ဒေါ်နယ်ထရမ့်၏ သမ္မတ ကျမ်းသစ္စာဆိုပွဲ တရုတ် ဒုတိယ သမ္မတ တက်ရောက်မည်

News Image

  • ဒေါ်နယ်ထရမ့်၏ သမ္မတ ကျမ်းသစ္စာဆိုပွဲ တရုတ် ဒုတိယ သမ္မတ တက်ရောက်မည်

အမေရိကန်နိုင်ငံ၏ဖိတ်ကြားချက်အရ  တရုတ် သမ္မတ ရှီကျင့်ဖျင် ကိုယ်စား ဒုတိယသမ္မတ ဟန်ဇန်သည်  ဇန်နဝါရီ ၂၀ တွင် ကျင်းပပြုလုပ်မည့် (၄၇) ကြိမ်မြောက် အမေရိကန်ပြည်ထောင်စု၏ သမ္မတကျမ်းသစ္စာဆိုပွဲ အခမ်းအနားသို့ တက်ရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ နှစ်ဦး နှစ်ဖက်အကျိုးရှိစေမည့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ မူဝါဒများနှင့်အညီ ဆက်လက်ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အမေရိကန်အစိုးရသစ်နှင့်လည်း အပြန်အလှန် ဆွေးနွေးမှုများလုပ်ဆောင်သွားလိုပြီး နှစ်နိုင်ငံအကြား  သဘောထားကွဲလွဲမှုများအတွက် အတူတကွအဖြေရှာကာ နှစ်ဖက်အပြန်အလှန် အကျိုးရှိစွာ ဆောင်ရွက်နိုင်မည့် ဆက်ဆံရေးမျိုးကို တည်ဆောက်သွားလိုကြောင်း  ၎င်းက ဆက်လက်ပြောကြားထားပါသည်။ 

ကိုးကား-ဆင်ဟွာ

Photo: NBC News