ရုရှားဖက်ဒရေးရှင်းနှင့် အမေရိကန်တို့သည် ယူကရိန်းဆိုင်ရာ ဆွေးနွေးမှုများတွင် နယ်မြေပိုင်ဆိုင်မှုကိစ္စကို ဆွေးနွေးကြမည်

News Image

  • ရုရှားဖက်ဒရေးရှင်းနှင့် အမေရိကန်တို့သည် ယူကရိန်းဆိုင်ရာ ဆွေးနွေးမှုများတွင် နယ်မြေပိုင်ဆိုင်မှုကိစ္စကို ဆွေးနွေးကြမည်

ရုရှားဖက်ဒရေးရှင်းနှင့် အမေရိကန်တို့သည် ယူကရိန်းဆိုင်ရာ ဆွေးနွေးမှုများတွင် နယ်မြေပိုင်ဆိုင်မှုကိစ္စကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရ ပါသည်။ 

ရုရှားနှင့် အမေရိကန်တို့သည် ယူကရိန်းဆိုင်ရာဆွေးနွေးပွဲများတွင် အပစ် အခတ်ရပ်စဲရေးအတည်ပြုခြင်း၊ ငြိမ်းချမ်းရေးတပ်ဖွဲ့များနှင့် နယ်မြေဆိုင်ရာ အချုပ်အခြာအာဏာကဲ့သို့သောကိစ္စရပ်များကို ဆွေးနွေးမည်ဟု အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး မိုက်ခ်ဝေါ့လ်ဇ် က CBS ရုပ်သံလိုင်းတွင် ပြောကြားခဲ့ပါသည်။ 

မတ်လ ၂၄ ရက်တွင် အီရိယာ့ဒ်မြို့၌ ရုရှား-အမေရိကန် ပူးပေါင်း ဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး၊ ပင်လယ်နက်အတွင်း ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားမည်ဟု ၎င်းက ဖော်ပြခဲ့သည်။ "ထို့နောက် စစ်မျဉ်းထိန်းချုပ်ရေး လိုင်း (လက်ရှိစစ်မြေပြင်အခြေအနေ)၊ အပစ်အခတ်ရပ်စဲရေး အတည်ပြုရေး နည်းလမ်းများ၊ ငြိမ်းချမ်းရေးတပ်ဖွဲ့များ စခန်းချရေးနှင့် ရေရှည်ငြိမ်းချမ်းရေး ဆီသို့ ဦးတည်သည့် နယ်မြေလဲလှယ်မှုများကို ဆွေးနွေးမည်" ဟု မိုက်ခ် ဝေါ့လ်ဇ်က ရှင်းပြခဲ့သည်။ အသေးစိတ်အချက်များကို မဖော်ပြသော်လည်း၊ “ယူကရိန်းဘက်က အဆိုပါအချက်ကို လုံခြုံရေးအာမခံချက်အဖြစ် ရှုမြင်သည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ 

မတ်လ ၂၄ ရက်တွင် ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဖက်ဒရယ်လွှတ်တော် နိုင်ငံခြားရေးကော်မတီဥက္ကဋ္ဌ ဂရီဂေါ်ရီ ကာရာဆင် နှင့် FSB ညွှန်ကြား ရေးမှူး၏ အကြံပေး ဆာဂျီ ဘီဆီဒါတို့ ဦးဆောင်မည်ဖြစ်ပါသည်။ 

မတ်လ ၁၈ ရက်နေ့က ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်တို့သည် ယူကရိန်းအခြေအနေ၊ စစ်ရေး အရှိန်မြင့် တက်မှုကို တားဆီးရန် အခြေအနေများနှင့် နိုင်ငံတကာကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ကရင်မလင်၏ သတင်းထုတ်ပြန်ချက်အရ၊ သမ္မတ ဗလာဒီမာပူတင်က ယူကရိန်းပဋိပက္ခဘက်မှ စွမ်းအင် အခြေခံ အဆောက် အအုံများကို ၃၀ ရက်ကြာ ပစ်ခတ်မှုရပ်စဲရန် အမေရိကန်သမ္မတ၏အဆိုကို သဘောတူခဲ့ကြသည်။ အိမ်ဖြူတော်၏ ထုတ်ပြန်ချက်အရ နှစ်ဖက်စလုံးသည် “ပင်လယ်နက်၌ အပစ်အခတ်ရပ်စဲရေး၊ အပစ်အခတ် အလုံးစုံရပ်စဲရေးနှင့် ရေရှည်ငြိမ်းချမ်းရေး” စနစ်ကို စတင်ရန် နည်းပညာ ဆိုင်ရာ ဆွေးနွေးမှုများ စတင်ရန် သဘောတူညီခဲ့ကြပါသည်။ ပဋိပက္ခကို ဖြေရှင်းရန်လုပ်ဆောင်ရာတွင် အဓိကအခြေအနေမှာ “နိုင်ငံခြားမှ စစ်ရေး အကူအညီနှင့် ယူကရိန်းသို့ ထောက်လှမ်းရေးဆိုင်ရာ အချက်အလက်များ ပေးအပ်ခြင်းကို အလုံးစုံရပ်တန့်ရန်” ဖြစ်သည်ဟု အလေးပေး ပြောကြားခဲ့ပါသည်။ 

ကိုးကား - TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃