အမေရိကန်က ယူကရိန်းသို့ပေးအပ်လျက်ရှိသည့် ထောက်ပံ့မှုများကို ဖြတ်တောက်မည်
ဝါရှင်တန်၊ ထောက်ပံ့ရေး
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အနေဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာအဖြေရှာနိုင်စေရေး အတွက် အမေရိကန်က ယူကရိန်းသို့ ပေးအပ်နေသော စစ်ရေးထောက်ပံ့မှုများကို ဖြတ်တောက်သွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကပြောသည်။
အစိုးရအဖွဲ့အနေဖြင့် ယူကရိန်းပဋိပက္ခ ကိုအခြားသောရှုထောင့်မှရှုမြင်ကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေးအသုံးစရိတ်တွင် ယူကရိန်းသို့ထောက်ပံ့မည့်အသုံးစရိတ် ကို လျှော့ချထားခြင်းဖြစ်ကြောင်း ပိဟက်ဆက်က ဇွန်လ ၁၀ ရက်တွင် လွှတ်တော်၌ ပြောထားခြင်းဖြစ်သည်။
ညှိနှိုင်းဆွေးနွေးမှုဖြင့် ပဋိပက္ခကိုငြိမ်း ချမ်းစွာဖြေရှင်းရေးသည် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့အတွက် အကောင်းဆုံး အကျိုးစီးပွားဖြစ်သည်သာမက အမေရိကန် နိုင်ငံ၏ အကျိုးစီးပွားလည်းဖြစ်သည်ဟု ဟက်ဆက်ကပြောသည်။
ထရမ့်အစိုးရသည် “အမေရိကားကို ဦးစားပေး”မူဝါဒချမှတ်ထားရာ ယူကရိန်း သို့ထောက်ပံ့မှုများအပါအဝင် ပြည်ပသို့ ထောက်ပံ့မှုအများအပြားကိုလျှော့ချပြီး ပြည်တွင်းရေးတွင်ပိုမိုအသုံးပြုသွားမည် ဟု ပြောထားသည်။
Ref: RT
Photo - The Kyiv Independent