တရုတ်-ဥရောပသမဂ္ဂ သံတမန်ထူထောင်ခြင်း နှစ် ၅၀ ပြည့် အခမ်းအနားတက်ရန် ရှီကျင့်ဖျင် ငြင်းပယ်

News Image

  • တရုတ်-ဥရောပသမဂ္ဂ သံတမန်ထူထောင်ခြင်း နှစ် ၅၀ ပြည့် အခမ်းအနားတက်ရန် ရှီကျင့်ဖျင် ငြင်းပယ်

ဘရပ်ဆဲလ်တွင် ကျင်းပမည့် တရုတ်-ဥရောပသမဂ္ဂ သံတမန် ထူထောင်ခြင်း နှစ် ၅၀ ပြည့်အခမ်းအနား တက်ရောက်ရန် ဥရောပသမဂ္ဂ၏ ဖိတ်ကြား ချက်ကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ငြင်းပယ်လိုက်ပါသည်။

ထိုအခမ်းအနားသို့ ၎င်းအစား တရုတ်ဝန်ကြီးချုပ် Li Qiang တက်ရောက် သွားမည် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် ထိုအခမ်းအနားမျိုးကို ဝန်ကြီးချုပ် အဆင့်သာ တက်ရောက်လေ့ရှိသော်လည်း နှစ် ၅၀ (ရွှေရတု) ပြည့် ဖြစ်သည့်အတွက် သမ္မတကိုယ်တိုင် လာရောက်တက်စေလိုသဖြင့် ဥရောပသမဂ္ဂက ဖိတ်ကြားခဲ့ခြင်းဖြစ်ပါသည်။

၂၀၂၂ ခုနှစ် ရုရှား-ယူကရိန်းစစ်ပွဲစတင်ကတည်းက ဥရောပက တရုတ် အပေါ် ရုရှားဘက်ကို ထောက်ခံသည်ဟု စွပ်စွဲလာခဲ့ပြီး တရုတ်ထုတ် လျှပ်စစ်ကားများအတွက် အခွန်များတိုးမြှင့်ခဲ့သော်လည်း ယခုအခါ ဥရောပ က အမေရိကန် အစားထိုးရေး ပြင်ဆင်နေချိန်တွင် တရုတ်- ဥရောပ ဆက်ဆံရေး ရှုပ်ထွေးနေမှုကို ထင်ရှားစွာ ပြသနေပါသည်။

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃