သတင်းများ

နှစ်လေးဆယ် နီးပါးအကြာတွင် ဝဋံသကာဘွဲ့ရ ဆရာတော်တစ်ပါး ပေါ်ထွက်လာ

(၁၁၉) ကြိမ်မြောက် နယုန်လစာလျှောက်မေးခန်း အမှတ်များရာအလိုက် အောင်မြင်ပုဂ္ဂိုလ်များ စာရင်းကို ယမန်နေ့ ဇူလိုင်(၆)ရက်တွင် ထုတ်ပြန်ရာ ဝဋံသကာဘွဲ့ရ ဆရာတော်တပါး ပေါ်ထွက်ခဲ့သည်။

မန္တလေးမြို့၊ ပရိယတ္တိသာသနဟိတ အသင်းကြီးမှ ကြေညာခဲ့ခြင်းဖြစ်ပြီး ပရိယတ္တိသာသနဟိတအသင်းကြီး၏ အဘိဝံသစာမေးပွဲ၌ (၃၉)နှစ်ကြာမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။

ဝဋံသကာဘွဲ့ရ ဆရာတော်သည် သက်တော် (၂၃) နှစ်သာ ရှိသေးပြီး ဦးဃောသိတာလင်္ကာရာဘိဝံသ(မစိုးရိမ်တိုက်သစ်) ဖြစ်သည်။

အရှင်မြတ်သည် ၁၃၈၆-ခုနှစ်၊ စာသင်တန်း(ပထမ) နှင့် ၁၃ ၈၇ခုနှစ်၊ စာချတန်း(ပထမ) ကို နှစ်မခြားဘဲ (၂)နှစ်တည်းဖြင့် အောင်မြင်ခဲ့သည့်အတွက်ကြောင့် နှစ်ပေါင်း (၃၉)နှစ်တာ ဝေးကွာနေသည့် အဘိဝံသ ဝဋံသကာဘွဲ့ကို ရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

(ဝဋံသကာ)ရွှေတံဆိပ်ဘွဲ့တော်ကို ရှေးဦးစွာရရှိတော်မူသည်မှာ တိပိဋကဓရ ဓမ္မဘဏ္ဌဂါရိက ဆဌသံဂါယနာ ဝိဿဇ္ဇက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဒမ္မဇောတိက ကျေးဇူးတော်ရှင် မင်းကွန်းဆရာတော်ကြီးပင် ဖြစ်သည်။

ဝဋံသကာဘွဲ့ ဆိုသည်မှာ ဗုဒ္ဓဘာသာ သာသနာတော်အတွင်း အထူးခြားဆုံး ဘွဲ့တံဆိပ်တခုဖြစ်ပြီး ဝဋံသကာဘွဲ့ထူးကို ပန်ဆင်ယင်တော်မူသော ထေရ်ရှင်များမှာ ၁၂၆၇ ခုနှစ်မှ ၁၃၈၇ ခု ယနေ့အချိန်ထိ နှစ်ပေါင်း(၁၂၀)အတွင်း၌ အရှင်မြတ် (၁၀)ပါးသာ ပေါ်ထွန်းခဲ့သည်ဟုလည်း သိရသည်။

Popular Myanmar

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂ဝ၂၅ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင်အောင်ပွဲ (၂)နှစ်ပြည့်အခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၅ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဘိသေကအနေကဇာတင် အောင်ပွဲ(၂)နှစ်ပြည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညိုပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသော ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ မာရဝိဇယနောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးကပ်လှူပူဇော်သည်။

ယင်းနောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သန်လျင်မင်းကျောင်းဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ဇနီးတို့က မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကိုရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

MOI

၂ဝ၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနား ကျင်းပ

နေပြည်တော် ဇူလိုင် ၆

၂၀၂၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ကြည်ညို၍ ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့၊ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်၊ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ် မဟာနာယက၊ ဓမ္မသမိဒ္ဓိကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ မဟာဓမ္မကထိကဗဟုဇနဟိတဓရ ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသတို့အမှူးပြုသော ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများအပါအဝင် ပင့်ဖိတ်ထားသည့် ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် ဇနီး၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အနော်ရထာခန်းမအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်၊ သစ်သီး၊ ပန်းမန်၊ သောက်တော်ရေချမ်းနှင့် ဆီမီးတို့ကို ကပ်လှူပူဇော်သည်။

ယင်းနောက် အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်ကြီးများ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီးက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ပြီး တက်ရောက်လာကြသူများနှင့် ဇနီးများက ဆရာတော်၊ သံဃာတော်များထံ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မစိုးရိမ်တိုက်သစ်ဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည် သန်လျင်မင်းကျောင်းဆရာတော်ကြီး အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

ယခုနှစ် တောင်ပြုံးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပမည်

လာမည့် ဩဂုတ်(၁)ရက်မှစတင်၍ တောင်ပြုံးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ကို လာမည့် ဝါခေါင်လဆန်း(၈) ရက်မှ (၁၅)ရက်အထိ ဩဂုတ်(၁)ရက်မှ ဩဂုတ်(၈)ရက်အထိ စည်ကားသိုက်မြိုက်စွာကျင်းပမည်လည်း ဖြစ်သည်။

သမိုင်းဝင် တောင်ပြုံး ဆုတောင်းပြည့်မြတ်စွာဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာအုပ်စု၊ တောင်ပြုံးကြီးကျေးရွာတွင် ရှိခြင်းဖြစ်သည်။

ယခုနှစ် ပွဲတော်သို့ ဘုရားဖူးတိုင်းရင်းပြည်သူများ၊ ရိုးရာဓလေ့ ကိုးကွယ်သူများ၊ ဈေးသူ/ဈေးသားများအား စိတ်အေးချမ်းသာစွာဖြင့် လာရောက်နိုင်ကြရန် ပွဲတော်ကျင်းပရေးကော်မတီမှ အသိပေးကြေညာထားကာ နယ်မြေဒေသအခြေအနေသည်လည်း အေးချမ်းတည်ငြိမ်လျက်ရှိသည်ဟု ဆိုသည်။

တောင်ပြုံးပွဲတော်ကို နှစ်စဉ် ဝါခေါင်လဆန်း၈ရက်မှ စတင်ပြီး ကျင်းပလေ့ရှိရာ ဝါခေါင်လဆန်း ၈ရက်နှင့် ၉ရက်တို့တွင် ကန်တော့ခံပွဲ၊ ဝါခေါင်လဆန်း၁၀ရက်တွင် ညီလာခံဝင်၊ ဝါခေါင်လဆန်း ၁၁ရက်တွင် ချိုးရေတော်သုံးပွဲ၊ ဝါခေါင်လဆန်း ၁၂ ရက်တွင် နန်းတက်ပွဲ၊ ဝါခေါင်လဆန်း ၁၃ ရက်တွင် ယုန်ထိုးပွဲ၊ ဝါခေါင်လဆန်း ၁၄ ရက်တွင် ထိန်ပင်ခုတ်ပွဲ၊ ဝါခေါင်လဆန်း ၁၅ရက်တွင် ပခန်းမင်းပို့ပွဲနှင့် ဝါခေါင်လပြည့်ကျော် တစ်ရက်တွင် ရွှေဘုံဆင်းပွဲတို့ကို ရှေးအစဉ်အလာများအတိုင်း ကျင်းပခဲ့ကြခြင်းဖြစ်သည်။

တောင်ပြုံးပွဲတော်သို့ ဘုရားဖူးပြည်သူများ၊ မင်းနှစ်ပါးကိုယုံကြည်သူများ၊ နတ်ပညာရှင်များ၊ ကနားစီးများ လာရောက်ကြပြီး ၁၂ပွဲဈေးသည်များ၊ ‌အညာဒေသထွက်ကုန်ဈေးသည်များအများအပြား လာရောက်ကြသည်။

ဝါဆိုလပြည့်နေ့မှစ၍ ရွှေတိဂုံစေတီတော်တွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းသွားမည်

လာမည့် ဝါဆိုလပြည့်နေ့မှစတင်၍ ဝါတွင်းကာလအတွင်းရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တရားပွဲ၊ သီလခံယူပွဲ နှင့် ဗုဒ္ဓပူဇနိယပွဲတော်များကျင်းပသွားမည် ဖြစ်သည်ဟု သိရသည်။

ကျင်းပရန် စီစဉ်ထားမှုတွင် ဇူလိုင်လ ၉ ရက်( ဝါဆိုလပြည့်နေ့) တွင် ဓမ္မစကြာအခါတော်နေ့အခမ်းအနား၊ ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားကို ကျင်းပမည် ဖြစ်သည်။

ဩဂုတ်လ ၈ ရက် (ဝါခေါင်လပြည့်နေ့)တွင် မေတ္တာအခါတော်နေ့အခမ်းအနားနှင့် ပန်းပေါင်း ၈၄,၀၀၀ ပူဇော်ပွဲအခမ်းအနား၊ စက်တင်ဘာလ ၆ ရက် (တော်သလင်းလပြည့်နေ့)၌ ဂရုဓမ္မအခါတော်နေ့အခမ်းအနားကို ကျင်းပမည် ဖြစ်သည်။

ထိုနည်းတူ အောက်တိုဘာလ ၅ ရက်(သီတင်းကျွတ်အဖိတ်နေ့) တွင်  သီတင်းကျွတ်မီးထွန်းပွဲတော်အခမ်းအနား၊ အောက်တိုဘာလ ၆ ရက်(သီတင်းကျွတ်လပြည့်)၌ အဘိဓမ္မာ အခါတော်နေ့အခမ်းအနားစသည့်  အခမ်းအနားများကို ကျင်းပသွားမည် ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ဝါဆိုလပြည့်နေ့မှစ၍ သီတင်းကျွတ်လပြည့်နေ့အထိ လပြည့်၊ လကွယ်နှင့် ကြားရက် ဥပုသ်နေ့များတွင် ဘုရားဖူးပြည်သူများအနေဖြင့်  ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများထံမှ သီလခံယူဆောက်တည်နိုင်ရန် သီလခံယူပွဲများစီစဉ်ထားပြီး ရဟန်းရှင်လူ ပြည်သူအများအနေဖြင့် ပါဝင်လှူဒါန်းကုသိုလ်ပြုနိုင်ကြောင်း သိရသည်။

Source: Popular Myanmar

မကြောက်ကြသည့် လူ့ဘောင်အဖွဲ့အစည်းအား ပညာကမ္ဘာနှင့်သာ တည်ဆောက်ရမည်ဟု IBEC ဆရာတော်မိန့်ကြား

မကြောက်ကြသည့် လူ့ဘောင်အဖွဲ့အစည်းအားတည်ဆောက်ကြမည်ဆိုပါက ပညာကမ္ဘာနှင့်တည်ဆောက်ရမည်ဟု IBEC ဆရာတော်မှ ဇွန် ၃ ရက်နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ၌ ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ကျောင်းဖွင့်ပွဲအခမ်းအနား၌ မိန့်ကြားတော်မူခဲ့ခြင်းဖြစ်သည်။

” ဥပဒေ၊ စည်းကမ်း၊ နည်းဥပဒေဆိုတာ တိုင်းသူ ပြည်သားတွေလိုက်နာကြရမယ့် ကျင့်ဝတ်စည်း ကမ်းတွေဖြစ်တယ်။ ကျောင်းတော်သူ၊ ကျောင်းတော်သားတွေဟာ စည်းမဲ့ကမ်းမဲ့နဲ့ ပညာသင်ကြမယ်ဆိုရင် တိုင်းပြည်ရဲ့အနာဂတ်ဟာ ပရမ်းပတာတိုင်းပြည်သာဖြစ်လာလိမ့်မယ်။ IBEC ကျောင်းတော်ကြီးဟာ နိုင်ငံတော်အစိုးရကချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေကိုလေးစားလိုက်နာတဲ့ ကျောင်းတော်ကြီးဖြစ်သလို ပညာရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ချိုးဖေ-ာက်တဲ့ကျောင်းတွေထဲမှာလည်း IBEC ကျောင်းတော်ကြီးမပါဝင်ဘူး”ဟု IBEC ဆရာတော်က မိန့်ကြားတော်မူခဲ့သည်။

ထို့ပြင် ကြောက်နေရသည့် လောကကြီးထဲမှ မကြေ-ာက်ကြသည့် လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ကြမည်ဆိုပါက ပညာကမ္ဘာဖြင့် တည်ဆောက်ရမည်ဖြစ်ပြီး ဥပဒေများ၊ စည်းကမ်းများ၊ ဓလေ့ထုံးတမ်းစဥ်လာများကို တန်ဖိုးထားလိုက်နာကျင့်သုံး၍လည်း တည်ဆောက်ကြရမည်ဟု မိန့်ကြားသည်။

” နိုင်ငံရေးစစ်ရေးဆိုတာ ကျောင်းသားတွေနဲ့ လားလားမှမဆိုင်ပါဘူး။ ကျောင်းသားတွေရဲ့အနာဂတ်ကမ္ဘာကို ကျောင်းသားတွေ ကိုယ်တိုင်ပိုင်ဆိုင်တာကြောင့် ပညာကမ္ဘာတည်ဆောက်ပြီးချိန်ကြမှသာ တိုင်းပြည်ရဲ့နိုင်ငံ့သားကောင်းတွေအနေနဲ့ နိုင်ငံတော်ကိုဆက်လက်အုပ်ချုပ်နိုင်ဖို့ ကြိုးစားကြပါ”ဟု IBEC ဆရာတော်ကမိန့်ကြားသည်။

ထို့အတူ စာသင်ကျောင်းများ၌ စနစ်တကျပညာသင်ကြားပြီးမှသာ နိုင်ငံတော်နှင့်ကမ္ဘာကြီး၏ တည်ဆဲဥပဒေ၊ စည်းကမ်းနည်းလမ်းများကို စနစ်တကျသင်ယူကြရမည်ဖြစ်ကာ ပညာနှင့်သာ အရာရာကိုပြောင်းလဲနိုင်မည်၊ ကိုယ်ကျင့်တရားနှင့်သာ အရာရာကိုပြောင်းလဲနိုင်မည်၊ ဆင်ခြင်တုံတရားဖြင့်သာ အနာဂတ်ကိုပြောင်းလဲနိုင်မည်ဟု မိန့်ကြားသည်။

ထို့ပြင် ‌သေနတ်ကိုင်ကာ ကမ္ဘာလောကကြီးအား ပြောင်းလဲ၍ရသည့်နိုင်ငံအား မိမိအနေဖြင့်မတွေ့ဘူးခဲ့ဘဲ ပြောင်းလဲ၍ရပါကလည်း ယင်းနိုင်ငံများသည် ကြေမွပျက်စီးပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ ဘဝများမှာလည်း ဆုံးရှုံးခြင်းမကဆုံးရှုံးကြရလိမ့်မည်ဟု IBEC ဆရာတော်က မိန့်ကြားတော်မူခဲ့သည်။

တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ (ကြီး ၊ ငယ် ၊ လတ် ၊ မူ) စာမေးပွဲကို ဇွန်လ ၂ ရက်နေ့၊ မွန်းတည့် (၁၂) နာရီက တံတားဦးမြို့ မေဃဝန်ပရိယတ္တိစာသင်တိုက် ရွှေမင်းသမီး ဗိမာန်တော်၌ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည် ။

အဆိုပါစာမေးပွဲဖြေဆိုရာသို့ မြို့နယ်ဩဝါဒစရိယဆရာတော်ကြီးများ၊ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် နှင့်အဖွဲ့ဝင်များ၊ ကြီးကြပ်ရေးဆရာတော်များ၊ တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးမှူးရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။ စာမေးပွဲဖြေဆိုနေစဉ်ကာလအတွင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ၊ စေတနာရှင်အလှူရှင်များက လှူဖွယ်ပစ္စည်းများနှင့်  ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်ပေးကြသည်။

အခြေပြုမူလတန်းတွင်  စာမေးပွဲဖြေဆိုရန်  စာရင်းပေးထားသည် ဆရာတော် သံဃာတော် (၆၆)ပါးရှိသည့် အနက် ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော်(၂၇)ပါး၊ ပထမငယ်တန်းတွင်စာမေးပွဲဖြေဆိုရန် (၆၉)ပါး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော် (၅၁)ပါး၊ ပထမလတ်တန်းတွင် စာမေးပွဲ ဖြေဆိုရန် (၄၅)ပါးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော် (၂၁)ပါး ၊ ပထမကြီးတန်းတွင် စာမေးပွဲ ဖြေဆိုရန် (၁၀)ပါးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော် (၄)ပါး ၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသည့် ဆရာတော်သံဃာတော်ပေါင်း(၁၀၃)ပါး ဖြေဆိုကြောင်း သိရသည်။ အဆိုပါစာမေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့မှ ဇွန်လ(၁၀)ရက်နေ့အထိ (၇)ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း မြို့နယ် သံဃာ့နာယက အဖွဲ့ဝင် ဆရာတော်ထံမှသိရသည် ။

ပေးပို့သူ- ဦးရဲတင့်( ပြန်/ဆက်)

အမြင့်ပေ(၁၉၀)အထက်ရှိ ကောင်းမှုတော်စေတီတော်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ကြည့်ရှုစစ်ဆေးမည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်းရှိ သာလွန်မင်းတရားကြီး၏ ကောင်းမှုဖြစ်သော ကောင်းမှုတော်စေတီတော်မြတ်ကြီးတွင် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ အမြင့်ပေ(၁၉၀)အထက်ရှိစေတီတော်မြတ်ကြီး၏ စိန်ဖူးတော်နှင့်ရွှေထီးတော်တို့ကိုပြုပြင်နိုင်ရန် သီတဂူဆရာတော်ကြီးဦးဆောင်၍ ယနေ့ မေ ၃၀ ရက် နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

သီတဂူဆရာတော်ကြီးဦးဆောင်၍ စေတီတော်မြတ်ကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများ၊ ဒု-ဗိုလ်ချုပ်ကြီး သက်ပုံ၊ တာဝန်ရှိသူများ၊ အင်ဂျင်နီယာပညာရှင်များ၊ စေတီတော်မြတ်ကြီး၏ ဂေါပကအဖွဲ့ဝင်များက ကရိန်းအသုံးပြုတက်ရောက်၍ စိန်ဖူးတော်၊ ရွှေထီးတော်နှင့် စေတီတော်ကြီး၏ မျက်နှာပြင်ပေါ်ရှိအက်ကွဲကြောင်းကြီးများကို ကြည့်ရှုစစ်ဆေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေ ၂၃ ရက် နံနက်ပိုင်းကလည်း သီတဂူဆရာတော်ကြီးသည် ငလျင်ဒဏ်သင့်ခဲ့သည့် ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ မျက်နှာပြင်ကွဲအက်သွားမှုအား ပြုပြင်မွန်းမံနိုင်ရန် ကြည့်ရှုစစ်ဆေးတော်မူခဲ့ကြောင်း သိရသည်။

ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်မှာ ငလျင်ဒဏ်ကြောင့် ပြုတ်ကျ၍ ရွှေထီးတော်၌ တင်နေသည်ဟုခန့်မှန်းရသဖြင့် စိန်ဖူးတော်အားမြေသို့ချ၍ အသစ်ပြုလုပ်တင်လှူသွားမည်ဖြစ်ကာ စိန်ဖူးတော်ပြုပြင်မွမ်းမံရန် “ဆင်နှစ်ကောင်”ကုမ္ပဏီမှ ကရိန်းပြုလုပ်ပေးသွားဖြစ်ပြီး လက်ရှိအချိန်၌ စေတီတော်မြတ်ကြီး၏ မျက်နှာပြင်တွင်ဖြစ်ပေါ်နေသည့် အက်ကြောင်းကြီးများအား ပြုပြင်မွမ်းမံရန် ဝါးငြမ်းများကို သုံးပုံ တစ်ပုံခန့်ထိုးထားပြီးဖြစ်ကြောင်း သိရသည်။

နေပြည်တော် မေ ၁၁

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်သော ယနေ့တွင် ကျရောက်သည့် ကဆုန်ညောင်ရေ သွန်းပွဲတော်တွင်ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဖူးမြော်ကြည်ညို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကိုကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စနပူဇာ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ် ခေါ်ဆိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများသည် သတ်မှတ်ထားသည့် နေရာများအလိုက် နေရာယူကြပြီး မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြသည်။ ဆက်လက်၍ မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်တော်မူကြပြီး မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

ညောင်ရေသွန်းလောင်းပူဇော်

ယင်းနောက် ဝတ်အသင်းအဖွဲ့များအလိုက်ယောဂီများက မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြပြီး အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြား၍ ကုသိုလ်အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အလားတူ ဇေယျာသီရိမြို့နယ် လောကချမ်းသာ ဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်မိသားစုများက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

“ဗုဒ္ဓနေ့”ဟု သတ်မှတ်

အဆိုပါ ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်” ဟု ဗျာဒိတ်တော်စကား မိန့်ကြား တော်မူသောနေ့၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထ မင်းသား ဖွားမြင်သောနေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ ယင်းနေ့များသည် ကဆုန်လပြည့်နေ့များတွင်ပင်ဖြစ်သဖြင့် “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟု မှတ်တမ်းပြုကြပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထားကာ ကျင်းပပူဇော်လေ့ရှိကြောင်း၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမ မြတ်စွာဘုရားသာလျှင်မကဘဲ သဗ္ဗညုမြတ်စွာ ဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရား ဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်း စသည့်ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြကြောင်း သတင်းရရှိသည်။

Source: MOI

ပုပ်ရဟန်းမင်းကြီးအရွေးချယ်ခံရမှု ABC မေးမြန်းချက်ကြောင့်ထရမ့် တစ်ယောက် အကြီးအကျယ် ဒေါပွ

“အမေရိကန်လူမျိုးထဲမှ ပုပ်ရဟန်းမင်းကြီးအဖြစ် အရွေးချယ်ခံရမှုအပေါ် အမေရိကန်သမ္မတ၏ အခန်းကဏ္ဍက ဘယ်လို ပါဝင်ပတ်သက်နေပါသလဲ” ဟု ABC သတင်းဌာန၏ သတင်းထောက်တစ်ဦး မေးခွန်းကြောင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အကြီးအကျယ် ဒေါသထွက်သွားကြောင်း သိရပါသည်။

“ထိုမေးခွန်းက မည်သည့်နေရာက ပေါ်လာသည်ကို မသိပါ။ သူမ (သတင်းထောက်) စိတ်ထဲမှာတော့ ထရမ့်ကို မုန်းတီးလိုစိတ် အတော်ရှိနေတာပဲ” ဟု ထရမ့်က ၎င်း၏ Truth Social တွင် ရေးသားဖော်ပြထားပါသည်။

ထို့အပြင် အမေရိကန်ခေါင်းဆောင်က ပုပ်ရဟန်းမင်းကြီးသစ် Cardinal Robert Francis Prevost သည် ကက်သလစ်မဲဆန္ဒရှင်များ၏ မဲအများအပြားကို ရရှိခဲ့ကြောင်း အလေးအနက်ပြောကြားခဲ့ပြီး ABC သတင်းဌာနအကြီးအကဲ Robert Iger ကိုလည်း ဝန်ထမ်းများ ခန့်အပ်ရာတွင် ပိုမိုဂရုစိုက်ရန် သတိပေးတိုက်တွန်းလိုက်ပါသည်။

ကိုးကား- TASS

Photo: Yahoo

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃