အစာအိမ်ကင်ဆာကို အစောဆုံးအဆင့်မှာပင် ဖော်ထုတ်ပေးမည့် ကမ္ဘာ့ပထမဆုံး AI ပုံစံကို Alibaba ကုမ္ပဏီ ထုတ်ဖော်ပြသ
Alibaba Group Holding ကုမ္ပဏီက အစာအိမ်ကင်ဆာကို အစောဆုံးအဆင့် မှာပင် ဖော်ထုတ်ပေးနိုင်စေမည့် AI ပုံစံကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။ အစာအိမ်ကင်ဆာ ရှာဖွေရေးလုပ်ငန်းစဉ်မှ ဆင်းသက်လာသော အမည်ဖြစ်သည့် Grape ဟုအမည်ပေးထားသော အဆိုပါ စနစ်သည် နက်ရှိုင်းစွာလေ့လာသင်ယူမှု စနစ်တစ်ခုဖြစ်ပြီး သုံးဖက်မြင် CT Scanဓာတ်ပုံများကို လေ့လာဆန်းစစ်ခြင်းဖြင့် အစာအိမ်ကင်ဆာကို ရှာဖွေဖော်ထုတ်နိုင် ခြင်းဖြစ်သည်။
လက်ရှိအသုံးပြုနေသော အစာအိမ် ကင်ဆာရှာဖွေစစ်ဆေးမှု လုပ်ငန်းစဉ်တွင် အစာအိမ်မှန်ပြောင်းကြည့်သည့် လုပ်ငန်းစဉ်ပါဝင်သည်။ တရုတ်နိုင်ငံ၌ အစာအိမ် မှန်ပြောင်းကြည့်သည့် လုပ်ငန်းစဉ်ကို လုပ်ဆောင်လိုသူမှာ ၃၀ ရာခိုင်နှုန်းမျှသာရှိ ကြောင်း ကျဲကျန်းကင်ဆာဆေးရုံမှ အစာ အိမ်ခွဲစိတ်ဆရာဝန်တစ်ဦးကပြောသည်။
ယခု Alibaba ကုမ္ပဏီကထုတ်ဖော်ပြ သလိုက်သော Grape ပုံစံက ဓာတ်ရောင်ခြည် ကျွမ်းကျင်ပညာရှင်များထက် သာလွန်ကာ တုံ့ပြန်နိုင်မှုအပိုင်းတွင် ၈၅ ဒသမ ၁ ရာခိုင်နှုန်းနှင့် တိကျမှုအပိုင်းတွင် ၉၆ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း တွေ့ရသည်။
တုံ့ပြန်နိုင်စွမ်းဆိုသည်မှာ ရောဂါရှာဖွေ တွေ့ရှိနိုင်စွမ်းကို လည်းကောင်း၊ တိကျမှု ဆိုသည်မှာ ကျန်းမာသောလူနာများတွင် မှားယွင်းသော ဖော်ထုတ်ချက်ကို ရှောင် ရှားနိုင်စွမ်းကို လည်းကောင်း ဆိုလိုခြင်း ဖြစ်သည်။ ဓာတ်ရောင်ခြည်ကျွမ်းကျင် ပညာရှင်များ၏တုံ့ပြန်နိုင်မှုနှင့် တိကျမှု တို့မှာ ၂၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် ၁၄ ရာခိုင်နှုန်းစီ အသီးသီးရှိသည်။
ယင်းစနစ်ကို Alibaba ကုမ္ပဏီ၏ ဒါမို အကယ်ဒမီနှင့် ကျဲကျန်းကင်ဆာဆေးရုံ တို့ကပူးပေါင်း တီထွင်လိုက်ခြင်းဖြစ်သည်။
ထိုစနစ်သည် ကမ္ဘာတစ်ဝန်း၌ အစာအိမ် ကင်ဆာရှာဖွေမှုကို အထောက်အကူပြုစေ မည်ဖြစ်ကြောင်း သိရသည်။
MWD Web Portal