ပုပ်ရဟန်းမင်းကြီးအရွေးချယ်ခံရမှု ABC မေးမြန်းချက်ကြောင့်ထရမ့် တစ်ယောက် အကြီးအကျယ် ဒေါပွ

News Image

  • ပုပ်ရဟန်းမင်းကြီးအရွေးချယ်ခံရမှု ABC မေးမြန်းချက်ကြောင့်ထရမ့် တစ်ယောက် အကြီးအကျယ် ဒေါပွ

“အမေရိကန်လူမျိုးထဲမှ ပုပ်ရဟန်းမင်းကြီးအဖြစ် အရွေးချယ်ခံရမှုအပေါ် အမေရိကန်သမ္မတ၏ အခန်းကဏ္ဍက ဘယ်လို ပါဝင်ပတ်သက်နေပါသလဲ” ဟု ABC သတင်းဌာန၏ သတင်းထောက်တစ်ဦး မေးခွန်းကြောင့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အကြီးအကျယ် ဒေါသထွက်သွားကြောင်း သိရပါသည်။

“ထိုမေးခွန်းက မည်သည့်နေရာက ပေါ်လာသည်ကို မသိပါ။ သူမ (သတင်းထောက်) စိတ်ထဲမှာတော့ ထရမ့်ကို မုန်းတီးလိုစိတ် အတော်ရှိနေတာပဲ” ဟု ထရမ့်က ၎င်း၏ Truth Social တွင် ရေးသားဖော်ပြထားပါသည်။

ထို့အပြင် အမေရိကန်ခေါင်းဆောင်က ပုပ်ရဟန်းမင်းကြီးသစ် Cardinal Robert Francis Prevost သည် ကက်သလစ်မဲဆန္ဒရှင်များ၏ မဲအများအပြားကို ရရှိခဲ့ကြောင်း အလေးအနက်ပြောကြားခဲ့ပြီး ABC သတင်းဌာနအကြီးအကဲ Robert Iger ကိုလည်း ဝန်ထမ်းများ ခန့်အပ်ရာတွင် ပိုမိုဂရုစိုက်ရန် သတိပေးတိုက်တွန်းလိုက်ပါသည်။

ကိုးကား- TASS

Photo: Yahoo

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃