ယူကရိန်းနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို တူရကီတွင် ကျင်းပမည်ဟု ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ဖီကို ပြောကြား
ယူကရိန်းနှင့်ပတ်သက်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို တူရကီတွင် ကျင်းပမည်ဖြစ်ကြောင်း ဆလိုဗက်ကီးယား ဝန်ကြီးချုပ် ဖီကို က ဖွင့်ဟ ပြောကြား လိုက်ပါသည်။
တူရကီသမ္မတ Recep Tayyip Erdogan နှင့် Ankara ၌ တွေ့ဆုံပြီးနောက် ဆလိုဗက်ကီးယားဝန်ကြီးချုပ် Robert Fico က တူရကီသည် ၎င်း၏ ပိုင်နက် နယ်မြေ၌ ပဋိပက္ခတွင် အဓိက ပါဝင်ပတ်သက်သူများကြား ဆွေးနွေးပွဲများကို လက်ခံကျင်းပနိုင်ပြီး ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆလိုဗက်ကီးယားသည် “ထိပ်သီးအစည်းအဝေးကို ကျင်းပရန် မကြိုးစားနိုင်သော်လည်း အောက်ခြေအဆင့်တွင် ငြိမ်းချမ်းရေးတွေ့ဆုံပွဲများကို ကျင်းပနေကြောင်း” ဝန်ကြီးချုပ် Fico က အလေးပေး ပြောကြားခဲ့ပါသည်။
ဆလိုဗက်ကီးယားဝန်ကြီးချုပ်က “ယခုကိစ္စတွင် လုံးဝကြားနေဖြစ်ပြီး နိုင်ငံတကာရာဇ၀တ်ခုံရုံးနှင့် ဆက်စပ်မှုမရှိသည့် နိုင်ငံတစ်နိုင်ငံ၌ အဆင့်မြင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ကျင်းပသင့်သည်ဟု ယုံကြည်ကြောင်း” ပြောကြားခဲ့ပါသည်။
ကိုးကား - TASS