ဗီယက်နမ်နိုင်ငံက ကျောင်းသားများအားလုံးကို ကျောင်းလခကင်းလွတ်ခွင့်ပေးမည်

News Image

  • ဗီယက်နမ်နိုင်ငံက ကျောင်းသားများအားလုံးကို ကျောင်းလခကင်းလွတ်ခွင့်ပေးမည်

ဗီယက်နမ်နိုင်ငံသည် အစိုးရစာသင် ကျောင်းများတွင် တက်ရောက်ပညာသင်ယူနေသော ကျောင်းသားများအားလုံးကို ကျောင်းလခကင်းလွတ်ခွင့်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ယခုနှစ်စက်တင်ဘာလမှစ၍ ကျောင်း သားများအားလုံးအား ကျောင်းလခကင်း လွတ်ခွင့်ပေးမည့်ဥပဒေကို ဗီယက်နမ် အမျိုးသားလွှတ်တော်က ဇွန်လ ၂၆ ရက် တွင်အတည်ပြုလိုက်ခြင်းဖြစ်သည်။

အဆိုပါဥပဒေအရ အသက်သုံးလမှ ခြောက်နှစ်အရွယ်ရှိ မူကြိုကျောင်းသားများအားလုံးနှင့် ပထမတန်းမှ ဒွါဒသမ တန်းအထိတက်ရောက်နေသည့် ကျောင်း သားများအားလုံးသည် ကျောင်းလခ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

အလားတူ ပုဂ္ဂလိကကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသားများအတွက်လည်း အစိုးရကကျောင်းလခများ ပေးမည်ဖြစ်သည်။ ထိုအစီအစဉ်အတွက် ဗီယက်နမ်ဒေါင် ၃၀ ဒသမ ၆ ထရီလီယံ အသုံးပြုသွားမည်ဖြစ်သည်။

 Ref: Xinhua

Photo -VN Express