သတင်းများ

ပုပ်ရဟန်းမင်းကြီးအရွေးချယ်ခံရမှု ABC မေးမြန်းချက်ကြောင့်ထရမ့် တစ်ယောက် အကြီးအကျယ် ဒေါပွ

“အမေရိကန်လူမျိုးထဲမှ ပုပ်ရဟန်းမင်းကြီးအဖြစ် အရွေးချယ်ခံရမှုအပေါ် အမေရိကန်သမ္မတ၏ အခန်းကဏ္ဍက ဘယ်လို ပါဝင်ပတ်သက်နေပါသလဲ” ဟု ABC သတင်းဌာန၏ သတင်းထောက်တစ်ဦး မေးခွန်းကြောင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အကြီးအကျယ် ဒေါသထွက်သွားကြောင်း သိရပါသည်။

“ထိုမေးခွန်းက မည်သည့်နေရာက ပေါ်လာသည်ကို မသိပါ။ သူမ (သတင်းထောက်) စိတ်ထဲမှာတော့ ထရမ့်ကို မုန်းတီးလိုစိတ် အတော်ရှိနေတာပဲ” ဟု ထရမ့်က ၎င်း၏ Truth Social တွင် ရေးသားဖော်ပြထားပါသည်။

ထို့အပြင် အမေရိကန်ခေါင်းဆောင်က ပုပ်ရဟန်းမင်းကြီးသစ် Cardinal Robert Francis Prevost သည် ကက်သလစ်မဲဆန္ဒရှင်များ၏ မဲအများအပြားကို ရရှိခဲ့ကြောင်း အလေးအနက်ပြောကြားခဲ့ပြီး ABC သတင်းဌာနအကြီးအကဲ Robert Iger ကိုလည်း ဝန်ထမ်းများ ခန့်အပ်ရာတွင် ပိုမိုဂရုစိုက်ရန် သတိပေးတိုက်တွန်းလိုက်ပါသည်။

ကိုးကား- TASS

Photo: Yahoo

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃

နေပြည်တော် မေ ၁၁

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော်တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်သော ယနေ့တွင် ကျရောက်သည့် ကဆုန်ညောင်ရေ သွန်းပွဲတော်တွင်ပြည်ထောင်စုနယ်မြေ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်တော်အတွင်းရှိ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မဟာဗောဓိညောင်ပင်တော်ကို ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။

ဖူးမြော်ကြည်ညို

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ပန်း၊ ရေချမ်းနှင့်ဆီမီးများ ကပ်လှူပူဇော်ပြီး ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကိုကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စနပူဇာ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ် ခေါ်ဆိုကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီတွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီဝင်များနှင့်ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများသည် သတ်မှတ်ထားသည့် နေရာများအလိုက် နေရာယူကြပြီး မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြသည်။ ဆက်လက်၍ မဟာဗောဓိညောင်ပင်တော်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ရေသပ္ပာယ်တော်မူကြပြီး မဟာဗောဓိညောင်ပင်တော်အား လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

ညောင်ရေသွန်းလောင်းပူဇော်

ယင်းနောက် ဝတ်အသင်းအဖွဲ့များအလိုက်ယောဂီများက မဟာဗောဓိညောင်ပင်တော်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကာ ညောင်ရေသွန်းလောင်းပူဇော်ကြပြီး အခမ်းအနားမှူးက အောင်ဆုမင်္ဂလာအမျှဝေစာတမ်းအား ဖတ်ကြား၍ ကုသိုလ်အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အလားတူ ဇေယျာသီရိမြို့နယ် လောကချမ်းသာ ဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိညောင်ပင်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်မိသားစုများက ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။

“ဗုဒ္ဓနေ့”ဟု သတ်မှတ်

အဆိုပါ ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာမြတ်စွာဘုရားက ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ်ကိုရလိမ့်မည်” ဟု ဗျာဒိတ်တော်စကား မိန့်ကြား တော်မူသောနေ့၊ ဘုရားအလောင်းတော်သိဒ္ဓတ္ထ မင်းသား ဖွားမြင်သောနေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ ယင်းနေ့များသည် ကဆုန်လပြည့်နေ့များတွင်ပင်ဖြစ်သဖြင့် “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟု မှတ်တမ်းပြုကြပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထားကာ ကျင်းပပူဇော်လေ့ရှိကြောင်း၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမ မြတ်စွာဘုရားသာလျှင်မကဘဲ သဗ္ဗညုမြတ်စွာ ဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရား ဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာလည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်း၊ မဟာဗောဓိပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်း စသည့်ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြကြောင်း သတင်းရရှိသည်။

Source: MOI

တံတားဦးခရိုင်/ မြို့နယ်တို့စုပေါင်းပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် သံဃာ(၁၀၈) ပါး အား ဆွမ်းလောင်းလှူပွဲကျင်းပ

၁၃၈၇ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် တံတားဦးခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ပြီး ဌာနဆိုင်ရာများ ၊ အလှူရှင်များစုပေါင်းပြီး သံဃာ့ (၁၀၈) ပါးအား သံဃာ့ဒါန ဆွမ်းလောင်းလှူပွဲနှင့် ဆွမ်းစိမ်းလောင်းလှူပွဲကို မေလ ၁၁ ရက်နေ့၊ နံနက် (၇) နာရီက တံတားဦးမြို့နယ် ပန်းကျေးရွာ စိန်ဖူးဘုန်းတော်ကြီး ကျောင်းအတွင်း ကျင်းပကြောင်းသိရသည် ။

ရှေးဦးစွာ မြို့နယ်သံဃာ့နာယက ဩဝါဒဆရာတော်ကြီးနှင့် မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်နှင့် ထေကြီးဝါကြီးသက်တော်ရှည်ဆရာတော်ကြီး(၉)ပါးအား တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်း နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်တို့က အာရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပေး ကြသည်။ ထို့နောက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ စေတနာအလှူရှင်များက မြို့နယ် သံဃာ့နာယက ဩဝါဒစရိယ ဂိုဏ်းထောင်ပရိယတ္တိစာသင်တိုက်  ဦးစီးပဓာနနာယက ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော်အပေါင်းမှ ပြည်သူပြည်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ပရိတ်တရားတော်များ ချီးမြှင့်ပေးကြပြီး မြို့နယ်သံဃာ့နာယက ဩဝါဒစရိယမှ အနုမောဒနာ တရားချီးမြှင့်ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည် ။

ဆက်လက်၍ သံဃာ့ဒါနဆွမ်းလောင်းလှူပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းပွဲကို ကျင်းပရာ မြို့ပေါ်ရပ်ကွက်မှ ဘုန်းတော်ကြီး ကျောင်းပေါင်း (၂၀) မှ ဆရာတော်သံဃာတော် (၁၀၈) ပါးအား တံတားဦးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ၊ စေတနာရှင်အလှူရှင်များက ဆွမ်းနှင့်ဆွမ်းဟင်းများ ၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူပေးကြသည်။ အဆိုပါလှူဒါန်းပွဲတွင် ဆရာတော်သံဃာတော်များလှူဒါန်းငွေကျပ် စုစုပေါင်း(လှူဒါန်းငွေကျပ်၃,၂၃၁,၉၀၀) ဖြစ်ကြောင်း သိရသည် ။

ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)

Robert Francis Prevost သည် ပထမဆုံးသော အမေရိကန် ပုပ်ရဟန်းမင်းကြီး (Pope Leo XIV) အဖြစ် ရွေးချယ်တင်မြှောက်ခံရ

ကြာသပတေးနေ့ (မေ ၈) တွင် ရောမမြို့၌ သမိုင်းဝင်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်ခဲ့သည်။ ချီကာဂိုမြို့သား အသက် ၆၉ နှစ်အရွယ် Robert Francis Prevost သည် ပထမဆုံးသော အမေရိကန်နိုင်ငံသား ပုပ် ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပြီး Leo XIV ဟူသော ဘွဲ့အမည်ကို ခံယူခဲ့သည်။

Leo XIV သည် ဗာတီကန်ရှိ စိန်ပီတာဘုရားကျောင်း၏ စင်မြင့်သို့ တက်ရောက်ကာ ထောင်နှင့်ချီသော ပရိသတ်အား "သင်တို့အားလုံး ငြိမ်းချမ်းကြပါစေ" ဟု နှုတ်ဆက်ခဲ့သည်။ ၎င်းက "ပြန်လည်ထမြောက်တော်မူသော ခရစ်တော်၏ ပထမဆုံးသော နှုတ်ဆက်စကား" ကို ပေးအပ်ရင်း ၎င်း၏ ငြိမ်းချမ်းရေး သတင်းစကားသည် "ကျွန်ုပ်တို့၏ နှလုံးသားများနှင့် မိသားစုများထဲသို့ စွဲမြဲစွာ ကိန်းအောင်းနိုင်ပါစေ" ဟု တိုက်တွန်းခဲ့သည်။

Prevost သည် လက်တင်အမေရိကတွင် သာသနာပြုအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပီရူးနိုင်ငံ Trujillo မြို့တွင် ဆယ်နှစ်ကြာ အမှုတော်ဆောင်ခဲ့ကာ နောက်ပိုင်းတွင် Chiclayo ၏ ဂိုဏ်းအုပ် (Bishop) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ကွယ်လွန်သူ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မှ Cardinal အဖြစ် တင်မြှောက်ခံခဲ့ရပြီး ကမ္ဘာတစ်ဝှမ်းရှိ ဂိုဏ်းအုပ်များ ခန့်အပ်ရန် တာဝန်ရှိသည့် ဗာတီကန်၏ Congregation for Bishops အဖွဲ့၏ ခေါင်းဆောင်အဖြစ်လည်း တာဝန် ထမ်းဆောင်ခဲ့သည်။ အဆိုပါရာထူးသည် ၎င်းအား ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရန် အလားအလာများစေခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ဗာတီကန် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ရေး ကွန်ကလိတ် (လျှို့ဝှက်အစည်းအဝေး) စတင်

ရိုမန်ကက်သလစ်ဘုရားကျောင်း၏ ခရစ်ယာန်ဘုန်းတော်ကြီးများ (Cardinals) သည် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ရေး ကွန်ကလိတ် အစည်းအဝေးကို မကြာမီ ပြုလုပ်မည်ဖြစ်ပြီး မဲပေးခြင်းကို မေလ ၇ ရက်နေ့တွင် စတင်မည်ဖြစ်သည်။ 

(ဂျပန်ဘုန်းတော်ကြီး ၂ ဦးအပါအဝင်) ကမ္ဘာတစ်ဝှမ်းမှ ခရစ်ယာန် ဘုန်းတော်ကြီး ၁၃၃ ဦးတို့က ဆန္ဒမဲပေးမည်ဖြစ်သည်။

လျှို့ဝှက်မဲပေးခြင်းကို ဗာတီကန်ရှိ စစ်စတိုင်းဘုရားကျောင်း (Sistine Chapel) တွင် ပြုလုပ်မည်ဖြစ်ပြီး မဲအရေအတွက်၏ အနည်းဆုံး ၃ ပုံ ၂ ပုံ (၆၇%) ရရှိမှသာ ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်ခံရမည်ဖြစ်သည်။

ကွယ်လွန်သွားသည့် ပုပ်ဖရန်စစ် (အာဂျင်တီးနား) သည် လက်တင် အမေရိကမှ ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်ခဲ့ပြီး၊ ခေတ်သစ်ပြုပြင် ပြောင်းလဲရေးများကြောင့် ကျော်ကြားသည်။ 

အီတလီနိုင်ငံသား ဘုန်းတော်ကြီး Pietro Parolin (ပုပ်ဖရန်စစ်၏ အနီးကပ်အကြံပေး) သည် ပုပ်ဖရန်စစ်နေရာအား ဆက်ခံရန် အလားအလာရှိသူဟု သတင်းများက ဆိုသည်။ 

ကိုးကား-NHK World

ဘာသာပြန်ဆိုသူ-ဒေါ်မေသူခိုင်၊လက်ထောက်ညွှန်ကြားရေးမှူး၊နစက-၃

ငလျင်ဒဏ်နှင့် သဘာဝဘေးအန္တရာယ်သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာပို့သ

ရန်ကုန်   မေ ၁

မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြုဗဟိုကော်မတီက ကြီးမှူးကျင်းသည့် ငလျင်ဒဏ်နှင့် သဘာဝဘေးအန္တရာယ်သင့်ပြည်သူများနှင့် ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်းအစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ မက်သဒစ် အင်္ဂလိပ်အသင်းတော် ဘုရားရှိခိုးကျောင်း၌ ကျင်းပသည်။

ဆုတောင်းခြင်းအစီအစဉ်သို့ မြန်မာနိုင်ငံခရစ်ယာန်ဂိုဏ်းပေါင်းစုံ ငြိမ်းချမ်းရေးအထောက်အကူပြု ဗဟိုကော်မတီအဖွဲ့ခေါင်းဆောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့် အဖွဲ့ဝင် ဒေါက်တာ မောင်မောင်နိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ မြန်မာနိုင်ငံ ခရစ်ယာန်ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များ၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က အမှာစကားပြောကြားသည်။

ထို့နောက် အစီအစဉ်အတိုင်း သမ္မာကျမ်းစာဖတ်ကြားခြင်း၊ ဓမ္မဒေသနာရွတ်ဖတ်ခြင်း၊ ဂုဏ်တော်ချီးမွမ်းခြင်းတို့ ဆောင်ရွက်ပြီး ငြိမ်းချမ်းရေးစကားများ ပြောကြားကြသည်။

ယင်းနောက် မန္တလေးငလျင်ကြောင့် ငလျင်ဘေးသင့်ပြည်သူများအပါအဝင် ပြည်တွင်း ပြည်ပကူညီကယ်ဆယ်ရေးအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၊ အသင်းတော်အဖွဲ့အစည်း အသီးသီးတွင် ကူညီဆောင်ရွက်ပေးကြသူများ၊ ဆေးအဖွဲ့များ၊ ပြန်လည်ထူထောင်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြသူများ၊ သဘာဝဘေးအခက်အခဲကြုံတွေ့တိုင်း ပေးလှူကူညီခဲ့ကြသည့် အလှူရှင်များ၊ အမိမြန်မာပြည်နှင့် ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် ဆုတောင်းမေတ္တာများ ပို့သကြသည်။ 

Source: ကြေးမုံသတင်းစာ

ဗာတီကန်၏ ငွေရေးကြေးရေးမှုဖြင့် အပြစ်ရှိကြောင်းချမှတ်ခံခဲ့ရသည့် ကာဒီနယ်တစ်ဦး ပုပ်ရဟန်းမင်းကြီးအသစ်ရွေးချယ်ရန် လျှို့ဝှက်ညီလာခံတွင် ပါဝင်မည်မဟုတ်ကြောင်း ကြေညာ

ဗာတီကန်၏ ငွေရေးကြေးရေးမှုဖြင့် အပြစ်ရှိကြောင်းချမှတ်ခံခဲ့ရသည့် ကာဒီနယ် Giovanni Angelo Becciu သည် အသစ်ရွေးချယ်တင်မြှောက်မည့် ပုပ်ရဟန်းမင်းကြီးအတွက် လျှို့ဝှက်ကျင်းပသည့် ကွန်ကလိတ် (conclave) အစည်းအဝေးသို့ ပါဝင်မည်မဟုတ်ကြောင်း အင်္ဂါနေ့ (ဧပြီ ၂၈) တွင် ကြေညာခဲ့သည်။

ဗာတီကန်၏ ဩဇာအရှိဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်ခဲ့သည့် ကာဒီနယ် Becciu အား ၂၀၂၀ ပြည့်နှစ်က ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) မှ ဗာတီကန်၏ ငွေကြေးဆိုင်ရာ အကျင့်ပျက်ခြစားမှုများတွင် ပတ်သက်နေသည့်အတွက် ကာဒီနယ်၏ “အခွင့်အရေးနှင့် အထူးဂုဏ်ထူးဆောင်ဘွဲ့များ” မှ နုတ်ထွက်ရန် အမိန့်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် အပတ်က ပုပ်ရဟန်းမင်းကြီး ကွယ်လွန်ပြီးနောက်၊ Becciu သည် ကွန်ကလိတ်တွင် ပါဝင်ပိုင်ခွင့်အတွက် အယူခံဝင်ခဲ့သော်လည်း၊ အင်္ဂါနေ့တွင် ၎င်း၏ တရားဝင်နုတ်ထွက်ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့သည်။

“မိမိသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ အလိုတော်ကို အမြဲတစေလိုက်နာခဲ့သလို ကွန်ကလိတ်သို့ မဝင်ရောက်ရန် ဆုံးဖြတ်ချက်ကို လိုက်နာမည်ဖြစ်ပြီး မိမိ၏အပြစ်မဲ့ကြောင်း ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းထားမည်” ဟု ၎င်းက ပြောကြားခဲ့သည်။

ဗာတီကန်မှ တနင်္လာနေ့ (ဧပြီ ၂၇) က ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ဘာသာဝင် ၁.၄ ဘီလီယံ အတွက် ခေါင်းဆောင်အသစ် ရွေးချယ်ရန် မေလ ၇ ရက်နေ့တွင် ကာဒီနယ်များက ကွန်ကလိတ် စတင် မည်ဟု ဆုံးဖြတ်ခဲ့သည်။

Becciu ၏ ကွန်ကလိတ်မှ နုတ်ထွက်ခြင်းသည် ၎င်းက “မိမိအား ကွန်ကလိတ် မှ တခါးပိတ်မတားဆီးထားပါ” ဟု Sardinian သတင်းစာတစ်စောင်တွင် ပြောကြားပြီး ၇ ရက်အတွင်း ဖြစ်ပွားခဲ့သည်။

ကာဒီနယ် Becciu သည် ယခင်က ဗာတီကန်နိုင်ငံတော် နိုင်ငံတော်အတွင်းရေးမှူးရုံး၏ “sostituto” (ဒုတိယအတွင်းရေးမှူး) အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ပုပ်ရဟန်းမင်းကြီးထံ တိုက်ရိုက်တင်ပြခွင့်ရှိသည့် အထူး ဩဇာအာဏာရှိသူဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် ဗာတီကန်၏ သူတော်စင် အဖြစ် ကြေညာရေးဌာနကို ဦးဆောင်ခဲ့သည်။

ကာဒီနယ် Giovanni Angelo Becciu အား ၂၀၂၃ ခုနှစ်တွင် ဘဏ္ဍာရေး လိမ်လည်မှုနှင့် အာဏာကို အလွဲသုံးစားပြုမှု (embezzlement and fraud) တို့ဖြင့် အပြစ်ရှိကြောင်းတွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၅ နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။ ၎င်းသည် ဗာတီကန်၏ ရာဇဝတ်တရားရုံးမှ အပြစ်ရှိကြောင်း ချမှတ် ခံရသည့် ပထမဆုံးသော ကာဒီနယ် ဖြစ်လာခဲ့သည်။

သို့သော် အပြစ်မရှိဟု အခိုင်အမာဆိုထားသည့် ကာဒီနယ်သည် အယူခံဝင်ခဲ့ပြီး ယခုအချိန်ထိ ထိုအမှုကို ပြန်လည်သုံးသပ်ဆဲဖြစ်သည်။ အဆိုပါ လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း ၎င်းအား ဗာတီကန် အတွင်းရှိ တိုက်ခန်းတစ်ခုတွင် ဆက်လက်နေထိုင်ခွင့်ပြုထားသည်။

ကိုးကား-CNN

ဘာသာပြန်ဆိုသူ-ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂

ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲကို မေ ၇ ရက်တွင် စတင်မည်ဖြစ်ပြီး ထိုပွဲအတွက် ကမ္ဘာတစ်ဝန်းမှ ကာဒီနယ်ဘုန်းတော်ကြီး ၁၃၅ ဦး တွေ့ကြမည်

Conclave ဟုခေါ်သည့် ပုပ်ရဟန်းမင်းကြီးသစ်ရွေးချယ်ပွဲကို မေလ ၇ ရက် တွင် စတင်တော့မည်ဟု ဗာတီကန်နန်းတော်က ထုတ်ပြန်ကြေညာထားသည်။

ဝတ်ပြုရာ Sistine Chapel အတွင်း တံခါးပိတ်ပြုလုပ်မည့် အစည်းအဝေးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ ကာဒီနယ်ဘုန်းတော်ကြီး ၁၃၅ ဦး ပါဝင်ကြမည်ဖြစ်သည်။ တနင်္လာနေ့ (ဧပြီ ၂၁ ရက်) တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကွယ်လွန်ပြီးနောက် ၎င်း၏ ဈာပနကို ဧပြီ ၂၆ ရက်တွင် ကျင်းပခဲ့ပြီးဖြစ်ကာ ပုပ်ရဟန်းမင်းကြီးရွေးချယ်ပွဲစမည့်နေ့ သတ်မှတ်လိုက်ခြင်းဖြစ်သည်။

Conclave က မည်မျှကြာမည်ဆိုသည့် အချိန်သတ်မှတ်ချက်မရှိပေ။ ၂၀၀၅ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်တို့တွင် ကျင်းပခဲ့သည့် ယခင်ပုပ်ရဟန်းမင်းကြီး ရွေးချယ်ပွဲက နှစ်ရက်သာ ကြာခဲ့သည်။ အလွန်လျှို့ဝှက်သည့် ရွေးချယ်ပွဲဖြစ်ပြီး ဘုရားရှိခိုးကျောင်းမီးခိုးခေါင်းတိုင်မှ အဖြူရောင် မီးခိုးထွက်လာပါက ပုပ်ရဟန်းမင်းကြီးသစ်ပေါ်ထွက်ပြီဟု အဓိပ္ပာယ်ရပြီး အမဲရောင် မီးခိုးထွက်နေပါက ပုပ်ရဟန်းမင်းကြီးသစ် မပေါ်သေးဆိုသည့် အဓိပ္ပာယ်ကို ဆောင်သည်။

ဗာတီကန်နန်းတော်ပြောခွင့်ရှိသူအဆိုအရ ကာဒီနယ်များက စိန့်ပီတာစ် ဘုရားရှိခိုးကျောင်းတွင် စုစည်းပြီးသည့်အခါ မဲပေးရန်အခွင့်ရှိသူများက Sistine Chapelတွင် စုဝေးကြရမည်။

ယင်းသို့စုဝေးပြီးသည်နှင့် ကာဒီနယ်များသည် ပုပ်ရဟန်းမင်းကြီးသစ် မထွက်ပေါ်မချင်း ပြင်ပလောကနှင့် အဆက်အသွယ်လုပ်ခွင့်မရှိပေ။ ပုပ်ရဟန်းမင်းကြီးသစ်ဖြစ်လာမည့်သူက မဲအရေအတွက်၏ သုံးပုံနှစ်ပုံကို ရရန်လိုသည်။

ကာဒီနယ်တစ်ဦးစီက လက်တင်ဘာသာဖြင့်ရေးထားသည့် ကတ်ပြားပေါ်တွင် ၎င်းတို့ရွေးထားသည့်နာမည်ကို ဖြည့်ထည့်ရမည်။ အကယ်၍ ရွေးချယ်ပွဲသုံးရက်ကြာပြီးသည့်အထိ အဖြေမရသေးပါက တစ်ရက်ရပ် နားခွင့်ရှိသည်။ Sistine Chapel အပြင်ဘက်တွင်မူ မီးခိုးခေါင်းတိုင်မှ ထွက်လာမည့် မီးခိုးအရောင်ကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြမည် ဖြစ်သည်။

ကိုးကား- AFP

ငလျင်ဒဏ်ကြောင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ပျက်စီးခဲ့မှုများကို နစက ဥက္ကဋ္ဌကြည့်ရှု

အလွန်အင်အားပြင်းထန်သော မန္တလေးငလျင်ကြီးဒဏ်ကြောင့် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကြီး၏ ရင်ပြင်တော်နှင့် သာသနိက အဆောက်အဦများထိခိုက်ပျက်စီးခဲ့မှုကို နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဧပြီ ၂၄ ရက်ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးပြီးနောက် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရင်ပြင်တော်နေရာများ၊ မြေထိန်းနံရံနေရာများနှင့် သာသနိကအဆောက်အဦအချို့အား ပြန်လည်ပြုပြင်ခြင်းများကို စနစ်တကျအမြန်ဆုံးဆောင်ရွက်ရန်၊ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို မိုးရာသီမရောက်မီ ရနိုင်သမျှဆောင်ရွက်ရန်မှာကြားသည်။

ထို့အတူ နိုင်ငံတော်မှလည်း လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ စေတီတော်ကြီးရှိ သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင် စေတနာရှင်အလှူရှင်များ ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ရေးအတွက်လည်း နှိုးဆော်သွားရမည်ဟု မှာကြားခဲ့သည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားအား ၂၀၀၆ ခုနှစ်တွင်ဆောင်ရွက်ခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာတွင် အချင်း ၁ မီတာရှိ Bored Pile ပေါင်း ၄၄၀ ပေါ်တွင် စနစ်တကျတွက်ချက်၍ အုတ်မြစ်ချတည်ဆောက်ခဲ့ခြင်းဖြစ်၍ ငလျင်ဒဏ်ကြုံတွေ့ချိန်တွင် မူလစေတီတော်ကြီး၌ အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့သည်။

ထို့ပြင် ထိခိုက်ပျက်စီးခဲ့မှုများကို နိုင်ငံတော်မှ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိ၍ ထိခိုက်ပျက်စီးခဲ့ရသည့် စေတီတော်ကြီးရင်ပြင်တော်နှင့် သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်ခြင်း၊ ဘက်စုံပြုပြင်မွမ်းမံခြင်းများဆောင်ရွက်ရာတွင် ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ကြကြောင်းလည်း သိရသည်။

Source: Popular Myanmar

သာသနာတော်နှစ် ၂၅၆၈ -၂၅၆၉ ခုနှစ် သက္ကရာဇ် ၁၃၈၆ - ၁၃၈၇ ခုနှစ် မဟာသင်္ကြန် အကျ-အကြတ်-အတက်-နှစ်ဆန်း (၁) ရက်နှင့် ဝါဆို - ဝါကပ် - လ - ရက်နှင့်နေ့များ

၁။ မဟာသင်္ကြန် အကျရက်

  • ဇေယတု - မြန်မာသက္ကရာဇ် - ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူး လပြည့်ကျော် (၂) ရက်

  • ရခိုင်သက္ကရာဇ်-၁၃၈၆ ခုနှစ် တာကူးလပြည့်ကျော် (၂) ရက်

  • ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၄) ရက် တနင်္လာနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ မြန်မာစံတော် ချိန် နံနက်စက် ၆ - နာရီ၊ ၃၇ - မိနစ်၊၂၁ - စက္ကန့် အချိန်တွင် မဟာသင်္ကြန်ကျပါသည်။

၂။ မဟာသင်္ကြန် အကြတ်ရက်

  • မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၃) ရက်

  • ရခိုင်သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တာကူးလပြည့်ကျော် (၃) ရက်

  • ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၅) ရက် အင်္ဂါနေ့သည် မဟာ သင်္ကြန်အကြတ်ရက်ဖြစ်ပါသည်။

၃။ မဟာသင်္ကြန် အတက်ရက်

  • မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် (၄) ရက်

  • ရခိုင်သက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တာကူးလပြည့်ကျော် (၄) ရက်

  • ခရစ်နှစ် ၂ဝ၂၅ ခုနှစ်၊ ဧပြီလ (၁၆) ရက်၊ ဗုဒ္ဓဟူးနေ့ မြန်မာ စံတော်ချိန် နံနက် စက် ၁၀-နာရီ၊ ၄၂-မိနစ်၊ ၃-စက္ကန့် အချိန် တွင် မဟာသင်္ကြန်တက်ပါသည်။

၄။ မြန်မာ-ရခိုင်-နှစ်ဆန်း ၁ ရက်

  • မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဦးတန်ခူးလပြည့်ကျော် (၅) ရက်

  • ရခိုင်သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တာကူးလပြည့်ကျော် (၅) ရက်

  • ခရစ်နှစ် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၇) ရက် ကြာသပတေးနေ့သည် မြန်မာ-ရခိုင် နှစ်ဆန်း (၁) ရက်နေ့ ဖြစ်ပါသည်။

၅။ ရဟန်းတော်များအတွက် ဝါဆို-ဝါကပ်-လ- ရက်များ

ဤ ၁၃၈၇ ခုနှစ်တွင် ဝါဆိုဝါကပ်လထပ်ရက်ငင်မရှိပါ၍ ဗုဒ္ဓ ဘာသာ သာသနာတော်ဝန်ထမ်း ရဟန်းတော်အရှင်သူမြတ်တို့မှာ မြန်မာသက္ကရာဇ် - ၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁) ရက်၊ ရခိုင် သက္ကရာဇ်-၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၁) ရက်၊ ခရစ်နှစ်၂ဝ၂၅ ခုနှစ်၊ ဇူလိုင်လ (၁၀) ရက်၊ ကြာသပတေးနေ့တွင် ပထမပုရိမဝါကပ် ဆိုတော်မူကြရမည်ဖြစ်ပါသည်။

ဒုတိယပစ္ဆိမဝါကို မြန်မာရခိုင်သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၁) ရက်နေ့၊ ခရစ်နှစ် ၂ဝ၂၅ ခုနှစ်၊ ဩဂုတ်လ (၉) ရက်နေ့၊ စနေနေ့တွင် ကပ်ဆိုတော်မူကြရမည်ဖြစ်ပါသည်။

ဦးပညိန္ဒ                                                  ဦးပြေငြိမ်း

ဥက္ကဋ္ဌ                                                     ဒုတိယဥက္ကဋ္ဌ

Source: https://www.moi.gov.mm