ဒိန်းမတ်နိုင်ငံတွင် အမျိုးသမီးများအား မဝင်မနေရ စစ်မှုထမ်းဆောင်ရန် ခေါ်ယူမည့် ဥပဒေပြင်ဆင်ချက်ကို လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ် က ပါလီမန်မှ အတည်ပြုလိုက်ပါသည်။ အဆိုပါ ဆုံးဖြတ်ချက်သည် ဒိန်းမတ်နိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်သော NATO ၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ စတင်ချိန်မှစ၍ ရုရှား၏ ခြိမ်းခြောက် မှုကို ကာကွယ်ရန် စစ်ရေးပြင်ဆင်မှုများ တိုးမြှင့်လာခြင်းနှင့် ဆက်စပ် နေပါသည်။ ပြီးခဲ့သော သီတင်းပတ်က နယ်သာလန်နိုင်ငံ၊ The Hague တွင် ကျင်းပသော NATO အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများက ကာကွယ်ရေး အသုံးစရိတ်များ တိုးမြှင့်ရန် သဘောတူညီခဲ့ကြသည်။

၂၀၂၃ ခုနှစ် မေလတွင် ဥရောပသမဂ္ဂသည် ၎င်း၏ စစ်ရေး တည်ဆောက်မှုအတွက် ယူရို ၁၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇၁ ဘီလီယံ) ချေးငွေ အစီအစဉ်ကို အတည်ပြုခဲ့သည်။ ရုရှားအစိုးရကမူ အနောက်နိုင်ငံများ၏ ရန်လိုသည်ဟူသော စွပ်စွဲချက်များအား အဓိပ္ပာယ်မရှိသော အကြောင်း ပြချက်များဟု ပယ်ချလျက် ရှိပါသည်။
ဒိန်းမတ်၏ ပြင်ဆင်ပြဋ္ဌာန်းလိုက်သော ဥပဒေအသစ်အရ “စစ်မှုထမ်းခြင်း တွင် အမျိုးသားနှင့် အမျိုးသမီး တန်းတူညီမျှရေး အာမခံချက်ပါဝင်ပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့နှင့် နောက်ပိုင်း အသက် ၁၈ နှစ် ပြည့်သော အမျိုးသမီးများအား စာရင်းသွင်းကာ စစ်မှုထမ်းရန် လိုအပ်ပါက ရွေးချယ်ခေါ်ယူမည်” ဟု ဖော်ပြထားသည်။ အမျိုးသမီးစစ်မှုထမ်းများ သည် အမျိုးသားများနှင့် တူညီသော စည်းကမ်းချက်များဖြင့် ထမ်းဆောင် ရမည်ဖြစ်သည်။ သတင်းများအရ အဆိုပါဥပဒေပြင်ဆင်ချက်တွင် စစ်မှုထမ်း ကာလကို ၄ လမှ ၁၁ လအထိ တိုးမြှင့်ထားသည်ဟု သိရသည်။
ဒိန်းမတ် တပ်မတော်သည် စေတနာ့ဝန်ထမ်းများနှင့် မဖြစ်မနေ ခေါ်ယူ သည့် စစ်မှုထမ်းများကို အားထားရပြီး စေတနာ့ဝန်ထမ်းအရေအတွက် မလုံလောက်ပါက စစ်မှုထမ်းဆောင်ရန် ခေါ်ယူလေ့ရှိသည်။ ၂၀၂၄ ခုနှစ် တွင် ဒိန်းမတ်နိုင်ငံသား ၄,၇၀၀ ခန့်သည် စစ်မှုထမ်းဆောင်ပြီးစီးခဲ့ပြီး ၎င်းတို့အနက် အမျိုးသမီးများ၏ အချိုးမှာ ၂၄% ခန့်ရှိသည်။ ဝန်ကြီးချုပ် Mette Frederiksen က မတ်လတွင် အမျိုးသမီးများအား စစ်မှုမထမ်း မနေရ အစီအစဉ်ကို ကြေညာခဲ့ပြီး အဆိုပါဆုံးဖြတ်ချက်ကို “ကျား/မ အပြည့်အဝတန်းတူညီမျှမှု” တစ်ခုအဖြစ် ရှုမြင်ရန် တိုက်တွန်း ခဲ့သည်။
NATO အဖွဲ့ဝင်နိုင်ငံဖြစ်သော လတ်ဗီးယားသည်လည်း ၂၀၂၈ ခုနှစ် မတိုင်မီ အမျိုးသမီးများအား စစ်မှုမထမ်းမနေရ အစီအစဉ်ကို ကျင့်သုံးရန် စီစဉ်နေသည်။ ထိုနိုင်ငံသည် ၂၀၀၆ ခုနှစ်တွင် စစ်မှုမထမ်းမနေရစနစ်ကို ဖျက်သိမ်းခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင့်သုံးခဲ့သည်။ နော်ဝေနှင့် ဆွီဒင်နိုင်ငံတို့သည် အသီးသီး ၂၀၁၅ နှင့် ၂၀၁၈ ခုနှစ်များတွင် ကျားမတန်းတူ စစ်မှုမထမ်းမနေရစနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး ဖြစ်သည်။ ဂျာမနီနိုင်ငံ၏ ကာကွယ်ရေးဝန်ကြီး Boris Pistorius ကလည်း ၂၀၁၁ ခုနှစ်တွင် ဖျက်သိမ်းခဲ့သော အမျိုးသားများအတွက် စစ်မှုမထမ်း မနေရစနစ်ကို ပြန်လည်ကျင့်သုံးရန် အဆိုပြုထားသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပင်တဂွန်မှ အမေရိကန်ထုတ် လက်နက်အမျိုးအစားများကို ယူကရိန်းသို့ ပို့ဆောင်မှုများ ယာယီရပ်ဆိုင်းလိုက်ကြောင်း Politico နှင့် NBC News တို့က ဖော်ပြခဲ့သည်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Pete Hegseth ၏ အမိန့်အရ အမေရိကန်၏ လက်နက်သိုလှောင်ရုံများအား ပြန်လည် စစ်ဆေးသုံးသပ်ပြီးနောက် အဆိုပါဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ပြီးလက်နက်များ အလျင်အမြန်လျော့နည်းလာမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများ တိုးပွားလာနေသည်။

အဆိုပါဆုံးဖြတ်ချက်သည် Patriot ဒုံးပျံတိုက်ဖျက်ရေးစနစ်၊ Stinger နှင့် AIM ဝေဟင်မှဝေဟင်ပစ်ဒုံးကျည်များ၊ Hellfire နှင့် GMLRS စနစ်များ အပါအဝင် ယခင်က ဝါရှင်တန်မှ ကိယက်ဗ်အား ကတိပြုထားသည့် 155mm အမြောက်ကျည်များစွာကိုပါ သက်ရောက်မှုရှိစေသည်။ NBC ၏ ဖော်ပြချက်အရ အချို့လက်နက်များမှာ ဥရောပတွင် အဆင်သင့် တပ်ဆင်ထားပြီးဖြစ်သော်လည်း ယူကရိန်းတပ်များထံ မလွှဲပြောင်းမီ ယာယီထိန်းချုပ်ထားခြင်းဖြစ်သည်။
Politico ၏ ဖော်ပြချက်အရ Trump အစိုးရသစ်သည် ယူကရိန်းအတွက် အပိုရံပုံငွေတောင်းခံမှုများ မပြုလုပ်သေးဘဲ လက်ရှိရန်ပုံငွေများမှာ လ အနည်းငယ်သာ ဆက်လက်ခံနိုင်ရည်ရှိမည်ဟု ခန့်မှန်းထားသည်။
အိမ်ဖြူတော်ဒုတိယပြောရေးဆိုခွင့်ရှိသူ Anna Kelly က ယင်းဆုံးဖြတ်ချက်အား အမေရိကန်၏ကာကွယ်ရေးလိုအပ်ချက်များကို ဦးစားပေးရန် လိုအပ်သောခြေလှမ်းအဖြစ် ကာကွယ်ပြောဆိုခဲ့ပြီး အသေးစိတ် အချက်အလက်များကိုမူ ထုတ်ပြန်ခြင်းမပြုခဲ့ပေ။
ကိယက်ဗ်သည် ဝါရှင်တန်ထံမှ လျော့နည်းလာသော ထောက်ပံ့မှုများနှင့်ပတ်သက်၍ စိတ်မသက်မသာဖြစ်ရကြောင်း ထပ်တလဲလဲ ဖွင့်ဟခဲ့သည်။ ယူကရိန်းခေါင်းဆောင် Vladimir Zelensky သည် လွန်ခဲ့သည့် သီတင်းပတ်က The Hague တွင် ကျင်းပသော NATO ထိပ်သီး အစည်းအဝေးတွင် သမ္မတ Donald Trump နှင့်တွေ့ဆုံခဲ့သော်လည်း ခိုင်မာသောကတိကဝတ်များကို မရရှိခဲ့ပေ။ Trump က Patriot စနစ် များသည် "ရရှိရန်အလွန်ခက်ခဲသည်" ဟုပြောကြားခဲ့ပြီး အမေရိကန်နှင့် အစ္စရေးတို့၏ကာကွယ်ရေးအတွက် လိုအပ်ကြောင်း ထည့်သွင်းပြောဆို ခဲ့သည်။
ထရမ့်က မော်စကိုနှင့် စစ်ပြေငြိမ်းရေး ညှိနှိုင်းပြီး ပဋိပက္ခအဆုံးသတ်ရန် ရည်ရွယ်ကြောင်း အကြိမ်ကြိမ်ထုတ်ဖော်ပြောဆိုခဲ့သည်။ လွန်ခဲ့သော လအတွင်း Hegseth က အိမ်ဖြူတော်သည် "America First" နည်းဗျူဟာ၏အစိတ်အပိုင်းအဖြစ်နှင့် သံတမန်နည်းကျ ဖြေရှင်းနိုင်ရေးရရှိရန် မျှော်လင့်ချက်ဖြင့် ကိယက်ဗ်အတွက် စစ်ရေး အထောက်အပံ့ အသုံးစရိတ်များကို လျှော့ချနေကြောင်း ပြောကြားခဲ့သည်။
ပင်တဂွန်၏ မူဝါဒပြောင်းလဲမှုသည် ယူကရိန်းသို့ အဆုံးမရှိသော အကူအညီများနောက်ကွယ်ရှိ အကြောင်းပြချက်များကို လူသိရှင်ကြား မေးခွန်းထုတ်ခဲ့သည့် ထရမ့်လက်ထက်တွင် ပိုမိုကျယ်ပြန့်သော ပြန်လည် ချိန်ညှိမှုကို ထင်ဟပ်နေသည်။ ရုရှားသမ္မတ၏ အထူးကိုယ်စားလှယ်နှင့် တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအကြီးအကဲ Kirill Dmitriev က ထို လုပ်ရပ်သည် "အနောက်တိုင်း၏ အစွမ်းအစ၏ အစစ်အမှန် ကန့်သတ်ချက်များနှင့် အမေရိကန်စစ်တပ်၏ ဦးစားပေးအပြောင်းအလဲများကို မီးမောင်း ထိုးပြနေသည်" ဟု မှတ်ချက်ပြုခဲ့သည်။

နေပြည်တော် ဇူလိုင် ၂
နေပြည်တော် ဇူလိုင် ၂
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့် ဖမ်းဆီးထားသည့် အချုပ်တရားခံ ဇွန်ပွင့်လှိုင်(၃၀)နှစ်၊ (ဘ) ဦးလှမင်းအား ရဲတပ်ဖွဲ့မှ လုံခြုံရေးတာဝန်ရှိသူများက၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက် ညပိုင်းတွင် ကျောက်ကပ်ရောဂါအရေးပေါ်ကုသရန် အမှတ်(၅)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ သပြေအထူးကုဆေးခန်းသို့ ပို့ဆောင်ပေးပြီးအပြန် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ Ocean Center သို့ ဝင်ရောက်ဆေးဝယ်ကာ ပြန်ထွက်လာစဉ် ကားပါကင်အနီးသို့အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ရာ ဆေးခန်းသို့လိုက်ပါပို့ဆောင်သည့် ရဲတပ်ဖွဲ့ဝင်များအား လက်နက်ငယ်ကျည်များထိမှန်၍ ထိခိုက်မှုများဖြစ်ပေါ်ခဲ့ပြီး အချုပ်တရားခံ ဇွန်ပွင့်လှိုင်အား ခေါ်ဆောင်ထွက်ပြေးသွားကြောင်း သိရှိရသည်။
အဆိုပါ အချုပ်တရားခံနှင့် ခေါ်ဆောင်ထွက်ပြေးသွားသူများအား အမြန်ဆုံး ပြန်လည်ဖမ်းဆီးရမိနိုင်ရေးအတွက် ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ (၆)လမ်းသွားလမ်းဆုံနေရာ၌ ဇွန်ပွင့်လှိုင်အပါအဝင် ရဲလုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည့် ဘားအံမြို့နယ်၊ တောင်ဝိုင်းကျေးရွာနေ ချစ်ဇင်လင်း(ခ) စောအယ်ထူး (၃၈)နှစ်(ဘ)ဦးစိန်မင်းနှင့်လှိုင်သာယာ(အနောက်ပိုင်း)၊ မြို့နယ်(၁၃) ရပ်ကွက်နေ သီဟသူ (၂၃)နှစ် (ဘ) ဦးဘိုဘိုသူတို့ကိုလည်းကောင်း၊ စစ်ပစ်ကွင်းကျေးရွာအနီး သန်လျင်-သုံးခွကားလမ်းရှိ စစ်ပင်ကွင်း ကားမှတ်တိုင်၌ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာနေ သုခပြည့်စုံ (ခ)ဖိုးခွား (၂၀)နှစ် (ဘ) ဦးနေထွန်း၊ လှည်းကူးမြို့နယ်၊ ရိပ်သာရပ်ကွက်နေ သူရဝင်း (၃၅)နှစ် (ဘ) ဦးသန်းဇော်နှင့် မုံရွာမြို့နယ်၊ မြို့သစ်ရပ်ကွက်နေ အောင်စန်းမိုး (ခ) ပေါင်မုန့် (၂၂)နှစ် (ဘ) ဦးမိုးသီးတို့ကိုလည်းကောင်း၊ ပစ္စတို ၂ လက်၊ ကျည်မျိုးစုံ ၄၃ တောင့်၊ ကျည် အိမ် ၃ ခု၊ လက်ပစ်ဗုံး ၄ လုံးတို့နှင့်အတူ အသီးသီးဖမ်းဆီးရမိခဲ့သည်။
အဆိုပါ အချုပ်တရားခံ ဇွန်ပွင့်လှိုင်အပါအဝင် လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် PDF အမည်ခံ အကြမ်းဖက်သမား ၆ ဦးကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
MOI

01 July 2025
01 July 2025
အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် နံနက် ၅ နာရီ ၂၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဝဲကြီး(တောင်)ကျေးရွာသို့ KNLA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ အင်အား(စိစစ်ဆဲ)က ၄၀ မမ/လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီ ၄၀ မိနစ်တွင် သောင်ပုကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာသွားရာ အဆိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့မှုဖြစ်စဉ်အတွင်း ဝဲကြီး(တောင်)ကျေးရွာနေသူများဖြစ်ကြသည့် မောင်ဇွဲပြည့်(၇)နှစ်၊ ဒေါ်ခင်အေးစု(၅၆)နှစ်နှင့် ဒေါ်သီတာဦး(၃၅)နှစ်တို့ သုံးဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိကာ သေဆုံးသွားခဲ့ပြီး မစုမြတ်မွန်(၁၀)နှစ်၊ ဒေါ်ချို(၆၀)နှစ်၊ ဒေါ်စုနွေဇင်(၃၈)နှစ်၊ မောင်ဘုန်းခန့်သော်(၇)လ၊ ဒေါ်ဇာ(၃၄)နှစ်၊ မောင်ကောင်းခန့်သော်(၈)နှစ်၊ မောင်ခန့်(ခ)ခန့်ညား(၁၇)နှစ်၊ မောင်ကံထူးဝေ(၈)လ၊ ဒေါ်ခင်ရွှေ(၇၀)နှစ်၊ ဒေါ်ရွှေဇင်ဦး(၂၆)နှစ်၊ ဒေါ်စံပယ်(၄၃)နှစ်၊ ကိုဉာဏ်လင်းထက်(၂၂)နှစ်၊ ဦးမျိုးမင်းထွန်း(၃၇)နှစ်၊ မသွယ်သွယ်စိုး(၈)နှစ်၊ မတွယ်တာဦး(၂၀)နှစ်၊ မောင်စုမြတ်သူ(၁၂)နှစ်၊ ဦးတင်ဝင်းထွန်း(၄၄)နှစ်၊ ဦးဆန်းဝင်း(၅၆)နှစ်၊ ကိုမျိုးမင်းဆက်(၂၄)နှစ်၊ ဒေါ်ဝါဝါမြင့်(၄၉)နှစ်၊ မောင်ပြည့်စုံ(၁၈)နှစ်၊ ကိုသော်တာဦး(၂၂)နှစ်၊ ဝဲကြီး(မြောက်)ကျေးရွာနေသူများဖြစ်ကြသည့် ဦးဝင်းညွန့်(၅၆)နှစ်၊ ဒေါ်ခင်ဌေး(၇၃)နှစ်နှင့် ဝဲဒေါင့်ကျေးရွာနေ ဦးနိုင်ထွန်း(၄၆)နှစ်တို့ ၂၅ ဦးတွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာ၊ ကျည်ထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့၍ သေဆုံး/ဒဏ်ရာရရှိသူများအား ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
ထိုသို့ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာသို့ တိုက်ပွဲများဖော်ဆောင်၍ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
MOHA

ဂါဇာမြောက်ပိုင်းရှိ ပါလက်စတိုင်း ပြည်သူများအနေဖြင့် ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် အစ္စရေး တပ်မတော်က အမိန့်ထုတ်ပြီးနောက် ဇွန်လ ၂၉ ရက်ညပိုင်းတွင် ယင်းဒေသကိုပြင်းထန် သောဗုံးကြဲမှုများ ပြုလုပ်ကြောင်း ပါလက် စတိုင်းတာဝန်ရှိသူများက ဇွန်လ ၃၀ ရက် တွင်ပြောသည်။
လပေါင်း ၂၀ ကြာမြင့်နေပြီဖြစ်သည့် အစ္စရေး-ဟားမတ်ပဋိပက္ခကို အဆုံးသတ်ရေး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းပြီးနောက် တစ်ရက်အကြာတွင် အစ္စရေးက ထိုကဲ့သို့ပြင်းထန်သော ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အိမ်ဖြူတော်သို့ရောက်ရှိနေပြီး ဂါဇာတွင်အပစ်အခတ် ရပ်စဲရေး၊ အီရန်အရေးနှင့် ဒေသတွင်း သံတမန်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးရန်ပြင်ဆင်နေသည်။
အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပေါက်ကွဲသံများ မရပ်မနားကြားရကြောင်း နှင့်တုန်ခါမှုများသည် ငလျင်လှုပ်နေသကဲ့ သို့ဖြစ်ကြောင်း အသက် ၆၀ ခန့်ရှိသည့် ပါလက်စတိုင်း အမျိုးသားတစ်ဦးကပြောသည်။
MWD Web Portal

အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိစေရန်နှင့် အကြောက်တရားများ လွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူသွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ထားခြင်း၊ ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် ည ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ ပြင်ဦးလွင်ခရိုင်ပြည်သူ့ဆေးရုံသို့ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီး တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ကျောက်မဲမြို့၊ အမှတ်(၇)ရပ်ကွက်သို့ TNLA အကြမ်းဖက်အဖွဲ့က အများပြည်သူ ထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်အတွင်း လက်နက်ကြီးဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါရပ်ကွက်နေ မရွှန်းလဲ့ရည်(၁၇)နှစ်တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ PDF အမည်ခံ အကြမ်းဖက်သမားများက အပြစ်မဲ့ အရပ်သားပြည်သူများ အေးချမ်းစွာ နေထိုင်လျက်ရှိသော ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူသွားလာလှုပ်ရှားနေသည့် နေရာများ၌ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်ခဲ့မှုများကြောင့် အပြစ်မဲ့ အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပေါ် ဒေသခံပြည်သူများက လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ဆန့်ကျင်ကန့်ကွက်လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သော လုံခြုံရေးလုပ်ငန်းများကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိပါသည်။

လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန် ၂၉ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရွှေမောင်းဂွတ်ကျေးရွာအုပ်စု၊ သုံးလမ်းဆုံကျေးရွာနေ ဦးတင်စိုး(၄၅)နှစ်သည် ၎င်း၏သမီးဖြစ်သူ မစန္ဒာမြင့်(၁၈)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ငါးဦးခန့်(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ရွာသစ်ကုန်းကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ဒေသခံပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

အမေရိကန် B-2 ဗုံးကြဲလေယာဉ်များက ပြီးခဲ့သည့်တစ်ပတ်ကျော်က တိုက်ခိုက်ခဲ့သော အီရန် Fordow နျူကလီးယား စွမ်းအင်မြှင့်တင်ရေး စက်ရုံတွင် လုပ်ငန်းများ ဆက်လက်လည်ပတ်နေကြောင်း ဂြိုဟ်တု ဓာတ်ပုံ အသစ်များက ဖော်ပြနေသည်။
Maxar Technologies က တနင်္ဂနွေနေ့ (ဇွန် ၂၉) က ရိုက်ကူးရရှိခဲ့သည့် ဓာတ်ပုံများအရ “လွန်ခဲ့သောသီတင်းပတ်က Fordow လောင်စာ စွမ်းအင် မြှင့်တင်ရေးစက်ရုံအား လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သော လေဝင်လေထွက်ပေါက်များနှင့် ဂိတ်ပေါက်များတွင် လုပ်ငန်းများ ဆက်လက် လုပ်ဆောင်နေကြောင်း” ထုတ်ပြန်ခဲ့သည်။

ဓာတ်ပုံများတွင် “တူးဖော်ရေးစက်တစ်လုံးနှင့် ဝန်ထမ်းများစွာသည် မြေအောက်စက်ရုံ၏ အထက်ဘက်ရှိ လေဝင်လေထွက်ပေါက်အနီးတွင် တည်ရှိနေပြီး ကရိန်းစက်သည် အဆိုပါအပေါက်ဝတွင် အလုပ်လုပ် နေဟန် ရှိသည်” ဟု ဖော်ပြထားသည်။
Maxar ၏ အဆိုအရ စက်ရုံသို့ သွားရောက်နိုင်ရန် တည်ဆောက်ထားသော လမ်းတစ်လျှောက်တွင် ယာဉ်အချို့ကို ထပ်မံတွေ့ရှိရသည်ဟု ဆိုသည်။
ယခုလအစောပိုင်းတွင် အမေရိကန် B-2 ဗုံးကြဲလေယာဉ်များက Fordow နှင့် Natanz နျူကလီးယားစက်ရုံများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမေရိကန် ရေငုပ်သင်္ဘောမှ ပစ်လွှတ်ခဲ့သော Tomahawk ဒုံးကျည်များက အီရန် အလယ်ပိုင်းရှိ Isfahan စက်ရုံကိုလည်း ထိမှန်ခဲ့သည်။
အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ Dan Caine ၏ အဆိုအရ Massive Ordnance Penetrator (MOP) ဗုံးများသည် Fordow ရှိ လေဝင်လေထွက်ပေါက်နှစ်ခုကို ဦးတည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လွန်ခဲ့သောသီတင်းပတ်က ပင်တဂွန်သတင်းစာရှင်းလင်းပွဲတွင် ၎င်းက “Fordow သို့ ပစ်ချခဲ့သော ဗုံးအများစုသည် အဓိကလေဝင် လေထွက် ပေါက်မှတစ်ဆင့် တစ်စက္ကန့်လျှင် ပေ ၁၀၀၀ ကျော်နှုန်းဖြင့် စက်ရုံ အတွင်း သို့ ဝင်ရောက်ကာ ပစ်မှတ်နေရာတွင် ပေါက်ကွဲစေရန် ဒီဇိုင်း ပြုလုပ် ထားကြောင်း” ရှင်းပြခဲ့သည်။
ယခုအခါ Institute for Science and International Security ကို ဦးဆောင်နေသော ယခင်နျူကလီးယားစစ်ဆေးရေးမှူး David Albright က စနေနေ့က Fordowမှရရှိသော ဓာတ်ပုံများတွင် “အီရန်တို့သည် စက်ရုံ ရှိ လေဝင်လေထွက်ပေါက်များကို ထိုးဖောက်ဝင်ရောက်ခဲ့သော MOP ဗုံးသက်ရောက်မှုနေရာနှစ်ခုတွင် တက်ကြွစွာ လုပ်ဆောင်နေကြောင်း” ပြောကြားခဲ့သည်။
Albright ၏ အကဲဖြတ်ချက်အရ အဆိုပါ လုပ်ဆောင်မှုများတွင် “ဗုံးဒဏ် ကြောင့်ထိခိုက်ပျက်စီးခဲ့သော နေရာများကို ပြန်လည်ပြုပြင်ခြင်း၊ နည်းပညာ ပိုင်းဆိုင်ရာပျက်စီးမှုများကို သုံးသပ်ခြင်းနှင့် ရေဒီယိုသတ္တိကြွ နမူနာ ယူခြင်းများ ပါဝင်နိုင်ပြီး အဓိကလေဝင်လေထွက်ပေါက်အထက်ရှိ ဗုံးဒဏ် ကြောင့် ဖြစ်ပေါ်ခဲ့သော အခေါင်းပေါက်များမှာ ယခုထိ ပွင့်နေဆဲ ဖြစ်ကြောင်း” ဖော်ပြထားသည်။
Albright က X (Twitter) တွင် “အီရန်တို့သည် အဓိက ဝင်ပေါက်လမ်း ပေါ်ရှိ ဗုံးကြဲမှုကြောင့်ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများကို ရက်ပိုင်းအတွင်း အလျင်အမြန်ပြင်ဆင်ခဲ့သည်ကို မိမိတို့မြင်တွေ့ရသော်လည်း ဥမင်လိုဏ် ဝင်ပေါက်များကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းမှုများကိုမူ ယခုအချိန်ထိ မည်သည့်လက္ခဏာမျှမတွေ့ရပါ” ဟု ရေးသားဖော်ပြခဲ့သည်။
ကိုးကား- CNN

မော်စကို ဇွန် ၃၀
ရုရှားတပ်များသည် ယူကရိန်း အရှေ့အလယ်ပိုင်း ဒီနီပရိုပက်ထ ရော့ဗ်ဒေသ၌ ပထမဆုံးကျေးရွာ တစ်ရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာများက ဇွန် ၂၉ ရက်သတင်းများတွင် ရေးသား ဖော်ပြထားသည်။
ရုရှားတပ်များသည် ယူကရိန်း ဆူမီဒေသ၌ စတုရန်းမိုင် ၇၇ ဒသမ ၂၂ မိုင်ရှိသောနယ်မြေကို ထိန်းချုပ် ခဲ့ပြီးနောက် ဒီနီပရိုပက်ထရော့ဗ် ဒေသသို့ ဆက်လက်ထိုးဖောက် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရုရှားတပ်များသည် ပြီးခဲ့သည့် နှစ်လတာကာလအတွင်း ယူကရိန်း စစ်မြေပြင်၌ နယ်မြေအကျယ် အဝန်း၊ စတုရန်းကီလိုမီတာ ၉၅၀ ထိ ရယူနိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ရုရှားတပ်များက ယူကရိန်းစစ်မြေပြင်၌ ထိန်းချုပ်ထားနိုင်သော နယ်မြေ အကျယ်အဝန်းမှာ စတုရန်းကီလို မီတာ ၁၁၃၅၈၈ ကီလိုမီတာ ထိရှိလာခဲ့ပြီဖြစ်သည်။
သုံးနှစ်ကျော်ကြာ ယူကရိန်း ပဋိပက္ခကိုအဆုံးသတ်၍ ငြိမ်းချမ်းရေး သဘောတူညီချက်ရယူရေးအတွက် ယူကရိန်းအနေဖြင့် ရုရှား ထိန်းချုပ်မှုအောက်ရှိနယ်မြေများ ကို စွန့်လွှတ်ပေးရမည်ဖြစ်ကြောင်း ရုရှားအစိုးရက ပြောကြားထားသည်။
ယူကရိန်းနိုင်ငံ၏ လူးဟန့် ဒေသ၏ ၉၉ ရာခိုင်နှုန်း၊ ဒွန်းနက်စ် ဒေသ၊ ဇာပိုရစ်ဇီယာဒေသနှင့် ခါဆန်ဒေသများ၏ ၇၀ ရာခိုင်နှုန်း ကျော်တို့ကိုရုရှားနိုင်ငံက ထိန်းချုပ် ထားကြောင်း သိရသည်။
Ref: RT
Trs: KKO
YDNB Newspaper
Photo - The Guardian

နေပြည်တော် ဇွန် ၃၀
အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လျက်ရှိသော ပြည်သူများ ထိခိုက်ဒဏ်ရာရရှိစေရန်၊ သေကြေပျက်စီးစေရန်နှင့် အကြောက်တရားများလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ရပ်ကွက်/ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များ၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများနှင့် အများပြည်သူ သွားလာအသုံးပြုနေသည့် လမ်းများပေါ်၌ မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများအား ဆင်ခြင်တုံတရားကင်းမဲ့စွာ ပြုလုပ်လျက်ရှိသည်။

အပြည့်အစုံဖတ်ရှုရန်- https://www.moi.gov.mm/index.php/news/71692