အက်စပရင်ဆေးကို နေ့စဉ်သောက်သုံးပါက အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်နိုင်

News Image

  • အက်စပရင်ဆေးကို နေ့စဉ်သောက်သုံးပါက အူမကြီးကင်ဆာဖြစ်နိုင်ခြေကို ကာကွယ်နိုင်

လန်ဒန် ဇွန် ၂၆

အက်စပရင်ဆေးကို နေ့စဉ် သောက်သုံးပေးပါက အူမကြီး ကင်ဆာဖြစ်နိုင်ခြေကို ကာကွယ် နိုင်ကြောင်း ဇွန် ၂၅ ရက် သတင်းများအရ သိရသည်။

အထူးသဖြင့် အက်စပရင်ဆေး နေ့စဉ်သောက်သုံးမှုသည် Lynch Syndrome ခေါ် မျိုးဗီဇဖောက်ပြန်မှုပြဿနာတစ်ရပ် ရှိနေသူများအတွက် အရေးကြီးကြောင်း ဗြိတိန် သုတေသန ပညာရှင်များ က ပြောကြားသည်။

Lynch Syndrome မျိုးဗီဇဖောက်ပြန်မှုပြဿနာသည် အူမကြီးကင်ဆာနှင့် အခြားကင်ဆာ ရောဂါမျိုးအစားများ ဖြစ်နိုင်ခြေ မြင့်တက်နိုင်မှုနှင့် ဆက်စပ်နေသော ပြဿနာဖြစ်ကြောင်း သိရသည်။

သို့ရာတွင် Lynch Syndrome ပြဿနာရှိသူများအနေဖြင့် အက်စပရင်ကို ၇၅ မီလီဂရမ်မှ ၁ဝဝ မီလီဂရမ်ကြား နေ့စဉ်သောက်သုံးပေးပါက အူမကြီးကင်ဆာဖြစ်ပွားမှုကိုကာကွယ်ရာတွင် အထောက်အကူပြုနိုင်သည်ဟု ဗြိတိန်သုတေသနပညာရှင်များက ပြောကြားကြောင်း သိရသည်။

ဗြိတိန် သုတေသနပညာရှင်များ၏ အဆိုအရ Lynch Syndrome ပြဿနာရှိနေသူများသည် အသက် ၅ဝ မပြည့်မီ အူမကြီး ကင်ဆာဖြစ်ပွားနိုင်ခြေ မြင့်တက်လာကြောင်း သိရသည်။

အဆိုပါ မျိုးဗီဇဖောက်ပြန်မှု ပြဿနာရှိနေသူများသည် အူမကြီးကင်ဆာရောဂါအပြင် သားအိမ် ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာနှင့် ဆီးကျိတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေများနှင့် ဆက်စပ်လျက်ရှိကြောင်း သိရသည်။

Source: ရတနာပုံသတင်းစာ