ထရမ့်၏ သမ္မတကျမ်းသစ္စာဆိုပွဲတွင် အီလွန်မတ်စ် ထူးခြားသောပုံစံဖြင့် အလေးပြုခဲ့

News Image

  • ထရမ့်၏ သမ္မတကျမ်းသစ္စာဆိုပွဲတွင် အီလွန်မတ်စ် ထူးခြားသောပုံစံဖြင့် အလေးပြုခဲ့

အီလွန်မတ်စ်သည် ထရမ့်သမ္မတကျမ်းသစ္စာဆိုပွဲသို့ တက်ရောက်လာကြသော ထရမ့်ထောက်ခံသူများအား ကျေးဇူးတင်ရှိကြောင်းပြောခဲ့ပြီး ထူးထူးခြားခြား ဖက်ဆစ်ပုံစံအလေးပြုခဲ့ပါသည်။

“ယခုဆိုလျှင် အမေရိကန်နိုင်ငံသည် လူကြီးမင်းတို့ကြောင့် လုံခြုံမှုရှိသည့်နိုင်ငံ ဖြစ်လာမည်ဖြစ်ကြောင်း၊ လုံခြုံသည့် နယ်နိမိတ်နှင့် မှန်ကန်သော ဘဏ္ဍာငွေသုံးစွဲမှုများကို လုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း” အီလွန်မတ်စ်က ထရမ့်ထောက်ခံသူများအား အလေးပြုရင်း ပြောကြား ခဲ့ပါသည်။

အီလွန်မတ်စ်၏ ဖက်ဆစ်ပုံစံအလေးပြုခဲ့သည့် အပြုအမူအပေါ် နယူးယောက်တက္ကသိုလ်မှ သမိုင်းပညာရှင် Ruth Ben- Ghiat က “ထိုအပြုအမူသည် နာဇီ အလေးပြုသည့်ပုံစံဖြစ်ပြီး ရိုင်းစိုင်းသည့် အပြုအမူ ဖြစ်ကြောင်း” ဝေဖန်ခဲ့ပါသည်။

ထိုကိစ္စနှင့်စပ်လျဉ်း၍ အီလွန်မတ်စ်က တရားဝင် တုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိသော်လည်း ၎င်း၏ X ဆိုရှယ် မီဒီယာတွင် အပြုသဘောဆောင်သည့် မှတ်ချက်များအား ပြန်လည်ရေးသားခဲ့ကြောင်းသိရှိရပါသည်။

ကိုးကား -The Guardian