အန်ဂိုလာနိုင်ငံ၌ ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၁၅ ဦးနှင့် ရောဂါဖြစ်ပွားသူ ၁၇၀ ရှိ
လုအန်ဒါ ဇန်နဝါရီ ၁၂
အန်ဂိုလာနိုင်ငံ၌ ဇန်နဝါရီ ၁၁ ရက် ညနေ ၆ နာရီအထိ ကာလဝမ်းရောဂါဖြစ်ပွားသူ ၁၇၀ ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။
အန်ဂိုလာနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကာလဝမ်းရောဂါကြောင့် သုံးဦး သေဆုံးပြီး ရောဂါထပ်မံဖြစ်ပွားသူ ၅၁ ဦးရှိကြောင်းနှင့် ယခုကာလဝမ်းရောဂါဖြစ်ပွားမှုမှာ လုအန်ဒါပြည်နယ်ရှိ နောက်ထပ်မြို့နယ်နှစ်ခုသို့ ကူးစက်ပျံ့နှံ့လာပြီဖြစ်ကြောင်း သိရသည်။ ယင်းရောဂါကြောင့် သေဆုံးသူမှာ ၁၅ ဦး ရှိလာပြီဖြစ်သည်။
အန်ဂိုလာနိုင်ငံသည် ဇန်နဝါရီ ၇ ရက်တွင် ပထမဆုံး ကာလဝမ်းရောဂါဖြစ်ပွားသူတွေ့ရှိကြောင်း အတည်ပြုချိန်မှစတင်ကာ ကာလဝမ်းရောဂါဖြစ်ပွားမှု ပိုမိုမြင့်တက်လာသည့်အတွက် အန်ဂိုလာကျန်းမာရေးဝန်ကြီးဌာနက ကာလဝမ်းရောဂါဖြစ်ပွားကြောင်း ဇန်နဝါရီ ၁၀ ရက်ညနေပိုင်းတွင် ထုတ်ပြန်ကြေညာထားသည်။
Source: မြန်မာ့အလင်းသတင်းစာ
Photo: Social News XYZ