ဒေါ်နယ်ထရမ့်၏ ပထမဆုံးရက်တွင် သမ္မတ စီမံအုပ်ချုပ်ရေးအမိန့်များ လက်မှတ်ရေးထိုး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် သမ္မတရာထူး စတင်တာဝန်ယူသည့် ၂၀-၁-၂၀၂၅ ရက်တွင် ၎င်းကတိပြုထားသည့် ဖက်ဒရယ်အစိုးရ အသွင် ကူးပြောင်းမှု အရှိန်အဟုန်ဖြင့် စတင်ဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ချက်အများအပြားကို ပထမခြေလှမ်းအဖြစ် လုပ်ဆောင်လိုက်ပြီဖြစ်သည်။
ပါရီရာသီဥတုသဘောတူညီချက်မှ အမေရိကန် နုတ်ထွက်ရေး၊ ဖက်ဒရယ်အလုပ်သမားများ ရုံးဌာနများသို့ ပြန်လည်ဝင်ရောက်လာရေး အစရှိသည့် သမ္မတစီမံ အုပ်ချုပ်ရေးအမိန့်များကို လက်မှတ်ရေးထိုးထုတ်ပြန် နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။
ထို့ပြင် သမ္မတအိမ်တော်ရှိ ဘဲဥပုံ အစည်းအဝေးခန်းမ၌ နာရီများစွာကြာ ဆွေးနွေးပြီးနောက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က အမေရိကန်လွှတ်တော် အဆောက်အဦထဲ စီးနင်းဝင်ရောက် ဖျက်ဆီးခဲ့သည့် ရာဇဝတ်ကျူးလွန်သူများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း၊ တရုတ်ပိုင် TikTok ပိတ်ပင်မှု ဆိုင်းငံ့ခြင်း၊ အမေရိကန် လူဝင်မှုကြီးကြပ်ရေးစနစ် ပြန်လည်ပြင်ဆင်ခြင်းအစရှိသည့်ကိစ္စရပ်များအတွက် ၎င်း၏ စီမံအုပ်ချုပ်ရေးအမိန့်များကို လက်မှတ်များ ရေးထိုးလိုက်ပါသည်။
ကိုးကား-CNN