ယူကရိန်းအပေါ် ထောက်ပံ့မှုအတွက် အလွန်အကျွံသုံးစွဲသည်ဟု အမေရိကန်ပြည်သူအများစု ယုံကြည်

News Image

  • ယူကရိန်းအပေါ် ထောက်ပံ့မှုအတွက် အလွန်အကျွံသုံးစွဲသည်ဟု အမေရိကန်ပြည်သူအများစု ယုံကြည်

ကိယက်ဗ်အတွက် ဝါရှင်တန်သည် နောက်ထပ်အကူအညီများ တိုးမြှင့်သင့်သည်ဟု အမေရိကန်ပြည်သူ ၁၇% က သာ ယုံကြည်ကြောင်း New York Times/ Ipsos စစ်တမ်းက ဖော်ပြထားသည်။

မကြာသေးမီက New York Times/ Ipsos ၏ စစ်တမ်းအရ ယူကရိန်းအတွက် အမေရိကန်အစိုးရသည် အကူအညီများ အလွန်အကျွံသုံးစွဲနေသည်ဟု အမေရိကန် နိုင်ငံသားအများစုက ယုံကြည်ကြကြောင်းဖော်ပြခဲ့သည်ဟု သိရှိရပါသည်။

လေ့လာတွေ့ရှိချက်များအရ ဖြေဆိုသူ ၅၁% က ကိယက်ဗ်ထောက်ပံ့မှုအတွက် အမေရိကန်သည် အလွန်အကျွံ သုံးစွဲနေသည်ဟု ယူဆကြပြီး ၂၈% က လက်ရှိပမာဏသည် သင့်လျော်သည်ဟု ယုံကြည်ကြသည်။ ၁၇% က ယူကရိန်းထောက်ပံ့မှုအသုံးစရိတ်ကို မြှင့်တင်သင့်သည်ဟုဆိုသည်။

အလားတူ အစ္စရေးကို အမေရိကန်ထောက်ပံ့ကူညီမှုအတွက် စစ်တမ်းကောက်ယူမှုတွင် ၅၃% က အလွန်အကျွံထောက်ပံ့သည်ဟု ဆိုကြပြီး ၃၀% က လုံလောက်သည်ဟု ယူဆကြသည်။ စစ်တမ်းတွင်ပါ၀င်သော လူထု၏ သဘောထားတွင် အမေရိကန်အများစုသည် ဝါရှင်တန်ကို နိုင်ငံခြားအကူအညီများ ထက် ပြည်တွင်းပြဿနာများကို ဦးစားပေးလုပ်ဆောင် စေလိုကြောင်း အကြံပြုထားသည်။ 

ကိုးကား-RT