ဆားဘီးယားဝန်ကြီးချုပ် Milos Vucevic က ၎င်း၏ ရာထူးမှ နုတ်ထွက်

News Image

  • ဆားဘီးယားဝန်ကြီးချုပ် Milos Vucevic က ၎င်း၏ ရာထူးမှ နုတ်ထွက်

ဆားဘီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော Novi Sad တွင် မကြာသေးမီက ပြန်လည်မွမ်းမံထားသော ရထားဘူတာရုံတစ်ခု၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်က မငြိမ်မသက်ဖြစ်မှုဖြစ်ပွားခဲ့ပြီး နိုဝင်ဘာ ၁ ရက် မှစတင်ကာ ကျောင်းသားဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဆားဘီးယားနိုင်ငံ၌ လူ ၁၅ ဦး သေဆုံး ခဲ့ပါသည်။

အစိုးရသည် အရာရှိများနှင့် ကန်ထရိုက်တာများကို စုံစမ်းမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းနှင့် စွဲချက်တင်ခြင်းများကို စတင်ခဲ့သော်လည်း အတိုက်အခံများက ပေါ့ဆမှုနှင့် အကျင့်ပျက်ခြစားမှုအခြေအနေများကိုစွပ်စွဲကာ မြို့ကြီးများတွင် ဆန္ဒပြမှုများနှင့် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပါသည်။

ဆားဘီးယား ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပြီးနောက် လူ့အဖွဲ့အစည်းအတွင်း ဆန္ဒပြမှုများနှင့် သဘောထားကွဲလွဲမှုများရှိနေကြောင်း သိရှိရပါသည်။

ကိုးကား - SputnikInt