ်မံတွေ့ရှိရသည်ဟု ဆိုသည်။
ယခုလအစောပိုင်းတွင် အမေရိကန် B-2 ဗုံးကြဲလေယာဉ်များက Fordow နှင့် Natanz နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမေရိကန် ရေငုပ်သင်္ဘောမှ ပစ်လွှတ်ခဲ့သော Tomahawk ဒုံးကျည်များက အီရန် အလယ်ပိုင်းရှိ Isfahan စက်ရုံကိုလည်း ထိမှန်ခဲ့သည်။
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ Dan Caine ၏ အဆိုအရ Massive Ordnance Penetrator (MOP) ဗုံးများသည် Fordow ရှိ လေဝင်လေထွက်ပေါက်နှစ်ခုကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောသီတင်းပတ်က ပင်တဂွန်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက “Fordow သို့ ပစ်ချခဲ့သော ဗုံးအများစုသည် အဓိကလေဝင် လေထွက် ပေါက်မှတစ်ဆင့် တစ်စက္ကန့်လျှင် ပေ ၁၀၀၀ ကျော်နှုန်းဖြင့် စက်ရုံ အတွင်း သို့ ဝင်ရောက်ကာ ပစ်မှတ်နေရာတွင် ပေါက်ကွဲစေရန် ဒီဇိုင်း ပြုလုပ် ထားကြောင်း” ရှင်းပြခဲ့သည်။
ယခုအခါ Institute for Science and International Security ကို ဦးဆောင်နေသော ယခင်နျူကလီးယားစစ်ဆေးရေးမှူး David Albright က စနေနေ့က Fordowမှရရှိသော ဓာတ်ပုံများတွင် “အီရန်တို့သည် စက်ရုံ ရှိ လေဝင်လေထွက်ပေါက်များကို ထိုးဖောက်ဝင်ရောက်ခဲ့သော MOP ဗုံးသက်ရောက်မှုနေရာနှစ်ခုတွင် တက်ကြွစွာ လုပ်ဆောင်နေကြောင်း” ပြောကြားခဲ့သည်။
Albright ၏ အကဲဖြတ်ချက်အရ အဆိုပါ လုပ်ဆောင်မှုများတွင် “ဗုံးဒဏ် ကြောင့်ထိခိုက်ပျက်စီးခဲ့သော နေရာများကို ပြန်လည်ပြုပြင်ခြင်း၊ နည်းပညာ ပိုင်းဆိုင်ရာပျက်စီးမှုများကို သုံးသပ်ခြင်းနှင့် ရေဒီယိုသတ္တိကြွ နမူနာ ယူခြင်းများ ပါဝင်နိုင်ပြီး အဓိကလေဝင်လေထွက်ပေါက်အထက်ရှိ ဗုံးဒဏ် ကြောင့် ဖြစ်ပေါ်ခဲ့သော အခေါင်းပေါက်များမှာ ယခုထိ ပွင့်နေဆဲ ဖြစ်ကြောင်း” ဖော်ပြထားသည်။
Albright က X (Twitter) တွင် “အီရန်တို့သည် အဓိက ဝင်ပေါက်လမ်း ပေါ်ရှိ ဗုံးကြဲမှုကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများကို ရက်ပိုင်းအတွင်း အလျင်အမြန်ပြင်ဆင်ခဲ့သည်ကို မိမိတို့မြင်တွေ့ရသော်လည်း ဥမင်လိုဏ် ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းမှုများကိုမူ ယခုအချိန်ထိ မည်သည့်လက္ခဏာမျှမတွေ့ရပါ” ဟု ရေးသားဖော်ပြခဲ့သည်။
ကိုးကား- CNN
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ယူကရိန်းတပ်များသည် တနင်္လာနေ့ (ဇွန် ၃၀) ညနေပိုင်းတွင် ဒိုနက်စ် ပြည်သူ့သမ္မတနိုင်ငံ (DPR) ကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှု များ ပြုလုပ်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး ဆယ်ကျော်သက် တစ်ဦး အပါအဝင် အနည်းဆုံး သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း DPR ခေါင်းဆောင် ဒီနစ် ပူရှီလင်က ပြောကြားခဲ့သည်။

Telegram ပို့စ်တစ်ခုတွင် ပူရှီလင်က ဝေါရိုရှီလော့ဗ်စကီးခရိုင်၊ ဒိုနက်စ် မြို့အား တာဝေးပစ်ဒုံးကျည်များဖြင့် တိုက်ခိုက်ခံရပြီး အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသား ဆယ်ကျော်သက်တစ်ဦးနှင့် သက်ကြီးပိုင်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဆိုကောလ်ဈေးဝယ်စင်တာတစ်ခု၊ စတိုးဆိုင်တစ်ဆိုင်နှင့် ဘဏ်တစ်ခုအပါအဝင်အရပ်သားအဆောက်အအုံများတွင် မီးလောင်မှုများနှင့် ပြင်းထန်သော ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
RT ၏ သတင်းထောက် ရိုမန် ကိုဆာရီဗ်က ဒိုနက်စ်မြို့ရှိ ဖြစ်စဉ်နေရာမှ သတင်းပို့ချက်တွင် “ပြည်နယ်ရှိ လေကြောင်း ကာကွယ်ရေး စနစ်များ သည် လွန်ခဲ့သည့် တစ်နာရီအတွင်း မရပ်မနား အလုပ်လုပ်နေခဲ့ပြီး ဒုံးကျည် အချို့ကို လေထဲတွင် ဖြတ်တောက်ပစ်ချနိုင်ခဲ့သော်လည်း အချို့မှာမူ အဆိုပါ စင်တာသို့ ရောက်ရှိလာခဲ့သည်ဟု ယူဆရသည်” ဟု ဖော်ပြခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနသည် ယင်းတိုက်ခိုက်မှုတွင် အသုံးပြု ခဲ့သည့် ဒုံးကျည်အမျိုးအစားအား ယခုအချိန်အထိ အတည်ပြုခြင်း မရှိ သေးသော်လည်း အစောပိုင်းသတင်းများအရ ကိယက်ဗ်မှ ဗြိတိန်တို့ ထောက်ပံ့ပေးထားသော Storm Shadow ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်ဟု ယူဆကြောင်း ဖော်ပြထားသည်။
အခြားဖြစ်စဉ်တစ်ခုတွင် ဒိုနက်စ်ပြည်သူ့သမ္မတနိုင်ငံ (DPR) ၏ အကြီးဆုံး မြို့များထဲမှ တစ်ခုဖြစ်သော ဂိုရ်လိုဗ်ကာမြို့အား ကာမီကာဇေ ဒရုန်း တိုက်ခိုက်မှု ခံရကာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦး ဒဏ်ရာရရှိခဲ့သည်။
ဒိုနက်စ်မြို့မြောက်ဘက် ကီလိုမီတာ ၅၀ အကွာတွင် တည်ရှိသော ဂိုရ်လိုဗ်ကာမြို့သည် ပဋိပက္ခမတိုင်မီက လူဦးရေ ၂၅၀,၀၀၀ ခန့် နေထိုင် ခဲ့ပြီး ၂၀၁၄ ခုနှစ်မှစ၍ ယူကရိန်းတပ်များ၏ မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံခဲ့ရသည်။
DPR ခေါင်းဆောင် ဒီနစ် ပူရှီလင်၏ ပြောကြားချက်အရ နောက်ဆုံး တိုက်ခိုက်မှုတွင် နေအိမ်တစ်လုံး လုံးဝပျက်စီးခဲ့ပြီး အခြားလူနေ အဆောက်အအုံ ၁၂ လုံး၊ ဆေးခန်း၊ အိပ်ဆောင် ၊ အပူပေးစက်ရုံ ၃ ခု၊ ဆေးဆိုင်နှင့် ဘဏ်ခွဲတို့ အပါအဝင် အရပ်ဘက်အဆောက်အအုံ ၇ ခု ပါ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ကိုးကား- RT

မော်စကို ဇွန် ၃၀
ရုရှားတပ်များသည် ယူကရိန်း အရှေ့အလယ်ပိုင်း ဒီနီပရိုပက်ထ ရော့ဗ်ဒေသ၌ ပထမဆုံးကျေးရွာ တစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာများက ဇွန် ၂၉ ရက်သတင်းများတွင် ရေးသား ဖော်ပြထားသည်။
ရုရှားတပ်များသည် ယူကရိန်း ဆူမီဒေသ၌ စတုရန်းမိုင် ၇၇ ဒသမ ၂၂ မိုင်ရှိသောနယ်မြေကို ထိန်းချုပ် ခဲ့ပြီးနောက် ဒီနီပရိုပက်ထရော့ဗ် ဒေသသို့ ဆက်လက်ထိုးဖောက် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရုရှားတပ်များသည် ပြီးခဲ့သည့် နှစ်လတာကာလအတွင်း ယူကရိန်း စစ်မြေပြင်၌ နယ်မြေအကျယ် အဝန်း၊ စတုရန်းကီလိုမီတာ ၉၅၀ ထိ ရယူနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ရုရှားတပ်များက ယူကရိန်းစစ်မြေပြင်၌ ထိန်းချုပ်ထားနိုင်သော နယ်မြေ အကျယ်အဝန်းမှာ စတုရန်းကီလို မီတာ ၁၁၃၅၈၈ ကီလိုမီတာ ထိရှိလာခဲ့ပြီဖြစ်သည်။
သုံးနှစ်ကျော်ကြာ ယူကရိန်း ပဋိပက္ခကိုအဆုံးသတ်၍ ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရေးအတွက် ယူကရိန်းအနေဖြင့် ရုရှား ထိန်းချုပ်မှုအောက်ရှိနယ်မြေများ ကို စွန့်လွှတ်ပေးရမည်ဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားထားသည်။
ယူကရိန်းနိုင်ငံ၏ လူးဟန့် ဒေသ၏ ၉၉ ရာခိုင်နှုန်း၊ ဒွန်းနက်စ် ဒေသ၊ ဇာပိုရစ်ဇီယာဒေသနှင့် ခါဆန်ဒေသများ၏ ၇၀ ရာခိုင်နှုန်း ကျော်တို့ကိုရုရှားနိုင်ငံက ထိန်းချုပ် ထားကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper
Photo - The Guardian

နေပြည်တော်၊ ဇွန် ၃၀
နေပြည်တော်၊ ဇွန် ၃၀
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာ အနီးတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ တပ်ကုန်းမြို့နယ်သို့ နေလင်းအောင်(ခ)နေလင်း မောင်းနှင်လာသည့် MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ စုစုပေါင်းအလေးချိန် ၃၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၂,၀၀၀ ပြားနှင့် ကက်တမင်း ၁ ဒသမ ၁ ကီလိုတို့အား ဖမ်းဆီးရမိခဲ့သည်။
စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ဆီဆိုင်မြို့နယ်မှ တပ်ကုန်းမြို့နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
Myanmar National Post

နေပြည်တော် ဇွန် ၃၀
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်၊ သေကြေပျက်စီးစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/71692

ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်း ပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် အစ္စရေး တပ်မတော်က အမိန့်ထုတ်ပြီးနောက် ဇွန်လ ၂၉ ရက်ညပိုင်းတွင် ယင်းဒေသကိုပြင်းထန် သောဗုံးကြဲမှုများ ပြုလုပ်ကြောင်း ပါလက် စတိုင်းတာဝန်ရှိသူများက ဇွန်လ ၃၀ ရက် တွင်ပြောသည်။
လပေါင်း ၂၀ ကြာမြင့်နေပြီဖြစ်သည့် အစ္စရေး-ဟားမတ်ပဋိပက္ခကို အဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းပြီးနောက် တစ်ရက်အကြာတွင် အစ္စရေးက ထိုကဲ့သို့ပြင်းထန်သော ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အိမ်ဖြူတော်သို့ရောက်ရှိနေပြီး ဂါဇာတွင်အပစ်အခတ် ရပ်စဲရေး၊ အီရန်အရေးနှင့် ဒေသတွင်း သံတမန်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန်ပြင်ဆင်နေသည်။
အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံများ မရပ်မနားကြားရကြောင်း နှင့်တုန်ခါမှုများသည် ငလျင်လှုပ်နေသကဲ့ သို့ဖြစ်ကြောင်း အသက် ၆၀ ခန့်ရှိသည့် ပါလက်စတိုင်း အမျိုးသားတစ်ဦးကပြောသည်။
MWD Web Portal