ရုရှားသည် ဥရောပ-အာရှ (ယူရေးရှား) လုံခြုံရေးစနစ် တည်ဆောက်ရာတွင် အာဆီယံ၊ SCO ၊ BRICS ၊ CSTO အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်

News Image

  • ရုရှားသည် ဥရောပ-အာရှ (ယူရေးရှား) လုံခြုံရေးစနစ် တည်ဆောက်ရာတွင် အာဆီယံ၊ SCO ၊ BRICS ၊ CSTO အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်

ရုရှားသည် ဥရောပ-အာရှ (ယူရေးရှား) လုံခြုံရေးစနစ်တည်ဆောက်ရာတွင် အာဆီယံ၊ SCO၊ BRICS နှင့် CSTO အဖွဲ့ဝင်နိုင်ငံများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ကြေညာခဲ့ပါသည်။ “ယူရေးရှားလုံခြုံရေးစနစ်ပုံစံဖော်ရာတွင် ရုရှားသည် တိုက်ကြီးအတွင်းရှိ ပါဝင်နိုင်သည့် နိုင်ငံအားလုံးနှင့် ဆွေးနွေးမှုများကို တိုးချဲ့သွားမည်” ဟု ၎င်းက ပြောကြားခဲ့သည်။ “ရုရှားဖက်ဒရေးရှင်း သည် အိမ်နီးချင်းနိုင်ငံများ၊ အခြားမိတ်ဖက်များနှင့် နှစ်နိုင်ငံချင်းဆွေးနွေးမှုများအပြင် CSTO၊ CIS၊ SCO၊ အာဆီယံနှင့် GCC ကဲ့သို့သော ရုရှားပါဝင်သည့် အဖွဲ့အစည်းများတွင်လည်း ဆွေးနွေးသွားမည်” ဟု ၎င်းက ထပ်လောင်း ပြောကြား ခဲ့ပါသည်။ ရုရှားဘက်မှ SCO ကဲ့သို့သော ဘက်စုံအဖွဲ့အစည်းများ၏ ပလက်ဖောင်းများတွင် ယူရေးရှားတွင် တည်ရှိသော BRICS အဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးစနစ်အသစ်တည်ဆောက်ရန် ဆွေးနွေးနေကြောင်း ဇာခါရိုဗာက ထောက်ပြခဲ့ သည်။ “ယူရေးရှားတွင် လုံခြုံရေးစနစ်အသစ်၏ မူဘောင်များ သတ်မှတ်ပြီးပါက ကမ္ဘာ၏ အခြားဒေသများမှ BRICS မိတ်ဖက်များအား ၎င်း၏တည်ဆောက်မှုအတွေ့အကြုံများကို ဆွေးနွေးရန် အဆင်သင့်ဖြစ်လာမည်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ ရုရှားသည်မဟာမိတ်ဆန့်ကျင်ရေးမူဝါဒများနှင့် အုပ်စုလိုက်တွေးခေါ်မှုများကို စွန့်လွှတ် ပါက ဥရောပဘက်မှနိုင်ငံများကို အဆိုပါတိုက်ကြီးဆိုင်ရာပူးပေါင်းမှုလုပ်ငန်းစဉ်တွင်ဝမ်းပန်းတသာ ပါဝင်စေလိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူက ထည့်သွင်း ပြောကြားခဲ့ပါသည်။

ကိုးကား-TASS