အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဝေဖန်

News Image

  • အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ဝေဖန်

နယူးယောက်  ဖေဖော်ဝါရီ ၃

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကို မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာဝေဖန်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရအာဘော် ကေစီအင်န်အေသတင်းဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

သတင်းမီဒီယာများနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက မြောက်ကိုရီးယားနိုင်ငံကို ထင်ရာစိုင်းနေသော နိုင်ငံအဖြစ် ဝေဖန်ခဲ့ပြီးနောက် မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ တုံ့ပြန်ချက်ပေါ်ထွက်လာခြင်းဖြစ်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို၏ အဆိုပါဝေဖန်ချက်သည် အမေရိကန်နိုင်ငံ၏ အကျိုးစီးပွားများအတွက် အထောက်အကူမပြုနိုင်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ယင်းအပြင် အမေရိကန်အစိုးရ၏ ရန်လိုမှုများကို ပြင်းပြင်းထန်ထန် တုံ့ပြန်မည်ဖြစ်ကြောင်းလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုပါထုတ်ပြန်ချက်သည် အမေရိကန်သမ္မတ ရာထူးကို ဒေါ်နယ်ထရန့်ရယူခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်အစိုးရကို ဝေဖန်မှုဖြစ်သည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည် သမ္မတ‌ဒေါ်နယ်ထရန့် ဦးဆောင်သော အမေရိကန်အစိုးရအဖွဲ့၏ ဒုံးကျည်ကာကွယ်ရေးစနစ်သစ် တည်ဆောက်ရေးအစီအစဉ်ကိုလည်း ဝေဖန်ထားကြောင်း သိရသည်။

Ref: RT၊ Trs: KKO

Source: ရတနာပုံသတင်းစာ

ဆက်စပ်သတင်းများ- https://sacministry.gov.mm/my/news/2263