ရုရှား-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတွင် စိတ်အနှောင့်အယှက် ဖြစ်စေသော အကြောင်းအရင်းများကို ဖယ်ရှားရန်နှင့် ဆက်သွယ်ရေး ပုံမှန်ပြန်လည်ထူထောင်ရန် အတွက်တွေ့ဆုံမှု အသစ်တစ်ရပ်ကို ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

News Image

  • ရုရှား-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတွင် စိတ်အနှောင့်အယှက် ဖြစ်စေသော အကြောင်းအရင်းများကို ဖယ်ရှားရန်နှင့် ဆက်သွယ်ရေး ပုံမှန်ပြန်လည်ထူထောင်ရန် အတွက်တွေ့ဆုံမှု အသစ်တစ်ရပ်ကို ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောကြား

ရုရှား-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးတွင် စိတ်အနှောင့်အယှက်ဖြစ်စေသော အကြောင်းရင်းများကို ဖယ်ရှားရန်နှင့် ဆက်သွယ်ရေး ပုံမှန်ပြန်လည်ထူထောင်ရန်အတွက် တွေ့ဆုံမှုအသစ်တစ်ရပ်ကို ပြင်ဆင်နေကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလာဗရော့ဗ်က သတင်းထောက်များအား ပြောကြားခဲ့ပါသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က သံတမန်ဆိုင်ရာအလေ့အကျင့်များအရ လက်မခံနိုင်သော အကြပ်အတည်းများကို ဖြေရှင်းရန် အမေရိကန်ဘက်မှ ဆန္ဒရှိမှုနှင့် တိုးတက်မှုလက္ခဏာများကိုလည်း ထောက်ပြခဲ့ပါသည်။ လက်ရှိတွင် ရုရှားနှင့် အမေရိကန် ခေါင်းဆောင်များ၏ သဘောတူညီချက်ဖြင့် မော်စကိုနှင့်ဝါရှင်တန်ရှိ သံရုံးများ၏ လုပ်ငန်းဆောင်တာများကို ဟန့်တား နေသော “စိတ်အနှောင့်အယှက်များ" ဖယ်ရှားရေး လုပ်ငန်းစဉ်များ လည်ပတ်နေကြောင်း ၎င်းက ဖော်ပြခဲ့ပါသည်။ “အစ္စတန်ဘူလ်တွင် တွေ့ဆုံမှုတစ်ခုပြုလုပ်ခဲ့ပြီး ယခုအချိန်တွင် ဒုတိယအကြိမ်မြောက် တွေ့ဆုံရန်ပြင်ဆင်နေကာ ထိုအတောအတွင်း တယ်လီဖုန်းဖြင့်၊ ဗီဒီယိုကွန်ဖရင့်ဆက်သွယ်မှုဖြင့် ဆက်သွယ်မှုများပြုလုပ်နေသည်” ဟု ပြောကြားခဲ့ပါသည်။ “သံတမန်များ၏ ပုံမှန်လုပ်ငန်းများအတွက် သံတမန်ဆိုင်ရာအလေ့အကျင့်များအရ လုံးဝ မလက်ခံနိုင်သော အဟန့်အတားများကို ဖယ်ရှားလိုသည့် အမေရိကန်မိတ်ဖက်များ၏ ဆန္ဒရှိမှုကို မိမိတို့ တွေ့မြင် ရပါသည်” ဟု လာဗရော့ဗ်က  မှတ်ချက်ပြုခဲ့သည်။ ရုရှားနိုင်ငံခြားရေး ဝန်ကြီးက မော်စကိုဘက်မှ သံတမန် လုပ်ငန်း များကို အခက်အခဲဖန်တီးခဲ့သည်မဟုတ်ဘဲ ယခင်က ဘာရက်အိုဘားမားအစိုးရလက်ထက်ကပင် စတင်ခဲ့ကြောင်း အလေးထားပြောကြားခဲ့ပါသည်။ ရုရှားဘက်မှ ဤကဲ့သို့လုပ်ရပ်များကို သံတမန်ရေးရာ တုံ့ပြန်မှု ဥပဒေများအရသာ ပြန်လည်တုံ့ပြန်ခဲ့ကြောင်း၊ ထိုဥပဒေများကို မည်သူမျှ ပယ်ဖျက်ခြင်း မရှိကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗရော့ဗ်က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ကိုးကား-TASS