ရုရှားနှင့် တရုတ်နိုင်ငံသမ္မတများ၏ အပြန်အလှန်ခရီးစဉ်များသည် နှစ်နိုင်ငံ ဆက်ဆံရေးကို တွန်းအားသစ် တစ်ရပ်ဖြစ်စေနိုင်
ရုရှားနှင့် တရုတ်နိုင်ငံသမ္မတများ၏ အပြန်အလှန်ခရီးစဉ်များသည် နှစ်နိုင်ငံဆက်ဆံရေးကို တွန်းအားသစ် တစ်ရပ် ဖြစ်စေနိုင်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ၎င်း၏အမြင်ကို ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ရုရှားသမ္မတ ဗလာ ဒီမာပူတင်၏ ပေကျင်းသို့သွားရောက်လည်ပတ်ခြင်းနှင့် ရှေ့လာမည့် တရုတ်နိုင်ငံဥက္ကဋ္ဌ ရှီကျင့်ဖျင်၏ မော်စကိုသို့ လာရောက်မည့်ခရီးစဉ်တို့သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားသစ်တစ်ရပ်ဖြစ်စေလိမ့် မည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ရုရှားသမ္မတပူတင်နှင့် မတွေ့ဆုံမီ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ “ရှေ့လာမည့် (တရုတ်နိုင်ငံ) ဥက္ကဋ္ဌ၏ ရုရှားနိုင်ငံသို့ခရီးစဉ်နှင့် ရုရှားသမ္မတ၏တရုတ်နိုင်ငံသို့ ခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားသစ်တစ်ရပ်ဖြစ်စေရန် မဖြစ်မနေလုပ်ဆောင်ရပါလိမ့်မည်” ဟု ၎င်းကပြောကြားခဲ့ပါသည်။
ကိုးကား-TASS