နယ်နိမိတ်လေးစားလိုက်နာခြင်းသည် နိုင်ငံတိုင်းနှင့် အကျုံးဝင်ကြောင်း ဂျာမနီဝန်ကြီးချုပ်ဆို

News Image

  • နယ်နိမိတ်လေးစားလိုက်နာခြင်းသည် နိုင်ငံတိုင်းနှင့် အကျုံးဝင်ကြောင်း ဂျာမနီဝန်ကြီးချုပ်ဆို

ဂျာမနီဝန်ကြီးချုပ် Olaf Scholz က နိုင်ငံများ၏ ပိုင်ဆိုင်မှုနယ်နိမိတ်များကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ Greenland အား အမေရိကန်ပြည်ထောင်စုမှ သိမ်းပိုက်နိုင်ဖွယ်ရှိသည့် အရေးကိစ္စနှင့်ပတ်သက်၍ အမေရိကန် ရွေးကောက်ခံ သမ္မတ Donald Trump ၏ ပြောဆိုမှုများကို ၎င်းက ရည်ညွှန်းခဲ့ကြောင်းသုံးသပ်ရသည်။

နိုင်ငံ၏အမျိုးသားလုံခြုံရေး ရည်ရွယ်ချက်အတွက် အမေရိကန်ပြည်ထောင်စုသည် အဆိုပါဒိန်းမတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေကို လိုအပ်ကြောင်း မစ္စတာ Trump က ဇန်နဝါရီ ၇ ရက်နေ့က ပြောကြားခဲ့ ကြောင်းသိရှိရသည်။

ဘာလင်၌ ဇန်နဝါရီ ၈ ရက်နေ့တွင် မစ္စတာ Scholz က သတင်းထောက်များအား ပြောကြားခဲ့ရာ၌ အခြား ဥရောပခေါင်းဆောင်များနှင့် စကားပြောဆိုခဲ့ကြောင်း နှင့် ဒေါ်နယ်ထရမ့်၏ Greenland အရေးကိစ္စနှင့် ပတ်သက်၍ ပြောဆိုချက်များနှင့်ပတ်သက်ပြီး ၎င်းတို့ အကြားတွင် အမြင်မတူညီမှုများရှိနေကြောင်း ဆိုပါသည်။

မစ္စတာ Scholz က နယ်နိမိတ် လေးစားလိုက်နာခြင်းအခြေခံမူက နိုင်ငံတိုင်းအတွက် အကျုံးဝင်ကြောင်း မှတ်ချက်ချခဲ့ပါသည်။ နယ်နိမိတ်ကျဉ်းသည့်နိုင်ငံဖြစ်ဖြစ်၊ အလွန်အင်အားကြီး သည့် နိုင်ငံပဲဖြစ်ဖြစ်၊ နိုင်ငံတိုင်းက လေးစားလိုက်နာ ရမည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက် ပြောကြားခဲ့သည်။

Greenland နှင့် Panama တူးမြောင်းကိစ္စရပ်များအပေါ် မစ္စတာ Trump ၏ မှတ်ချက်များနှင့်ပတ်သက်၍ မစ္စတာ Scholz ၏ သုံးသပ်ပြောဆိုမှုအား ဂျာမန်မီဒီယာများက ယခုကဲ့သို့ ဖော်ပြနေကြောင်းသိရှိရပါသည်။

ကိုးကား-NHK World